အရာအားလုံးကို ထောက်ပံ့ရန် နှင့် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိန်းသိမ်းရန် တို့အတွက် ဘုရားသခင် သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် အမြော်အမြင်ရှိသည့်နည်းလမ်းတို့ကို အသုံးပြုသည် လူသား၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်နှင့် ဤပတ်ဝန်းကျင်အတွက် ဘုရားသခင်ပြုလုပ်၊ ပြင်ဆင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သော အရာအပြင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော အရာခပ်သိမ်းအကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်အပေါ် အရာခပ်သိမ်းမှ အန္တရာယ်ဖြစ်စေမှုကိုကာကွယ်ရန် ဤဆက်နွှယ်မှုများကို ဘုရားသခင်ကိုင်တွယ်ပုံအကြောင်း အစပိုင်းတွင် ငါတို့ပြောခဲ့ကြ၏။ ဘုရားသခင်သည် အရာခပ်သိမ်းကြောင့် ဖြစ်ပေါ်သည့် သဘာဝအင်အားစုများကြောင့် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကိုလည်း ဖြေရှင်းခဲ့ကာ အရာခပ်သိမ်း၏အသုံးဝင်မှုကို အမြင့်မားဆုံးဖြစ်စေလျက်၊ လူသားမျိုးနွယ်ထံ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်နှင့် အကျိုးရှိစေသည့် သဘာဝအင်အားစုများ ယူဆောင်လာ၍ လူသားမျိုးနွယ်အား ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်နှင့် လိုက်လျောညီထွေရှိအောင် ပြုပေးပြီး မျိုးပွားခြင်းနှင့် ဘဝအသက်တာသံသရာကို ပုံမှန်ဆက်လက်ဖြစ်စေသည်။ နောက်တစ်ခုမှာ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ နေ့စဉ်အစားအသောက်အကြောင်းဖြစ်သည်။ ယင်းသည်လည်း လူသားမျိုးနွယ် ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့ခန္ဓာကိုယ်သည် အသက်ရှူနေရုံမျှဖြင့် မရှင်သန်နိုင်ပေ၊ နေရောင်ခြည်၊ သို့မဟုတ် လေဖြင့်သာ၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုပေသည်။ ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်အရာများကိုလည်း ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုံးလုံးလျားလျား ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် လူသားမျိုးနွယ်၏အစာအတွက် အရင်းအမြစ်ဖြစ်သည်။ ကြွယ်ဝ၍ များပြားသော လူသားမျိုးနွယ်၏ အစားအသောက်၏အရင်းအမြစ်များဖြစ်သည့် ဤခြံထွက်ပစ္စည်းများကို မြင်ပြီးနောက် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းအတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က သစ်ပင်များနှင့် မြက်ကိုသာ ဖန်ဆင်းခဲ့ပါက၊ သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးကိုသာ ဖန်ဆင်းခဲ့ပါက၊ ယင်းသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များအားလုံးသည် ကျွဲနွားတိရစ္ဆာန်များနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက် ဖြစ်သော်လည်း (ဥပမာ ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားပြီး၊ ကျားများက သိုးသငယ်များနှင့် ဝက်များကို စားသည်) လူသားတို့စားရန် သင့်တော်သည့်အရာ တစ်စုံတစ်ခုမျှပင် မရှိပါက အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ ဖြစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် ဆက်လက်၍ အသက်ရှင်သန်နေနိုင်ခဲ့မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးအတွက် ပြင်ဆင်ခဲ့သော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက ရကောင်းရနိုင်သော်လည်း ရေရှည်ဆက်၍စားပါက လူ့အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်ဘဲ ၎င်းတို့သည် ကြာကြာခံမည်မဟုတ်ပေ။ ထို့အပြင် တိရစ္ဆာန်များစားနိုင်သောသော်လည်း ၎င်းတို့ကို လူတို့စားပါက အဆိပ်သင့်လိမ့်မည်ဖြစ်သော အရာအချို့ပင်ရှိ၏။ တိရစ္ဆာန်များအနေဖြင့် ထိခိုက်မှုမရှိဘဲ စားနိုင်သည့် အဆိပ်ဖြစ်စေသောအရာအချို့ ရှိသော်လည်း လူသားတို့မှာ ထိုနည်းအတိုင်း