ယေဟောဝါဘုရားသခင်နှင့် ယောနကြားက ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စစ်မှန်သည့် ခံစားချက် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် သူ့အုပ်ချုပ်မှုအောက်မှာရှိသည့် ဖန်ဆင်းခံအားလုံးအပေါ် ဖန်ဆင်းရှင်၏နားလည်မှုကို လူတို့အား သိစေပါသည်။ ယေဟောဝါဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” တစ်နည်းပြောရလျှင် နိနေဝေအပေါ် ဘုရားသခင်၏ နားလည်မှုသည် သာမန်ကာလျှံကာ နားလည်မှုမျိုးထက် အများကြီးကွာပါသည်။ မြို့ထဲမှာရှိသည့် သက်ရှိများ၏ အရေအတွက်ကို သိရုံတင်မကဘဲ (လူများနှင့် မွေးမြူရေးတိရစ္ဆာန်များအပါအဝင်) လူဘယ်နှစ်ယောက်က သူတို့၏ ညာဘက်နှင့်ဘယ်ဘက်ကို မခွဲခြားတတ်ဘူးဆိုသည်ကိုလည်း သိပါသည်။ ဆိုလိုသည်မှာ ကလေးများနှင့် လူငယ်များ ဘယ်နှစ်ယောက်ရှိသည် ဆိုသည်ကို သိခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အလွန်ကောင်းသည့် နားလည်ခြင်းအတွက် တိကျသည့် သက်သေပင် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ သဘောထားကို လူတို့အား သိစေပါသည်။ ဖန်ဆင်းရှင်၏ နှလုံးသားထဲမှာ လူသားမျိုးနွယ်၏ အရေးပါမှုကို ဆိုလိုပါသည်။ ယေဟောဝါ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော …” ၎င်းတို့က ယေဟောဝါ ဘုရားသခင်က ယောနကို အပြစ်တင်သည့် စကားလုံးများဖြစ်သော်လည်း အားလုံးက မှန်ကန်ပါသည်။
0 Comments
ဘုရားသခင်ကို သိဖို့က လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ဘူးဟု လူတို့က မကြာခဏပြောကြသည်။ သို့သော်လည်း ဘုရားသခင်ကို သိဖို့က လုံးဝ ခက်ခဲသည့် ကိစ္စမဟုတ်ဘူးဟု ငါပြောမည်။ ဘုရားသခင်က လူသားကို သူ၏လုပ်ဆောင်ချက်များကို မကြာခဏ မြင်တွေ့ခွင့်ပေးသည့်အတွက်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ပြောဆိုခြင်းတို့ကို ဘယ်တော့မှ မရပ်တန့်ပေ။ သူသည် လူသားဆီမှ သူ့ကိုယ်သူ တစ်ခါမှ မဖုံးကွယ်သကဲ့သို့ သူ့ကိုယ်သူ ပုန်းကွယ်နေခြင်းမျိုးလည်း မလုပ်ပေ။ သူ့အတွေးများ၊ သူ့စိတ်ကူးများ၊ သူ့စကားလုံးများနှင့် သူ၏လုပ်ဆောင်ချက်များအားလုံးကို လူသားမျိုးနွယ်အပေါ် ထုတ်ဖော်ပြပါသည်။ ထို့ကြောင့် လူသားက ဘုရားသခင်ကို သိချင်နေသမျှ အကြောင်းအရာ၊ နည်းလမ်းပေါင်းစုံမှတစ်ဆင့် သူ့ကို သိပြီး နားလည်လာနိုင်ပါသည်။ ဘုရားသခင်က သူ့ကို တမင်သက်သက် ရှောင်ဖယ်နေသည်၊ ဘုရားသခင်က လူသားမျိုးနွယ်ဆီမှ တမင်သက်သက် ပုန်းကွယ်နေသည်၊ ဘုရားသခင်က လူသားအား သူ့ကို သိပြီး နားလည်လာဖို့ အခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးဟု လူသားက မျက်ကန်းတောတိုး ထင်ရသည့်အကြောင်းက ဘုရားသခင်က မည်သူနည်းဆိုသည်ကို သူမသိသကဲ့သို့ ဘုရားသခင်ကိုလည်း