ယေဟောဝါဘုရားသခင်နှင့် ယောနကြားက ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ စစ်မှန်သည့် ခံစားချက် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် သူ့အုပ်ချုပ်မှုအောက်မှာရှိသည့် ဖန်ဆင်းခံအားလုံးအပေါ် ဖန်ဆင်းရှင်၏နားလည်မှုကို လူတို့အား သိစေပါသည်။ ယေဟောဝါဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” တစ်နည်းပြောရလျှင် နိနေဝေအပေါ် ဘုရားသခင်၏ နားလည်မှုသည် သာမန်ကာလျှံကာ နားလည်မှုမျိုးထက် အများကြီးကွာပါသည်။ မြို့ထဲမှာရှိသည့် သက်ရှိများ၏ အရေအတွက်ကို သိရုံတင်မကဘဲ (လူများနှင့် မွေးမြူရေးတိရစ္ဆာန်များအပါအဝင်) လူဘယ်နှစ်ယောက်က သူတို့၏ ညာဘက်နှင့်ဘယ်ဘက်ကို မခွဲခြားတတ်ဘူးဆိုသည်ကိုလည်း သိပါသည်။ ဆိုလိုသည်မှာ ကလေးများနှင့် လူငယ်များ ဘယ်နှစ်ယောက်ရှိသည် ဆိုသည်ကို သိခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အလွန်ကောင်းသည့် နားလည်ခြင်းအတွက် တိကျသည့် သက်သေပင် ဖြစ်ပါသည်။ တစ်ဖက်ကကြည့်လျှင် ဤစကားပြောဆိုခြင်းသည် လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ သဘောထားကို လူတို့အား သိစေပါသည်။ ဖန်ဆင်းရှင်၏ နှလုံးသားထဲမှာ လူသားမျိုးနွယ်၏ အရေးပါမှုကို ဆိုလိုပါသည်။ ယေဟောဝါ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော …” ၎င်းတို့က ယေဟောဝါ ဘုရားသခင်က ယောနကို အပြစ်တင်သည့် စကားလုံးများဖြစ်သော်လည်း အားလုံးက မှန်ကန်ပါသည်။ ယောနသည် နိနေဝေမြို့ကလူတို့ကို ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာဖို့ တာဝန်ပေးစေခိုင်းခံရသော်လည်း ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူမသိခဲ့သကဲ့သို့ ဤမြို့ကလူတို့အတွက် သူ၏ စိုးရိမ်မှုနှင့် မျှော်လင့်မှုများကိုလည်း သူနားမလည်ခဲ့ပေ။ ဤအပြစ်တင်ခြင်းနှင့်အတူ ဘုရားသခင်က လူသားမျိုးနွယ်သည် သူ့လက်၏ထုတ်ကုန်များဖြစ်ကြောင်းကို သူ့ကိုပြောဖို့ ရည်ရွယ်ပါသည်။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအတွက် သေသေချာချာဂရုတစိုက် အားထုတ်ခဲ့သည်။ လူတိုင်းသည် သူတို့နှင့်အတူ ဘုရားသခင်၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားသည်။ လူတိုင်းသည် ဘုရားသခင်၏အသက်၏ ပံ့ပိုးမှုကို ခံစားရသည်။ လူတိုင်းအတွက် ဘုရားသခင်က ဒုက္ခခံပေးဆပ်ခဲ့သည်။ ယောနက ကြက်ဆူပင်ကို ချစ်မြတ်နိုးသကဲ့သို့ပင် ဘုရားသခင်သည် သူကိုယ်တိုင်၏ လုပ်ဆောင်မှုဖြစ်သည့် လူသားမျိုးနွယ်ကို ချစ်မြတ်နိုးခြင်း ဆိုသည်ကိုလည်း ဤအပြစ်တင်ခြင်းက ယောနကို ပြောပြပါသည်။ ဘုရားသခင်သည် နောက်ဆုံး ဖြစ်နိုင်သည့်အချိန် မတိုင်ခင်အထိ သူတို့ကို လွယ်လွယ်နှင့် လုံးဝ စွန့်လွှတ်မှာမဟုတ်ပေ။ တဖန် မြို့ထဲမှာ ကလေး အများကြီးနှင့် အပြစ်မရှိသည့် မွေးမြူရေးတိရစ္ဆာန်များလည်း ရှိပါသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း၏ ထုတ်ကုန်များဖြစ်သည့် ဤငယ်ရွယ်ပြီး အသိမဲ့သည့် သူတို့၏ညာလက်နှင့် ဘယ်လက်ကိုပင် မခွဲခြားနိုင်သည့် သူများကို ကိုင်တွယ်သည့်အခါမှာ၊ ဘုရားသခင်သည် သူတို့၏အသက်များကို အဆုံးသတ်ပြီး သူတို့၏ ရလဒ်များကို အလောတကြီး သတ်မှတ်ဆုံးဖြတ်ဖို့ ပိုပြီးတော့တောင် မလုပ်နိုင်ခဲ့ပေ။ ဘုရားသခင်သည် သူတို့ ကြီးထွားခြင်းကိုမြင်ဖို့ မျှော်လင့်ပါသည်။ သူတို့သည် သူတို့၏ရှေးလူကြီးများကဲ့သို့ တူညီသည့်လမ်းကြောင်းကို မလျှောက်ကြဖို့၊ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို ထပ်ပြီး မကြားရဖို့၊ နိနေဝေမြို့၏ အတိတ်ကို သူတို့ တွေ့မြင်ကြဖို့ သူမျှော်လင့်ပါသည်။ ထို့အပြင် နောင်တရပြီးနောက် နိနေဝေမြို့ကို မြင်တွေ့ရဖို့၊ နောင်တနောက်မှာ နိနေဝေမြို့၏ အနာဂတ်ကို မြင်တွေ့ရဖို့၊ ပိုအရေးကြီးသည်က၊ ဘုရားသခင်၏ သနားညှာတာမှုအောက်မှာ နိနေဝေမြို့က နောက်တစ်ဖန် ရှင်သန်ခြင်းကို မြင်ရဖို့ ဘုရားသခင် မျှော်လင့်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်မှာ သူတို့၏ညာဘက်နှင့် ဘယ်ဘက်ကို မခွဲခြားနိုင်သည့် ဖန်ဆင်းခြင်းခံရသည့်အရာများသည် နိနေဝေမြို့၏ အနာဂတ်ဖြစ်ပါသည်။ ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်မှာ နိနေဝေမြို့၏ အတိတ်နှင့်အနာဂတ်ကို မျက်မြင်သက်သေအဖြစ် အရေးကြီးသည့်တာဝန်ကို သူတို့ ထမ်းရွက်မှာဖြစ်သကဲ့သို့မျိုးပင် သူတို့သည် နိနေဝေမြို့၏ စက်ဆုပ်ဖွယ်ကောင်းသည့် အတိတ်ကို တာဝန်ယူမှာဖြစ်ပါသည်။ သူ၏ ဤစစ်မှန်သည့် ခံစားချက်များကို ကြေညာခြင်းမှာ ယေဟောဝါဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ဖန်ဆင်းရှင်၏ သနားညှာတာမှုကို တင်ပြခဲ့ပါသည်။ “ ဖန်ဆင်းရှင်၏ သနားညှာတာမှု” သည် အနှစ်မရှိသည့် စကားစုတစ်ခု မဟုတ်သကဲ့သို့ အပေါ်ယံကတိတစ်ခုလည်း မဟုတ်ကြောင်းကို လူသားမျိုးနွယ်အား ပြသခဲ့ပါသည်။ တိကျသည့် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် ရည်ရွယ်ချက်များရှိပါသည်။ သူသည် မှန်ကန်ပြီး စစ်မှန်ပါသည်။ လိမ်ညာမှုများ သို့မဟုတ် ဟန်ဆောင်မှုများကို အသုံးမပြုပေ။ ဤတူညီသည့်ပုံစံနှင့် သူ၏ သနားညှာတာမှုကို အချိန်တိုင်း ခေတ်ကာလတိုင်းမှာ လူသားမျိုးနွယ်အပေါ်ကို အဆုံးမရှိ ပေးသနားခဲ့ပါသည်။ သို့သော်လည်း ယနေ့အထိ ယောနနှင့်ဖန်ဆင်းရှင်၏ ခွန်းတုံ့ဖလှယ်ခြင်းသည် သူသည် လူသားမျိုးနွယ်ကို အဘယ်ကြောင့် သက်ညှာမှုပြခဲ့သည်၊ လူသားမျိုးနွယ်ကို သက်ညှာမှုကို မည်သို့ပြခဲ့သည်၊ လူသားမျိုးနွယ်ကို သူမည်မျှသည်းခံပြီး လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သည့်ခံစားချက်က မည်သို့ဆိုသည်ကိုပြသည့် ဘုရားသခင်၏ တစ်ခုတည်းသော အထူးသီးသန့် နှုတ်အားဖြင့် ဖော်ပြချက်ဖြစ်ပါသည်။ ယေဟောဝါဘုရားသခင်၏ လိုရင်းတိုရှင်းဖြစ်သည့် စကားပြောဆိုမှုမှာ လူသားမျိုးနွယ်အတွက် သူ၏ပြည်စုံသည့် အတွေးများကို ဖော်ပြပါသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် သူ့နှလုံးသား သဘောထား၏ မှန်ကန်သည့် ဖော်ပြချက်ဖြစ်ပါသည်။ လူသားမျိုးနွယ်အပေါ် ပေါများလှသည့် သနားညှာတာမှုတို့ ချပေးသနားခြင်း၏ တိကျသည့်သက်သေလည်းဖြစ်ပါသည်။ သူ၏ သနားညှာတာမှုသည် လူသားမျိုးနွယ်၏ အသက်ကြီးပိုင်းမျိုးဆက်များကို ချပေးသနားရုံတင်မကဘဲ လူသားမျိုးနွယ်၏ ငယ်ရွယ်သည့် အဖွဲ့ဝင်များကိုလည်း ပေးအပ်ပါသည်။ မျိုးဆက်တစ်ခုမှ နောက်တစ်ခုအထိ ပြုလုပ်နေကျအတိုင်းပင်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူသားမျိုးနွယ်၏ အချို့ခေတ်များ၊ အချို့ထောင့်တစ်နေရာတို့အပေါ် မကြာခဏ သက်ရောက်လာတတ်သော်လည်း ဘုရားသခင်၏ သနားညှာတာမှုသည် ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ သူ၏သနားညှာတာမှုနှင့် သူသည် သူ့ဖန်ဆင်းခြင်း မျိုးဆက်များကို တစ်ဆက်ပြီး နောက်တစ်ဆက် လမ်းညွှန် ဦးဆောင်ပါသည်။ ဖန်ဆင်းခြင်း၏ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ပံ့ပိုးပြီး ပြုစုပျိုးထောင်သည်။ လူသားမျိုးနွယ်အပေါ် သူ၏စစ်မှန်သည့် ခံစားချက်က ဘယ်တော့မှ မပြောင်းသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ “ နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော” ဟု ယေဟောဝါ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင်ဖြစ်သည်။ သူကိုယ်တိုင်၏ ဖန်ဆင်းခြင်းများကို သူအမြဲတမ်းချစ်မြတ်နိုးပါသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့်သဘောထား၏ သနားညှာတာမှုဖြစ်ပြီး ဖန်ဆင်းရှင်၏ သန့်စင်သည့် အတုမရှိခြင်းလည်း ဖြစ်ပါသည်။
0 Comments
Leave a Reply. |
Click & Join us封存檔
December 2019
All
|