ဘုရားနှုတ်ကပတ်တော် | ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ်နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်နည်းလမ်းများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည်
ဘုရားသခင်က နိနေဝေမြို့သားများအတွက် သူ့နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါမှာ သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းသည် လှည့်စားမှုတစ်ခုလော။ မည်သို့ ဟုတ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အကြောင်းအရာ တစ်ခုတည်းအတွင်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤလက္ခဏာသွင်ပြင်နှစ်ရပ်ကြား ပြောင်းလဲခြင်းက သင့်အား ဘာကို မြင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အလုံးစုံဖြစ်ပါသည်။ ခွဲထွက်ခြင်း လုံးဝ မရှိပေ။ လူတို့အပေါ်မှာ ဒေါသ သို့မဟုတ် သနားညှာတာမှုနှင့် သည်းခံခြင်းကို သူပြသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားပါသည်။ အကြောင်းအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်ပြီး သူ၏အတွေးများနှင့် သဘောထားများကို ပြောင်းလဲပါသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူသည် သူ့ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်ကိုပြပါသည်။ သူက စက်ရုပ် သို့မဟုတ် မြေရုပ်တုလည်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါသည်။ နိနေဝေမြို့သားတို့ကို သူတို့၏ သဘောထားများအရ သူတို့၏ အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူ စိတ်ဆိုးနိုင်ပါသည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ သယ်ဆောင်လာဖို့ သူဆုံးဖြတ်နိုင်ပြီး သူတို့၏ နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကို သူပြောင်းလဲနိုင်ပါသည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိဖို့အတွက် ပုံသေနည်းများသုံးရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို စက်ယန္တရားဆန်ဆန် အသုံးချဖို့ ပိုနှစ်သက်ပြီး ဘုရားသခင်ကို အဓိပ္ပာယ်သတ်မှတ်တည်ဆောက်ဖို့ စည်းမျဉ်းများကို အသုံးပြုဖို့ ပိုနှစ်သက်ကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရ ဘုရားသခင်က စဉ်းစားခြင်းမပြုလုပ်သကဲ့သို့ အခြေအမြစ်ခိုင်လုံသည့် စိတ်ကူးများလည်း မရှိပေ။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်များထဲက ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေပါသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မတူညီသည့် လက္ခဏာသွင်ပြင်များက ထုတ်ဖော်လာပါလိမ့်မည်။ ဤပြောင်းလဲခြင်းဖြစ်စဉ်အချိန်ကာလအတွင်း ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲသည့်အချိန်ခဏမှာ သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှု အမှန်တရားကို ထုတ်ဖော်ပြပြီး သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက စစ်မှန်ပြီး ထင်ရှားသည်ဆိုသည်ကို ထုတ်ဖော်ပြသည်။ ထို့အပြင် သူ၏သည်းခံခြင်းနှင့် သူ၏ ချစ်ခင်ကြင်နာမှု၊ သူ၏ သနားညှာတာမှု၊ သူ့အမျက်ဒေါသ ဖြစ်တည်မှုတို့၏ သမ္မာတရားကို လူသားမျိုးနွယ်ကို သက်သေပြဖို့ သူ၏ ကိုယ်ပိုင် စစ်မှန်သည့် ထုတ်ဖော်ခြင်းများကို ဘုရားသခင်က အသုံးပြုပါသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ထုတ်ဖော်ပြပါလိမ့်မည်။ ခြင်္သေ့၏ အမျက်ဒေါသ၊ မိခင်တစ်ယောက်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မည်သူ့ကိုမှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အရာဝတ္ထုများအားလုံးနှင့် အကြောင်းအရာများ အားလုံးထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားညှာတာမှုသည် အချိန်တိုင်း၊ နေရာတိုင်းမှာ ထုတ်ဖော်ပြနိုင်ပါသည်။ သူသည် ဤသွင်ပြင်လက္ခဏာများကို သဘောသဘာဝ၏ နေရာတိုင်းမှာ ထင်ရှားစွာ ဖော်ပြပြီး အချိန်တိုင်းမှာ ထင်ရှားစွာ ဆောင်ရွက်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန် သို့မဟုတ် နေရာနှင့် ကန့်သတ်ထားခြင်း မရှိပေ။ သို့မဟုတ် တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စက်ယန္တရားဆန်ဆန် ဖော်ပြခြင်း မဟုတ်ပေ၊ သို့မဟုတ် အချိန် သို့မဟုတ် နေရာ၏ အကန့်သတ်နှင့် သတ်မှတ်ထားချက်အရ ထုတ်ဖော်ပြခြင်းမဟုတ်ပါဘဲ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်တိုင်း နေရာတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ပြပါသည်။ ဘုရားသခင်က သူ့နှလုံးသားကိုပြောင်းလဲပြီး သူ၏ အမျက်ဒေါသကို ဖော်ပြခြင်းကို ရပ်တန့်ပြီး နိနေဝေမြို့ကို ဖျက်ဆီးခြင်းကို ရပ်လိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်က သနားညှာတာခြင်းနှင့် ချစ်ခြင်းသာဖြစ်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်၏ အမျက်ဒေါသသည် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က သူ၏ ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပြီး သူ၏ သနားညှာတာမှုကို ရုတ်သိမ်းလျှင် လူသားမျိုးနွယ်အပေါ် သူသည်စစ်မှန်စွာမချစ်ဘူးဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က လူတို့၏ မကောင်းသည့်အပြုအမူများကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပါသည်။ သူ့အမျက်ဒေါသမှာ မှားယွင်းမှု မပါဝင်ပေ။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တအားဖြင့် ထိတွေ့ခံရပါသည်။ သူ့နှလုံးသားကို ပြောင်းလဲခြင်းကလည်း ဤနောင်တပင်ဖြစ်သည်။ သူ၏ထိတွေ့ခံရမှု၊ သူ၏နှလုံးသားပြောင်းလဲမှုနှင့် လူသားအပေါ် သူ၏ သနားညှာတာမှုနှင့် သည်းခံခြင်းသည် အပြစ်အနာအဆာ လုံးဝ မရှိပေ။ သန့်ရှင်းသည်၊ သန့်စင်သည်၊ အထိအခိုက်မရှိပေ၊ စစ်မှန်ပါသည်။ ဘုရားသခင်၏ သည်းခံခြင်းက သည်းခံခြင်းသက်သက်သာဖြစ်သည်။ သူ၏ သနားညှာတာမှုက သနားညှာတာမှုသက်သက်သာဖြစ်သည်။ သူ၏ စိတ်သဘောထားသည် အမျက်ဒေါသနှင့် သနားညှာတာမှု၊ သည်းခံမှုတို့ကို လူသား၏ နောင်တနှင့် သူ၏ မတူညီသည့် အပြုအမူများနှင့်အညီ ထုတ်ဖော်ပြမှာဖြစ်ပါသည်။ သူ ဘာကိုပင် ထုတ်ဖော်ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပါသည်။ အားလုံးက တိုက်ရိုက်ဖြစ်ပါသည်။ သူ့အနှစ်သာရသည် ဖန်ဆင်းခြင်းမှာရှိသည့် အရာအားလုံးမှ ကွဲပြားပါသည်။ ဘုရားသခင်ဖော်ပြသည့် လုပ်ရပ်များ၏ အခြေခံသဘောတရားများဖြစ်သည့် သူ၏အတွေးများ၊ စိတ်ကူးများ သို့မဟုတ် သီးသန့် ဆုံးဖြတ်ချက်များနှင့် တစ်ခုချင်း အပြုအမူများသည် မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းပါသည်။ ဘုရားသခင် ဆုံးဖြတ်သည့်အတိုင်း သူလုပ်ဆောင်ပါမည်။ ဤနည်းနှင့် သူ၏တာဝန်များကို သူပြည့်စုံစေပါသည်။ ဤရလဒ်မျိုးက တိကျပြီး အမှားအယွင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏အရင်းအမြစ်က အမှားအယွင်းမရှိပေ၊ အပြစ်အနာအဆာ မရှိပေ။ ဘုရားသခင်၏ အမျက်ဒေါသသည် အမှားအယွင်းမပါဝင်ပေ။ အလားတူပင် ဘယ်ဖန်ဆင်းခံမှ မပိုင်သည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့သည် သန့်ရှင်းသည်၊ အမှားကင်းသည်။ တဖန် တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ခံနိုင်ပါသည်။
0 Comments
Leave a Reply. |
Click & Join us封存檔
December 2019
All
|