ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ရပ်၌ ရှိနေရမည့် အရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဆိုကြပါစို့၊ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်းအားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ၎င်းတို့အသက်ရှရသည်မှာ လွန်စွာခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်းကျဆင်းပြီး အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်သို့ ရောက်နေလျှင်ကော အသို့နည်း။ လူသားတို့သည် ၎င်းကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန်အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အခြေခံအားဖြင့် အနုတ် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်၏။ ယင်းသည် မြောက်မှတောင်အထိ အခြေခံအပူချိန်အတိုင်းအတာဖြစ်၏။ အေးသောဒေသများတွင် အပူချိန်များသည် အနုတ် ၅၀ မှ ၆၀ ဒီဂရီစင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသသည် ဘုရားသခင်က လူသားကို နေထိုင်အသက်ရှင်ခွင့် ပြုထားသော နေရာတစ်ခုမဟုတ်ပေ။ ထိုသို့အေးသောဒေသများ အဘယ်ကြောင့်ရှိနေသနည်း။ ဤအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်မပြုပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသောနေရာများကို ကာကွယ်ထား၏၊ ထိုနေရာများ၌ လူသားကို နေခွင့်ပြုရန် သူမပြင်ဆင်ထားဟု ဆိုလိုသည်။ ယင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ပေ။ သူ့အနေဖြင့် ထိုကဲ့သို့သောနေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ထိုနေရာများ၌ ရှင်သန်နေထိုင်ရန်၊ သို့မဟုတ် တည်ရှိရန် ခွင့်မပြုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာသည် ထိုနေရာ၌ရှိ၏။ တစ်နည်းအားဖြင့်ဆိုသော် လူသားအသက်ရှင်နေထိုင်ရန်အတွက် ပတ်ဝန်းကျင်၏ အခြေခံအပူချိန်ကိုလည်း ဘုရားသခင်က အတန်အသင့် ကိုက်ညှိခဲ့၏။ ဤနေရာ၌ နိယာမတစ်ရပ်လည်း ရှိပေသည်။ ထိုကဲ့သို့သော အပူချိန်တစ်ရပ်ကို ထိန်းသိမ်းထားရေးအတွက်၊ ဤအပူချိန်ကို ထိန်းချုပ်ရေးအတွက် အထောက်အကူပြုရန် ဘုရားသခင်သည် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ဤအပူချိန်ကို ထိန်းသိမ်းထားရန် မည်သည့်အရာများကို အသုံးပြုထားသနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ်ပေးနိုင်သည်၊ သို့သော် ပူနွေးလွန်းပါက လူတို့သည် ခံနိုင်ရည်ရှိမည်လော။ နေအနီးသို့ ချဉ်းကပ်ရဲသူ တစ်စုံတစ်ဦးရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ပူလွန်းသောကြောင့်တည်း။ နေအနီးသို့ ချဉ်းကပ်သည့်အခါ ယင်းသည် အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ နေ၏အကွာအဝေးကို တိတိကျကျ တိုင်းတာချက်တစ်ရပ် ပြုလုပ်ခဲ့သည်၊ အထူးအမှုတစ်ရပ်ကို သူပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၌ ဤအကွာအဝေးအတွက် စံနှုန်းတစ်ရပ်ရှိသည်။ ကမ္ဘာ၏တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့လည်း ရှိသေး၏။ ထိုအရပ်၌ အားလုံးသည် ရေခဲမြစ်များဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်များပေါ်တွင် နေနိုင်သလော။ ယင်းသည် လူသားနေထိုင်ရန်အတွက် သင့်တော်သလော။ (မသင့်တော်ပါ။) မသင့်တော်၊ ထို့ကြောင့် လူတို့အနေဖြင့် ထိုနေရာသို့ မသွားပေ။ လူတို့က တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားသဖြင့် ရေခဲမြစ်များကို ထိန်းသိမ်းပြီးသား ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်းတည်းဟူသော ၎င်းတို့၏အခန်းကဏ္ဍကို ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိဘဲ နေသည်လည်း ကမ္ဘာပေါ်တွင် အစဉ်တောက်ပနေပါက ကမ္ဘာပေါ်ရှိ လူအားလုံးသည် အပူဒဏ်ကြောင့် သေဆုံးကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားအသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သောအပူချိန်တစ်ရပ်ကို ထိန်းထားရန် ဤအရာနှစ်ခုကိုသာ အသုံးပြုသလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ တောအုပ်များထဲ၌ ရှိကြကုန်သော သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် အပင်အမျိုးအစားအားလုံး စသည့်သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးရန် ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူ၍ နေ၏အပူစွမ်းအင်ကို ပေါင်းစပ်ဖန်တီး၏။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ၏ မျက်နှာပြင်ဧရိယာသည် မည်သူမဆို သတ်မှတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်၊ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လားရာ၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေနှင့် လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအပါအဝင် ဤရေအရင်းမြစ်အမျိုးမျိုးသည်လည်း လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ထို့အပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေအရပ်များကဲ့သို့ ပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုးလည်း ရှိသေး၏၊ ဤပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုး၊ ၎င်းတို့၏ မျက်နှာပြင်ဧရိယာများနှင့် အရွယ်အစားများသည် အပူချိန်ကို ထိန်းညှိပေးရာ၌ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ကြသည်။ ဥပမာ ဤတောင်သည် အချင်းဝက် ကီလိုမီတာ ၁၀ဝ ရှိပါက၊ ဤကီလိုမီတာ ၁၀ဝ တွင် ကီလိုမီတာ ၁၀ဝ အကျိုးသက်ရောက်မှုတစ်ရပ် ရှိလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင်ဖန်ဆင်းခဲ့သနည်းဟူသည်နှင့် ပတ်သက်၍မူ ယင်းသည် ဘုရားသခင်က သေသေချာချာ ဆင်ခြင်သုံးသပ်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်ရှိပြီး ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များလည်း ပါရှိသည်။ ဆိုကြပါစို့၊ ဥပမာအနေဖြင့် သစ်တောများနှင့် သဘာဝပေါက်ပင်အမျိုးမျိုး၊ ၎င်းတို့ပေါက်ရောက်သည့် မျက်နှာပြင်ဧရိယာနှင့် နေရာအရွယ်အစားကို မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ ဤအရာများအပေါ် မည်သည့်လူသားကမျှ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိပေ။ ၎င်းတို့ ရေမည်မျှစုပ်ယူသည်၊ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှစုပ်ယူသည်တို့ကိုလည်း မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာအားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် ပိုင်နက်အတွင်းတွင် ရှိကြ၏။ ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာသော စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းနှင့် စီမံမှုများကြောင့်သာ လူသားသည် ဤကဲ့သို့ သင့်တော်သည့်အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ်တွင် နေနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် နေမင်း၊ လူတို့မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းအပြင် မြေပေါ်မြေအောက်နှင့် ရေထဲတွင်ရှိကြသော သက်ရှိအရာအမျိုးမျိုးအပါအဝင်၊ သစ်တောများနှင့် အခြားသောသဘာဝပေါက်ပင်များ၏ မျက်နှာပြင်ဧရိယာများ၊ ရေအရင်းအမြစ်များ၊ ရေအစုအဝေးအမျိုးမျိုး၊ ရေချိုရေငန်မည်မျှရှိသည်၊ ထို့အပြင် ပထဝီဝင်ပတ်ဝန်းကျင်အမျိုးမျိုးစသည့် လူသားအနေဖြင့် မိမိ၏မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်းကို လူသားအသက်ရှင်နေထိုင်နိုင်ရေးအတွက် သာမန်အပူချိန်များကို ထိန်းသိမ်းနိုင်ရန် ဘုရားသခင်အသုံးပြု၏။ ယင်းသည် အကြွင်းမဲ့ဖြစ်၏။ ဘုရားသခင်၌ ဤသို့သော ဆင်ခြင်သုံးသပ်မှုများရှိ၍သာ လူသားသည် ဤကဲ့သို့သော သင့်တော်သော အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် နေနိုင်ခြင်းဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရသကဲ့သို့ ပူလွန်း၍လည်း မရပေ၊ ပူလွန်းသောအရပ်များနှင့် လူ၏ကိုယ်ခန္ဓာမှ အလိုက်သင့်ညှိပြောင်းနိုင်သည့် အပူချိန်များထက် ကျော်လွန်သည့်နေရာများသည် သင့်အတွက် ဘုရားသခင်က ပြင်ဆင်ပေးထားခြင်း ဧကန်မဟုတ်ပေ။ အေးလွန်းသောနေရာများနှင့် အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားရောက်သည်နှင့် မိနစ်အနည်းငယ်အတွင်း ၎င်းတို့ကို အေးခဲစေလွန်းသဖြင့် ၎င်းတို့အနေနှင့် စကားပင်မပြောနိုင်၊ ဦးနှောက်များ အေးခဲသွားပြီး စဉ်းစားတွေးခေါ်၍မရဘဲ မကြာမီပင် အသက်ရှူကျပ်သွားမည့် နေရာများဖြစ်သည့် ထိုနေရာများသည်လည်း လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ထားသော နေရာများမဟုတ်ပေ။ လူတို့အနေဖြင့် မည်ကဲ့သို့သောသုတေသနကို ပြုလုပ်လိုသည်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့ဆန်းသစ်တီထွင်လိုသည်ဖြစ်စေ၊ သို့မဟုတ် ထိုသို့သောကန့်သတ်ချက်များကို ထိုးဖောက်ထွက်လိုသည်ဖြစ်စေ၊ လူတို့အနေဖြင့် မည်သည့်အရာကို စဉ်းစားတွေးဆသည်ဖြစ်စေ ၎င်းတို့သည် လူ့ခန္ဓာကိုယ်က အလိုက်သင့်ညှိပြောင်းနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သည့်အပြင် လူ့ခန္ဓာကိုယ်သည် မည်သည့်အပူချိန်များနှင့် အလိုက်သင့် ညှိပြောင်းနိုင်သည်ကို ဘုရားသခင်အသိဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားတို့ကိုယ်တိုင်ကမူ မသိကြပေ။ လူတို့က မသိကြဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာမျိုးများကို လူတို့က ပြုခဲ့ကြသနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို အစဉ်စိန်ခေါ်လိုသော လူအတော်များများရှိခဲ့သည် မဟုတ်လော။ ၎င်းတို့သည် ထိုနယ်မြေ၌ အခြေချ၍ ထိုနယ်မြေကို ဖွံ့ဖြိုးအောင် တည်ဆောက်ပြုပြင်နိုင်ရန်အတွက် ၎င်းကိုသိမ်းပိုက်ရန် အစဉ်သွားလိုကြသည်။ ယင်းမှာ မိမိကိုယ်ကိုဖျက်ဆီးသည့် လုပ်ရပ်တစ်ခုပင် မဟုတ်လော။ သင်သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့အကြောင်းကို စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီးပြီဟု ဆိုပါစို့။ သင်သည် ထိုကဲ့သို့သော အပူချိန်များနှင့် အလိုက်သင့်ညှိပြောင်းနိုင်၍ ထိုနေရာ၌နေနိုင်ကာ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ ရှင်သန်နေထိုင်မှုပတ်ဝန်းကျင်ကို “တိုးတက်ကောင်းမွန်” စေနိုင်သော်လည်း ယင်းသည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းရှိ ရေခဲအားလုံး အရည်ပျော်သွားပါက သင်ပျော်ရွှင်မည်လော။ ယင်းသည် မယုံနိုင်စရာကြီးပင်ဖြစ်သည်။ အဓိပ္ပာယ်မရှိသော လုပ်ရပ်တစ်ခုတည်း။ လူသားမျိုးနွယ်၌ ၎င်းတို့အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်ရှိ၏၊ သို့သော် ၎င်းတို့သည် ဤနေရာ၌ တိတ်ဆိတ်စွာနှင့် အသိစိတ်ရှိရှိ တာဝန်သိသိဖြင့် မနေနိုင်သည့်အပြင် ၎င်းတို့အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့်နေရာသို့ သွားကြရ၏။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ၎င်းတို့သည် သင့်တော်သော ဤအပူချိန်၌ နေထိုင်နေခြင်းကို ငြီးငွေ့၏။ ကောင်းချီးမင်္ဂလာများစွာကို ၎င်းတို့ခံစားထားကြရပြီးဖြစ်သည်။ ထို့အပြင် ဤပုံမှန်ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်သည် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို အတော်ပင်ခံခဲ့ရပြီးဖြစ်သဖြင့် ၎င်းတို့သည် နောက်ထပ်ဖျက်ဆီးခြင်းများ ပြုလုပ်ရန်၊ သို့မဟုတ် ၎င်းတို့သည် “ရှေ့ဆောင်သူ” တစ်မျိုးမျိုးဖြစ်နိုင်ရေးအတွက် “အရေးကိစ္စ” တစ်ခုခုတွင် ပါဝင်ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ သွားလိုက်သည်ကပင် ကောင်းမည်။ ယင်းသည် မမိုက်မဲပေဘူးလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ၎င်းတို့၏ဘိုးဘေးဖြစ်သူ စာတန်၏ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မရှိသည့်အရာကို တစ်ခုပြီးတစ်ခု ဆက်၍လုပ်နေကာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းထားသည့် ဤလှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့သက်သက် ဖျက်ဆီးနေကြ၏။ ယင်းမှာ စာတန်ပြုခဲ့သည့်အရာဖြစ်၏။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ အသက်ရှင်မှုအပေါ် အန္တရာယ်အနည်းငယ်ကျလာသည်ကို မြင်သောအခါ လူအတော်များများသည် လပေါ်တွင် သွားရောက်နေထိုင်ရန် နည်းလမ်းများ ရှာလိုကြ၏၊ ထိုနေရာ၌ ၎င်းတို့နေထိုင်နိုင်ခြင်းရှိမရှိကို ကြည့်ခြင်းဖြင့် ထွက်ပေါက်ရှာလိုကြ၏။ အဆုံးမှာတော့ လပေါ်၌ အောက်စီဂျင်က ရှိမနေပေ။ လူတို့သည် အောက်စီဂျင်မရှိဘဲ အသက်ရှင်နိုင်သလော။ လသည် အောက်စီဂျင်ကင်းမဲ့သဖြင့် လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့တိုင်အောင် လူသားသည် ထိုနေရာသို့ သွားချင်လျက်သာ ရှိနေ၏။ ဤသည်မှာ အဘယ်နည်း။ မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြစ်သည်၊ ဟုတ်သလော။ ယင်းသည် လေမရှိသော နေရာတစ်ခုဖြစ်၏၊ ထို့အပြင် အပူချိန်သည် လူသားအသက်ရှင်ရန် မသင့်တော်ပေ၊ ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင်ပြင်ဆင်ပေးထားခြင်း မဟုတ်ပေ။ ငါတို့ခုလေးတင်ပြောခဲ့သည့် အပူချိန်သည် လူတို့အနေဖြင့် ၎င်းတို့၏နေ့စဉ်အသက်တာများတွင် ကြုံတွေ့နိုင်သည့် အရာတစ်ခုဖြစ်သည်။ “ယနေ့ ရာသီဥတုအတော်ကောင်းသည်၊ ၂၃ ဒီဂရီ စင်တီဂရိတ်ရှိ၏။ ရာသီဥတုကလည်း သာယာ၊ မိုးကောင်းကင်ကလည်း ကြည်လင်နေပြီး လေကလည်း လန်းဆန်းစေ၏။ လေကောင်းလေသန့်ကို ရှူသွင်းလိုက်ပါ။ နေသာနေသည်။ နေရောင်အောက်မှာ အကြောဆန့်လိုက်ပါဦး။ ငါစိတ်ကောင်းဝင်နေသည်။” သို့မဟုတ် “ယနေ့ရာသီဥတုက သိပ်အေးလှသည်။ သင့်လက်ကို ဆန့်ထုတ်ကြည့်လိုက်လျှင် ချက်ချင်းပင် အေးခဲသွားလိမ့်မည်။ အလွန့်အလွန်အေးသည်၊ ထို့ကြောင့် ဤမျှကြာအောင် အပြင်၌ မနေနှင့်။ မြန်မြန်ပြန်လာပါ၊ အေးခဲမသွားစေနှင့်။” အပူချိန်သည် လူ့ကိုယ်ခန္ဓာအားလုံးက အာရုံခံစားနိုင်သည့် အရာတစ်ခုဖြစ်သော်လည်း ဤအပူချိန် မည်သို့ဖြစ်ပေါ်လာသည်ကိုလည်းကောင်း၊ လူတို့နေထိုင်အသက်ရှင်မှုအတွက် သင့်တော်သည့် ဤအပူချိန်ကို မည်သူက တာဝန်ယူထားပြီး မည်သူက ထိန်းချုပ်ထားသည်ကို မည်သူကမျှ မစဉ်းစားကြပေ။ ဤသည်မှာ ငါတို့ယခု သိကျွမ်းလာနေသည့်အရာဖြစ်သည်။ ဤအရာအတွင်း၌ ဘုရားသခင်၏ဉာဏ်ပညာ ရှိသလော။ ဤအရာအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်ချက် ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူတို့နေထိုင်အသက်ရှင်မှုအတွက် သင့်တော်သည့် အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့သည်ကို ထောက်ရှုကြည့်သော် ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်က ထောက်ပံ့ပေးသည့် နည်းလမ်းတစ်ရပ်ဟုတ်သလော။ (ဟုတ်ပါသည်။) ဟုတ်သည်။
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|