အရာအားလုံးကို ထောက်ပံ့ရန် နှင့် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိန်းသိမ်းရန် တို့အတွက် ဘုရားသခင် သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် အမြော်အမြင်ရှိသည့်နည်းလမ်းတို့ကို အသုံးပြုသည် လူသား၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်နှင့် ဤပတ်ဝန်းကျင်အတွက် ဘုရားသခင်ပြုလုပ်၊ ပြင်ဆင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သော အရာအပြင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော အရာခပ်သိမ်းအကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်အပေါ် အရာခပ်သိမ်းမှ အန္တရာယ်ဖြစ်စေမှုကိုကာကွယ်ရန် ဤဆက်နွှယ်မှုများကို ဘုရားသခင်ကိုင်တွယ်ပုံအကြောင်း အစပိုင်းတွင် ငါတို့ပြောခဲ့ကြ၏။ ဘုရားသခင်သည် အရာခပ်သိမ်းကြောင့် ဖြစ်ပေါ်သည့် သဘာဝအင်အားစုများကြောင့် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကိုလည်း ဖြေရှင်းခဲ့ကာ အရာခပ်သိမ်း၏အသုံးဝင်မှုကို အမြင့်မားဆုံးဖြစ်စေလျက်၊ လူသားမျိုးနွယ်ထံ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်နှင့် အကျိုးရှိစေသည့် သဘာဝအင်အားစုများ ယူဆောင်လာ၍ လူသားမျိုးနွယ်အား ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်နှင့် လိုက်လျောညီထွေရှိအောင် ပြုပေးပြီး မျိုးပွားခြင်းနှင့် ဘဝအသက်တာသံသရာကို ပုံမှန်ဆက်လက်ဖြစ်စေသည်။ နောက်တစ်ခုမှာ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ နေ့စဉ်အစားအသောက်အကြောင်းဖြစ်သည်။ ယင်းသည်လည်း လူသားမျိုးနွယ် ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့ခန္ဓာကိုယ်သည် အသက်ရှူနေရုံမျှဖြင့် မရှင်သန်နိုင်ပေ၊ နေရောင်ခြည်၊ သို့မဟုတ် လေဖြင့်သာ၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုပေသည်။ ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်အရာများကိုလည်း ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုံးလုံးလျားလျား ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် လူသားမျိုးနွယ်၏အစာအတွက် အရင်းအမြစ်ဖြစ်သည်။ ကြွယ်ဝ၍ များပြားသော လူသားမျိုးနွယ်၏ အစားအသောက်၏အရင်းအမြစ်များဖြစ်သည့် ဤခြံထွက်ပစ္စည်းများကို မြင်ပြီးနောက် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းအတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က သစ်ပင်များနှင့် မြက်ကိုသာ ဖန်ဆင်းခဲ့ပါက၊ သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးကိုသာ ဖန်ဆင်းခဲ့ပါက၊ ယင်းသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များအားလုံးသည် ကျွဲနွားတိရစ္ဆာန်များနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက် ဖြစ်သော်လည်း (ဥပမာ ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားပြီး၊ ကျားများက သိုးသငယ်များနှင့် ဝက်များကို စားသည်) လူသားတို့စားရန် သင့်တော်သည့်အရာ တစ်စုံတစ်ခုမျှပင် မရှိပါက အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ ဖြစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် ဆက်လက်၍ အသက်ရှင်သန်နေနိုင်ခဲ့မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးအတွက် ပြင်ဆင်ခဲ့သော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက ရကောင်းရနိုင်သော်လည်း ရေရှည်ဆက်၍စားပါက လူ့အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်ဘဲ ၎င်းတို့သည် ကြာကြာခံမည်မဟုတ်ပေ။ ထို့အပြင် တိရစ္ဆာန်များစားနိုင်သောသော်လည်း ၎င်းတို့ကို လူတို့စားပါက အဆိပ်သင့်လိမ့်မည်ဖြစ်သော အရာအချို့ပင်ရှိ၏။ တိရစ္ဆာန်များအနေဖြင့် ထိခိုက်မှုမရှိဘဲ စားနိုင်သည့် အဆိပ်ဖြစ်စေသောအရာအချို့ ရှိသော်လည်း လူသားတို့မှာ ထိုနည်းအတိုင်း ပြု၍မရပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်က လူတို့ကိုဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများနှင့် တည်ဆောက်ထားပုံ၊ ထို့အပြင် လူတို့ လိုအပ်သည့်အရာတို့ကို ဘုရားသခင်အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ယင်း၏ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ပါဝင်မှု၊ ၎င်းလိုအပ်သည့်အရာများအပြင် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လုပ်ကိုင်ပုံ၊ စုပ်ယူ၊ ဖယ်ရှား၍ ဇီဝတွင်း ဖြစ်ပျက်ပုံတို့ကို လုံးဝရှင်း၏။ လူတို့သည် ယင်းကိုမရှင်းဘဲ တစ်ခါတစ်ရံတွင် ဆင်ကန်းတောတိုး စားသောက်၍ ဖြည့်ဆည်း၏။ ၎င်းတို့သည် ဖြည့်ဆည်းလွန်းကာ အဆုံး၌ မညီမမျှ ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သော ဤအရာများကို ပုံမှန်စားသောက်၍ မွေ့လျော်ပါက သင်၌ အမှားအယွင်း တစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် ကသိကအောက်ဖြစ်နေပြီး သွေးနှေးနေသော်လည်း ကိစ္စမရှိပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကိုသာ စားရန်လိုပြီး သွေးနှေးနေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူသားမျိုးနွယ်သည် အခြားသက်ရှိများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအားလုံးအတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခဲ့ပြီး တိရစ္ဆာန်အမျိုးမျိုးအတွက် အစားအစာနှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးခဲ့သော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်အပေါ် လူသားမျိုးနွယ်၏ သတ်မှတ်ချက်များသည်သာ အတင်းကျပ်ဆုံးဖြစ်၍ လျစ်လျူရှုထားခြင်းကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ပုံမှန်ဆက်လက်ကြီးထွားခြင်း၊ မျိုးပွားခြင်းနှင့် အသက်ရှင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်ကို ဘုရားသခင်က သူ၏စိတ်နှလုံးတွင် အကောင်းဆုံးသိ၏။ ဤအရာကို ဘုရားသခင်ပြုလုပ်သောအခါ သူသည် ယင်းအပေါ်တွင် အခြားမည်သည့်အရာမဆိုထက် သာ၍အလေးထားခဲ့၏။ သင်မြင်ရ၍ မွေ့လျော်သော မဖြစ်စလောက်အရာတစ်ခု၏ အရေးပါမှု၊ သို့မဟုတ် သင်၏မွေးရာပါဖြစ်၍ သင်မွေ့လျော်နိုင်သည်ဟု သင်ခံစားရသော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် ခံစားနိုင်ခြင်းမရှိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တိတ်တဆိတ်အားဖြင့်၊ သို့မဟုတ် ရှေးမဆွကတည်းကလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘုရားသခင်က သူ၏ဉာဏ်ပညာဖြင့် ထိုအရာကို သင့်အတွက် ပြင်ဆင်ထားခဲ့နှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဆိုးရွား၍ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်သော အပျက်သဘောဆောင်သည့် အကြောင်းရင်းအားလုံးကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ဖယ်ရှား၍ ဖြေရှင်းခဲ့ပြီးဖြစ်၏။ ယင်းက မည်သည့်အရာကို ရှင်းလင်းစေသနည်း။ ယင်းက ယခုအကြိမ် လူသားမျိုးနွယ်ကိုဖန်ဆင်းခဲ့စဉ်က ၎င်းတို့အပေါ် သူ၏သဘောထားကို ရှင်းလင်းစေသလော။ ထိုသဘောထားမှာ မည်သို့ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏သဘောထားမှာ တင်းမာ၍ လေးနက်၏၊ ထို့အပြင် သူသည် မည်သည့်အကြောင်းရင်းများ၊ သို့မဟုတ် အခြေအနေများ၊ သို့မဟုတ် ဘုရားသခင်မှလွဲ၍ မည်သည့်ရန်သူအင်အားစု၏ နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ၏သဘောထားနှင့် ယခုအကြိမ်တွင် လူသားမျိုးနွယ်ကို သူ၏စီမံခန့်ခွဲမှုတွင် သူ၏သဘောထားကို သင်မြင်နိုင်၏။ ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ်မွေ့လျော်သည့် နေထိုင်မှုနှင့် အသက်ရှင်သန်မှု ပတ်ဝန်းကျင်အပြင် ၎င်းတို့၏နေ့စဉ်အစားအသာက်များနှင့် နေ့စဉ်လိုအပ်ချက်များမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ကို ဖန်ဆင်းခဲ့သည့်အချိန်ကတည်းက လူသားမျိုးနွယ်အပေါ်ထားရှိသည့် တာဝန်အပေါ် ဘုရားသခင်၏သဘောထားကို ငါတို့တွေ့နိုင်သည့်အပြင် ဤအကြိမ်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စိတ်ပိုင်းဖြတ်မှုကိုလည်း ငါတို့တွေ့နိုင်၏။ ဤအရာများအားဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို ငါတို့မြင်နိုင်သလော။ ဘုရားသခင်၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ ဘုရားသခင်၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ ဘုရားသခင်၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် အရာခပ်သိမ်းကို ထောက်ပံ့ရန်အတွက် သူ၏အနန္တတန်ခိုးနှင့် သူ၏အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုရုံသာဖြစ်၏။
0 Comments
လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် အသားများ၊ ရေအရင်းအမြစ် နှင့် ဆေးဖက်ဝင်အပင်များ အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးအမျိုးမျိုးတို့မှာ သက်သတ်လွတ်အစားအစာ အမျိုးအစားအားလုံး ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများဖြစ်ကြသော်လည်း ၎င်းတို့တွင် လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်သည့် အာဟာရဓာတ်များရှိ၏။ သို့ရာတွင် ဘုရားသခင်က “ယင်းတို့ကို လူသားမျိုးနွယ်အား ပေးခြင်းသည် လုံလောက်၏။ လူသားမျိုးနွယ်သည် ဤအရာများကိုသာ စား၍ရသည်” ဟုမပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌မရပ်ဘဲ ယင်းသို့ရပ်မည့်အစား လူသားမျိုးနွယ်အတွက် သာ၍အရသာရှိသော အရာများကို ပြင်ဆင်ပေးခဲ့၏။ ဤအရာများမှာ မည်သည်တို့နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ လူသားအတွက် ဘုရားသခင်ပြင်ဆင်ထားသော အသားငါးအမျိုးအစားများစွာရှိ၏။ ငါးအားလုံး ရေထဲ၌နေကြ၏၊ ၎င်းတို့အသား၏ ထိတွေ့ခံစားရသည့် အနေအထားသည် မြေကြီးပေါ်တွင်မွေးမြူသော အသားနှင့်ကွာခြားကာ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါး၏ ဂုဏ်သတ္တိများသည်လည်း လူ့ခန္ဓာကိုယ်များ၏ အပူနှင့်အအေးကို ညှိပေးနိုင်သဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန်အကျိုးရှိကြ၏။ သို့ရာတွင် အရသာကောင်းသောအရာကို လွန်ကဲစွာ မွေ့လျော်၍မရပေ။ ယင်းမှာ လူတို့သည် ဤအရာများကို အချိန်ရာသီနှင့်အညီ ပုံမှန်ကျကျနှင့် သင့်တော်စွာ ခံစားနိုင်ရေးအတွက် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သောပမာဏကို လူသားမျိုးနွယ်အား ပေးသနား၏ဟူသော တူညီသည့်ဆိုရိုးပင်ဖြစ်နေသေး၏။ ခြံမွေးကြက်ငှက်များတွင် မည်သည်တို့ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ပါဝင်သည်။ လူအများအပြားသည် ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားအမျိုးအစားများကို ပြင်ဆင်ခဲ့သော်လည်း ဘုရားသခင်၌ သူ၏ရွေးချယ်ခြင်း ခံရသူများအတွက် သတ်မှတ်ချက်အချို့ရှိပြီး ၎င်းကိုပညတ်တော်ခေတ်တွင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထား၏။ ဤအတိုင်းအတာကို တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်ပိုင်နားလည်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့်အာဟာရဓာတ်များပေးပြီး ၎င်းတို့က ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်၏၊ သွေးကို ကြွယ်ဝစေနိုင်ပြီး ကြွက်သားများနှင့် အရိုးများကို သန်မာစေလျက် အင်အားပိုမိုပေးနိုင်၏။ ၎င်းတို့ကို ချက်စားရန်အတွက် လူတို့အနေဖြင့် မည်သည့်နည်းနာများကို အသုံးပြုသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ဤအရာတို့သည် တစ်ဘက်တွင် လူတို့၏အနံ့အရသာများနှင့် စားချင်စိတ်ကို ပိုမိုကောင်းမွန်စေပြီး အခြားတစ်ဘက်တွင် ၎င်းတို့၏ဝမ်းများကို ဖြည့်ဆည်းပေး၏။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ကို နေ့စဉ်အာဟာရလိုချက်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ယင်းတို့မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က အစားအစာပြင်ဆင်ပေးသည့်အခါ သူထည့်သွင်းစဉ်းစားခဲ့သည့် အရာများဖြစ်သည်။ သက်သတ်လွတ်အစာများအပြင် အသားများလည်းရှိ၏၊ ယင်းသည် ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင်ပြင်ဆင်ခဲ့စဉ်က ဘုရားသခင်၏ မူလရည်ရွယ်ချက်များကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားတို့အနေဖြင့် ၎င်းရုပ်ဝတ္ထုအစားအစာများကို အလိုကြီးစွာ မွေ့လျော်ခံစားစေရန်လော။ လူသားတို့သည် ဤရုပ်ဝတ္ထုကျေနပ်မှုတွင် မိမိတို့ကိုယ်ကို အလိုလိုက်ပါက မည်သို့ဖြစ်မည်နည်း။ ၎င်းတို့သည် အာဟာရပိုလွန်းသွားမည် မဟုတ်လော။ အာဟာရပိုလွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို ဖျားနာမှုအမျိုးမျိုး ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေး၍ လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေခြင်းဖြစ်၏။ ဥပမာ အလွန်ပူပြင်းသော နွေရာသီကို ကျော်ဖြတ်ပြီးနောက် လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာအတွင်း အပူဓာတ်အတော်များများ၊ ရောဂါဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုအတော်များများကို စုဆောင်းမိလာကြပေမည်။ ဆောင်းဦးရာသီရောက်သည့်အခါ အသီးအနှံအမျိုးအစားများစွာ ရင့်မှည့်လာကြမည်ဖြစ်ပြီး လူတို့သည် အသီးအချို့ကို စားကြသောအခါ ၎င်းတို့၏ စိုထိုင်းမှုက ဖယ်ရှားခံရလိမ့်မည်။ တစ်ချိန်တည်းမှာပင် ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည် သန်မြန်သွားခဲ့မည်ဖြစ်သဖြင့် လူတို့သည် အာဟာရဓာတ်အဖြစ် အသားအချို့စားသင့်ပေသည်။ အသားအမျိုးမျိုးကို စားပြီးနောက်တွင် လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ခံနိုင်ရေးအတွက် အထောက်အကူပြုရန် စွမ်းအင်ရှိကြလိမ့်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ကြမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် မည်သည့်အချိန်တွင် မည်သည့်အရာများကို ပြင်ဆင်ပြီး မည်သည့်အချိန်တွင် မည်သည့်အရာများကို ကြီးထွားစေ၍ အသီးသီးစေကာ ရင့်မှည့်စေရမည်ဟူသည့် ဤအရာအားလုံးကို ဘုရားသခင်က အလွန်ချင့်ချင့်ချိန်ချိန်ဖြင့် ကြီးကြပ်ကွပ်ကဲ၍ ထိန်းချုပ်ထားသည်။ ယင်းအကြောင်းအရာသည် “လူသား၏နေ့စဉ်နေထိုင်မှုအတွက် လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” အကြောင်းဖြစ်၏။ အစားအစာအမျိုးမျိုးအပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်နှင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက် လူတို့သည် ရေအနည်းငယ်သောက်ရ၏။ သစ်သီးဝလံကိုစားရုံနှင့် လုံလောက်သလော။ လူတို့သည် သစ်သီးဝလံသာစားခြင်းကို သည်းခံနိုင်မည်မဟုတ်ပေ၊ ထို့အပြင် အချို့ရာသီများတွင် သစ်သီးဝလံမရှိပေ။ ထိုသို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ရေကန်များ၊ မြစ်များနှင့် စမ်းများအပါအဝင် ရေအရင်းအမြစ်များစွာကို မြေပေါ်မြေအောက်၌ ဘုရားသခင်ပြင်ဆင်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ဤရေအရင်းအမြစ်များကို မည်သည့်ညစ်ညမ်းမှုမျှမရှိသော၊ သို့တည်းမဟုတ် လူသား၏စီမံပြုပြင်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းမရှိသော အခြေအနေများတွင် သောက်နိုင်ကြ၏။ တစ်နည်းဆိုရလျှင် လူသားမျိုးနွယ်၏ ရုပ်ခန္ဓာများဆိုင်ရာ အသက်တာများအတွက် အစာအရင်းအမြစ်များနှင့်ပတ်သက်၍ ဘုရားသခင်သည် အလွန်တိကျမှန်ကန်ကာ အလွန်သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏၊ ထိုသို့အားဖြင့် လူတို့၏ဘဝအသက်တာများသည် ကြွယ်ဝများပြား၍ မည်သည့်အရာ တစ်စုံတစ်ရာမျှ ချို့တဲ့နေခြင်း မရှိစေရန်ဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် ခံစားနိုင်၍ မြင်နိုင်သော အရာတစ်ခုဖြစ်သည်။
ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ ဤ “လေ” သည် လူသားတို့ စဉ်ဆက်မပြတ်ထိတွေ့နေသည့် နေ့စဉ်အသက်တာ၏ လေပင်ဖြစ်သည် မဟုတ်လော။ ဤလေသည် လူသားတို့ အိပ်စက်နေသည့်အခါ၌ပင်ဖြစ်စေ အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာပင် ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် အရေးကြီးပေသည်၊ ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းဖြစ်သည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤအရာသည် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ထွက်ခွာရန်ပြင်ဆင်သလော။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လေ၏သိပ်သည်းမှုကို ထည့်သွင်းစဉ်းစားသလော။ လေတွင်ပါဝင်သည့်ပစ္စည်းများကို ဘုရားသခင်ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကိုဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း၊ ထို့အပြင် သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် လေကိုလိုအပ်၏၊ ထို့ပြင် အသက်ရှူရန်လည်း လိုအပ်၏။ ပထမဆုံးအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်နှင့် ကိုက်ညီရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ ယင်းသည် လူတို့သိရန်လိုသည့် အရာတစ်ခု မဟုတ်ပေ၊ ဤအရာကိုသိရန် မလိုအပ်။ လေ၏သိပ်သည်းမှုနှင့်ပတ်သက်၍ ကိန်းဂဏန်းအတိအကျကို ငါတို့မလိုအပ်၊ ယေဘုယျထင်မြင်ချက်တစ်ရပ်ရှိရုံမျှဖြင့် ရပြီဖြစ်သည်။ ဘုရားသခင်သည် လူသားတို့အသက်ရှူရန်အတွက် ၎င်းတို့၏အဆုတ်များနှင့် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသားတို့အနေဖြင့် အသက်ရှူကြသည့်အခါ သက်သောင့်သက်သာရှိပြီး ၎င်းတို့၏ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လေ၏သိပ်သည်းမှုနောက်ကွယ်မှ အကြံအစည်ဖြစ်သည်။ ၎င်းနောက်တွင် လေတွင်ပါဝင်သည့်ပစ္စည်းများအကြောင်း ငါတို့ပြောကြမည်။ ပထမအနေဖြင့် လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူတို့အတွက် အဆိပ်မရှိပေ၊ ထို့အတွက်ကြောင့် အဆုတ်နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ချောမောစွာ ဝင်ထွက်ရမည်ဖြစ်ကြောင်းကို ဘုရားသခင်က ထည့်တွက်ခဲ့ရ၏၊ ၎င်းနောက် လေတွင်ပါဝင်သည့် ပစ္စည်းများနှင့် ပမာဏတို့သည် ရှူသွင်းပြီးသည့်အခါတွင် သွေးအပါအဝင် အဆုတ်နှင့် ကိုယ်ခန္ဓာထဲရှိ လေအပိုမှာ သင့်တော်စွာ ခြေဖျက်ခံရလေအောင်၊ ထို့ပြင် ယင်းလေတွင် အဆိပ်ဖြစ်စေသည့် အစိတ်အပိုင်းများ မပါရလေအောင် ရှိနေသင့်သည်။ ဤစံနှစ်ရပ်နှင့်ပတ်သက်၍ ငါသည် သင်တို့ကို အသိပညာများစွာ မပေးလိုဘဲ ထိုအစား ဘုရားသခင်သည် အရာတစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့သည့်အခါက သူ၏စိတ်ထဲ၌ အကောင်းဆုံးဖြစ်သည့် တိကျသော တွေးတောမှုဖြစ်စဉ်တစ်ရပ် ရှိခဲ့ကြောင်းကိုသာ အသိပေးလို၏။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏအပါအဝင်၊ ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ လွင့်မျောလာသည့် ဖုန်မှုန့်တို့နှင့်ပတ်သက်၍ ဤအရာများကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်ဖြစ်သည့် အစီအစဉ်တစ်ရပ်လည်း ဘုရားသခင်၌ ရှိခဲ့သည်။ လေထဲ၌ ဖုန်မှုန့်အချို့ရှိသော်လည်း ကိုယ်ခန္ဓာနှင့် လူသား၏အသက်ရှူခြင်းအပေါ် အန္တရာယ်မပြုစေရန်နှင့် ဖုန်မှုန့်အပိုင်းအစများသည် ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစားဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင်ဖန်ဆင်းခြင်းသည် နက်နဲဆန်းကြယ်ခဲ့သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှလောက်သာ ရိုးရှင်းခဲ့သလော။ (မရိုးရှင်းခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင်ဖန်ဆင်းခြင်း၌ပင်လျှင် သူ၏နက်နဲမှု၊ သူ၏စိတ်များ၊ အတွေးများနှင့် ဉာဏ်ပညာတို့အားလုံးသည် ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ရိုးရှင်းသော အရာတစ်ခုကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစားနေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေဘဲ လူတို့အပေါ် အန္တရာယ်လည်းမဖြစ်စေနိုင်ပေ၊ ထို့အပြင် သိပ်သည်းမှုကိုလည်း လူတို့အသက်ရှူရန်အတွက် ချိန်ညှိထားသည်။ လူတို့ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ၎င်းတို့၏ကိုယ်ခန္ဓာအတွက်၊ ၎င်းတို့၏အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အဟန့်အတားမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်၏။ ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာဖြစ်၍ လူတို့အသက်ရှူရန် မရှိမဖြစ်သောအရာဖြစ်၏။
ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ရပ်၌ ရှိနေရမည့် အရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဆိုကြပါစို့၊ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်းအားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ၎င်းတို့အသက်ရှရသည်မှာ လွန်စွာခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်းကျဆင်းပြီး အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်သို့ ရောက်နေလျှင်ကော အသို့နည်း။ လူသားတို့သည် ၎င်းကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန်အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အခြေခံအားဖြင့် အနုတ် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်၏။ ယင်းသည် မြောက်မှတောင်အထိ အခြေခံအပူချိန်အတိုင်းအတာဖြစ်၏။ အေးသောဒေသများတွင် အပူချိန်များသည် အနုတ် ၅၀ မှ ၆၀ ဒီဂရီစင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသသည် ဘုရားသခင်က လူသားကို နေထိုင်အသက်ရှင်ခွင့် ပြုထားသော နေရာတစ်ခုမဟုတ်ပေ။ ထိုသို့အေးသောဒေသများ အဘယ်ကြောင့်ရှိနေသနည်း။ ဤအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်မပြုပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသောနေရာများကို ကာကွယ်ထား၏၊ ထိုနေရာများ၌ လူသားကို နေခွင့်ပြုရန် သူမပြင်ဆင်ထားဟု ဆိုလိုသည်။ ယင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ပေ။ သူ့အနေဖြင့် ထိုကဲ့သို့သောနေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ထိုနေရာများ၌ ရှင်သန်နေထိုင်ရန်၊ သို့မဟုတ် တည်ရှိရန် ခွင့်မပြုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာသည် ထိုနေရာ၌ရှိ၏။ တစ်နည်းအားဖြင့်ဆိုသော် လူသားအသက်ရှင်နေထိုင်ရန်အတွက် ပတ်ဝန်းကျင်၏ အခြေခံအပူချိန်ကိုလည်း ဘုရားသခင်က အတန်အသင့် ကိုက်ညှိခဲ့၏။ ဤနေရာ၌ နိယာမတစ်ရပ်လည်း ရှိပေသည်။ ထိုကဲ့သို့သော အပူချိန်တစ်ရပ်ကို ထိန်းသိမ်းထားရေးအတွက်၊ ဤအပူချိန်ကို ထိန်းချုပ်ရေးအတွက် အထောက်အကူပြုရန် ဘုရားသခင်သည် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ဤအပူချိန်ကို ထိန်းသိမ်းထားရန် မည်သည့်အရာများကို အသုံးပြုထားသနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ်ပေးနိုင်သည်၊ သို့သော် ပူနွေးလွန်းပါက လူတို့သည် ခံနိုင်ရည်ရှိမည်လော။ နေအနီးသို့ ချဉ်းကပ်ရဲသူ တစ်စုံတစ်ဦးရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ပူလွန်းသောကြောင့်တည်း။ နေအနီးသို့ ချဉ်းကပ်သည့်အခါ ယင်းသည် အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ နေ၏အကွာအဝေးကို တိတိကျကျ တိုင်းတာချက်တစ်ရပ် ပြုလုပ်ခဲ့သည်၊ အထူးအမှုတစ်ရပ်ကို သူပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၌ ဤအကွာအဝေးအတွက် စံနှုန်းတစ်ရပ်ရှိသည်။ ကမ္ဘာ၏တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့လည်း ရှိသေး၏။ ထိုအရပ်၌ အားလုံးသည် ရေခဲမြစ်များဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်များပေါ်တွင် နေနိုင်သလော။ ယင်းသည် လူသားနေထိုင်ရန်အတွက် သင့်တော်သလော။ (မသင့်တော်ပါ။) မသင့်တော်၊ ထို့ကြောင့် လူတို့အနေဖြင့် ထိုနေရာသို့ မသွားပေ။ လူတို့က တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားသဖြင့် ရေခဲမြစ်များကို ထိန်းသိမ်းပြီးသား ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်းတည်းဟူသော ၎င်းတို့၏အခန်းကဏ္ဍကို ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိဘဲ နေသည်လည်း ကမ္ဘာပေါ်တွင် အစဉ်တောက်ပနေပါက ကမ္ဘာပေါ်ရှိ လူအားလုံးသည် အပူဒဏ်ကြောင့် သေဆုံးကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားအသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သောအပူချိန်တစ်ရပ်ကို ထိန်းထားရန် ဤအရာနှစ်ခုကိုသာ အသုံးပြုသလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ တောအုပ်များထဲ၌ ရှိကြကုန်သော သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် အပင်အမျိုးအစားအားလုံး စသည့်သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးရန် ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူ၍ နေ၏အပူစွမ်းအင်ကို ပေါင်းစပ်ဖန်တီး၏။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ၏ မျက်နှာပြင်ဧရိယာသည် မည်သူမဆို သတ်မှတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်၊ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လားရာ၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေနှင့် လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအပါအဝင် ဤရေအရင်းမြစ်အမျိုးမျိုးသည်လည်း လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ထို့အပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေအရပ်များကဲ့သို့ ပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုးလည်း ရှိသေး၏၊ ဤပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုး၊ ၎င်းတို့၏ မျက်နှာပြင်ဧရိယာများနှင့် အရွယ်အစားများသည် အပူချိန်ကို ထိန်းညှိပေးရာ၌ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ကြသည်။ ဥပမာ ဤတောင်သည် အချင်းဝက် ကီလိုမီတာ ၁၀ဝ ရှိပါက၊ ဤကီလိုမီတာ ၁၀ဝ တွင် ကီလိုမီတာ ၁၀ဝ အကျိုးသက်ရောက်မှုတစ်ရပ် ရှိလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင်ဖန်ဆင်းခဲ့သနည်းဟူသည်နှင့် ပတ်သက်၍မူ ယင်းသည် ဘုရားသခင်က သေသေချာချာ ဆင်ခြင်သုံးသပ်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်ရှိပြီး ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များလည်း ပါရှိသည်။ ဆိုကြပါစို့၊ ဥပမာအနေဖြင့် သစ်တောများနှင့် သဘာဝပေါက်ပင်အမျိုးမျိုး၊ ၎င်းတို့ပေါက်ရောက်သည့် မျက်နှာပြင်ဧရိယာနှင့် နေရာအရွယ်အစားကို မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ ဤအရာများအပေါ် မည်သည့်လူသားကမျှ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိပေ။ ၎င်းတို့ ရေမည်မျှစုပ်ယူသည်၊ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှစုပ်ယူသည်တို့ကိုလည်း မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာအားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် ပိုင်နက်အတွင်းတွင် ရှိကြ၏။
လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းတော်မူသည့် အခြေခံ လူနေမှုပတ်ဝန်းကျင်မှ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ထောက်ပံ့မှုအားရှုမြင်ခြင်း လူသားအသက်ရှင်သန်ရေးအတွက် ဤအခြေခံလိုအပ်ချက်ငါးခုကို ဘုရားသခင်ကိုယ်တွယ်ပုံမှ လူသားမျိုးနွယ်အပေါ် သူ၏ထောက်ပံ့ပေးမှုကို သင်မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) အတိအကျပြောရလျှင် ဘုရားသခင်သည် လူသားအသက်ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်ဆင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ဤအရာများကို စီမံခန့်ခွဲနေ၍ ထိန်းချုပ်နေ၏၊ ထို့အပြင် နှစ်ထောင်ပေါင်းများစွာ လူတို့တည်ရှိနေပြီးနောက် ယခုတွင်ပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အဆက်မပြတ် ပြောင်းလဲပေးနေဆဲရှိပြီး ၎င်းတို့၏ဘဝများကို ပုံမှန်ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ လူသားမျိုးနွယ်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ထောက်ပံ့ပေးလျက်ရှိ၏။ ဤသည်ကို မည်သည့်အချိန်အခါအထိ ထိန်းသိမ်းထားမည်နည်း။ တစ်နည်းဆိုရလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်က မည်မျှကြာ ဆက်လက်ထောက်ပံ့ပေးနေမည်နည်း။ ဘုရားသခင်က သူ၏စီမံခန့်ခွဲသည့်အမှုကို လုံးလုံးလျားလျား စုံလင်စေသည့်အခါအထိ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ထိုပြောင်းလဲစေခြင်းမှာ ဤနည်းနာများအတိုင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ကွဲပြားသောနည်းနားများအားဖြင့် ဖြစ်နိုင်သည်၊ သို့ရာတွင် ယခု လူတို့ အမှန်တကယ် သိရန်လိုအပ်သည့်အရာမှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေ၍ လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲကာ လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည့်အကြောင်းကိုဖြစ်၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကြောင့် ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤကဲ့သို့ ပုံမှန်နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဤနည်းဖြင့် ဘုရားသခင်၏ ထောက်ပံ့ပေးမှုကြောင့် ဆက်၍ ရှေ့သို့သွားနေစဉ် အရာခပ်သိမ်းသည် ဘုရားသခင်၏အုပ်ချုပ်မှုကြောင့် ဆက်လက်တည်ရှိနေခြင်း ဖြစ်၏။
ယနေ့ သတ္တဝါအားလုံးအပေါ် ဘုရားသခင် သယ်ဆောင်လာသည့် ဤသဘာဝနိယာမ အမျိုးအစားများက လူသားမျိုးနွယ်အားလုံးကို မည်သို့ ပြုစုပျိုးထောင်ပုံကို ငါပြောသွားမည်။ ဤသည်မှာ အလွန်ကြီးမားသည့် ခေါင်းစဉ်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြနိုင်ရန်အတွက် အပိုင်းလိုက်ခွဲပြီး တစ်ခုချင်းဆွေးနွေးနိုင်သည်။ ဤနည်းအားဖြင့် သင်တို့အတွက် လွယ်လွယ်နှင့် သဘောပေါက်နိုင်မည်ဖြစ်ပြီး တဖြည်းဖြည်းချင်း နားလည်နိုင်သည်။
ပုံပြင်နံပါတ် ကြီးမားသည့် တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး တသွင်သွင်စီးဆင်းနေသည့် စမ်းချာင်းလေးတစ်ခု ရှိခဲ့ပါသည်၊ စမ်းချောင်းလေးသည် နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ ရေစီးကြောင်းကို ကာဆီးထားသည့် အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်း သေးငယ်သည့်လေသံနှင့် “ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်က ကျွန်တော် သွားမည့်လမ်းတွင် ရပ်နေပြီး ကျွန်တော် ရှေ့ဆက်သွားမယ့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု မေးလိုက်သည်။ ဤတွင် တောင်ကြီးက “သင် မည်သို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်တော် နားခိုရာအိမ် ရှာနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ဆက်လုပ်၊ ငါ့ပေါ်ကနေ စီးဆင်းသွား” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်းလေးသည် အားနည်းလွန်းပြီး၊ သေးငယ်လွန်း၍ ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကို ကျော်ပြီး စီးဆင်းဖို့ မဖြစ်နိုင်ပါ၊ ထို့ကြောင့် တောင်ခြေတွင် ဆက်ပြီးစီးဆင်းနေရုံက လွဲပြီး သူ့တွင် ရွေးချယ်စရာမရှိပါ။
