ဘုရားသခင်ကို သိဖို့က လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ဘူးဟု လူတို့က မကြာခဏပြောကြသည်။ သို့သော်လည်း ဘုရားသခင်ကို သိဖို့က လုံးဝ ခက်ခဲသည့် ကိစ္စမဟုတ်ဘူးဟု ငါပြောမည်။ ဘုရားသခင်က လူသားကို သူ၏လုပ်ဆောင်ချက်များကို မကြာခဏ မြင်တွေ့ခွင့်ပေးသည့်အတွက်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ပြောဆိုခြင်းတို့ကို ဘယ်တော့မှ မရပ်တန့်ပေ။ သူသည် လူသားဆီမှ သူ့ကိုယ်သူ တစ်ခါမှ မဖုံးကွယ်သကဲ့သို့ သူ့ကိုယ်သူ ပုန်းကွယ်နေခြင်းမျိုးလည်း မလုပ်ပေ။ သူ့အတွေးများ၊ သူ့စိတ်ကူးများ၊ သူ့စကားလုံးများနှင့် သူ၏လုပ်ဆောင်ချက်များအားလုံးကို လူသားမျိုးနွယ်အပေါ် ထုတ်ဖော်ပြပါသည်။ ထို့ကြောင့် လူသားက ဘုရားသခင်ကို သိချင်နေသမျှ အကြောင်းအရာ၊ နည်းလမ်းပေါင်းစုံမှတစ်ဆင့် သူ့ကို သိပြီး နားလည်လာနိုင်ပါသည်။ ဘုရားသခင်က သူ့ကို တမင်သက်သက် ရှောင်ဖယ်နေသည်၊ ဘုရားသခင်က လူသားမျိုးနွယ်ဆီမှ တမင်သက်သက် ပုန်းကွယ်နေသည်၊ ဘုရားသခင်က လူသားအား သူ့ကို သိပြီး နားလည်လာဖို့ အခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးဟု လူသားက မျက်ကန်းတောတိုး ထင်ရသည့်အကြောင်းက ဘုရားသခင်က မည်သူနည်းဆိုသည်ကို သူမသိသကဲ့သို့ ဘုရားသခင်ကိုလည်း သူနားလည်ချင်သည့် ဆန္ဒမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ တဖန် သူသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များကိုလည်း အရေးစိုက်ခြင်းမရှိပေ။ အမှန်အတိုင်းပြောရလျှင် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ဖို့၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသားထဲကအသံကို နည်းနည်းအာရုံစိုက်ဖို့ သူတို့၏အားလပ်ချိန်များကိုသာ အသုံးပြုလိုက်လျှင် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များသည် သိမြင်နိုင်ပြီး ထင်ရှားသည်ဆိုသည်ကို သိမြင်ဖို့ သူတို့အတွက် ခက်ခဲမှာမဟုတ်ပေ။ ဤကဲ့သို့ပင် ဖန်ဆင်းရှင်က လူသား၏ကြားမှာ အချိန်ပြည့်ရှိပုံ၊ သူသည် လူသားနှင့် ဖန်ဆင်းခံများ၏ အလုံးစုံနှင့် အမြဲတမ်း စကားပြောပုံ၊ နေ့စဉ် လုပ်ဆောင်ချက်အသစ်များကို သူဆောင်ရွက်နေပုံကို သိမြင်ဖို့ အားထုတ်မှု အနည်းငယ်ပဲ လိုပါသည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို လူသားနှင့်ပြောသည့် သူ၏စကားများမှာ ဖော်ပြပါသည်။ သူ့အတွေးများနှင့် စိတ်ကူးများသည် သူ့လုပ်ဆောင်မှုများ၌ လုံးဝ ထုတ်ဖော်ပြထားပါသည်။ သူသည် လူသားမျိုးနွယ်ကို အချိန်ပြည့် အဖော်ပြုလုပ်ပြီး လေ့လာကြည့်ရှုပါသည်။ သူ၏ တိတ်ဆိတ်သည့် နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်နှင့် ဖန်ဆင်းခံအားလုံးကို သူတိတ်ဆိတ်စွာ စကားပြောပါသည်။ ငါသည် ကောင်းကင်ဘုံမှာရှိသည်။ ငါသည် ငါ၏ဖန်ဆင်းခံများကြားမှာရှိသည်။ ငါစောင့်ကြည့်နေသည်။ ငါစောင့်ဆိုင်းနေသည်။ ငါက သင့်ဘေးမှာရှိသည်။ သူ့လက်များက နွေးထွေးပြီး သန်မာသည်။ သူ၏ခြေလှမ်းများက ပေါ့ပါးသည်။ သူ့အသံသည် နူးညံ့ပြီး ကျက်သရေရှိသည်။ သူ၏ပုံသဏ္ဌာန်သည် လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သန်း လှည့်လည်သွားလာသည်။ သူ၏မျက်နှာသည် လှပပြီး သိမ်မွေ့သည်။ သူသည် ဘယ်တော့မှ ထွက်ခွာမသွားသလို ပျောက်ကွယ်မသွားပေ။ နေ့ညဉ့်မပြတ်၊ သူသည် လူသားမျိုးနွယ်၏ အမြဲတမ်း အဖော်တစ်ယောက်ဖြစ်သည်။ နိနေဝေမြို့ကို သူကယ်တင်ခဲ့သည့်အခါမှာ လူသားမျိုးနွယ်အပေါ် သူ၏ စိတ်နှစ်မြှုပ်ထားသည့် ဂရုစိုက်မှုနှင့် အထူးချစ်ခင်မှု၊ လူသားအတွက် သူ၏စစ်မှန်သည့် အလေးထားမှုနှင့် ချစ်ခြင်းတို့ကို နည်းနည်းချင်းစီ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ခွန်းတုံ့ဖလှယ်မှုသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ သနားမှုကို ပိုပြီးဖွင့်ပြပါသည်။ ဤစကားလုံးများကတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရိုးသားဖြူစင်သည့် ခံစားချက်အပေါ် လေးနက်သည့် နားလည်မှုကို သင်ရရှိနိုင်ပါသည်။ အောက်ပါအချက်က ယောနဝတ္ထု ၄:၁၀-၁၁ မှာ မှတ်တမ်းတင်ထားပါသည်။ “ ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ၎င်းတို့က အမှန်တကယ်ပဲ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး သူနှင့် ယောနကြားက စကားပြောဆိုခြင်းများပင်ဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းက အတိုချုပ်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ဂရုစိုက်မှုနှင့်၊ လူသားကို လက်လွတ်ဖို့ သူ၏ဝန်လေးခြင်းများနှင့် ပြည့်လျှံနေပါသည်။ ဤစကားလုံးများက သူ့ဖန်ဆင်းခံများအတွက် သူ့နှလုံးသားထဲမှာ ဘုရားသခင် ကိုင်ဆောင်ထားသည့် သဘောထားနှင့် ခံစားချက်ကို ဖော်ပြပြီး ဤသို့ရှင်းလင်းပြတ်သားသော စကားလုံးများ၊ ဤအရာမျိုးကို လူသားက သိပ်ကြားရလေ့မရှိပေ။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သည့် ရည်ရွယ်ချက်များကို ဖော်ပြပါသည်။ ဤခွန်းတုံ့ဖလှယ်ခြင်းက နိနေဝေမြို့အပေါ် ဘုရားသခင်ကိုင်စွဲထားသည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်။ သို့သော်လည်း ဘယ်လိုသဘောထားမျိုးဖြစ်သနည်း။ သူတို့၏ နောင်တမတိုင်မီနှင့် နောင်တပြီးနောက်မှာ သူကိုင်စွဲခဲ့သည့် သဘောထားပင်ဖြစ်သည်။ ဘုရားသခင်က ဤပုံစံနှင့်ပင် လူသားမျိုးနွယ်ကို ဆက်ဆံပါသည်။ ဤစကားများအတွင်းမှာ သူ၏အတွေးများနှင့် သူ့ စိတ်သဘောထားကို ရှာဖွေကြည့်နိုင်ပါသည်။ ဘုရားသခင်၏ မည်သို့သောအတွေးများက ဤစကားလုံးများမှာ ဖော်ပြနေသနည်း။ ဂရုစိုက်ဖတ်သည့်အခါမှာ သူသည် “ သနား” ဆိုသည့်စကားလုံးကို အသုံးပြုကြောင်းကို ချက်ချင်းပဲ ထုတ်ဖော်ပြပါသည်။ ဤစကားလုံးကို အသုံးပြုခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တကယ့် သဘောထားအမှန်ကို