ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ ဖုံးကွယ်ထားပြီး လူသားက မသိနိုင်ပေမဲ့ အဲဒီအရာဟာ ထိပါးစော်ကားမှုကို သည်းမခံပါဘူ မိုက်မဲခြင်းအားလုံးနဲ့ အသိမဲ့တဲ့ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ဆက်ဆံမှုက သနားညှာတာမှုနဲ့ သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါတယ်။ တစ်ဖက်မှာတော့ သူ့ရဲ့အမျက်ဒေါသဟာ ကျယ်ပြန့်တဲ့ အချိန်နဲ့ အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါတယ်။ ဒါကို လူသားက မသိပါဘူး။ အကျိုးရလဒ်အနေနဲ့ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ့ရဲ့အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုပဲ လူသားဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသကို အလေးမထားပါဘူး။ လူသားဟာ ဘုရားသခင်ရဲ့ နောက်ဆုံးအမှုနဲ့ လူသားကို သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရတဲ့အခါ၊ ဆိုလိုတာက ဘုရားသခင်ရဲ့ နောက်ဆုံး သနားညှာတာမှုနဲ့ သူ့ရဲ့ နောက်ဆုံး သတိပေးချက်တို့က လူသားတွေဆီကို ရောက်တဲ့အခါမှာ သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဒီနည်းလမ်းကိုပဲ အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ ဘာအားထုတ်မှုမှ မပြုလုပ်ဘူးဆိုရင်၊ သူတို့ရဲ့ နည်းလမ်းတွေကို ပြင်ဆင်ခြင်း သို့မဟုတ် သူ့ရဲ့ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုရင် ဘုရားသခင်ဟာ သူ့ရဲ့သည်းခံမှုနဲ့ စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က သူ့ရဲ့ သနားညှာတာမှုကို ပြန်ရုတ်သိမ်းတာဟာ ဒီအချိန်ဖြစ်ပါတယ်။ ဒါအပြီးမှာ သူ့ရဲ့အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မယ်။ သူ့ရဲ့ အမျက်ဒေါသကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖော်ပြနိုင်တယ်။ လူတွေကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီတဲ့ နည်းလမ်းတွေကို သူအသုံးပြုနိုင်သလိုပေါ့။ သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်ရဲ့ မီးကိုအသုံးပြုခြင်းဟာ လူသားမျိုးနွယ်တစ်စု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လုံးဝအမြစ်ဖြတ်တဲ့ သူ့ရဲ့ အမြန်ဆုံးနည်းလမ်းပါပဲ။ သောဒုံမြို့ရဲ့လူတွေကို လောင်ကျွမ်းစေခြင်းက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာတွေထက်ပိုပြီး ဖျက်ဆီးခဲ့တယ်။ ဒီမြို့ထဲက လူတွေဟာ လူသားအတွက် မမြင်နိုင်တဲ့လောကနဲ့ ရုပ်ဝတ္ထုလောကနှစ်ခုလုံးမှာ ပျောက်ကွယ်သွားဖို့ သေချာစေရင်း သူတို့ရဲ့ ဝိညာဉ်တစ်ခုလုံး၊ သူတို့ရဲ့စိတ်နဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာတို့ကို ဖျက်ဆီးခဲ့တယ်။ ဒါက ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်တဲ့နည်းနဲ့ ဖော်ပြတဲ့နည်းတစ်ခုပါ။ ဒီထုတ်ဖော်ခြင်းနဲ့ ဖော်ပြခြင်း ပုံစံက ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အနှစ်သာရရဲ့ ရှုထောင့်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အနှစ်သာရကို အလိုအလျောက် ထုတ်ဖော်ခြင်းဖြစ်သလိုမျိုးပါပဲ။ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ထုတ်လွှတ်တဲ့အခါမှာ သူဟာ ဘယ်သနားညှာတာမှု သို့မဟုတ် ဘယ်စာနာသနားမှုမှ မဖော်ထုတ်တော့သလို သူ့ရဲ့သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းတွေကိုလည်း ထပ်မပြတော့ပါဘူး။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ့ရဲ့သနားညှာတာမှုကို ထပ်ပေးဖို့၊ သူ့ရဲ့သည်းခံခြင်းကို နောက်တစ်ခါ ချပေးသနားဖို့ ဆွဲဆောင်နိုင်တဲ့ လူ၊ အရာဝတ္ထု သို့မဟုတ် အကြောင်းပြချက် မရှိပါဘူး။ ဒီလိုအရာတွေအစား ဘုရားသခင်ဟာ ခဏလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်ကို