အထွေထွေပတ်ဝန်းကျင်အကြောင်း၊ တစ်နည်းအားဖြင့် လောကကို ဘုရားသခင်ဖန်ဆင်းကတည်းက လူသားမျိုးနွယ်အတွက် သူပြင်ဆင်ပေးခဲ့သည့် လူသားအသက်ရှင်နေထိုင်ရန် လိုအပ်သည့် အခြေအနေများအကြောင်းကို ငါတို့ ခုတင်ပြောခဲ့ကြပြီးဖြစ်သည်။ ငါတို့သည် အရာငါးခုအကြောင်းကို ပြောသွားခဲ့ပြီး၊ ဤအရာငါးခုသည် အထွေထွေပတ်ဝန်းကျင်ဖြစ်သည်။ နောက်ထပ် ငါတို့ပြောမည့် အကြောင်းအရာမှာ ဇာတိခန္ဓာထဲရှိ လူတိုင်း၏အသက်နှင့် နီးကပ်စွာဆက်နွှယ်နေ၏။ ယင်းသည် ဇာတိခန္ဓာထဲရှိ လူတစ်ဦး၏ဘဝနှင့် သာ၍ကိုက်ညီကာ သာ၍တစ်ပြေးညီရှိသော လိုအပ်သည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ယင်းမှာ အစာဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး သင့်တော်သည့် ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တွင် ထားပေးခဲ့၏။ ၎င်းနောက် လူသားသည် အစာနှင့် ရေကို လိုအပ်ခဲ့၏။ လူသား၌ ထိုကဲ့သို့သော လိုအပ်ချက်ရှိခဲ့သဖြင့် ဘုရားသခင်သည် ထိုကဲ့သို့သော ပြင်ဆင်မှုများကို လူသားအတွက် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီနှင့် သူပြုလုပ်သည့် အရာတစ်ခုစီသည် အနှစ်သာရမဲ့ စကားများမဟုတ်ဘဲ အမှန်စင်စစ် ဖော်ဆောင်ခြင်းခံရ၏။ အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိ၍မဖြစ်သော အရာတစ်ခုလော။ အစာသည် လေထက် သာ၍အရေးကြီးသလော။ ၎င်းတို့သည် တန်းတူအရေးကြီးကြ၏။ ၎င်းတို့နှစ်ခုစလုံးသည် လူသားမျိုးနွယ် အသက်ရှင်နေနိုင်ရေးနှင့် လူ့ဘဝ ဆက်လက်တည်ရှိမှုကို ထိန်းသိမ်းရေးအတွက် လိုအပ်သည့် အခြေအနေများနှင့် အရာများဖြစ်ကြသည်။ လေသည် သာ၍အရေးကြီးသလော၊ သို့မဟုတ် ရေသည် သာ၍အရေးကြီးသလော။ အပူချိန်က ပို၍အရေးကြီးသလော၊ သို့တည်းမဟုတ် အစာက ပို၍အရေးကြီးသလော။ ၎င်းတို့အားလုံး အရေးကြီးကြသည်။ လူတို့က မရွေးချယ်နိုင်ကြခြင်းမှာ ထိုအရာတစ်စုံတလေမရှိ၍ ၎င်းတို့မဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ တကယ့်ပြဿနာဖြစ်သည်၊ သင်ရွေးချယ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ သင်မသိသော်လည်း ဘုရားသခင်သိ၏။ သင်သည် အစာတွေ့သောအခါ “အစာမရှိဘဲ ငါမနေနိုင်” ဟု ခံစားရမည်ဖြစ်သည်။ သို့ရာတွင် သင့်ကိုဖန်ဆင်းပြီးပြီးချင်း ထိုနေရာ၌ သင့်ကိုထားခဲ့ပါက သင့်အနေဖြင့် အစာကိုလိုအပ်ကြောင်း သိခဲ့လိမ့်မည်လော။ သင်သိခဲ့လိမ့်မည် မဟုတ်ပေ၊ သို့သော် ဘုရားသခင်သိ၏။ သင်သည် ဆာလောင်လာ၍ သင်စားရန်အဖို့ သစ်ပင်များအပေါ်၌ အသီးများရှိပြီး မြေကြီးပေါ်တွင် အစေ့အဆန်များ ရှိကြောင်းကို တွေ့သောအခါမှသာ အစာကိုလိုအပ်ကြောင်း သင်သိခြင်းဖြစ်သည်။ သင်ရေဆာသောအခါ သင့်ရှေ့တွင် စမ်းရေတစ်ခုကိုမြင်ပြီး ထိုရေကို သင်သောက်သောအခါမှသာ သင့်အနေဖြင့် ရေလိုအပ်ကြောင်းကို သိခြင်းဖြစ်သည်။ ရေကို ဘုရားသခင်က လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အစာနှင့်ပတ်သက်၍ သင့်အနေဖြင့် တစ်နေ့သုံးနပ်စားသည်ဖြစ်စေ၊ နှစ်နပ်စားသည်ဖြစ်စေ၊ ထိုထက်ပင်ပို၍စားသည်ဖြစ်စေ အရေးမကြီးပေ၊ အချုပ်အားဖြင့်ဆိုလျှင် အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိ၍မဖြစ်သော အရာတစ်ခုဖြစ်၏။ ယင်းသည် လူ့ကိုယ်ခန္ဓာ ပုံမှန်အသက်ရှင်သန်ကို ထိန်းသိမ်းရေးအတွက် လိုအပ်သောအရာတစ်ခုဖြစ်၏။ သို့ဖြစ်လျှင် အစာသည် အဓိကအားဖြင့် မည်သည့်နေရာမှ လာသနည်း။ ဦးစွာအနေဖြင့် ၎င်းသည် မြေကြီးမှလာ၏။ ဘုရားသခင်သည် မြေကြီးကို လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ မြေကြီးသည် သစ်ပင်များ၊ သို့မဟုတ် မြက်ပင်များအတွက်သာမဟုတ်ဘဲ အပင်အမျိုးမျိုးတို့၏ အသက်ရှင်သန်ရေးအတွက် သင့်တော်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အစေ့အဆန်အမျိုးမျိုးတို့၏ မျိုးစေ့များနှင့် အစာအမျိုးမျိုးအပြင် လူတို့စိုက်ပျိုးရန် သင့်တော်သည့် မြေဆီလွှာနှင့် မြေကြီးတို့ကို ပြင်ဆင်ပေးပြီး ဤနည်းအတိုင်း ၎င်းတို့ကို အစာပေး၏။ မည်ကဲ့သို့သော အစာအမျိုးအစားများရှိသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသင့်သည်၊ မှန်သလော။ ပထမအနေဖြင့် အစေ့အဆန်အမျိုးအစား အမျိုးမျိုးရှိ၏။ အစေ့အဆန်များတွင် မည်သည်တို့ပါသနည်း။ ဂျုံစေ့၊ လူး၊ ဆပ်၊ နှံစားပြောင်းကောက်နှံများနှင့် စပါးစသည့် အခွံပါသည့်အရာများပါ၏။ ကောက်နှံပင်များကို အမျိုးအစားများစွာလည်း ခွဲခြားထား၏။ ဘာလီ၊ ဂျုံ၊ အုတ်ဂျုံနှင့် ပန်းဂျုံအစရှိသော ကောက်နှံပင်များ တောင်ပိုင်းမှမြောက်ပိုင်းအထိ အမျိုးအစားများစွာရှိ၏။ ကွဲပြားသည့် မျိုးစိတ်များမှာ ကွဲပြားသည့်ဒေသများတွင် စိုက်ပျိုးရန် သင့်တော်၏။ စပါးအမျိုးမျိုးလည်း ရှိသေး၏။ တောင်ပိုင်း၌ ဆန်လုံးပိုရှည်ပြီး စေးကပ်လွန်းခြင်း မရှိသဖြင့် တောင်ပိုင်းသားများနှင့် သာ၍သင့်တော်သော ၎င်း၏ကိုယ်ပိုင်စပါး မျိုးကွဲများရှိ၏။ တောင်ပိုင်း၌ ရာသီဥတုပိုပူသဖြင့် ၎င်းတို့သည် အင်ဒိက (indica) ဆန်ကဲ့သို့ မျိုးကွဲများကို စားသုံးရ၏။ ထိုဆန်မျိုးကွဲမှာ စေးကပ်လွန်း၍ မရပေ၊ သို့မဟုတ်ပါက ၎င်းတို့က စားနိုင်ကြမည်မဟုတ်ဘဲ ခံတွင်းပျက်ကြပေလိမ့်မည်။ မြောက်ပိုင်းသားများ စားသည့်ဆန်မှာ ပိုစေးကပ်၏။ မြောက်ပိုင်းသည် အမြဲတမ်း ပိုအေးသဖြင့် ၎င်းတို့သည် စေးကပ်သည့်ဆန်ကို စားရ၏။ ထို့အပြင် ပဲအမျိုးမျိုးလည်းရှိ၏။ ၎င်းတို့ကို မြေပေါ်တွင် စိုက်ပျိုးကြ၏။ မြေအောက်တွင် စိုက်ပျိုးသည့် အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် အခြားအရာများစွာလည်း ရှိသေး၏။ အာလူးသည် မြောက်ပိုင်းတွင်ပေါက်၏။ မြောက်ပိုင်းမှ အာလူးများ၏အရည်အသွေးမှာ အလွန်ကောင်း၏။ လူတို့၌ စားစရာအစေ့အဆန်များ မရှိသည့်အခါ ၎င်းတို့ တစ်နေ့သုံးနပ်စားနေနိုင်ရန် အာလူးသည် ၎င်းတို့၏အစားအသောက်၌ အခြေခံစားကုန်ဖြစ်နိုင်သည်။ အာလူးသည်လည်း စားသောက်ကုန်ဖြစ်နိုင်၏။ ကန်စွန်းဥမှာ အရည်အသွေးအားဖြင့် အာလူးလောက် မကောင်းသော်လည်း ၎င်းတို့ တစ်နေ့အစာသုံးနပ်စားနေနိုင်ရန် ကန်စွန်းဥကို အခြေခံစားကုန်အဖြစ် အသုံးပြုနိုင်သေး၏။ အစေ့အဆန်များ မရနိုင်သေးသည့်အခါတွင် လူတို့သည် ၎င်းတို့၏ဝမ်းဖြည့်ရန် ကန်စွန်းဥကို အသုံးပြုနိုင်သည်။ တောင်ပိုင်းသားများ စားလေ့ရှိသည့် ပိန်းဥကိုလည်း ထိုနည်းတူပင် အသုံးပြုနိုင်ပြီး ယင်းသည်လည်း အခြေခံစားကုန်တစ်ခု ဖြစ်နိုင်သည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အစားအသောက်အတွက် လိုအပ်သည့်အရာတစ်ခုဖြစ်သော အစေ့အဆန် အမျိုးမျိုးဖြစ်၏။ လူတို့သည် အစေ့အဆန်အမျိုးမျိုးကို ခေါက်ဆွဲ၊ ပေါက်စီ၊ ထမင်းနှင့် ဆန်ခေါက်ဆွဲများပြုလုပ်ရန် အသုံးပြုကြ၏။ ဘုရားသခင်သည် ဤအစေ့အဆန်အမျိုးမျိုးကို လူသားမျိုးနွယ်အပေါ် အလျှံအပယ် ပေးသနားထား၏။ မျိုးကွဲပေါင်းမြောက်မြားစွာ အဘယ်ကြောင့် ရှိနေသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဤနေရာ၌ တွေ့နိုင်၏၊ တစ်ဘက်တွင် ယင်းမှာ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့ရှိ ကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများနှင့် သင့်တော်စေရန်ဖြစ်သည်၊ အခြားတစ်ဘက်တွင်မူ ဤအစေ့အဆန်များ၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများ အမျိုးမျိုးတို့သည် လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများတို့နှင့် ကိုက်ညီကြသည်။ လူတို့သည် ဤအစေ့အဆန်များကို စားခြင်းဖြင့်သာ ၎င်းတို့၏ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အာဟာရများနှင့် အစိတ်အပိုင်းအမျိုးမျိုးကို ထိန်းသိမ်းနိုင်ကြ၏။ မြောက်ပိုင်းအစာနှင့် တောင်ပိုင်းအစာတို့ ကွဲပြားကြသော်လည်း ၎င်းတို့၌ရှိသည့် တူညီချက်များမှာ ကွဲပြားချက်များထက် သာ၍များသည်။ ၎င်းအစာများသည် လူ့ခန္ဓာကိုယ်၏ သာမန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူ့ခန္ဓာကိုယ်၏ သာမန်အသက်ရှင်မှုကို ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် နေရာဒေသအမျိုးမျိုးတွင် ထုတ်လုပ်သည့် မျိုးစိတ်များ အလွန်များပြားရခြင်း အကြောင်းရင်းမှာ လူ့ခန္ဓာကိုယ်သည် ထိုကဲ့သို့သောအစာများက ထောက်ပံ့ပေးသည့်အရာကို လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ ပုံမှန်အသက်ရှင်နေထိုင်မှုကို ဆက်လက်ထိန်းသိမ်း၍ ပုံမှန်လူ့ဘဝကိုရရှိရန် မြေဆီလွှာ၌ စိုက်ပျိုးထားသော အစာအမျိုးမျိုးမှ ထောက်ပံ့ပေးသည့်အရာကို လိုအပ်ကြ၏။ အချုပ်အားဖြင့်ဆိုလျှင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အလွန်စာနာထောက်ထား၏။ လူတို့အပေါ် ဘုရားသခင်ချပေးသော အစာအမျိုးမျိုးသည် ငြီးငွေ့ဖွယ်မကောင်းပေ၊ ၎င်းတို့သည် လွန်စွာ ပြီးပြည့်စုံကြသည်။ လူတို့သည် ကောက်နှံကိုစားလိုပါက ကောက်နှံစားနိုင်၏။ အချို့သူများက ခေါက်ဆွဲစားရသည်ကို မနှစ်သက်ကြပေ၊ ထမင်းစားလိုကြ၏၊ ထိုအခါ ထမင်းစားနိုင်ကြသည်။ ဆန်လုံးရှည်၊ ဆန်လုံးတို စသည်ဖြင့် ဆန်အမျိုးအစား အမျိုးမျိုးရှိပြီး ၎င်းတို့အားလုံးသည် လူတို့၏အရသာများကို အာသာပြေစေနိုင်၏။ ထို့ကြောင့် လူတို့သည် ဤအစေ့အဆန်များကို စားပါက ၎င်းတို့သည် ၎င်းတို့၏အစာနှင့်ပတ်သက်၍ ဇီဇာမကြောင်လွန်းသရွေ့ အာဟာရချို့တဲ့မည်မဟုတ်ဘဲ အသက်အရွယ်အိုမင်းသည်အထိ ကျန်းမာစွာနေနိုင်ရန် သေချာသည်။ ယင်းမှာ လူသားမျိုးနွယ်အပေါ် အစာပေးသနားခဲ့စဉ်က ဘုရားသခင်၏စိတ်ထဲတွင်ရှိခဲ့သော မူလအကြံဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဤအရာများမရှိ၍ မရပေ၊ ၎င်းသည် လက်တွေ့အရှိတရားပင် မဟုတ်လော။ လူသားမျိုးနွယ်သည် ဤလက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း ဘုရားသခင်ကမူ ယင်းကို ပြင်ဆင်ခဲ့ပြီးဖြစ်ကာ သေချာစွာ စဉ်းစားဆင်ခြင်ခဲ့ပြီးဖြစ်၏။ လူသားအတွက် ဘုရားသခင်သည် ရှေးမဆွကတည်းက အမှုအရာများကို ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။
စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် ဆက်နွှယ်နေ၏၊ ယင်းမှာ အလင်းဖြစ်သည်။ ယင်းသည်လည်း အလွန်အရေးကြီး၏။ သင်သည် တောက်ပသော အလင်းတစ်ခုကိုမြင်ပြီး၊ ဤအလင်း၏တောက်ပမှုသည် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ သင်၏မျက်လုံးများ ကန်းသွားလိမ့်မည်။ အမှန်အားဖြင့် လူ့မျက်လုံးများသည် အသွေးအသား မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ထိခိုက်ပျက်စီးမှုမှ ကင်းလွတ်နိုင်ခြင်း မရှိပေ။ နေကို တိုက်ရိုက်ငေးစိုက်ကြည့်ရဲသူ တစ်စုံတစ်ဦးရှိသလော။ အချို့သူများ စမ်းကြည့်ဖူး၏။ နေကာမျက်မှန်တပ်ပြီး သင်ကြည့်၍ရသည်၊ ဟုတ်သလော။ ယင်းသည် ကိရိယာများ၏ အကူအညီကို လိုအပ်သည်။ ကိရိယာများမရှိဘဲ လူသား၏ပကတိမျက်လုံးများသည် နေကို တိုက်ရိုက်ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် လူသားမျိုးနွယ်ထံ တောက်ပသောအလင်းကို ယူဆောင်လာရန် ဘုရားသခင်သည် နေကိုဖန်ဆင်းခဲ့ပြီး ဤအလင်းကို ကိုင်တွယ်စီရင်ခြင်းလည်းပြုခဲ့၏။ နေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ၎င်းကိုထားရစ်ခဲ့ပြီး လျစ်လျူရှုခြင်းသာပြုခဲ့သည် မဟုတ်ပေ။ “လူသား၏မျက်လုံးများက ယင်းကို ခံနိုင်လျှင်ကော မည်သူဂရုစိုက်သနည်း။” ဘုရားသခင်သည် အမှုအရာများကို ဤကဲ့သို့မပြုပေ။ သူသည် အမှုအရာများကို အလွန်လိမ္မာပါးနပ်စွာ လုပ်ဆောင်ပြီး ကဏ္ဍအားလုံးကို သုံးသပ်ဆင်ခြင်၏။ လူသားမျိုးနွယ်မြင်နိုင်ရန်အတွက် ဘုရားသခင်သည် ၎င်းတို့အား မျက်လုံးများပေးခဲ့သည်၊ သို့သော်လည်း ၎င်းတို့အနေဖြင့် မည်သည့်တောက်ပမှုအတိုင်းအတာအောက်၌ မြင်နိုင်သည်ကိုလည်း ဘုရားသခင်ပြင်ဆင်ခဲ့၏။ အလင်းအလုံအလောက်မရှိလျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။ အလွန်မှောင်လွန်း၍ လူတို့သည် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏လက်ကို မမြင်နိုင်ပါက ၎င်းတို့မျက်လုံးများ၏ အသုံးဝင်မှုသည် ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး အချည်းနှီးဖြစ်သွားပေလိမ့်မည်။ တောက်ပလွန်းသည့် နေရာတစ်ခုသည် လူ့မျက်လုံးများအတွက် မခံမရပ်နိုင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူတို့အနေဖြင့် မည်သည့်အရာကိုမျှ မြင်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်တွင် လူ့မျက်လုံးများနှင့် သင့်တော်သည့် အလင်းပမဏကို ဘုရားသခင်က ပေးထားခဲ့ခြင်းဖြစ်၏။ ဤအလင်းသည် လူတို့၏မျက်လုံးများကို အနာတရဖြစ်စေခြင်း၊ သို့မဟုတ် ထိခိုက်ဖျက်ဆီးခြင်း ပြုလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ယင်းသည် လူတို့မျက်လုံးများ၏ အသုံးဝင်မှုကို ဆုံးရှုံးသွားအောင် ပြုလုပ်လိမ့်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် နေနှင့်ကမ္ဘာပတ်ပတ်လည်တွင် တိမ်တိုက်များကို ထည့်ထားခြင်းဖြစ်ပြီး လေ၏သိပ်သည်းမှုသည်လည်း လူတို့၏မျက်လုံးများ၊ သို့မဟုတ် အရေပြားတို့ကို အနာတရဖြစ်စေနိုင်သည့် အလင်းကို သာမန်အားဖြင့် စစ်ထုတ်လိုက်နိုင်သည်။ ယင်းသည် အပြန်အလှန် ဆက်စပ်နှီးနွှယ်နေသည်။ ထို့အပြင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အလင်းအမျိုးမျိုးကို ရောင်ပြန်ဟပ်၍ လူ၏မျက်လုံးများကို အနေရခက်စေသော အလင်းရှိတောက်ပမှုအပိုင်းကို ဖယ်ရှားပစ်၏။ ဤနည်းအားဖြင့် လူတို့သည် အပြင်တွင် ဟိုဟိုသည်သည် လျှောက်သွားနိုင်ရန်နှင့် ၎င်းတို့၏ဘဝများကို