ပြပါသည်။ ဝေါဟာရဆိုင်ရာ ရှုထောင့်မှဆိုလျှင် “ သနား” ဆိုသည့်စကားလုံးကို မတူညီသည့်နည်းလမ်းများနှင့် အဓိပ္ပာယ်ပြန်၍ရပါသည်။ ပထမအနေနှင့်၊ ချစ်ခြင်းနှင့်ကာကွယ်ခြင်း၊ တစ်ခုခုအပေါ် ကြင်နာသနားခြင်း၊ ဒုတိယအနေနှင့် အလွန်ချစ်ခြင်း၊ နောက်ဆုံး မနာကျင်စေလိုခြင်းနှင့် ဤသို့မလုပ်ရက်နိုင်ခြင်းတို့ဖြစ်သည်။ အချုပ်အားဖြင့် သနားကြင်နာသည့် ချစ်ခင်မှုနှင့် ချစ်ခြင်း၊ တစ်ယောက်ယောက် သို့မဟုတ် တစ်ခုခုကို လက်မလွတ်ချင်သည့် ဆန္ဒရှိခြင်းတို့ကို ညွှန်းဆိုသည်။ လူသားအပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့ကို ဆိုလိုပါသည်။ ဘုရားသခင်က လူတို့ကြားထဲမှာ အသုံးများသည့် စကားလုံးတစ်ခုကို အသုံးပြုခဲ့သော်လည်း ဤစကားလုံးကို အသုံးပြုခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ နှလုံးသား၏အသံနှင့် သူ၏သဘောထားကို ဖွင့်ပြပါသည်။ နိနေဝေမြို့သည် သောဒုံမြို့မှာရှိသည့်လူများလို ဖောက်ပြန်ပျက်ဆီးခြင်း၊ ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့နှင့် ပြည့်နေသည့်လူများရှိသော်လည်း သူတို့၏ နောင်တက ဘုရားသခင်အား သူ့နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးဖို့ ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားမှုများအပေါ် သူတို့၏ တုံ့ပြန်မှုက သောဒုံမြို့သားများနှင့် သိသာသည့် ကွာခြားချက်ရှိသည့် သဘောထားတစ်ခုကို ပြသခဲ့ခြင်းကြောင့်၊ ဘုရားသခင်အပေါ် သူတို့၏ ရိုးသားသည့် ဆက်ကပ်အပ်နှံမှုနှင့် သူတို့အပြစ်အတွက် ရိုးသားသည့် နောင်တအပြင် အရာရာမှာ သူတို့၏ မှန်ကန်ပြီး ရိုးသားဖြူစင်သည့် အပြုအမူကြောင့် ဘုရားသခင်သည် သူ၏ လေးနက်သည့် သနားခြင်းကို နောက်တစ်ကြိမ် ပြသခဲ့ပြီး သူတို့ကို ချပေးသနားခဲ့သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ဆုလာဘ်နှင့် သူ၏သနားခြင်းသည် လူတိုင်းအတွက် အတုခိုးဖို့ မဖြစ်နိုင်ပါ။ ဘုရားသခင်၏ သနားညှာတာခြင်း သို့မဟုတ် သည်းခံခြင်းကို မည်သူမှ မပိုင်ဆိုင်နိုင်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ ရိုးသားဖြူစင်သည့် ခံစားချက်ကိုလည်း မပိုင်ဆိုင်နိုင်ပေ။ လူသားမျိုးနွယ်ကို၊ သို့မဟုတ် ဖန်ဆင်းခံများကို ဤသို့ဖော်ပြချက်မျိုးပြုလုပ်မည့် ကြီးမြတ်သည့် ယောက်ျား သို့မဟုတ် မိန်းမအနေနှင့် သို့မဟုတ် မြင့်မားသည့်နေရာမှ၊ အထက်တစ်နေရာမှ စကားပြောမည့် ကြီးမြတ်သည့်ယောက်ျား သို့မဟုတ် မိန်းမ သို့မဟုတ် အာဂလူဟုတောင် သင်အသိအမှတ်ပြုသည့်သူ တစ်ယောက်ယောက်ရှိပါသလော။ လူသားမျိုးနွယ်ထဲက မည်သူက လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်သည့် အခြေအနေများကို သူတို့လက်၏ လက်ဖဝါးကိုသိသကဲ့သို့ သိနိုင်ပါသနည်း။ လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် တာဝန်ဝတ္တရားနှင့် ဝန်ထုပ်ဝန်ပိုးကို