ပြု၍မရပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်က လူတို့ကိုဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများနှင့် တည်ဆောက်ထားပုံ၊ ထို့အပြင် လူတို့ လိုအပ်သည့်အရာတို့ကို ဘုရားသခင်အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ယင်း၏ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ပါဝင်မှု၊ ၎င်းလိုအပ်သည့်အရာများအပြင် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လုပ်ကိုင်ပုံ၊ စုပ်ယူ၊ ဖယ်ရှား၍ ဇီဝတွင်း ဖြစ်ပျက်ပုံတို့ကို လုံးဝရှင်း၏။ လူတို့သည် ယင်းကိုမရှင်းဘဲ တစ်ခါတစ်ရံတွင် ဆင်ကန်းတောတိုး စားသောက်၍ ဖြည့်ဆည်း၏။ ၎င်းတို့သည် ဖြည့်ဆည်းလွန်းကာ အဆုံး၌ မညီမမျှ ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သော ဤအရာများကို ပုံမှန်စားသောက်၍ မွေ့လျော်ပါက သင်၌ အမှားအယွင်း တစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် ကသိကအောက်ဖြစ်နေပြီး သွေးနှေးနေသော်လည်း ကိစ္စမရှိပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကိုသာ စားရန်လိုပြီး သွေးနှေးနေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူသားမျိုးနွယ်သည် အခြားသက်ရှိများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအားလုံးအတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခဲ့ပြီး တိရစ္ဆာန်အမျိုးမျိုးအတွက် အစားအစာနှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးခဲ့သော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်အပေါ် လူသားမျိုးနွယ်၏ သတ်မှတ်ချက်များသည်သာ အတင်းကျပ်ဆုံးဖြစ်၍ လျစ်လျူရှုထားခြင်းကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ပုံမှန်ဆက်လက်ကြီးထွားခြင်း၊ မျိုးပွားခြင်းနှင့် အသက်ရှင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်ကို ဘုရားသခင်က သူ၏စိတ်နှလုံးတွင် အကောင်းဆုံးသိ၏။ ဤအရာကို ဘုရားသခင်ပြုလုပ်သောအခါ သူသည် ယင်းအပေါ်တွင် အခြားမည်သည့်အရာမဆိုထက် သာ၍အလေးထားခဲ့၏။ သင်မြင်ရ၍ မွေ့လျော်သော မဖြစ်စလောက်အရာတစ်ခု၏ အရေးပါမှု၊ သို့မဟုတ် သင်၏မွေးရာပါဖြစ်၍ သင်မွေ့လျော်နိုင်သည်ဟု သင်ခံစားရသော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် ခံစားနိုင်ခြင်းမရှိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တိတ်တဆိတ်အားဖြင့်၊ သို့မဟုတ် ရှေးမဆွကတည်းကလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘုရားသခင်က သူ၏ဉာဏ်ပညာဖြင့် ထိုအရာကို သင့်အတွက် ပြင်ဆင်ထားခဲ့နှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဆိုးရွား၍ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်သော အပျက်သဘောဆောင်သည့် အကြောင်းရင်းအားလုံးကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ဖယ်ရှား၍ ဖြေရှင်းခဲ့ပြီးဖြစ်၏။ ယင်းက မည်သည့်အရာကို ရှင်းလင်းစေသနည်း။ ယင်းက ယခုအကြိမ် လူသားမျိုးနွယ်ကိုဖန်ဆင်းခဲ့စဉ်က ၎င်းတို့အပေါ် သူ၏သဘောထားကို ရှင်းလင်းစေသလော။ ထိုသဘောထားမှာ မည်သို့ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏သဘောထားမှာ တင်းမာ၍ လေးနက်၏၊ ထို့အပြင် သူသည် မည်သည့်အကြောင်းရင်းများ၊ သို့မဟုတ် အခြေအနေများ၊ သို့မဟုတ် ဘုရားသခင်မှလွဲ၍ မည်သည့်ရန်သူအင်အားစု၏ နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ၏သဘောထားနှင့် ယခုအကြိမ်တွင် လူသားမျိုးနွယ်ကို သူ၏စီမံခန့်ခွဲမှုတွင် သူ၏သဘောထားကို သင်မြင်နိုင်၏။ ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ်မွေ့လျော်သည့် နေထိုင်မှုနှင့် အသက်ရှင်သန်မှု ပတ်ဝန်းကျင်အပြင် ၎င်းတို့၏နေ့စဉ်အစားအသာက်များနှင့် နေ့စဉ်လိုအပ်ချက်များမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ကို