ဘုရားသခင်ကို သိဖို့က လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ဘူးဟု လူတို့က မကြာခဏပြောကြသည်။ သို့သော်လည်း ဘုရားသခင်ကို သိဖို့က လုံးဝ ခက်ခဲသည့် ကိစ္စမဟုတ်ဘူးဟု ငါပြောမည်။ ဘုရားသခင်က လူသားကို သူ၏လုပ်ဆောင်ချက်များကို မကြာခဏ မြင်တွေ့ခွင့်ပေးသည့်အတွက်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ပြောဆိုခြင်းတို့ကို ဘယ်တော့မှ မရပ်တန့်ပေ။ သူသည် လူသားဆီမှ သူ့ကိုယ်သူ တစ်ခါမှ မဖုံးကွယ်သကဲ့သို့ သူ့ကိုယ်သူ ပုန်းကွယ်နေခြင်းမျိုးလည်း မလုပ်ပေ။ သူ့အတွေးများ၊ သူ့စိတ်ကူးများ၊ သူ့စကားလုံးများနှင့် သူ၏လုပ်ဆောင်ချက်များအားလုံးကို လူသားမျိုးနွယ်အပေါ် ထုတ်ဖော်ပြပါသည်။ ထို့ကြောင့် လူသားက ဘုရားသခင်ကို သိချင်နေသမျှ အကြောင်းအရာ၊ နည်းလမ်းပေါင်းစုံမှတစ်ဆင့် သူ့ကို သိပြီး နားလည်လာနိုင်ပါသည်။ ဘုရားသခင်က သူ့ကို တမင်သက်သက် ရှောင်ဖယ်နေသည်၊ ဘုရားသခင်က လူသားမျိုးနွယ်ဆီမှ တမင်သက်သက် ပုန်းကွယ်နေသည်၊ ဘုရားသခင်က လူသားအား သူ့ကို သိပြီး နားလည်လာဖို့ အခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးဟု လူသားက မျက်ကန်းတောတိုး ထင်ရသည့်အကြောင်းက ဘုရားသခင်က မည်သူနည်းဆိုသည်ကို သူမသိသကဲ့သို့ ဘုရားသခင်ကိုလည်း သူနားလည်ချင်သည့် ဆန္ဒမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ တဖန် သူသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များကိုလည်း အရေးစိုက်ခြင်းမရှိပေ။ အမှန်အတိုင်းပြောရလျှင် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ဖို့၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသားထဲကအသံကို နည်းနည်းအာရုံစိုက်ဖို့ သူတို့၏အားလပ်ချိန်များကိုသာ အသုံးပြုလိုက်လျှင် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များသည် သိမြင်နိုင်ပြီး ထင်ရှားသည်ဆိုသည်ကို သိမြင်ဖို့ သူတို့အတွက် ခက်ခဲမှာမဟုတ်ပေ။ ဤကဲ့သို့ပင် ဖန်ဆင်းရှင်က လူသား၏ကြားမှာ အချိန်ပြည့်ရှိပုံ၊ သူသည် လူသားနှင့် ဖန်ဆင်းခံများ၏ အလုံးစုံနှင့် အမြဲတမ်း စကားပြောပုံ၊ နေ့စဉ် လုပ်ဆောင်ချက်အသစ်များကို သူဆောင်ရွက်နေပုံကို သိမြင်ဖို့ အားထုတ်မှု အနည်းငယ်ပဲ လိုပါသည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို လူသားနှင့်ပြောသည့် သူ၏စကားများမှာ ဖော်ပြပါသည်။ သူ့အတွေးများနှင့် စိတ်ကူးများသည် သူ့လုပ်ဆောင်မှုများ၌ လုံးဝ ထုတ်ဖော်ပြထားပါသည်။ သူသည် လူသားမျိုးနွယ်ကို အချိန်ပြည့် အဖော်ပြုလုပ်ပြီး လေ့လာကြည့်ရှုပါသည်။ သူ၏ တိတ်ဆိတ်သည့် နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်နှင့် ဖန်ဆင်းခံအားလုံးကို သူတိတ်ဆိတ်စွာ စကားပြောပါသည်။ ငါသည် ကောင်းကင်ဘုံမှာရှိသည်။ ငါသည် ငါ၏ဖန်ဆင်းခံများကြားမှာရှိသည်။ ငါစောင့်ကြည့်နေသည်။ ငါစောင့်ဆိုင်းနေသည်။ ငါက သင့်ဘေးမှာရှိသည်။ သူ့လက်များက နွေးထွေးပြီး သန်မာသည်။ သူ၏ခြေလှမ်းများက ပေါ့ပါးသည်။ သူ့အသံသည် နူးညံ့ပြီး ကျက်သရေရှိသည်။ သူ၏ပုံသဏ္ဌာန်သည် လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သန်း လှည့်လည်သွားလာသည်။ သူ၏မျက်နှာသည် လှပပြီး သိမ်မွေ့သည်။ သူသည် ဘယ်တော့မှ ထွက်ခွာမသွားသလို ပျောက်ကွယ်မသွားပေ။ နေ့ညဉ့်မပြတ်၊ သူသည် လူသားမျိုးနွယ်၏ အမြဲတမ်း အဖော်တစ်ယောက်ဖြစ်သည်။ နိနေဝေမြို့ကို သူကယ်တင်ခဲ့သည့်အခါမှာ လူသားမျိုးနွယ်အပေါ် သူ၏ စိတ်နှစ်မြှုပ်ထားသည့် ဂရုစိုက်မှုနှင့် အထူးချစ်ခင်မှု၊ လူသားအတွက် သူ၏စစ်မှန်သည့် အလေးထားမှုနှင့် ချစ်ခြင်းတို့ကို နည်းနည်းချင်းစီ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ခွန်းတုံ့ဖလှယ်မှုသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ သနားမှုကို ပိုပြီးဖွင့်ပြပါသည်။ ဤစကားလုံးများကတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရိုးသားဖြူစင်သည့် ခံစားချက်အပေါ် လေးနက်သည့် နားလည်မှုကို သင်ရရှိနိုင်ပါသည်။
0 Comments
ဘုရားနှုတ်ကပတ်တော် | ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ်နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်နည်းလမ်းများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။ |
Click & Join us封存檔
December 2019
All
|