တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသားများအတွက် ပုံမှန်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်တွင် ရှိရမည့်အရာတစ်ခုဖြစ်၏။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူကိုင်တွယ်ဖြေရှင်းခဲ့ရသည့် အရာတစ်ခုလည်းဖြစ်၏။ ယင်းသည် ဘုရားသခင်အတွက်၊ ထို့ပြင် လူတိုင်းအတွက်လည်း အလွန်အရေးကြီးသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်ကသာ ယင်းကို ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိပါက ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်ရေးအတွက် ကြီးမားသော အတားအဆီးတစ်ရပ် ဖြစ်ခဲ့ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားမျိုးနွယ်အနေဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့် အတိုင်းအတာအထိ ယင်းသည် လူသား၏ခန္ဓာကိုယ်နှင့် အသက်အပေါ် အလွန်ကြီးမားသည့် သက်ရောက်မှုတစ်ရပ် ရှိခဲ့ပေလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ဟုလည်း ပြောနိုင်သည်။ ဤတော့ကား ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းသည် အသံဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ နေထိုင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် လှုပ်ရှားသွားလာလျက် နေထိုင်နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီ၏ ဖြစ်တည်မှုသည် တန်ဖိုးရှိ၍ အဓိပ္ပာယ်ရှိ၏။ အတိအကျပြောရလျှင် ၎င်းတို့အားလုံးတွင် ၎င်းတို့၏ဖြစ်တည်မှုနောက်ကွယ်၌ မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ရှိ၏။ ဘုရားသခင်၏အမြင်တွင် အရာတစ်ခုစီတိုင်း၌ အသက်ရှိ၏၊ ယင်းတို့အားလုံးသည် အသက်ရှင်နေသောကြောင့် ၎င်းတို့သည် အသံများထွက်ကြပေမည်။ ဥပမာ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည်လည်း စဉ်ဆက်မပြတ် လည်နေ၏၊ ထို့အပြင် လသည်လည်း စဉ်ဆက်မပြတ် လည်နေပေသည်။ အရာခပ်သိမ်းတို့၏ မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းများနှင့် လှုပ်ရှားမှုများ၌ အသံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် လှုပ်ရှားလျက် ရှိကြသည်။ ဥပမာ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားလျက်နေခိုက် ပင်လယ်များ၏ နက်ရှိုင်းသောနေရာများ၌ သက်ရှိသတ္တဝါခပ်သိမ်းသည် လှုပ်ရှားနေလျက် ကူးခပ်နေကြ၏။ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိများသည်၊ အရာခပ်သိမ်းတို့သည် စဉ်ဆက်မပြတ် သာမန်အားဖြင့် ပုံမှန်ရွေ့လျားနေကြသည်။ ထို့သို့ဖြစ်လျှင် ဤအရာများ၏ ပုန်းလျှိုးကွယ်လျှိုး မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ရွေ့လျားမှုများက အဘယ်အရာတို့ကို ဖြစ်ပေါ်စေသနည်း။ အားကောင်းသော အသံများပင်ဖြစ်သည်။ ကမ္ဘာမြေကြီးအပြင် ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားနေကာ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ တစ်နည်းအားဖြင့်ဆိုသော် သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ တစ်ချိန်တည်းမှာပင် အသံများကိုလည်း ပြုလုပ်နေကြ၏။ ဘုရားသခင်သည် ဤအသံများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ဤအသံများအား ကိုင်တွယ်ဖြေရှင်းရသည့် အကြောင်းရင်းကို သင်တို့သိသင့်သည်၊ ဟုတ်သလော။ လေယာဉ်ပျံတစ်စင်းအနားသို့ သင်ကပ်သွားသောအခါ ထိုလေယာဉ်ပျံ၏ မြည်ဟိန်းနေသောအသံက သင့်ကိုမည်သို့ဖြစ်သွားစေမည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ သင့်နားများ ထိုင်းသွားလိမ့်မည်။ ယင်းကို သင်တို့၏နှလုံးသားများက တောင့်ခံနိုင်မည်လော။ နှလုံးပိုအားနည်းသူအချို့သည် ယင်းကို ခံနိုင်မည်မဟုတ်ပေ။ နှလုံးသန်မာသူများပင်လျှင် အလွန်ကြာမြင့်စွာ ဤသို့ဖြစ်ပါက ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ မှန်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နားများအပေါ်ဖြစ်စေ၊ နှလုံးအပေါ်ဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူတစ်ဦးစီတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသောအသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်း၍ ၎င်းတို့ ပုံမှန်စတင်လုပ်ကိုင်ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် ပြုပြင်စီရင်မှုတစ်ရပ်ကို ခံယူစေ၏။ ယင်းသည် လူသားမျိုးနွယ်အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင်ပြုခဲ့သည့် လိုအပ်သော ထည့်သွင်းစဉ်းစားချက်များထဲမှ တစ်ခုလည်းဖြစ်သည်။ ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်မှ လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ထို့အပြင် မြေဆီလွှာထဲရှိ ဟာကွက်များ၏ အရွယ်အစားသည်လည်း အသံကို ခြယ်လှယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတို့၏ ပေါင်းစပ်မှုရှိပြီး ယင်းသည်လည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားတို့အနေဖြင့် ၎င်းတို့၏နားများနှင့် နှလုံးသားများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကိုဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုအပေါ် ကြီးမားသည့် အတားအဆီးဖြစ်လိမ့်မည်၊ ၎င်းတို့၏ဘဝများအပေါ် ကြီးမားသည့် ဒုက္ခဖြစ်စေလိမ့်မည်။ ယင်းသည် ၎င်းတို့အတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင်အမျိုးမျိုးကို ဖန်ဆင်းရာ၌ အလွန်အနုစိတ်ဂရုပြုခဲ့၏။ ယင်းတို့အားလုံး၌ ဘုရားသခင်၏ဉာဏ်ပညာ ပါဝင်နေသည်။ ဤအရာအပေါ် လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ။ ယင်းတို့အထဲတွင် ဘုရားသခင်၏လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်သာလို၏။ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် ဤအမှုသည် လိုအပ်ခဲ့သလော၊ ယခု သင်တို့ငါ့ကို ပြောလော့။ အတိအကျပြောရလျှင် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အလွန်တိကျစွာ လိုသလိုပုံသွင်းမှု ပြုလုပ်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှုသည် လိုအပ်ခဲ့ပါက ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ရန်အတွက် ဤကဲ့သို့သော နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့၏ဟု ဤရှုထောင့်မှနေ၍ ပြောနိုင်သလော။ လူ၏ကိုယ်ခန္ဓာသည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်၌ အနှောင့်အယှက်များ တစ်စုံတစ်ရာမရှိဘဲ သာမန်အတိုင်းပင် အသက်ရှင်နေနိုင်ရန်နှင့် လူသားမျိုးနွယ်အနေဖြင့် ပုံမှန်ဖြစ်တည်၍ အသက်ရှင်နေနိုင်ရန် ဘုရားသခင်သည် လူသားမျိုးနွယ်အား ဤကဲ့သို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ထောက်ပံ့ပေး၍ ဖန်ဆင်းပေးခဲ့၏။ ယင်းမှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့သည် နည်းလမ်းများအနက် တစ်ခုဟုတ်သလော။ ဘုရားသခင်ပြုလုပ်ခဲ့သော ယင်းအရာသည် အလွန်အရေးကြီးသလော။ (အရေးကြီးပါသည်။) ယင်းသည် အလွန်လိုအပ်ခဲ့၏။ ဤတော့ကား ယင်းကို သင်တို့ မည်သို့နားလည်သဘောပေါက်သနည်း။ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းကို သင်တို့မခံစားနိုင်ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင်မည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို သင်တို့မသိကြသော်လည်း ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်တို့ခံစား၍ ရသေးသလော။ ဘုရားသခင်၏ဉာဏ်ပညာ၊ သို့မဟုတ် သူမြှုပ်နှံခဲ့သည့် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်တို့ခံစား၍ရသလော။ (ခံစား၍ရပါသည်။) ယင်းကို ခံစား၍ရနေရုံသက်သက်သည်ပင် ကောင်း၏။ ယင်းသည် လုံလောက်၏။ လူတို့ မခံစားနိုင်၊ မမြင်နိုင်သော အရာအားလုံးအကြား ဘုရားသခင်ပြုလုပ်ခဲ့သည့် အရာများစွာရှိ၏။ ယင်းကို ဤနေရာ၌ ငါပြောနေခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့အား ဘုရားသခင်၏ လုပ်ဆောင်မှုများအကြောင်း အချက်အလက်အချို့ပေးရန်နှင့် သင်တို့အနေဖြင့် ဘုရားသခင်ကို သိလာနိုင်ရန်ဖြစ်၏။ ဤသဲလွန်စများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိစေပြီး နားလည်စေနိုင်သည်။
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|