ဘုရားနှုတ်ကပတ်တော် | ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ်နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်နည်းလမ်းများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်နည်းလမ်းများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။
0 Comments
ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ ဖုံးကွယ်ထားပြီး လူသားက မသိနိုင်ပေမဲ့ အဲဒီအရာဟာ ထိပါးစော်ကားမှုကို သည်းမခံပါဘူ မိုက်မဲခြင်းအားလုံးနဲ့ အသိမဲ့တဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ဆက်ဆံမှုက သနားညှာတာမှုနဲ့ သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါတယ်။ တစ်ဖက်မှာတော့ သူ့ရဲ့အမျက်ဒေါသဟာ ကျယ်ပြန့်တဲ့ အချိန်နဲ့ အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါတယ်။ ဒါကို လူသားက မသိပါဘူး။ အကျိုးရလဒ်အနေနဲ့ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ့ရဲ့အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုပဲ လူသားဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသကို အလေးမထားပါဘူး။ လူသားဟာ ဘုရားသခင်ရဲ့ နောက်ဆုံးအမှုနဲ့ လူသားကို သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရတဲ့အခါ၊ ဆိုလိုတာက ဘုရားသခင်ရဲ့ နောက်ဆုံး သနားညှာတာမှုနဲ့ သူ့ရဲ့ နောက်ဆုံး သတိပေးချက်တို့က လူသားတွေဆီကို ရောက်တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဒီနည်းလမ်းကိုပဲ အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ ဘာအားထုတ်မှုမှ မပြုလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ နည်းလမ်းတွေကို ပြင်ဆင်ခြင်း သို့မဟုတ် သူ့ရဲ့ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုရင် ဘုရားသခင်ဟာ သူ့ရဲ့သည်းခံမှုနဲ့ စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က သူ့ရဲ့ သနားညှာတာမှုကို ပြန်ရုတ်သိမ်းတာဟာ ဒီအချိန်ဖြစ်ပါတယ်။ ဒါအပြီးမှာ သူ့ရဲ့အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မယ်။ သူ့ရဲ့ အမျက်ဒေါသကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖော်ပြနိုင်တယ်။ လူတွေကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီတဲ့ နည်းလမ်းတွေကို သူအသုံးပြုနိုင်သလိုပေါ့။
|
Click & Join us封存檔
December 2019
All
|