သူနားလည်ချင်သည့် ဆန္ဒမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ တဖန် သူသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များကိုလည်း အရေးစိုက်ခြင်းမရှိပေ။ အမှန်အတိုင်းပြောရလျှင် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ဖို့၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသားထဲကအသံကို နည်းနည်းအာရုံစိုက်ဖို့ သူတို့၏အားလပ်ချိန်များကိုသာ အသုံးပြုလိုက်လျှင် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များသည် သိမြင်နိုင်ပြီး ထင်ရှားသည်ဆိုသည်ကို သိမြင်ဖို့ သူတို့အတွက် ခက်ခဲမှာမဟုတ်ပေ။ ဤကဲ့သို့ပင် ဖန်ဆင်းရှင်က လူသား၏ကြားမှာ အချိန်ပြည့်ရှိပုံ၊ သူသည် လူသားနှင့် ဖန်ဆင်းခံများ၏ အလုံးစုံနှင့် အမြဲတမ်း စကားပြောပုံ၊ နေ့စဉ် လုပ်ဆောင်ချက်အသစ်များကို သူဆောင်ရွက်နေပုံကို သိမြင်ဖို့ အားထုတ်မှု အနည်းငယ်ပဲ လိုပါသည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို လူသားနှင့်ပြောသည့် သူ၏စကားများမှာ ဖော်ပြပါသည်။ သူ့အတွေးများနှင့် စိတ်ကူးများသည် သူ့လုပ်ဆောင်မှုများ၌ လုံးဝ ထုတ်ဖော်ပြထားပါသည်။ သူသည် လူသားမျိုးနွယ်ကို အချိန်ပြည့် အဖော်ပြုလုပ်ပြီး လေ့လာကြည့်ရှုပါသည်။ သူ၏ တိတ်ဆိတ်သည့် နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်နှင့် ဖန်ဆင်းခံအားလုံးကို သူတိတ်ဆိတ်စွာ စကားပြောပါသည်။ ငါသည် ကောင်းကင်ဘုံမှာရှိသည်။ ငါသည် ငါ၏ဖန်ဆင်းခံများကြားမှာရှိသည်။ ငါစောင့်ကြည့်နေသည်။ ငါစောင့်ဆိုင်းနေသည်။ ငါက သင့်ဘေးမှာရှိသည်။ သူ့လက်များက နွေးထွေးပြီး သန်မာသည်။ သူ၏ခြေလှမ်းများက ပေါ့ပါးသည်။ သူ့အသံသည် နူးညံ့ပြီး ကျက်သရေရှိသည်။ သူ၏ပုံသဏ္ဌာန်သည် လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သန်း လှည့်လည်သွားလာသည်။ သူ၏မျက်နှာသည် လှပပြီး သိမ်မွေ့သည်။ သူသည် ဘယ်တော့မှ ထွက်ခွာမသွားသလို ပျောက်ကွယ်မသွားပေ။ နေ့ညဉ့်မပြတ်၊ သူသည် လူသားမျိုးနွယ်၏ အမြဲတမ်း အဖော်တစ်ယောက်ဖြစ်သည်။ နိနေဝေမြို့ကို သူကယ်တင်ခဲ့သည့်အခါမှာ လူသားမျိုးနွယ်အပေါ် သူ၏ စိတ်နှစ်မြှုပ်ထားသည့် ဂရုစိုက်မှုနှင့် အထူးချစ်ခင်မှု၊ လူသားအတွက် သူ၏စစ်မှန်သည့် အလေးထားမှုနှင့် ချစ်ခြင်းတို့ကို နည်းနည်းချင်းစီ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ခွန်းတုံ့ဖလှယ်မှုသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ သနားမှုကို ပိုပြီးဖွင့်ပြပါသည်။ ဤစကားလုံးများကတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရိုးသားဖြူစင်သည့် ခံစားချက်အပေါ် လေးနက်သည့် နားလည်မှုကို သင်ရရှိနိုင်ပါသည်။
|
Click & Join us封存檔
December 2019
All
|