စေလွှတ်ပါလိမ့်မယ်။ သူဆန္ဒရှိတာကို လုပ်လိမ့်မယ်။ သူဟာ ဒီအရာတွေကို သူ့ရဲ့ကိုယ်ပိုင်ဆန္ဒနဲ့အညီ လျင်မြန်ပြီး ရှင်းလင်းတဲ့ ပုံစံနဲ့လုပ်လိမ့်မယ်။ ဒါဟာ လူသားက ထိပါးခြင်းမပြုလုပ်ရတဲ့ သူ့ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်ကို ဘုရားသခင်စေလွှတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ရဲ့ ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ လူတွေဟာ ဘုရားသခင်က လူသားအပေါ် ပူပင်မှုနဲ့ စိုးရိမ်မှုကို ပြတာကို မြင်ရတဲ့အခါမှာ သူတို့ဟာ သူ့ရဲ့အမျက်ဒေါသကို သတိမပြုမိနိုင်ကြဘူး။ သူ့ရဲ့ ဘုန်းအာနုဘော်ကို မမြင်နိုင်ဘူး။ သို့မဟုတ် သူ့ရဲ့ ထိပါးစော်ကားတာကို သည်းမခံခြင်းကို မခံစားနိုင်ကြဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဟာ သနားညှာတာခြင်း၊ သည်းခံခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေသက်သက်ပဲဆိုပြီး လူတွေကို ယုံကြည်ဖို့ ဒီအရာတွေက ဦးတည်သွားစေခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးတာ သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံ့မုန်းတာကို တွေ့ရတဲ့အခါ လူသားကို ဖျက်ဆီးခြင်းမှာ သူ့ရဲ့ အမျက်ဒေါသနဲ့ သူ့ရဲ့ဘုန်းအာနုဘော်တို့က လူတွေကို သူ့ရဲ့ ဖြောင့်မတ်ခြင်း စိတ်သဘောထားရဲ့ တခြားတစ်ဖက်ကို အနည်းအကျဉ်းမြင်စေပါတယ်။ ဒါဟာ ထိပါးစော်ကားခြင်းကို ဘုရားသခင်ရဲ့ သည်းမခံခြင်းပါ။ ထိပါးစော်ကားခြင်းကို သည်းမခံတဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ ဘယ်ဖန်ဆင်းခံ သတ္တဝါမဆိုရဲ့ တွေးမြင်ခြင်းထက် သာလွန်ပါတယ်။ ဖန်ဆင်းခံမဟုတ်တဲ့ သတ္တဝါတွေကြားမှာ ဘယ်သူကမှ ဒါကို ဝင်ရောက်နှောင့်ယှက်ခြင်း သို့မဟုတ် သက်ရောက်မှုရှိစေခြင်း မပြုလုပ်နိုင်ပါဘူး။ နောက်ပြီးတော့ ဒါကို အယောင်ဆောင်ခြင်း သို့မဟုတ် အတုခိုးခြင်းလည်း ပြုလုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ ဒီအချက်က လူသားမျိုးနွယ်က အများဆုံးသိသင့်တဲ့ တစ်ခုပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဒီလို စိတ်သဘောထားမျိုးရှိပါတယ်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဒီလို စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ ဆိုးယုတ်ခြင်း၊ မှောင်မိုက်ခြင်း၊ ပုန်ကန်ခြင်းနဲ့ လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဝါးမျိုတဲ့ စာတန်ရဲ့ မကောင်းတဲ့ အပြုအမူတွေကို စက်ဆုပ်ရွံ့ရှာတဲ့အတွက်ကြောင့်၊ သူနဲ့ဆန့်ကျင်တဲ့ အပြစ်ရဲ့လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံ့ရှာတဲ့အတွက်ကြောင့်၊ သူ့ရဲ့ သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိတဲ့ အနှစ်သာရတို့ကြောင့် ဘုရားသခင်ဟာ ဒီလို ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပိုင်ဆိုင်ပါတယ်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်တဲ့ သတ္တဝါတွေက သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ယှဉ်ပြိုင်ခြင်းတွေကို သူခံမှာမဟုတ်ဘူးဆိုတဲ့ အရာက ဒါကြောင့်ဖြစ်ပါတယ်။ သူ တစ်ခါက သနားညှာတာမှုပြခဲ့တဲ့ သို့မဟုတ် ရွေးချယ်ခဲ့တဲ့သူတောင် သူ့ရဲ့ စိတ်သဘောထားကို ရန်စပြီး သူ့ရဲ့ စိတ်ရှည်ခြင်းနဲ့ သည်းခံခြင်းနိယာမကို ကျူးလွန်တာနဲ့ သူဟာ သနားညှာတာခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်း နည်းနည်းလေးမှ မရှိဘဲ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပါလိမ့်မယ်။ ထိပါးစော်ကားမှုကို သည်းမခံတဲ့ စိတ်သဘောထားဖြစ်ပါတယ်။ အပြန်အလှန်ဖတ်ရှုခြင်းများ ကျမ်းစာလေ့လာခြင်း
0 Comments
Leave a Reply. |
Click & Join us封存檔
December 2019
All
|