(နာကြည်းဖွယ်ရာ အမှတ်တရများ) ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း မည်ကဲ့သို့သောလူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ဆိုသည်နှင့် ပတ်သက်ပြီး သခင်ယေရှုက မိန့်မြွက်ခဲ့သည် “ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) ဤသို့ဆိုလျှင် တိတိကျကျ မည်ကဲ့သို့သောသူသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဖခမည်းတော်၏ အလိုကိုဆောင်သောသူဖြစ်သနည်း။ ရှင်ပေါလု၏ စံနမူနာအတိုင်း လိုက်လျှောက်ပြီး သခင့်အတွက် ပင်ပန်းစွာ အလုပ်လုပ်သူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုတော်ကို ဆောင်သောသူဖြစ်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ ပြီးနောက်တွင် ဘုရားသခင်အား သူတို့၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ဖြင့် အပြည့်အဝ ချစ်သောသူ၊ အပြစ်ကို မပြုလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိသောသူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုကိုဆောင်သောသူတို့ဖြစ်သည်ဟု ယုံကြည်သူများရှိသည်။ ဤသို့ဆိုလျှင် ဤအမြင်နှစ်ခုတွင် မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းသနည်း။ ကျေးဇူးပြု၍ ဤနှစ်ဘက်မှ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံမှုကို ကြည့်ရှုပါ။ အကြံပြုစာမျာ: ဘုရားသခင်၏ နိုင်ငံတော်
0 Comments
ခရစ်ယာန် ရုပ်ရှင်များ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို လူမျိုးတိုင်းက ကိုးကွယ်ကြသည်”- သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ကြိုဆိုပါ ကြယ်တွေစုံလင်၊ တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေတဲ့ ညတစ်ညရဲ့ ကောင်းကင်ယံအောက်မှာ၊ ခရစ်ယာန်အဖွဲ့တစ်ဖွဲ့ဟာ ကယ်တင်ရှင်ပြန်အလာကို ထက်သန်စွာ စောင့်ရင်း ပျော်ရွှင်စရာကောင်းတဲ့ တေးဂီတနဲ့ သီဆို ကခုန်နေကြတယ်။ “ ဘုရားသခင် ပြန်လာပြီ” ၊” ဘုရားသခင်ဟာ နှုတ်ကပတ်တော်အသစ်တွေကို ပြောကြားလိုက်ပြီ” ဆိုတဲ့ ဝမ်းမြောက်ဖွယ်ရာ သတင်းကို သူတို့ ကြားတဲ့အခါမှာ အံ့သြပြီး စိတ်လှုပ်ရှားကြတယ်။ “ ဘုရားသခင်ပြန်လာပြီလား။ သူ ထွက်ပေါ်နှင့်ပြီလား” လို့ သူတို့ တွေးကြတယ်။ စူးစမ်းလိုစိတ်နဲ့ မသေချာမှုတွေနဲ့အတူ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေကို ကြိုးပမ်းရှာဖွေခြင်း ခရီးထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြတယ်။ သူတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကြိုးပမ်းရှာဖွေမှုမှာ တစ်ချို့လူတွေက မေးခွန်းတွေ မေးနေကြပြီး တစ်ချို့ကတော့ ရိုးရိုးလေးပဲ လက်ခံကြတယ်။ တစ်ချို့လူတွေက မှတ်ချက်မပေးဘဲ ခံယူကြပြီး တစ်ခြားလူတွေကတော့ အကြံပြုချက်တွေပြုလုပ်ကြပြီး သမ္မာကျမ်းစာမှာ အဖြေတွေကို ရှာဖွေကြတယ်။ သူတို့တွေ ကြည့်ကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဘာအကျိုးရလဒ်မှ မရရှိခဲ့ဘူး။ သူတို့တွေ စိတ်ဓါတ်ကျလာတဲ့အချိန်မှာပဲ မျက်မြင်သက်သေတစ်ယောက်ဟာ နိုင်ငံတော်ခေတ် သမ္မာကျမ်းစာ မိတ္တူကိုယူလာတယ်။ သူတို့ဟာ စာအုပ်ထဲမှာပါတဲ့ နှုတ်ကပတ်တော်တွေကို လေးလေးနက်နက် စိတ်ဝင်စားလာခဲ့ကြတယ်။ ဒီစာအုပ်က တကယ်တမ်း ဘယ်လိုစာအုပ်မျိုးလဲ။ သူတို့က