ခရစ်ယာန် ရုပ်ရှင်များ (ပြောင်းလဲခြင်းအခါသမယ) ဇာတ်လမ်းတို- ကာင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမယ့် တစ်ခုတည်းသောလမ်း လူတချို့က ယုံကြည်ကြတာရှိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို တစ်ခွန်းတည်းသောစကားနဲ့ ဖန်ဆင်းခဲ့သလို၊ သေလွန်သူတွေကိုလည်း ပြန်ပြီးရှင်သန်စေနိုင်စွမ်း ရှိတာကြောင့်၊ နောက်ဆုံးသောကာလမှာ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေလိမ့်မယ်။ လူတွေကိုလည်း သန့်ရှင်းခြင်းဖြစ်စေလိမ့်မယ်။ သခင့်ကိုဖူးခွင့်ရအောင် ကောင်းကင်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရမယ်ဆိုတာ တကယ်ပဲလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့်အမှုတွေက လူတွေအားလုံး စိတ်ကူးထားသလောက် ရိုးရှင်းသလား။ ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်။ ဘုရားသခင်ပြောသည်မှာ “ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတ္ထုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ယင်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက် ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက်ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ယင်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။” နှုတျကပတျတောျသညျ လူ့ဇာတိ၌ ပေါျလာ၏ ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ဘယ်သူမှ နားလည်သဘောမပေါက်နိုင်ပါဘူး။ ယုံကြည်သူတွေဟာ နောက်ဆုံးသောကာလမှာ ဘယ်လိုချီဆောင်ခြင်းခံရမယ်ဆိုတာတွေ၊ လူတွေကို သန့်ရှင်းစေဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေ စတဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်ပဲ ဖွင့်ဟပြနိုင်မှာပါ။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ့် တစ်ခုတည်းသောလမ်းက ဘာလဲဆိုတာကို ဒီဗီဒီယိုအတိုလေးက မိတ်ဆက်ပေးပါလိမ့်မယ်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း
0 Comments
ဧဝံဂေလိ ဓမ္မတေးများ (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) ကျယ်ပြန့်သည့်စကြဝဠာတစ်ခွင်၊ အာကာသဗိမာန်အားလုံးသည် ၎င်းတို့၏ပတ်လမ်းများအတွင်း တိကျစွာ ရွေ့လျားကြ၏။ ကောင်းကင်အောက်တွင်၊ တောင်များ၊ မြစ်များ၊ ရေကန်များအားလုံးသည် ၎င်းတို့၏နယ်နိမိတ်များ ရှိကြလျက်၊ သက်ရှိသတ္တဝါခပ်သိမ်းသည် လေးရာသီတစ်ခွင်လုံး ဘဝ၏နိယာမတရားများနှင့်အညီ အသက်ရှင်၍ မျိုးပွားကြ၏။ . . . ဤအရာအားလုံးကို လက်ရာမြောက်စွာ စီမံထား၏– ဤအရာအားလုံးကို အုပ်ချုပ်စီမံနေသူ တန်ခိုးကြီးမားသူတစ်ဦး ရှိနေသလော။ ကျွန်ုပ်တို့သည် ဤလောကအတွင်းသို့ ငိုကြွေး၍ရောက်လာစဉ်ကတည်းက ဘဝ၌ အခန်းကဏ္ဍအမျိုးမျိုးမှ စတင်၍ပါဝင်နေခဲ့ကြသည်။ မွေးဖွားချိန်မှ အသက်အရွယ်ကြီးမြင့်ချိန်သို့၊ နာဖျားမှုသို့၊ သေဆုံးခြင်းသို့ ကျွန်ုပ်တို့် ပြောင်းလဲကြ၏၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ကြ၏ . . .။ လူသားမျိုးနွယ်သည် အမှန်စင်စစ်အားဖြင့် မည်သည့်နေရာမှလာ၍ ကျွန်ုပ်တို့သည် မည်သည့်နေရာသို့ အမှန်စင်စစ် သွားမည်နည်း။ ကျွန်ုပ်တို့၏ ကံကြမ္မာများအပေါ် မည်သူ စိုးမိုးနေသနည်း။ ရှေးခေတ်ကာလများမှ မျက်မှောက်နေ့ရက်များအထိ၊ အင်အားကြီးမားသော နိုင်ငံများ နိုးထခဲ့ကြသည်၊ မင်းဆက်များသည်လည်း လာ၍သွားကြကုန်ပြီဖြစ်၍ နိုင်ငံများနှင့် လူမျိုးများသည် သမိုင်း၏ဒီရေများတွင် ကြီးပွားတိုးတက်အောင်မြင်ခဲ့ကာ ပျက်စီးခဲ့ပြီးဖြစ်သည် . . .။ သဘာဝ၏နိယာမများကဲ့သို့ပင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများတွင် နက်နဲမှုများ အနန္တ ရှိကြ၏။ ၎င်းတို့၏အဖြေများကို သင်သိလိုပါသလား။ ၎င်းနက်နဲမှုအားလုံးကို ဖော်ပြရန်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူဟူသည့် မှတ်တမ်းရုပ်ရှင်မှ ဤအရာ၏အရင်းအမြစ်သို့ရောက်အောင် သင့်ကို လမ်းပြပေးပါမည်။ များပြားသောအကြံပြုချက်များ
"ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား" ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင်း |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|