(မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) ဇာတ်လမ်းတို- ဘုရားသခင်ဟာ အမှုတော်အတွက် လူ့ဇာတိခံယူဖို့ မဖြစ်မနေလိုအပ်ခြင်း အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်းဟာ ပိုပြီးအကျိုးများကြောင်း၊ ဘာကြောင့်ပြောဆိုကြတာလဲ။ ဘုရားသခင် လူ့ဇာတိခံခြင်းရဲ့မရှိမဖြစ်လိုအပ်မှုနဲ့ အဓိကအရေးပါမှုကို ဘယ်လိုမြင်နိုင်ကြမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားကတော့ အခုလို မိန့်ဆိုပါတယ်၊ “ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ် ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့ဇာတိခန္ဓာကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းမှာ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်မှ သူ့အမှုကိုလုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်မှ သူ့အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ ” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
0 Comments
ခရစ်ယာန် ရုပ်ရှင်များ (ပြောင်းလဲခြင်းအခါသမယ) ဇာတ်လမ်းတို- ကာင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမယ့် တစ်ခုတည်းသောလမ်း လူတချို့က ယုံကြည်ကြတာရှိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို တစ်ခွန်းတည်းသောစကားနဲ့ ဖန်ဆင်းခဲ့သလို၊ သေလွန်သူတွေကိုလည်း ပြန်ပြီးရှင်သန်စေနိုင်စွမ်း ရှိတာကြောင့်၊ နောက်ဆုံးသောကာလမှာ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေလိမ့်မယ်။ လူတွေကိုလည်း သန့်ရှင်းခြင်းဖြစ်စေလိမ့်မယ်။ သခင့်ကိုဖူးခွင့်ရအောင် ကောင်းကင်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရမယ်ဆိုတာ တကယ်ပဲလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့်အမှုတွေက လူတွေအားလုံး စိတ်ကူးထားသလောက် ရိုးရှင်းသလား။ ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်။ ဘုရားသခင်ပြောသည်မှာ “ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတ္ထုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ယင်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက် ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက်ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ယင်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။” နှုတျကပတျတောျသညျ လူ့ဇာတိ၌ ပေါျလာ၏ ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ဘယ်သူမှ နားလည်သဘောမပေါက်နိုင်ပါဘူး။ ယုံကြည်သူတွေဟာ နောက်ဆုံးသောကာလမှာ ဘယ်လိုချီဆောင်ခြင်းခံရမယ်ဆိုတာတွေ၊ လူတွေကို သန့်ရှင်းစေဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေ စတဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်ပဲ ဖွင့်ဟပြနိုင်မှာပါ။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ့် တစ်ခုတည်းသောလမ်းက ဘာလဲဆိုတာကို ဒီဗီဒီယိုအတိုလေးက မိတ်ဆက်ပေးပါလိမ့်မယ်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|