Myanmar Movie (စောင့်လို့နေ) သခင့်ကို ကြိုဆိုရန် ကျွန်ုပ်တို့ မည်သို့ နိုးနိုးကြားကြား စောင့်ဆိုင်းသင့်ပါသနည်း ရန်ဟိုအန်း သည် တရုတ်နိုင်ငံရှိ နေအိမ်အခြေစိုက် အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် သခင်ယေရှု မိုးတိမ်ပေါ်မှ ဆင်းကြွလာကာ သူ့အား ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားရန် နိုးကြားစွာ စောင့်ဆိုင်းနေခဲ့ပါသည်။ ဤအတွက် သူသည် သခင်အတွက် လုံ့လဝီရိယဖြင့် အမှုတော်ဆောင်ခဲ့သည်၊ သခင်၏ နာမ
မြင်ကွင်းများ ခရစ်ယာန် ရုပ်ရှင်များ
0 Comments
(စောင့်လို့နေ) ဇာတ်လမ်းတို- ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်သောသူသာလျှင်ကောင်းကင်နိုင်ငံတော် ကိုဝင်ရမည် ဘယ်လိုလူမျိုးတွေဟာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခြင်း ခံရမှာလဲ။ သခင်ယေရှုက ပြောခဲ့ပါတယ် “ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁) ဒါပေမဲ့ လူတချို့ကတော့၊ ကောင်းကင်ဘုံက အဖရဲ့အလိုကိုဆောင်ခြင်းဆိုတာ သခင့်နာမတော်ကို သစ္စာရှိခြင်းဖြစ်တယ်၊ ကိုယ်တော့်အတွက် ကြိုးစားအမှုတော်ထမ်းခြင်းဖြစ်တယ်၊ ကားတိုင်ကိုထမ်းပြီး ဆင်းရဲဒုက္ခခံခြင်းဖြစ်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီအတိုင်းနေထိုင်တယ်ဆိုရင်၊ သခင့်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းမှာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့အတွက် စောင့်ကြည့် စောင့်မျှော်ဖို့ပဲလိုတယ်လို့ ယုံကြည်ကြတယ်။ ဒီအယူအဆတွေဟာ သခင့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ ဒီဗီဒီယိုက သင့်ကို သိစေပါလိမ့်မယ်။ မုန်တိုင်းတွေက ဘာမှအချက်မပြဘဲဝင်ရောက်လာပြီး လူသားတွေ အပေါ် ကံဆိုးမှုတွေ ညတွင်းချင်းကျရောက်လာနိုင်တယ်လို့ လူတွေ မကြာခဏပြောလေ့ရှိပါတယ်။ သိပ္ပံပညာ၊ ခေတ်မှီပို့ဆောင် ဆက်သွယ်ရေးတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုတွေ လျင်မြန်စွာ တိုးတက်များပြားလာတဲ့ဒီနေ့ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးဆိုးတွေ ဖြစ်ပေါ်မှုက တနေ့ထက် တနေ့ပိုမိုများပြားလာပါတယ်။ သတင်းစာ ပဲလှန်လှန် တီဗီပဲဖွင့်ဖွင့် အများဆုံး တွေ့ရမြင်ရတဲ့ သတင်းတွေက စစ်ပွဲတွေ မြေငလျင်လှုပ်တာတွေ ဆူနာမီတွေ ဟာရီကိန်းမုန်တိုင်းတွေ မီးလောင်တာ ရေကြီးတာတွေ လေယာဉ်ပျက်ကျတာတွေ မိုင်းတွင်းမတော်တဆမှုတွေ လူမှုအသိုင်းအဝိုင်းတွင်း မငြိမ်မသက် ဖြစ်မှုတွေ ပြင်းထန်တဲ့ ပဋိပက္ခတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတာတွေပဲဖြစ်နေပါတယ်။ ကျွန်ုပ်တို့တွေ့ကြုံနေရတာတွေ အားလုံးဟာ သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေနဲ့ လူကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေပဲဖြစ်ပါတယ်။ ဒီကပ်ဘေးဒုက္ခတွေဟာ မကြာခဏဖြစ်ပေါ်နေသလို ပိုပိုပြီးလဲ တိုးပွားများပြားလာပါတယ်။ ဒီဘေးဆိုးကပ်ဆိုးတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကြောင့် ဘေးဒုက္ခတွေ သွေးချောင်းစီးမှုတွေ ကိုယ်လက်အအင်္ဂါ ချို့တဲ့မှုတွေ နဲ့ သေဆုံးမှုတွေအထိဖြစ်စေပါတယ်။ ကံဆိုးမှုတွေက ကျွန်ုပ်တို့ ဝန်းကျင်မှာ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး၊ ဘဝရဲ့တိုတောင်းမှု ထိလွယ်ရှလွယ်ရှိမှုတွေကို အလေးထားမိစေပါတယ်။ အနာဂတ်မှာ ဘယ်လိုဘေးဆိုးကပ်ဆိုးတွေနဲ့တွေ့မယ်ဆိုတာ ခန့်မှန်းနိုင်တဲ့ နည်းလမ်းလဲမရှိသေးပါဘူး။ အဲဒီအပြင် ဘယ်လို လုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားရမယ် ဆိုတာလဲမသိကြပါဘူး။ လူသားမျိုးနွယ်ဝင်တွေအနေနဲ့ ဒီကပ်ဘေး ဒုက္ခတွေကလွတ်အောင် ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာလဲမသိကြပါဘူး။ သင်သိချင်တဲ့ အဖြေကို ဒီအစီအစဉ်မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်ကို လက်ခံရရှိခြင်းဆိုတဲ့ တခုတည်းသော နည်းလမ်းကို ရှာဖွေတွေ့ရှိပြီး၊ ဒါကသာ သင့်ကို ကပ်ဘေးဒုက္ခတွေကနေ ရှင်သန်လွတ်မြောက်စေမှာဖြစ်ပါတယ်။
ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်သည် မည်သည့်အရပ်၌ – ကျိန်းသေတည်ရှိသနည်း ကိုယ်တော့်ကိုယုံကြည်သူများ၏ အကြီးဆုံးဆန္ဒမှာ ကိုယ်တော်ပြန်ကြွလာခြင်းအားကြိုဆိုရန်၊ကောင်းကင်ဘုံသို့ ခေါ်ဆောင်ခံရရန် နှင့် ကိုယ်တော့်၏ ကတိတော်နှင့်ယှဉ်သော ကောင်းချီးမင်္ဂလာများကိုခံစားရရှိရန်ဖြစ်သည်။ ယုံကြည်သူအများစုသည် ကိုယ်တော်ပြန်ကြွလာသောအခါ ကိုယ်တော်သည် သူတို့အား အာကာသထဲသို့ ချီဆောင်၍ ကိုယ်တော်နှင့်တွေ့ဆုံစေရမည်ဟု ယူဆထားကြသည်။ သို့သော် ယေရုရှလင်မြို့သစ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လိမ့်မည်ဟုသမ္မာကျမ်းစာထဲ၌ဆိုထားသည်။ “ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏” “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ၊ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ”ဟူ၍ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ထက်မှာလော၊မြေကြီးပေါ်မှာလော။ ကိုယ်တော်သည် သူပြန်ကြွလာသောအခါ သူတော်စင်အပေါင်းကို ကောင်းကင်နိုင်ငံတော်ဆီသို့ မည်သို့ခေါ်ဆောင်သွားလိမ့်မည်နည်း။
နောဧ ခေတ်တုန်းက လူသားမျိုးနွယ်ကို ပြန်ဆန်းစစ်ကြစို့။ လူသားဟာ နောင်တရဖို့ကို လုံးဝ မစဉ်းစားခဲ့ဘဲ မကောင်းမှုမျိုးစုံထဲမှာ ပါဝင်နေခဲ့တယ်။ ဘယ်သူမှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်ခဲ့ကြပါဘူး။ သူတို့ရဲ့ ကြမ်းကြုတ် ယုတ်မာမှုတွေနဲ့ ဆိုးညစ်မှုတွေက ဘုရားသခင်ကို ဒေါသ ထွက်လာစေပြီး နောက်ဆုံးမှာ ၊ ဧရာမ ရေလွှမ်းမိုးမှု ကပ်ဘေးထဲ သူတို့ မျိုပစ်ခံခဲ့ကြရပါတယ်။ နောဧ အပါအဝင် သူ့မိသားစု ရှစ်ယောက်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်နိုင်ခဲ့ကြတယ်။ အခုဆိုရင် နောက်ဆုံးသော