အဲဒီစာအုပ်ထဲမှာ ဘုရားသခင် ပြောကြားထားတဲ့ နှုတ်ကပတ်တော်အသစ်တွေကို တကယ်ပဲ တွေ့သွားကြတာလား။ ဘုရားသခင် ပေါ်ထွန်းလာခြင်းကို သူတို့ ကြိုဆိုပြီးကြပြီလား။ များပြားသောအကြံပြုချက်များ Myanmar Gospel Video 2019 (နောဧနေ့များ ရောက်လာကြပြီ) ဘုရားသခင်၏ကယ်တင်ခြင်း “ရှောင်ကျန်းရဲ့ ပုံပြင်” မှနေပြီး သင့်အား ခရစ်ယာန် ရှောင်ကျန်းရဲ့ ၏ အသက်တာ ပြောင်းလဲခြင်း ကို ပြောပြသည် ( တေးဂီတဆိုင်ရာ ပြဇတ်) ရှောင်ကျန်းသည် သူမ၏ သူငယ်ချင်းများကို အမြဲတမ်း ရိုးရိုးသားသားနှင့် ဆက်ဆံသည့် ဖြူစင်ပြီး ကြင်နာတတ်သော ခရစ်ယာန်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ရာတွင် သူတို့၏ အကျိုးအတွက် ဖြစ်သောအခါ သူမ၏ သူငယ်ချင်းဟောင်းများသည် သူမနှင့် ရန်သူတွေ ဖြစ်ခဲ့ကြသည်။ ဤဖြစ်ရပ်ဆိုးကို ခံစားရပြီးနောက်တွင် ရှောင်ကျန်းသည် သူမ၏ စစ်မှန်သော နှလုံးသားနှင့် သူမ၏ ကိုယ်ကျင့်တရားဟောင်းများကို စွန့်ခွာဖို့ ဖြစ်လာခဲ့ရသည်။ သူမသည် သူမ၏ ကောင်းမွန်သော ကိုယ်ပိုင်အသိစိတ်နှင့် ကောင်းမွန်သော ဝိညာဉ်ကို သစ္စာဖောက်ဖို့ စတင်ပြုလုပ်လာခဲ့ပြီး ဆိုးယုတ်သောကမ်ဘာ၏ နွံထဲတွင် လူးလှိမ့် ပျော်မြူးနေခဲ့သည်။ သူမသည် ကျေးဇူးတော်ထံမှ ကျဆင်းလာပြီး ဆိုးယုတ်ခြင်းလမ်းကို လျှောက်သောအခါတွင် သူမသည် လောကကြီး၏ ဖိနှိပ်ခြင်းခံခဲ့ရပြီး ပွန်းပဲ့ဒဏ်ရာနှင့် အမာရွတ်တို့နှင့် အရာများ ဖြစ်ကျန်ခဲ့၏။ သူမသည် ရှေ့ဆက်စရာ လမ်းမရှိတော့သည့် နေရာကို ရောက်သွားခဲ့ပြီး မျှော်လင့်ချက် အားလုံးကို သူမ စွန့်ပစ်ပြီးသည့်အခါ အရာအားလုံး ဆုံးရှုံးနေသည့် အချိန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဟန်ဆောင်မှုကင်းမဲ့သည့် ခေါ်သံသည် နောက်ဆုံးတွင် ရှောင်ကျန်း၏ နှလုံးသားနှင့် ဝိညာဉ်ကို နှိုးထစေခဲ့သည်။
ခရစ်ယာန် ရုပ်ရှင်များ (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ဇာတ်လမ်းတို- ကောင်းကင်နိုင်ငံတော်သည် မည်သည့်အရပ်၌ – ကျိန်းသေတည်ရှိသနည်း ကိုယ်တော့်ကိုယုံကြည်သူများ၏ အကြီးဆုံးဆန္ဒမှာ ကိုယ်တော်ပြန်ကြွလာခြင်းအားကြိုဆိုရန်၊ကောင်းကင်ဘုံသို့ ခေါ်ဆောင်ခံရရန် နှင့် ကိုယ်တော့်၏ ကတိတော်နှင့်ယှဉ်သော ကောင်းချီးမင်္ဂလာများကိုခံစားရရှိရန်ဖြစ်သည်။ ယုံကြည်သူအများစုသည် ကိုယ်တော်ပြန်ကြွလာသောအခါ ကိုယ်တော်သည် သူတို့အား အာကာသထဲသို့ ချီဆောင်၍ ကိုယ်တော်နှင့်တွေ့ဆုံစေရမည်ဟု ယူဆထားကြသည်။ သို့သော် ယေရုရှလင်မြို့သစ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လိမ့်မည်ဟုသမ္မာကျမ်းစာထဲ၌ဆိုထားသည်။ “ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏” “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ၊ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ”ဟူ၍ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ထက်မှာလော၊မြေကြီးပေါ်မှာလော။ ကိုယ်တော်သည် သူပြန်ကြွလာသောအခါ သူတော်စင်အပေါင်းကို ကောင်းကင်နိုင်ငံတော်ဆီသို့ မည်သို့ခေါ်ဆောင်သွားလိမ့်မည်နည်း။
|
Click & Join usခရစ်ယာန် ရုပ်ရှင်များ (ခရစ်တော်၏ပလ္လင်တော်ရှေ့၌ စီရင်ခြင်းအမှုတော်နှင့် – ထာဝရအသက်ဆိုင်ရာ သက်သေခံဒေသနာများ)
မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|