မည်သူခံနိုင်ပါသနည်း။ မြို့တစ်မြို့၏ ပျက်စီးခြင်းကို ကြွေးကြော်နိုင်စွမ်း မည်သူ့မှာများ ရှိသနည်း။ တဖန် မည်သူက မြို့တစ်မြို့ကို ခွင့်လွှတ်နိုင်စွမ်းရှိပါသနည်း။ သူတို့ကိုယ်တိုင်၏ ဖန်ဆင်းချက်များကို သူတို့ချစ်မြတ်နိုးသည်ဟု မည်သူကပြောနိုင်ပါသနည်း။ ဖန်ဆင်းရှင်သာလျှင်ဖြစ်ပါသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားခြင်းရှိပါသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို ကြင်နာသနားခြင်းနှင့် ချစ်ခင်ခြင်းကို ပြပါသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အတွက် မှန်ကန်ပြီး ချိုးဖောက်၍မရသည့် ချစ်ခင်မှုကို ကိုင်စွဲထားခြင်းဖြစ်သည်။ ဤသို့ပင် ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို သနားညှာတာမှု ချပေးသနားနိုင်ပြီး သူ၏ဖန်ဆင်းခံအားလုံးကို ချစ်မြတ်နိုးနိုင်ပါသည်။ လူသား၏ လုပ်ဆောင်မှုတိုင်းမှာ သူ့နှလုံးသားသည် ခုန်ပြီး နာကျင်ပါသည်။ သူသည် လူသား၏ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ်မှာ ဒေါသထွက်သည်၊ စိတ်ဆင်းရဲသည်၊ ကြေကွဲဝမ်းနည်းပါသည်။ သူသည် လူသား၏ နောင်တနှင့် ယုံကြည်မှုအတွက် ကျေနပ်သည်၊ ပျော်ရွှင်သည်၊ ခွင့်လွှတ်ပြီး ပျော်ရွှင်ဝမ်းမြောက်ပါသည်။ သူ၏အတွေးများနှင့် စိတ်ကူးစိတ်သန်းများ တစ်ခုချင်းစီတိုင်းသည် လူသားမျိုးနွယ်အတွက် တည်ရှိပြီး လူသားမျိုးနွယ်ကို အဓိက အလေးထားပါသည်။ သူ၏ဖြစ်ခြင်းနှင့် အရာအားလုံးက လူသားမျိုးနွယ် အကျိုးအတွက်သာ ဖော်ပြပါသည်။ သူ၏စိတ်ခံစားမှုတစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့် ရစ်လိမ်နေပါသည်။ လူသားမျိုးနွယ်၏အကျိုးအတွက် သူသွားလာပြီး ပြေးလွှားလုပ်ကိုင်သည်။ သူ၏ဘဝ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို တိတ်ဆိတ်စွာ ပေးအပ်သည်။ သူ့ဘဝ၏ မိနစ်တိုင်း စက္ကန့်တိုင်းကို ပေးဆပ်နှစ်မြှုပ်ထားသည်။ သူ၏ကိုယ်ပိုင်ဘဝကို မည်သို့သနားရမည်ဆိုသည်ကို သူတစ်ခါမှ မသိပေ။ သို့သော်လည်း သူကိုယ်တိုင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို သူအမြဲတမ်း သနားပြီး ချစ်မြတ်နိုးခဲ့သည်။ သူရှိသမျှ အရာအားလုံးကို ဤလူသားမျိုးနွယ်ကို ပေးအပ်သည်။ သူ၏ သနားညှာတာမှုကို ချီးမြှင့်ပေးပြီး အကြွင်းမဲ့ သည်းခံသည်။ ဆုလာဘ်ပြန်လည်ရယူဖို့ မျှော်လင့်ချက်မပါဝင်ပေ။ လူသားမျိုးနွယ်သည် အသက်အတွက် သူ၏ ပံ့ပိုးမှုကို ရယူရင်း သူ့မျက်စိရှေ့မှာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက်သာ ဤအရာကို သူလုပ်ပါသည်။ လူသားမျိုးနွယ်သည် တစ်နေ့နေ့တွင် သူ့ရှေ့မှာ ဆက်ကပ်အပ်နှံပြီး လူသား၏ ဖြစ်တည်မှုကို အားဖြစ်စေပြီး ဖန်ဆင်းခံအားလုံး၏ အသက်ကို ပံ့ပိုးသည့်သူသည် သူပဲဆိုသည်ကို သိမြင်စေဖို့အတွက်သာ ဖြစ်ပါသည်။
0 Comments
Leave a Reply. |
Click & Join us封存檔
December 2019
All
|