တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသားများအတွက် ပုံမှန်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်တွင် ရှိရမည့်အရာတစ်ခုဖြစ်၏။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူကိုင်တွယ်ဖြေရှင်းခဲ့ရသည့် အရာတစ်ခုလည်းဖြစ်၏။ ယင်းသည် ဘုရားသခင်အတွက်၊ ထို့ပြင် လူတိုင်းအတွက်လည်း အလွန်အရေးကြီးသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်ကသာ ယင်းကို ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိပါက ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်ရေးအတွက် ကြီးမားသော အတားအဆီးတစ်ရပ် ဖြစ်ခဲ့ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားမျိုးနွယ်အနေဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့် အတိုင်းအတာအထိ ယင်းသည် လူသား၏ခန္ဓာကိုယ်နှင့် အသက်အပေါ် အလွန်ကြီးမားသည့် သက်ရောက်မှုတစ်ရပ် ရှိခဲ့ပေလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ဟုလည်း ပြောနိုင်သည်။ ဤတော့ကား ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းသည် အသံဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ နေထိုင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် လှုပ်ရှားသွားလာလျက် နေထိုင်နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီ၏ ဖြစ်တည်မှုသည် တန်ဖိုးရှိ၍ အဓိပ္ပာယ်ရှိ၏။ အတိအကျပြောရလျှင် ၎င်းတို့အားလုံးတွင် ၎င်းတို့၏ဖြစ်တည်မှုနောက်ကွယ်၌ မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ရှိ၏။ ဘုရားသခင်၏အမြင်တွင် အရာတစ်ခုစီတိုင်း၌ အသက်ရှိ၏၊ ယင်းတို့အားလုံးသည် အသက်ရှင်နေသောကြောင့် ၎င်းတို့သည် အသံများထွက်ကြပေမည်။ ဥပမာ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည်လည်း စဉ်ဆက်မပြတ် လည်နေ၏၊ ထို့အပြင် လသည်လည်း စဉ်ဆက်မပြတ် လည်နေပေသည်။ အရာခပ်သိမ်းတို့၏ မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းများနှင့် လှုပ်ရှားမှုများ၌ အသံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် လှုပ်ရှားလျက် ရှိကြသည်။ ဥပမာ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားလျက်နေခိုက် ပင်လယ်များ၏ နက်ရှိုင်းသောနေရာများ၌ သက်ရှိသတ္တဝါခပ်သိမ်းသည် လှုပ်ရှားနေလျက် ကူးခပ်နေကြ၏။ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိများသည်၊ အရာခပ်သိမ်းတို့သည် စဉ်ဆက်မပြတ် သာမန်အားဖြင့် ပုံမှန်ရွေ့လျားနေကြသည်။ ထို့သို့ဖြစ်လျှင် ဤအရာများ၏ ပုန်းလျှိုးကွယ်လျှိုး မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ရွေ့လျားမှုများက အဘယ်အရာတို့ကို ဖြစ်ပေါ်စေသနည်း။ အားကောင်းသော အသံများပင်ဖြစ်သည်။ ကမ္ဘာမြေကြီးအပြင် ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားနေကာ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ တစ်နည်းအားဖြင့်ဆိုသော် သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ တစ်ချိန်တည်းမှာပင် အသံများကိုလည်း ပြုလုပ်နေကြ၏။ ဘုရားသခင်သည် ဤအသံများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ဤအသံများအား ကိုင်တွယ်ဖြေရှင်းရသည့် အကြောင်းရင်းကို သင်တို့သိသင့်သည်၊ ဟုတ်သလော။ လေယာဉ်ပျံတစ်စင်းအနားသို့ သင်ကပ်သွားသောအခါ ထိုလေယာဉ်ပျံ၏ မြည်ဟိန်းနေသောအသံက သင့်ကိုမည်သို့ဖြစ်သွားစေမည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ သင့်နားများ ထိုင်းသွားလိမ့်မည်။ ယင်းကို သင်တို့၏နှလုံးသားများက တောင့်ခံနိုင်မည်လော။ နှလုံးပိုအားနည်းသူအချို့သည် ယင်းကို ခံနိုင်မည်မဟုတ်ပေ။ နှလုံးသန်မာသူများပင်လျှင် အလွန်ကြာမြင့်စွာ ဤသို့ဖြစ်ပါက ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ မှန်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နားများအပေါ်ဖြစ်စေ၊ နှလုံးအပေါ်ဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူတစ်ဦးစီတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသောအသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်း၍ ၎င်းတို့ ပုံမှန်စတင်လုပ်ကိုင်ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် ပြုပြင်စီရင်မှုတစ်ရပ်ကို ခံယူစေ၏။ ယင်းသည် လူသားမျိုးနွယ်အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင်ပြုခဲ့သည့် လိုအပ်သော ထည့်သွင်းစဉ်းစားချက်များထဲမှ တစ်ခုလည်းဖြစ်သည်။
0 Comments
|
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|