ဖန်ဆင်းခဲ့သည့်အချိန်ကတည်းက လူသားမျိုးနွယ်အပေါ်ထားရှိသည့် တာဝန်အပေါ် ဘုရားသခင်၏သဘောထားကို ငါတို့တွေ့နိုင်သည့်အပြင် ဤအကြိမ်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စိတ်ပိုင်းဖြတ်မှုကိုလည်း ငါတို့တွေ့နိုင်၏။ ဤအရာများအားဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို ငါတို့မြင်နိုင်သလော။ ဘုရားသခင်၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ ဘုရားသခင်၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ ဘုရားသခင်၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် အရာခပ်သိမ်းကို ထောက်ပံ့ရန်အတွက် သူ၏အနန္တတန်ခိုးနှင့် သူ၏အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုရုံသာဖြစ်၏။
0 Comments
လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် အသားများ၊ ရေအရင်းအမြစ် နှင့် ဆေးဖက်ဝင်အပင်များ အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးအမျိုးမျိုးတို့မှာ သက်သတ်လွတ်အစားအစာ အမျိုးအစားအားလုံး ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများဖြစ်ကြသော်လည်း ၎င်းတို့တွင် လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်သည့် အာဟာရဓာတ်များရှိ၏။ သို့ရာတွင် ဘုရားသခင်က “ယင်းတို့ကို လူသားမျိုးနွယ်အား ပေးခြင်းသည် လုံလောက်၏။ လူသားမျိုးနွယ်သည် ဤအရာများကိုသာ စား၍ရသည်” ဟုမပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌မရပ်ဘဲ ယင်းသို့ရပ်မည့်အစား လူသားမျိုးနွယ်အတွက် သာ၍အရသာရှိသော အရာများကို ပြင်ဆင်ပေးခဲ့၏။ ဤအရာများမှာ မည်သည်တို့နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ လူသားအတွက် ဘုရားသခင်ပြင်ဆင်ထားသော အသားငါးအမျိုးအစားများစွာရှိ၏။ ငါးအားလုံး ရေထဲ၌နေကြ၏၊ ၎င်းတို့အသား၏ ထိတွေ့ခံစားရသည့် အနေအထားသည် မြေကြီးပေါ်တွင်မွေးမြူသော အသားနှင့်ကွာခြားကာ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါး၏ ဂုဏ်သတ္တိများသည်လည်း လူ့ခန္ဓာကိုယ်များ၏ အပူနှင့်အအေးကို ညှိပေးနိုင်သဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန်အကျိုးရှိကြ၏။ သို့ရာတွင် အရသာကောင်းသောအရာကို လွန်ကဲစွာ မွေ့လျော်၍မရပေ။ ယင်းမှာ လူတို့သည် ဤအရာများကို အချိန်ရာသီနှင့်အညီ ပုံမှန်ကျကျနှင့် သင့်တော်စွာ ခံစားနိုင်ရေးအတွက် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သောပမာဏကို လူသားမျိုးနွယ်အား ပေးသနား၏ဟူသော တူညီသည့်ဆိုရိုးပင်ဖြစ်နေသေး၏။ ခြံမွေးကြက်ငှက်များတွင် မည်သည်တို့ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ပါဝင်သည်။ လူအများအပြားသည် ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားအမျိုးအစားများကို ပြင်ဆင်ခဲ့သော်လည်း ဘုရားသခင်၌ သူ၏ရွေးချယ်ခြင်း ခံရသူများအတွက် သတ်မှတ်ချက်အချို့ရှိပြီး ၎င်းကိုပညတ်တော်ခေတ်တွင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထား၏။ ဤအတိုင်းအတာကို တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်ပိုင်နားလည်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့်အာဟာရဓာတ်များပေးပြီး ၎င်းတို့က ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်၏၊ သွေးကို ကြွယ်ဝစေနိုင်ပြီး ကြွက်သားများနှင့် အရိုးများကို သန်မာစေလျက် အင်အားပိုမိုပေးနိုင်၏။ ၎င်းတို့ကို ချက်စားရန်အတွက် လူတို့အနေဖြင့် မည်သည့်နည်းနာများကို အသုံးပြုသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ဤအရာတို့သည် တစ်ဘက်တွင် လူတို့၏အနံ့အရသာများနှင့် စားချင်စိတ်ကို ပိုမိုကောင်းမွန်စေပြီး အခြားတစ်ဘက်တွင် ၎င်းတို့၏ဝမ်းများကို ဖြည့်ဆည်းပေး၏။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ကို