ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်အပေါ် သောဒုံမြို့ရဲ့ ထပ်ခါထပ်ခါ ဆန့်ကျင်ခြင်းနဲ့ ရန်လိုခြင်းတွေပြီးနောက်မှာ သူဟာ မြို့ကို လုံးဝ အမြစ်ဖြတ် ဖျက်ဆီးတယ် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် အကြမ်းဖျင်းနားလည်မှုရှိပြီးတာနဲ့ အပြစ်တရားရဲ့မြို့အနေနဲ့ ဘုရားသခင်မြင်ခဲ့တဲ့ သောဒုံမြို့ကို ငါတို့ ပြန်ပြီး အာရုံစိုက်လို့ရပါတယ်။ ဒီမြို့ရဲ့ အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဘာကြောင့် ဒီမြို့ကို ဖျက်ဆီးချင်တယ်ဆိုတာနဲ့ ဘာကြောင့် သူလုံးဝအကုန် ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာကို သိနိုင်တယ်။ ဒီအချက်ကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သိလာနိုင်တယ်။ လူသားရဲ့ ရှုထောင့်အမြင်ကနေကြည့်ရင် သောဒုံမြို့ဟာ လူသားရဲ့ ဆန္ဒနဲ့ လူသားရဲ့ မကောင်းမှုကို အပြည့်အဝ ဖြည့်ဆည်းနိုင်တဲ့ မြို့ဖြစ်တယ်။ တေးဂီတတွေနဲ့ တစ်ညပြီးတစ်ည ကခုန်ရင်း၊ ဆွဲဆောင်ရင်း၊ ပြုစားဖမ်းစားရင်းနဲ့၊ ဒီမြို့ရဲ့ ပေါများကြွယ်ဝခြင်းက လူသားကို စွဲမက်ခြင်းနဲ့ ရူးသွပ်မှုတွေ ဖြစ်စေခဲ့တယ်။ သူ့ရဲ့ မကောင်းမှုက လူတွေရဲ့နှလုံးသားကို တိုက်စားခဲ့ပြီး ဆုတ်ယုတ်ခြင်းဖြစ်အောင် သူတို့ကို ပြုစားခဲ့တယ်။ မသန့်ရှင်းတဲ့ ဝိညာဉ်တွေနဲ့ ဆိုးယုတ်တဲ့ ဝိညာဉ်တွေ သွားလာရမ်းကားနေတဲ့ မြို့တစ်မြို့ဖြစ်ခဲ့တယ်။ အပြစ်တရားတွေ၊ သတ်ဖြတ်ခြင်းတွေနဲ့ ပြည့်လျှံနေခဲ့ပြီး သွေးနံ့တွေ၊ အပုပ်နံ့တွေနဲ့ ပြည့်နေခဲ့တယ်။ လူတွေကို သိပ်ကြောက်ရွံ့စေတဲ့၊ ပြန်ထွက်ပြေးစေတဲ့ မြို့တစ်မြို့ဖြစ်တယ်။ ဒီမြို့က ဘယ်သူကမှ၊ အမျိုးသမီး၊ အမျိုးသား၊ ငယ်ရွယ်သူ၊ အသက်ကြီးရင့်သူတွေဟာ မှန်ကန်တဲ့လမ်းခရီးကို မရှာဖွေခဲ့ကြဘူး။ ဘယ်သူမှ အလင်းကို မတောင့်တခဲ့ကြဘူး။ သို့မဟုတ် အပြစ်ကနေ အဝေးကိုလျှောက်သွားဖို့ ဆန္ဒမရှိခဲ့ကြဘူး။ သူတို့ဟာ စာတန်ရဲ့ ထိန်းချုပ်မှု၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ လှည့်စားခြင်းတို့အောက်မှာ အသက်ရှင်နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့ လူ့သဘာဝတွေ ပျောက်ဆုံးသွားခဲ့တယ်။ သူတို့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ လူသားရဲ့ မူလ ဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့တယ်။ ဘုရားသခင်ကို ခုခံဆန့်ကျင်တဲ့ မရေမတွက်နိုင်တဲ့ အပြစ်တွေကို သူတို့ကျူးလွန်ခဲ့ကြတယ်။ သူ့ရဲ့လမ်းညွှန်မှုကို ငြင်းဆန်ပြီး သူ့အလိုတော်ကို ဆန့်ကျင်ခဲ့ကြတယ်။ ဒီလူတွေ၊ ဒီမြို့နဲ့ မြို့ထဲမှာရှိတဲ့ သက်ရှိတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပျက်စီးခြင်းလမ်းကို သယ်ဆောင်ခဲ့တာက သူတို့ရဲ့ ကောက်ကျစ်တဲ့လုပ်ရပ်တွေဖြစ်တယ်။ သောဒုံမြို့ရဲ့လူတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကို ဖော်ပြတဲ့ အသေးစိတ် အချက်အလက်တွေကို ဒီစာနှစ်ပိုဒ်မှာ မှတ်တမ်းမတင်ထားပေမဲ့ မြို့ထဲကို ဒီလူနှစ်ယောက်ရောက်ပြီးနောက် ဘုရားသခင်ရဲ့ အစေခံနှစ်ယောက်အပေါ် သူတို့ရဲ့ အပြုအမူတွေကို မှတ်တမ်းတင်ထားရင်း၊ ရိုးရှင်းတဲ့ အမှန်တရားဟာ သောဒုံရဲ့ လူတွေဟာ ဖောက်ပြန်ပျက်စီးတယ်၊ ဆိုးယုတ်တယ်၊ ဘုရားသခင်ကို ဆန့်ကျင်တယ်ဆိုတဲ့ အတိုင်းအတာတွေကို ဖွင့်ပြနိုင်တယ်။ ဒီအချက်နဲ့ ဒီမြို့ရဲ့ လူတွေရဲ့ စရိုက်အမှန်နဲ့ အနှစ်သာရကိုလည်း ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ သတိပေးချက်ကို သူတို့ လက်မခံခဲ့ရုံတင်မကဘဲ သူ့ရဲ့ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားသခင်ရဲ့ ဒေါသကို အရေးမလုပ်ခဲ့ဘူး။ သူတို့ဟာ ဘုရားသခင်ကို မျက်ကန်းတောတိုး ဆန့်ကျင်ခဲ့တယ်။ သူဘာလုပ်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဘယ်လိုလုပ်ခဲ့သည်ဖြစ်စေ သူတို့ရဲ့ ကြမ်းတမ်းရက်စက်တဲ့ သဘောသဘာဝက ပိုပြင်းထန်လာပြီး ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြတယ်။ သောဒုံမြို့ရဲ့လူတွေဟာ ဘုရားသခင်ရဲ့တည်ရှိမှု၊ သူ့ရဲ့ လာရောက်မှု၊ သူ့ရဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ ဒါထက်ပိုပြီးတော့ သူ့ရဲ့သတိပေးချက်ကိုတောင် ရန်လိုခဲ့ကြတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး အကျိုးဖြစ်တာ ဘာတစ်ခုမှ သူတို့မမြင်ခဲ့ကြဘူး။ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီးလို့ရတဲ့ လူအားလုံးကို သူတို့ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီးခဲ့ကြတယ်။ နောက်ပြီး ဘုရားသခင်ရဲ့ အစေခံတွေကိုလည်း သူတို့ ဒီလိုပဲ ဆက်ဆံခဲ့ကြတယ်။ သောဒုံမြို့ရဲ့လူတွေ ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်တဲ့ လုပ်ဆောင်မှုတွေ တစ်ခုလုံးနဲ့ပတ်သက်ရင် ဘုရားသခင်ရဲ့ အစေခံတွေကို အန္တရာယ်ပြုခြင်းက သေးသေးလေးပဲ ရှိပါသေးတယ်။ နောက်ပြီး ဒီမှာသူတို့ဖွင့်ပြတဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ သဘောက ပင်လယ်ပြင်ကြီးထဲက ရေတစ်စက်ထက် နည်းနည်းပိုရုံပဲရှိပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူတို့ကို မီးနဲ့ ဖျက်ဆီးဖို့ ရွေးချယ်ခဲ့တာပါ။ ဘုရားသခင်က မြို့ကိုဖျက်ဆီးဖို့အတွက် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသလို ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ သို့မဟုတ် တစ်ခြားနည်းလမ်းတွေကိုလည်း အသုံးမပြုခဲ့ပါဘူး။ ဒီမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်က မီးကိုအသုံးပြုခဲ့တာဟာ ဘာကိုညွှန်ပြသလဲ။ အဲဒါဟာ မြို့ရဲ့ လုံးဝ ပျက်စီးခြင်းကို ဆိုလိုပါတယ်။ မြို့ဟာ ကမ္ဘာပေါ်ကနေ၊ တည်ရှိနေတာကနေ လုံးဝ ပျောက်ကွယ်သွားတယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ “ဖျက်ဆီးခြင်း”က ဒီမြို့ရဲ့ ပုံစံ၊ အဆောက်အဦး သို့မဟုတ် အပြင်ပိုင်း အသွင်အပြင်ကိုပဲ ရည်ညွှန်းတာမဟုတ်ဘဲ မြို့ထဲမှာရှိတဲ့ လူတွေရဲ့ ဝိညာဉ်တွေဟာ လုံးဝ ဖယ်ရှားခံရပြီး ဆက်လက်မတည်ရှိတော့ဘူးလို့ ရည်ညွှန်းတယ်။ ရိုးရိုးပြောရရင် မြို့နဲ့ဆက်စပ်နေတဲ့ လူအားလုံး၊ အဖြစ်အပျက်နဲ့ အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရတယ်။ သူတို့အတွက် နောက်ဘဝ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမှာမဟုတ်ဘူး။ ဘုရာသခင်းဟာ သူ့ရဲ့ဖန်ဆင်းထားချက်တွေဖြစ်တဲ့ သူတို့ကို လူသားမျိုးနွယ်ကနေ ဖယ်ရှင်းခဲ့တယ်။ “မီးကိုအသုံးပြုခြင်း”က အပြစ်တရားကို ရပ်တန့်ခြင်းကို ရည်ညွှန်းပါတယ်။ ဆိုလိုတာက အပြစ်တရားရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ ဒီအပြစ်တရားက ဖြစ်တည်မှု၊ ပျံ့နှံ့မှုတို့ ဆက်လက် တည်ရှိတော့မှာ မဟုတ်ဘူး။ စာတန်ရဲ့ ဆိုးယုတ်မှုက သူ့ကိုပျိုးထောင်ပေးနေတဲ့ မြေကြီးနဲ့ သူနေဖို့၊ အသက်ရှင်ဖို့ ပေးအပ်ခဲ့တဲ့ သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီလို့ ဆိုလိုပါတယ်။ ဘုရားသခင်နဲ့ စာတန်ကြားက စစ်ပွဲမှာ ဘုရားသခင်ရဲ့ မီးကို အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့တဲ့ သူ့ရဲ့အနိုင်ယူမှု အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ သောဒုံမြို့ရဲ့ ပျက်စီးခြင်းဟာ လူသားကို ဖျက်ဆီးခြင်းနဲ့ ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ဖြစ်တဲ့ စာတန်ရဲ့ ရည်ရွယ်ချက်မှာ ကြီးကျယ်တဲ့ အမှားအယွင်းတစ်ခုဖြစ်ပါတယ်။ လူသားဟာ ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို ငြင်းဆန်ခဲ့ပြီး သူ့ကိုယ်သူ မကောင်းမှုဒုစရိုက်ဆီကို စွန့်လွှတ်လိုက်တဲ့အခါ လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အချိန်တစ်ခုရဲ့ ရှက်စရာကောင်းတဲ့ သင်္ကေတတစ်ခုလို ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ တကယ့်ဖွင့်ပြချက် မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ မိုးကောင်းကင်ကနေ ဘုရားသခင် စေလွှတ်လိုက်တဲ့ မီးဟာ သောဒုံမြို့ကို ပြာတွေအဖြစ် ပြောင်းပစ်လိုက်တဲ့အခါမှာ “သောဒုံ”လို့ခေါ်တဲ့မြို့ဟာ မြို့ထဲမှာ ရှိတဲ့အရာရာတိုင်း ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွားဖို့ ရည်ရွယ်ပါတယ်။ အဲဒီမြို့ဟာ ဘုရားသခင်ရဲ့ ဒေါသအားဖြင့် ဖျက်ဆီးခံရပါတယ်။ ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်အောက်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကြေင့် သောဒုံမြို့ဟာ သူ့ရဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ခတ်မှုကို ရရှိခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကြောင့် ဒီမြို့ရဲ့ ထိုက်တန်တဲ့အဆုံးသတ်ကို ဒီမြို့က ရရှိခဲ့ပါတယ်။ သောဒုံမြို့ရဲ့ တည်ရှိမှု အဆုံးသတ်ရခြင်းက သူ့ရဲ့ မကောင်းမှုကြောင့်ဖြစ်ပြီး ဒီမြို့နဲ့ ဒီမြို့မှာနေထိုင်ခဲ့တဲ့ လူတိုင်း သို့မဟုတ် မြို့ထဲမှာ ကြီးပြင်းခဲ့တဲ့ သက်ရှိမှန်သမျှကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ ဆန္ဒကြောင့်လည်းဖြစ်ပါတယ်။ “ဒီမြို့ကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ ဘုရားသခင်ရဲ့ ဆန္ဒ”ဟာ သူ့ရဲ့ အမျက်ဒေါသဖြစ်ပြီး သူ့ရဲ့ ဘုန်းအာနုဘော်လည်းဖြစ်ပါတယ်။ ဒီမြို့ရဲ့ မတရားမှုနဲ့ အပြစ်တရားတွေဟာ သူ့ကို ဒေါသထွက်စေတယ်၊ ဒီမြို့အပေါ်မှာ ရွံရှာ မုန်းတီးစေပြီး ဒီမြို့ကို သို့မဟုတ် ဒီမြို့ထဲက လူမှန်သမျှနဲ့ သက်ရှိတွေကို လုံးဝ မမြင်ချင်တော့တာတွေကြောင့် ဘုရားသခင်ဟာ ဒီမြို့ကို မီးလောင်ကျွမ်းစေခဲ့တာ ဖြစ်ပါတယ်။ မြို့ဟာ မီးလောင်ပြီးတာနဲ့ ပြာတွေပဲ ကျန်ရစ်ပြီး ဘုရားသခင်ရဲ့အမြင်မှာ အမှန်တကယ် ပျောက်ကွယ်သွားခဲ့တယ်။ ဒီမြို့နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေတောင်မှ ဖျက်ပစ်ပြီး ပျောက်ကွယ်သွားပါပြီ။ ဒါဟာ မိုးကောင်းကင်ကနေ စေလွှတ်လိုက်တဲ့ မီးဟာ သောဒုံတစ်မြို့လုံးနဲ့ မြို့ထဲမှာရှိတဲ့ မတရားမှုတွေနဲ့ ပြည့်နေတဲ့ လူတွေ၊ မြို့ထဲမှာရှိတဲ့ အပြစ်တရားနဲ့စွန်းထင်းနေတဲ့ အရာအားလုံးတို့ကို ဖျက်ဆီးရုံတင်မကဘဲ ဒီထက်ပိုပြီး ဒီမီးဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်မှုနဲ့ ခုခံဆန့်ကျင်မှုရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုလိုပါတယ်။။ ဒါဟာ ဒီမြို့ကို လောင်ကျွမ်းစေရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ လူသားမျိုးနွယ်တစ်ခုဟာ လွန်လွန်ကျူးကျူး ဖောက်ပြန်ပျက်စီးလာခဲ့တယ်။ ဘုရားသခင်က ဘယ်သူဆိုတာ သို့မဟုတ် သူတို့ ဘယ်ကနေလာတယ်ဆိုတာကို မသိကြဘူး။ သင်က ဘုရားသခင်အကြောင်းကို ပြောရင် ဒီလူတွေဟာ တိုက်ခိုက်ကြမယ်၊ အသရေဖျက်ကြမယ်၊ ဘုရားကို စော်ကားပြောဆိုကြပါလိမ့်မယ်။ ဘုရားသခင်ရဲ့ အစေခံတွေလာပြီး ဘုရားသခင်ရဲ့ သတိပေးချက်ကို ဖြန့်တဲ့အခါမှာတောင် ဖောက်ပြန်ပျက်စီးတဲ့ ဒီလူတွေဟာ နောင်တရတဲ့ လက္ခဏာတွေကိုမပြရုံတင်မကဘဲ သူတို့ရဲ့ ဆိုးယုတ်တဲ့ အပြုအမူတွေကို မစွန့်လွှတ်ခဲ့ကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ အစေခံတွေကို အရှက်အကြောက်မရှိ အန္တရာယ်ပြုခဲ့ကြတယ်။ သူတို့ထုတ်ဖော် ဖွင့်ပြတဲ့အရာတွေဟာ ဘုရားသခင်အပေါ် အလွန်အကျူးရန်လိုခြင်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောသဘာဝနဲ့ အနှစ်သာရတွေပဲ။ ဖောက်ပြန်ပျက်စီးတဲ့ ဒီလူတွေရဲ့ ဘုရားသခင်အပေါ် ဆန့်ကျင်မှုဟာ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖွင့်ပြခြင်းထက်ပိုတာတွေ့ရတယ်၊ သမ္မာတရားကို နားလည်မှု မရှိခြင်းကနေလာတဲ့ အသေရေဖျက်မှု သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသလိုပါပဲ။ မိုက်မဲခြင်း သို့မဟုတ် ပညာမဲ့ခြင်းတို့က သူတို့ရဲ့ ဆိုးယုတ်တဲ့ အပြုအမူကို ဖြစ်စေတာမဟုတ်ဘူး။ ဒီလူတွေက လှည့်စားခံထားရခြင်းကြောင့် မဟုတ်ပါဘူး။ အလိုက်မှားခြင်းကြောင့်လည်း သေချာပေါက် မဟုတ်ပါဘူး။ သူတို့ရဲ့အပြုအမူဟာ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိမကြောက်မရွံ့ မုန်းတီးမှု၊ ဆန့်ကျင်မှုနဲ့ ဆူပူသောင်းကျန်းမှုအဆင့်ကို ရောက်နေပါပြီ။ သံသယဖြစ်နေစရာမလိုဘူး။ ဒီလို လူသားအပြုအမူမျိုးက ဘုရားသခင်ကို ဒေါသထွက်စေမှာပါ။ နောက်ပြီး ထိပါးခြင်း မပြုလုပ်ရတဲ့ စိတ်သဘောထားဖြစ်တဲ့ သူ့ရဲ့စိတ်သဘောကို ဒေါသထွက်စေမယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူ့ရဲ့အမျက်ဒေါသနဲ့ သူ့ရဲ့ဘုန်းအာနုဘော်ကို ဖွင့်ချပြီး တိုက်ရိုက် ထုတ်လွှတ်လိုက်တာဖြစ်တယ်။ ဒါဟာ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အမှန်တကယ် ဖွင့်ပြခြင်းပါပဲ။ အပြစ်တွေနဲ့ ပြည့်လျှံနေတဲ့ မြို့ကို ရင်ဆိုင်ရပြီးနောက်မှာ ဘုရားသခင်ဟာ ဒီမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ ဖျက်ဆီးဖို့ ဆန္ဒရှိခဲ့တယ်။ ဒီမြို့ရဲ့လူတွေ ပျောက်ကွယ်သွားအောင် ပြုလုပ်ဖို့၊ ဒီနေရာက အပြစ်တွေကို ထပ်ဆင့်ပွားများခြင်းကနေ ရပ်ဖို့ မြို့အတွင်းမှာရှိတဲ့ လူတွေနဲ့ သူတို့ရဲ့အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနဲ့ အမြစ်ဖြတ်ပစ်ချင်ခဲ့တယ်။ ဒီလိုလုပ်ဖို့ အမြန်ဆုံးနဲ့ အပြည့်စုံဆုံးနည်းလမ်းက မီးနဲ့ လောင်ကျွမ်းစေခြင်းပါပဲ။ သောဒုံမြို့ကလူတွေအပေါ် ဘုရားသခင်ရဲ့ သဘောထားဟာ စွန့်ပစ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ဘဲ သူဟာ ဒီလူတွေကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နဲ့ လုံးဝ ဖျက်ဆီးပစ်ဖို့ သူ့ရဲ့ အမျက်ဒေါသ၊ ဘုန်းအာနုဘော်နဲ့ သြဇာအာဏာကို အသုံးပြုခဲ့တယ်။ သူတို့အပေါ် ဘုရားသခင်ရဲ့ သဘောထားဟာ ရုပ်ပိုင်းဆိုင်ရာဖျက်ဆီးခြင်းတင်မဟုတ်ဘဲ ထာဝရချေဖျက်ခြင်းဖြစ်တဲ့ ဝိညာဉ်ကို ဖျက်ဆီးခြင်းလည်း ဖြစ်တယ်။ ဒါဟာ သူတို့အတွက် “ပျောက်ကွယ်”သွားဖို့ ဘုရားသခင်ရဲ့ ဆန္ဒရဲ့ အမှန်တကယ် ရိုက်ခတ်မှုတွေဖြစ်ပါတယ်။ သတင်းအချက်အလက်များ ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း
0 Comments
Leave a Reply. |
Click & Join us封存檔
December 2019
All
|