လုပ်ကိုင်နိုင်ရန် အလွန်မည်းနက်သော နေကာမျက်မှန်များကို အစဉ်တပ်ဆင်ထားရန် မလိုပေ။ သာမန်အခြေအနေများအောက်တွင် လူ့မျက်လုံးများသည် ၎င်းတို့၏မြင်ကွင်းအတွင်းမှ အရာများကိုမြင်နိုင်ပြီး အလင်း၏နှောင့်ယှက်ခြင်းကို ခံရမည်မဟုတ်ပေ။ အတိအကျဆိုလျှင် ဤအလင်းသည် လွန်စွာစူးရှလွန်းခြင်း၊ သို့မဟုတ် မှိန်လွန်းခြင်း ဖြစ်၍မရပေ၊ မှိန်လွန်းပါက လူတို့၏မျက်လုံးများသည် ထိခိုက်ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏မျက်လုံးများကို ကြာကြာသုံး၍ မရသေးမီတွင်ပင် ၎င်းတို့၏လုပ်ဆောင်မှုက ရပ်ဆိုင်းသွားပေလိမ့်မည်၊ လင်းလွန်းပါက လူတို့၏မျက်လုံးများသည် ခံနိုင်မည်မဟုတ်ဘဲ အနှစ် ၃၀၊ ၄၀ အတွင်း၊ သို့မဟုတ် အနှစ် ၄၀၊ ၅၀ အတွင်းတွင် ၎င်းတို့၏မျက်လုံးများက အသုံးပြု၍ ရတော့မည် မဟုတ်ချေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဤအလင်းသည် လူ့မျက်လုံးများအတွက် မြင်နိုင်ရန်သင့်တော်ပြီး၊ အလင်းအားဖြင့် လူ့မျက်လုံးထိခိုက်ခြင်းကို ဘုရားသခင်က နည်းလမ်းမျိုးစုံဖြင့် လျော့နည်းစေခဲ့သည်။ အလင်းသည် လူ့မျက်လုံးများကို အကျိုးပြုသည်ဖြစ်စေ၊ ချွတ်ယွင်းစေသည်ဖြစ်စေ ယင်းသည် လူတို့၏မျက်လုံးများကို ၎င်းတို့၏အသက်တာ ကုန်ဆုံးသည်အထိ တာရှည်ခံစေရန် လုံလောက်သည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် မာရ်နတ်ဖြစ်သည့် စာတန်သည် အမှုအရာများကို ပြုလုပ်သည့်အခါ ဤအရာတစ်ခုကိုမျှ မည်သည့်အခါမျှ ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ အလင်းသည် လင်းလွန်းသည်၊ သို့မဟုတ် မှောင်လွန်းသည်။ ယင်းမှာ အမှုအရာများကို စာတန်လုပ်ဆောင်ပုံဖြစ်သည်။
တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသားများအတွက် ပုံမှန်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်တွင် ရှိရမည့်အရာတစ်ခုဖြစ်၏။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူကိုင်တွယ်ဖြေရှင်းခဲ့ရသည့် အရာတစ်ခုလည်းဖြစ်၏။ ယင်းသည် ဘုရားသခင်အတွက်၊ ထို့ပြင် လူတိုင်းအတွက်လည်း အလွန်အရေးကြီးသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်ကသာ ယင်းကို ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိပါက ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်ရေးအတွက် ကြီးမားသော အတားအဆီးတစ်ရပ် ဖြစ်ခဲ့ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားမျိုးနွယ်အနေဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့် အတိုင်းအတာအထိ ယင်းသည် လူသား၏ခန္ဓာကိုယ်နှင့် အသက်အပေါ် အလွန်ကြီးမားသည့် သက်ရောက်မှုတစ်ရပ် ရှိခဲ့ပေလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ဟုလည်း ပြောနိုင်သည်။ ဤတော့ကား ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းသည် အသံဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ နေထိုင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် လှုပ်ရှားသွားလာလျက် နေထိုင်နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီ၏ ဖြစ်တည်မှုသည် တန်ဖိုးရှိ၍ အဓိပ္ပာယ်ရှိ၏။ အတိအကျပြောရလျှင် ၎င်းတို့အားလုံးတွင် ၎င်းတို့၏ဖြစ်တည်မှုနောက်ကွယ်၌ မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ရှိ၏။ ဘုရားသခင်၏အမြင်တွင် အရာတစ်ခုစီတိုင်း၌ အသက်ရှိ၏၊ ယင်းတို့အားလုံးသည် အသက်ရှင်နေသောကြောင့် ၎င်းတို့သည် အသံများထွက်ကြပေမည်။ ဥပမာ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည်လည်း စဉ်ဆက်မပြတ် လည်နေ၏၊ ထို့အပြင် လသည်လည်း စဉ်ဆက်မပြတ် လည်နေပေသည်။ အရာခပ်သိမ်းတို့၏ မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းများနှင့် လှုပ်ရှားမှုများ၌ အသံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် လှုပ်ရှားလျက် ရှိကြသည်။ ဥပမာ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားလျက်နေခိုက် ပင်လယ်များ၏ နက်ရှိုင်းသောနေရာများ၌ သက်ရှိသတ္တဝါခပ်သိမ်းသည် လှုပ်ရှားနေလျက် ကူးခပ်နေကြ၏။ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိများသည်၊ အရာခပ်သိမ်းတို့သည် စဉ်ဆက်မပြတ် သာမန်အားဖြင့် ပုံမှန်ရွေ့လျားနေကြသည်။ ထို့သို့ဖြစ်လျှင် ဤအရာများ၏ ပုန်းလျှိုးကွယ်လျှိုး မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ရွေ့လျားမှုများက အဘယ်အရာတို့ကို ဖြစ်ပေါ်စေသနည်း။ အားကောင်းသော အသံများပင်ဖြစ်သည်။ ကမ္ဘာမြေကြီးအပြင် ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားနေကာ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ တစ်နည်းအားဖြင့်ဆိုသော် သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ တစ်ချိန်တည်းမှာပင် အသံများကိုလည်း ပြုလုပ်နေကြ၏။ ဘုရားသခင်သည် ဤအသံများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ဤအသံများအား ကိုင်တွယ်ဖြေရှင်းရသည့် အကြောင်းရင်းကို သင်တို့သိသင့်သည်၊ ဟုတ်သလော။ လေယာဉ်ပျံတစ်စင်းအနားသို့ သင်ကပ်သွားသောအခါ ထိုလေယာဉ်ပျံ၏ မြည်ဟိန်းနေသောအသံက သင့်ကိုမည်သို့ဖြစ်သွားစေမည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ သင့်နားများ ထိုင်းသွားလိမ့်မည်။ ယင်းကို သင်တို့၏နှလုံးသားများက တောင့်ခံနိုင်မည်လော။ နှလုံးပိုအားနည်းသူအချို့သည် ယင်းကို ခံနိုင်မည်မဟုတ်ပေ။ နှလုံးသန်မာသူများပင်လျှင် အလွန်ကြာမြင့်စွာ ဤသို့ဖြစ်ပါက ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ မှန်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နားများအပေါ်ဖြစ်စေ၊ နှလုံးအပေါ်ဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူတစ်ဦးစီတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသောအသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်း၍ ၎င်းတို့ ပုံမှန်စတင်လုပ်ကိုင်ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် ပြုပြင်စီရင်မှုတစ်ရပ်ကို ခံယူစေ၏။ ယင်းသည် လူသားမျိုးနွယ်အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင်ပြုခဲ့သည့် လိုအပ်သော ထည့်သွင်းစဉ်းစားချက်များထဲမှ တစ်ခုလည်းဖြစ်သည်။
|
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|