ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တရားမျှတတဲ့ စွမ်းအား အားလုံးနဲ့ အပြုသဘောဆောင်တဲ့ အရာအားလုံးအတွက် အကွယ်အကာဖြစ်တယ် ဘုရားသခင်ရဲ့ မိန့်ကြားချက်၊ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေရဲ့ ဒီဥပမာတွေကို နားလည်ခြင်းအားဖြင့် ထိပါးစော်ကားလို့မရတဲ့ စိတ်သဘောထားဖြစ်တဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သင်နားလည်နိုင်သလား။ အဆုံးမှာတော့ လူသားက ဘယ်လောက်နားလည်နိုင်တယ်ပဲ ဖြစ်ပါစေ ဒါဟာ ဘုရားသခင် ကိုယ်တိုင်ရဲ့ အတုမရှိတဲ့ စိတ်သဘောထားရဲ့ လက္ခဏာသွင်ပြင်တစ်ရပ်ပါပဲ။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်ရဲ့ သည်းမခံခြင်းက သူ့ရဲ့ အထူးအနှစ်သာရတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူ့ရဲ့ အထူး စိတ်သဘောထားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်က သူ့ရဲ့အထူးအနှစ်သာရဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဒေါသနောက်က သဘောတရားဟာ သူသာလျှင်ပိုင်ဆိုင်တဲ့ ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါတယ်။ ဒါဟာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ အနှစ်သာရရဲ့ သင်္ကေတလည်းဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါတယ်။ ဒါဟာ အချိန်ကုန်တာနဲ့အမျှ ပြောင်းလဲခြင်း လုံးဝမရှိသလို တည်နေရာပြောင်းတဲ့အချိန်တိုင်းမှာလည်း မပြောင်းပါဘူး။ သူ့ရဲ့ပင်ကို စိတ်သဘောထားဟာ သူ့ရဲ့ မရှိမဖြစ် အနှစ်သာရဖြစ်ပါတယ်။ သူ့အလုပ်ကို ဘယ်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ့ရဲ့ အနှစ်သာရဟာ မပြောင်းလဲပါဘူး။ သူ့ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားလည်း မပြောင်းလဲပါဘူး။ လူတစ်ယောက်ဟာ ဘုရားသခင်ကို ဒေါသထွက်စေတဲ့အခါမှာ သူထုတ်လွှတ်တဲ့အရာက သူ့ရဲ့ ပင်ကိုစိတ်သဘောထားဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ဒေါသနောက်က သဘောတရားက မပြောင်းလဲသလို သူ့ရဲ့အတုမရှိတဲ့ ဝိသေသလက္ခဏာနဲ့ အခြေအနေကလည်း မပြောင်းလဲပါဘူး။ သူ့ရဲ့အနှစ်သာရက ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားဟာ မတူညီတဲ့ သဘောတရားတွေ ထုတ်တဲ့အတွက်ကြောင့် သူစိတ်ဆိုးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အပေါ် လူသားရဲ့ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါတယ်။ ဘုရားသခင်အပေါ် လူသားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ ဂုဏ်ဒြပ်အတွက် သိပ်ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်တဲ့အခါ လူသားဟာ သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ့ရဲ့ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါတယ်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါမှာ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့အခါမှာ၊ အပြစ်တရားက သောင်းကျန်းတဲ့ အချိန်လည်းဖြစ်တဲ့ လူသားက ဘုရားသခင်ရဲ့ ဒေါသကို အဆက်မပြတ် စမ်းသပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ အလိုအလျောက်ထုတ်ဖော်ပြီး သူ့ဘာသာ ထွက်ပေါ်လာတယ်။ ဒါကြောင့် သူ့ရဲ့အမျက်ဒေါသအပေါ် ဘုရားသခင်ရဲ့ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးဟာ ပျောက်ကွယ်လိမ့်မယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ရန်ပြုတတ်တဲ့ အစွမ်းအားလုံးဟာ ဖျက်ဆီးခံရမယ်ဆိုတာကို သင်္ကေတပြုနေပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အတုမရှိမှု၊ ဘုရားသခင်ရဲ့ အမျက်ဒေါသရဲ့ အတုမရှိမှုဖြစ်တယ်။ ဘုရားသခင်ရဲ့ ဂုဏ်နဲ့ သန့်ရှင်းခြင်းကို စိန်ခေါ်ခံရတဲ့အခါမှာ တရားမျှတတဲ့ စွမ်းအားတွေဟာ ပိတ်ဆို့နေပြီး လူသားက မမြင်ရတဲ့အခါ ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသကို စေလွှတ်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်တဲ့၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်တဲ့ အစွမ်းအားလုံးဟာ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတတဲ့ အစွမ်းတွေပါပဲ။ သူတို့ဟာ စာတန်ဆီကလာပြီး စာတန်နဲ့ သက်ဆိုင်ပါတယ်။ ဘုရားသခင်ဟာ တရားမျှတတဲ့အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန်ရှင်းတဲ့အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး စာတန်နဲ့သက်ဆိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသ ထုတ်လွှတ်မှုနဲ့အတူ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသကို သွန်ချခြင်းက သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ရဲ့ လက္ခဏာသွင်ပြင်တစ်ခုဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ ဒေါသဟာ သူ့ရဲ့ပစ်မှတ်အပေါ်မှာ မစဉ်းမစားလုပ်ခြင်း သို့မဟုတ် စည်းမျဉ်းမပါဘဲလုပ်ခြင်းမရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်က စိတ်တိုရာမှာ လျင်မြန်ခြင်း လုံးဝမရှိသလို သူ့ရဲ့အမျက်ဒေါသနဲ့ သူ့ရဲ့ ဘုန်းအာနုဘော်ကို အလောတကြီး ထုတ်ဖော်ခြင်း မပြုလုပ်ပါဘူး။ ထပ်ဖြည့်စွက်ရရင် ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ တော်တော်ကို ထိန်းချုပ်ပြီး ချင့်ချင့်ချိန်ချိန်ရှိတယ်။ လူသားက ချက်ချင်း ဒေါသတွေထွက်လာတာမျိုး သို့မဟုတ် သူ့ရဲ့ ဒေါသကို ဖွင့်ချတာမျိုးနဲ့ လုံးဝ နှိုင်းယှဉ်လို့မရပါဘူး။ လူသားနဲ့ဘုရားသခင်ကြားက စကားပြောဆိုမှုတွေ အများကြီး သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ ဒီလူတွေထဲက တစ်ချို့ရဲ့ စကားလုံးတွေက မလေးနက်ဘူး၊ ပညာမဲ့ပြီး ကလေးဆန်တယ်။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ရိုက်မချသလို သူတို့ကို ရှုတ်ချခြင်းမရှိပါဘူး။ အထူးသဖြင့် ယောဘရဲ့ စမ်းသပ်မှုအချိန်ကာလအတွင်းမှာ ယောဘရဲ့ သူငယ်ချင်းသုံးယောက်နဲ့ တခြားလူတွေက ယောဘကို ပြောခဲ့တဲ့ စကားတွေကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်မှာ သူတို့ကို သူက ဘယ်လို ဆက်ဆံခဲ့သလဲ။ သူတို့ကို သူ ရှုတ်ချသလား။ သူတို့အပေါ် ဒေါသထွက်သွားသလား။ ဒီလိုမျိုး တစ်ခုမှ မလုပ်ခဲ့ဘူး။ ဒီလိုတွေမလုပ်ဘဲ သူတို့အတွက် အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို သူပြောခဲ့တယ်။ တခြားတစ်ဖက်မှာ ဘုရားသခင်ဟာ သူတို့အမှားတွေကို ဗွေမယူခဲ့ပါဘူး။ ဒီဖြစ်ရပ်တွေအားလုံးဟာ ဖောက်ပြန်ပျက်စီးမှုနဲ့ ပညာမဲ့တဲ့ လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံတဲ့ အဓိက သဘောထားကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ့ရဲ့စိတ်ခံစားချက်ရဲ့ ဖော်ပြချက် သို့မဟုတ် ဖွင့်ချခြင်း လုံးဝ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အမျက်ဒေါသက လူတွေနားလည်သလို ပြည့်ကျပ်ပြီး ပေါက်ကွဲထွက်ခြင်း မဟုတ်ပါဘူး။ ဘုရားသခင်က သူ့ရဲ့ကိုယ်ပိုင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လို့ သို့မဟုတ် သူ့ရဲ့ဒေါသက အထွတ်အထိပ်ရောက်နေပြီး ဖွင့်ချရတော့မှာဖြစ်လို့ သူ့ရဲ့အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့ အမျက်ဒေါသဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပြသမှုဖြစ်ပြီး သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ စစ်မှန်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့သန့်ရှင်းတဲ့ အနှစ်သာရကို သင်္ကေတနဲ့ ထုတ်ဖော်ခြင်းပါပဲ။ ဘုရားသခင်ဟာ အမျက်ဒေါသဖြစ်တယ်။ ထိပါးစော်ကားမှုတွေကို သည်းမခံဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ဒေါသက အကြောင်းတရားတွေ သို့မဟုတ် စည်းမရှိတာတွေကို မခွဲခြားဘူးလို့ မဆိုပါဘူး။ အကြောင်းတရားတွေကို မခွဲခြားဘဲ ဒေါသပေါက်ကွဲတာက စည်းမရှိခြင်းမှာ အထူးသီးသန့်မူပိုင်ရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ပါပဲ။ လူသားတစ်ယောက်က အဆင့်အတန်းရှိတဲ့အခါမှာ သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်နေတာကို သူမကြာခဏတွေ့ရလိမ့်မယ်။ ဒါကြောင့် သူ့ရဲ့မကျေနပ်မှုတွေကို ဖော်ပြပြီး သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ချဖို့ ဖြစ်ရပ်တွေကို အမိအရဆုပ်ကိုင်ခြင်းကို နှစ်သက်လိမ့်မယ်။ သိသာတဲ့အကြောင်းပြချက်မရှိဘဲ သူဟာ စိတ်တိုဒေါသထွက်လိမ့်မယ်။ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ဖို့နဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ ဝိသေသလက္ခဏာတွေဟာ သာမန်လူတွေကနေ ကွဲပြားတယ်ဆိုတာကို တစ်ခြားလူတွေ သိစေဖို့အတွက် ဖြစ်ပါတယ်။ မှန်ပါတယ်၊ အဆင့်အတန်းမရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေကတော့ မကြာခဏ စိတ်လွတ်လွတ်သွားပါလိမ့်မယ်။ သူတို့ရဲ့ဒေါသဟာ သူတို့ရဲ့တစ်ဦးချင်း အကျိုးအမြတ်ကို ထိခိုက်ခြင်းအားဖြင့် မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မကြာခဏ ဖွင့်ချပြီး သူတို့ရဲ့ မာနကြီးတဲ့သဘောတွေကို ဖွင့်ပြပါလိမ့်မယ်။ လူသားဟာ အပြစ်တည်ရှိမှုကို ခုခံကာကွယ်ဖို့အတွက် သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ချပြီး ဒေါသထွက်ပါလိမ့်မယ်။ ဒီလုပ်ရပ်တွေဟာ လူသားက သူ့ရဲ့ မကျေနပ်မှုတွေကို ဖော်ပြတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ညစ်ညမ်းစေခြင်းနဲ့ ပြည့်လျှံနေပါတယ်။ မကောင်းကြံစည်ခြင်းတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့ ပြည့်လျှံနေပါတယ်။ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ မကောင်းမှုတို့နဲ့ ပြည့်လျှံနေပါတယ်။ ဒါတွေထက်ပိုပြီးတော့ လူသားရဲ့ ခက်ထန်တဲ့ ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေနဲ့ ပြည့်လျှံနေပါတယ်။ တရားမျှတမှုဟာ ဆိုးယုတ်မှုနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ လူသားဟာ တရားမျှတမှုရဲ့ ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ စိတ်တိုဒေါသထွက်မှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တရားမျှတခြင်းရဲ့ စွမ်းအားကို ခြိမ်းခြောက်ခံရတဲ့အခါ၊ ညှဉ်းဆဲခံရတဲ့အခါ၊ တိုက်ခိုက်ခံရတဲ့အခါ၊ လူသားရဲ့ သဘောထားဟာ လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မကောင်းမှုရဲ့ စွမ်းအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူသားရဲ့ သဘောထားဟာ ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ စိတ်ဖွင့်ချခြင်းဟာ မကောင်းမှုရဲ့ စွမ်းအားတို့အတွက် လွတ်လမ်း၊ ထကြွသောင်းကျန်းခြင်းရဲ့ ဖော်ပြချက်တစ်ခုနဲ့ ဇာတိပကတိဖြစ်တဲ့ လူသားရဲ့ ရပ်တန့်လို့မရနိုင်တဲ့ မကောင်းတဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ အမျက်ဒေါသကို ထုတ်လွှတ်တဲ့အခါမှာ မကောင်းတဲ့ စွမ်းအား အားလုံးဟာ ရပ်သွားပါလိမ့်မယ်။ လူသားကို အန္တရာယ်ပြုတဲ့ အပြစ်တရားအားလုံးဟာ ရပ်တန့်သွားပါလိမ့်မယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးတဲ့ ရန်မူတဲ့ စွမ်းအားတွေ အားလုံးဟာ သိသာထင်ရှားလာမယ်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမယ်။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ စာတန်ရဲ့ ကြံရာပါအားလုံးဟာ အပြစ်ဒဏ်ခတ်ခံရမှာဖြစ်ပြီး အမြစ်ဖြတ်ပစ်ခံရမှာဖြစ်ပါတယ်။ သူတို့ရဲ့နေရာမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဟာ ပိတ်ပင်တားဆီးမှုတွေမရှိဘဲ လွတ်လပ်စွာ ရှေ့ဆက်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ဟာ စီစဉ်ထားချက်နဲ့အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဟာ စာတန်ရဲ့ နှောင့်ယှက်ခြင်းနဲ့ လှည့်စားခြင်းကနေ လွတ်ကင်းပါလိမ့်မယ်။ ဘုရားသခင်နောက်ကိုလိုက်သူတွေဟာ ငြိမ်သက်အေးချမ်းတဲ့ ပတ်ဝန်းကျင်ထဲမှာ ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ အထောက်အပံ့ကို ခံစားကြရပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသဟာ မကောင်းတဲ့ အစွမ်းတွေ ထပ်ဆင့်ပွားများခြင်းနဲ့ ထကြွသောင်းကျန်းခြင်းတို့ကနေ တားဆီးပေးတဲ့ အကာအကွယ်တစ်ခုဖြစ်ပါတယ်။ တရားမျှတမှုနဲ့ အပြုသဘောဆောင်တဲ့အရာတွေအားလုံး ဖြစ်တည်မှုနဲ့ ပျံနှံ့ခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနဲ့ အဲဒီအရာတွေကို ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်းတို့ကနေ ထာဝရကာကွယ်စောင့်ရှောက်ပေးတဲ့ အကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ်။ အပြန်အလှန်ဖတ်ရှုခြင်းများ ခရစ်တော်ကိုသိကျွမ်းခြင်း
0 Comments
Leave a Reply. |
Click & Join us封存檔
December 2019
All
|