ကာလ ရောက်ရှိလာပါပြီ။ လူသားမျိုးနွယ်ရဲ့ အကျင့်ပျက်မှုက ပိုပို နက်ရှိုင်း လာနေပါတယ်။ လူတိုင်းက မကောင်းမှုကို မြတ်နိုးနေကြတယ်။ ဘာသာရေး လောကကြီး တခုလုံးက ကမ္ဘာ့ ဒီရေလှိုင်းရဲ့ နောက်မှာ လိုက်နေကြပါတယ်။ သူတို့ဟာ အမှန်တရားကို နည်းနည်းလေးမှ မနှစ်သက်ကြပါဘူး။ နောဧရဲ့ နေ့ရက်တွေ တကယ့်ကို ရောက်ရှိလာကြပါပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ပေးဖို့အတွက် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ လူသားတို့ အလယ် တရားစီရင်မှုကို လုပ်ဆောင်ဖို့ နောက်တကြိမ် ပြန်လာခဲ့ပါပြီ။ ဒါဟာ လူသားကို ဘုရားသခင်က နောက်ဆုံးအကြိမ် ကယ်တင်ခြင်း ဖြစ်ပါတယ်။ လူသားမျိုးနွယ်က ဘာကို ရွေးချယ်သင့်ပါသလဲ။ ခရစ်ယာန် ရုပ်ရှင်များ (ပြောင်းလဲခြင်းအခါသမယ) ဇာတ်လမ်းတို- ကာင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမယ့် တစ်ခုတည်းသောလမ်း လူတချို့က ယုံကြည်ကြတာရှိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို တစ်ခွန်းတည်းသောစကားနဲ့ ဖန်ဆင်းခဲ့သလို၊ သေလွန်သူတွေကိုလည်း ပြန်ပြီးရှင်သန်စေနိုင်စွမ်း ရှိတာကြောင့်၊ နောက်ဆုံးသောကာလမှာ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေလိမ့်မယ်။ လူတွေကိုလည်း သန့်ရှင်းခြင်းဖြစ်စေလိမ့်မယ်။ သခင့်ကိုဖူးခွင့်ရအောင် ကောင်းကင်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရမယ်ဆိုတာ တကယ်ပဲလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့်အမှုတွေက လူတွေအားလုံး စိတ်ကူးထားသလောက် ရိုးရှင်းသလား။ ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်။ ဘုရားသခင်ပြောသည်မှာ “ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတ္ထုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ယင်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက် ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက်ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ယင်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။” နှုတျကပတျတောျသညျ လူ့ဇာတိ၌ ပေါျလာ၏ ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ဘယ်သူမှ နားလည်သဘောမပေါက်နိုင်ပါဘူး။ ယုံကြည်သူတွေဟာ နောက်ဆုံးသောကာလမှာ ဘယ်လိုချီဆောင်ခြင်းခံရမယ်ဆိုတာတွေ၊ လူတွေကို သန့်ရှင်းစေဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေ စတဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်ပဲ ဖွင့်ဟပြနိုင်မှာပါ။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ့် တစ်ခုတည်းသောလမ်းက ဘာလဲဆိုတာကို ဒီဗီဒီယိုအတိုလေးက မိတ်ဆက်ပေးပါလိမ့်မယ်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း ဧဝံဂေလိ ဓမ္မတေးများ (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) ကျယ်ပြန့်သည့်စကြဝဠာတစ်ခွင်၊ အာကာသဗိမာန်အားလုံးသည် ၎င်းတို့၏ပတ်လမ်းများအတွင်း တိကျစွာ ရွေ့လျားကြ၏။ ကောင်းကင်အောက်တွင်၊ တောင်များ၊ မြစ်များ၊ ရေကန်များအားလုံးသည် ၎င်းတို့၏နယ်နိမိတ်များ ရှိကြလျက်၊ သက်ရှိသတ္တဝါခပ်သိမ်းသည် လေးရာသီတစ်ခွင်လုံး ဘဝ၏နိယာမတရားများနှင့်အညီ အသက်ရှင်၍ မျိုးပွားကြ၏။ . . . ဤအရာအားလုံးကို လက်ရာမြောက်စွာ စီမံထား၏– ဤအရာအားလုံးကို အုပ်ချုပ်စီမံနေသူ တန်ခိုးကြီးမားသူတစ်ဦး ရှိနေသလော။ ကျွန်ုပ်တို့သည် ဤလောကအတွင်းသို့ ငိုကြွေး၍ရောက်လာစဉ်ကတည်းက ဘဝ၌ အခန်းကဏ္ဍအမျိုးမျိုးမှ စတင်၍ပါဝင်နေခဲ့ကြသည်။ မွေးဖွားချိန်မှ အသက်အရွယ်ကြီးမြင့်ချိန်သို့၊ နာဖျားမှုသို့၊ သေဆုံးခြင်းသို့ ကျွန်ုပ်တို့် ပြောင်းလဲကြ၏၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ကြ၏ . . .။ လူသားမျိုးနွယ်သည် အမှန်စင်စစ်အားဖြင့် မည်သည့်နေရာမှလာ၍ ကျွန်ုပ်တို့သည် မည်သည့်နေရာသို့ အမှန်စင်စစ် သွားမည်နည်း။ ကျွန်ုပ်တို့၏ ကံကြမ္မာများအပေါ် မည်သူ စိုးမိုးနေသနည်း။ ရှေးခေတ်ကာလများမှ မျက်မှောက်နေ့ရက်များအထိ၊ အင်အားကြီးမားသော နိုင်ငံများ နိုးထခဲ့ကြသည်၊ မင်းဆက်များသည်လည်း လာ၍သွားကြကုန်ပြီဖြစ်၍ နိုင်ငံများနှင့် လူမျိုးများသည် သမိုင်း၏ဒီရေများတွင် ကြီးပွားတိုးတက်အောင်မြင်ခဲ့ကာ ပျက်စီးခဲ့ပြီးဖြစ်သည် . . .။ သဘာဝ၏နိယာမများကဲ့သို့ပင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများတွင် နက်နဲမှုများ အနန္တ ရှိကြ၏။ ၎င်းတို့၏အဖြေများကို သင်သိလိုပါသလား။ ၎င်းနက်နဲမှုအားလုံးကို ဖော်ပြရန်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူဟူသည့် မှတ်တမ်းရုပ်ရှင်မှ ဤအရာ၏အရင်းအမြစ်သို့ရောက်အောင် သင့်ကို လမ်းပြပေးပါမည်။ များပြားသောအကြံပြုချက်များ
"ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်တွင်လား ကမ္ဘာပေါ်တွင်လား" ဆိုသည့် အကြောင်းကို အကျဉ်းချုပ် ပြောခြင်း ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ အနန္တတန်ခိုးရှင်ဘုရားသည် သမ္မတရားကိုဖွင့်ဆိုခြင်းအားဖြင့် ဘုရားသခင်၏အိမ်တော်၌စတင်လျက် စီရင်ခြင်းအမှုတော်များကို အစပြုဆောင်ရွက်ထားသည်။ ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းမတိုင်မီ အတိတ်နိမိတ်များကိုလည်း စတင်ဖွင့်ပြခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းကို မည်သို့တွေ့ကြုံနိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့်အပြစ်ပေးဆုံးမခြင်းတို့နှင့် အကျွမ်းဝင်ပြီးသောအခါ မည်သို့စင်ကြယ်၍ အသက်တာပြောင်းလဲခြင်းရမည်နည်း။ ဘုရားသခင်၏မှန်သော အသိပညာကို မည်သို့ လေ့လာသိရှိနိုင်မည်နည်း။ များပြားသောအကြံပြုချက်များ
သမ္မာကျမ်းစာအတွင်းရှိ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသလား |
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|