နေ့စဉ်အာဟာရလိုချက်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ယင်းတို့မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က အစားအစာပြင်ဆင်ပေးသည့်အခါ သူထည့်သွင်းစဉ်းစားခဲ့သည့် အရာများဖြစ်သည်။ သက်သတ်လွတ်အစာများအပြင် အသားများလည်းရှိ၏၊ ယင်းသည် ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင်ပြင်ဆင်ခဲ့စဉ်က ဘုရားသခင်၏ မူလရည်ရွယ်ချက်များကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားတို့အနေဖြင့် ၎င်းရုပ်ဝတ္ထုအစားအစာများကို အလိုကြီးစွာ မွေ့လျော်ခံစားစေရန်လော။ လူသားတို့သည် ဤရုပ်ဝတ္ထုကျေနပ်မှုတွင် မိမိတို့ကိုယ်ကို အလိုလိုက်ပါက မည်သို့ဖြစ်မည်နည်း။ ၎င်းတို့သည် အာဟာရပိုလွန်းသွားမည် မဟုတ်လော။ အာဟာရပိုလွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို ဖျားနာမှုအမျိုးမျိုး ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေး၍ လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေခြင်းဖြစ်၏။ ဥပမာ အလွန်ပူပြင်းသော နွေရာသီကို ကျော်ဖြတ်ပြီးနောက် လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာအတွင်း အပူဓာတ်အတော်များများ၊ ရောဂါဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုအတော်များများကို စုဆောင်းမိလာကြပေမည်။ ဆောင်းဦးရာသီရောက်သည့်အခါ အသီးအနှံအမျိုးအစားများစွာ ရင့်မှည့်လာကြမည်ဖြစ်ပြီး လူတို့သည် အသီးအချို့ကို စားကြသောအခါ ၎င်းတို့၏ စိုထိုင်းမှုက ဖယ်ရှားခံရလိမ့်မည်။ တစ်ချိန်တည်းမှာပင် ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည် သန်မြန်သွားခဲ့မည်ဖြစ်သဖြင့် လူတို့သည် အာဟာရဓာတ်အဖြစ် အသားအချို့စားသင့်ပေသည်။ အသားအမျိုးမျိုးကို စားပြီးနောက်တွင် လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ခံနိုင်ရေးအတွက် အထောက်အကူပြုရန် စွမ်းအင်ရှိကြလိမ့်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ကြမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် မည်သည့်အချိန်တွင် မည်သည့်အရာများကို ပြင်ဆင်ပြီး မည်သည့်အချိန်တွင် မည်သည့်အရာများကို ကြီးထွားစေ၍ အသီးသီးစေကာ ရင့်မှည့်စေရမည်ဟူသည့် ဤအရာအားလုံးကို ဘုရားသခင်က အလွန်ချင့်ချင့်ချိန်ချိန်ဖြင့် ကြီးကြပ်ကွပ်ကဲ၍ ထိန်းချုပ်ထားသည်။ ယင်းအကြောင်းအရာသည် “လူသား၏နေ့စဉ်နေထိုင်မှုအတွက် လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” အကြောင်းဖြစ်၏။ အစားအစာအမျိုးမျိုးအပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်နှင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက် လူတို့သည် ရေအနည်းငယ်သောက်ရ၏။ သစ်သီးဝလံကိုစားရုံနှင့် လုံလောက်သလော။ လူတို့သည် သစ်သီးဝလံသာစားခြင်းကို သည်းခံနိုင်မည်မဟုတ်ပေ၊ ထို့အပြင် အချို့ရာသီများတွင် သစ်သီးဝလံမရှိပေ။ ထိုသို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ရေကန်များ၊ မြစ်များနှင့် စမ်းများအပါအဝင် ရေအရင်းအမြစ်များစွာကို မြေပေါ်မြေအောက်၌ ဘုရားသခင်ပြင်ဆင်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ဤရေအရင်းအမြစ်များကို မည်သည့်ညစ်ညမ်းမှုမျှမရှိသော၊ သို့တည်းမဟုတ် လူသား၏စီမံပြုပြင်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းမရှိသော အခြေအနေများတွင် သောက်နိုင်ကြ၏။ တစ်နည်းဆိုရလျှင် လူသားမျိုးနွယ်၏ ရုပ်ခန္ဓာများဆိုင်ရာ အသက်တာများအတွက် အစာအရင်းအမြစ်များနှင့်ပတ်သက်၍ ဘုရားသခင်သည် အလွန်တိကျမှန်ကန်ကာ အလွန်သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏၊ ထိုသို့အားဖြင့် လူတို့၏ဘဝအသက်တာများသည် ကြွယ်ဝများပြား၍ မည်သည့်အရာ တစ်စုံတစ်ရာမျှ ချို့တဲ့နေခြင်း မရှိစေရန်ဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် ခံစားနိုင်၍ မြင်နိုင်သော အရာတစ်ခုဖြစ်သည်။
ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ ဤ “လေ” သည် လူသားတို့ စဉ်ဆက်မပြတ်ထိတွေ့နေသည့် နေ့စဉ်အသက်တာ၏ လေပင်ဖြစ်သည် မဟုတ်လော။ ဤလေသည် လူသားတို့ အိပ်စက်နေသည့်အခါ၌ပင်ဖြစ်စေ အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာပင် ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် အရေးကြီးပေသည်၊ ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းဖြစ်သည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤအရာသည် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ထွက်ခွာရန်ပြင်ဆင်သလော။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လေ၏သိပ်သည်းမှုကို ထည့်သွင်းစဉ်းစားသလော။ လေတွင်ပါဝင်သည့်ပစ္စည်းများကို ဘုရားသခင်ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကိုဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း၊ ထို့အပြင် သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် လေကိုလိုအပ်၏၊ ထို့ပြင် အသက်ရှူရန်လည်း လိုအပ်၏။ ပထမဆုံးအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်နှင့် ကိုက်ညီရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ ယင်းသည် လူတို့သိရန်လိုသည့် အရာတစ်ခု မဟုတ်ပေ၊ ဤအရာကိုသိရန် မလိုအပ်။ လေ၏သိပ်သည်းမှုနှင့်ပတ်သက်၍ ကိန်းဂဏန်းအတိအကျကို ငါတို့မလိုအပ်၊ ယေဘုယျထင်မြင်ချက်တစ်ရပ်ရှိရုံမျှဖြင့် ရပြီဖြစ်သည်။ ဘုရားသခင်သည် လူသားတို့အသက်ရှူရန်အတွက် ၎င်းတို့၏အဆုတ်များနှင့် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသားတို့အနေဖြင့် အသက်ရှူကြသည့်အခါ သက်သောင့်သက်သာရှိပြီး ၎င်းတို့၏ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လေ၏သိပ်သည်းမှုနောက်ကွယ်မှ အကြံအစည်ဖြစ်သည်။ ၎င်းနောက်တွင် လေတွင်ပါဝင်သည့်ပစ္စည်းများအကြောင်း ငါတို့ပြောကြမည်။ ပထမအနေဖြင့် လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူတို့အတွက် အဆိပ်မရှိပေ၊ ထို့အတွက်ကြောင့် အဆုတ်နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ချောမောစွာ ဝင်ထွက်ရမည်ဖြစ်ကြောင်းကို ဘုရားသခင်က ထည့်တွက်ခဲ့ရ၏၊ ၎င်းနောက် လေတွင်ပါဝင်သည့် ပစ္စည်းများနှင့် ပမာဏတို့သည် ရှူသွင်းပြီးသည့်အခါတွင် သွေးအပါအဝင် အဆုတ်နှင့် ကိုယ်ခန္ဓာထဲရှိ လေအပိုမှာ သင့်တော်စွာ ခြေဖျက်ခံရလေအောင်၊ ထို့ပြင် ယင်းလေတွင် အဆိပ်ဖြစ်စေသည့် အစိတ်အပိုင်းများ မပါရလေအောင် ရှိနေသင့်သည်။ ဤစံနှစ်ရပ်နှင့်ပတ်သက်၍ ငါသည် သင်တို့ကို အသိပညာများစွာ မပေးလိုဘဲ ထိုအစား ဘုရားသခင်သည် အရာတစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့သည့်အခါက သူ၏စိတ်ထဲ၌ အကောင်းဆုံးဖြစ်သည့် တိကျသော တွေးတောမှုဖြစ်စဉ်တစ်ရပ် ရှိခဲ့ကြောင်းကိုသာ အသိပေးလို၏။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏအပါအဝင်၊ ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ လွင့်မျောလာသည့် ဖုန်မှုန့်တို့နှင့်ပတ်သက်၍ ဤအရာများကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်ဖြစ်သည့် အစီအစဉ်တစ်ရပ်လည်း ဘုရားသခင်၌ ရှိခဲ့သည်။ လေထဲ၌ ဖုန်မှုန့်အချို့ရှိသော်လည်း ကိုယ်ခန္ဓာနှင့် လူသား၏အသက်ရှူခြင်းအပေါ် အန္တရာယ်မပြုစေရန်နှင့် ဖုန်မှုန့်အပိုင်းအစများသည် ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစားဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင်ဖန်ဆင်းခြင်းသည် နက်နဲဆန်းကြယ်ခဲ့သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှလောက်သာ ရိုးရှင်းခဲ့သလော။ (မရိုးရှင်းခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင်ဖန်ဆင်းခြင်း၌ပင်လျှင် သူ၏နက်နဲမှု၊ သူ၏စိတ်များ၊ အတွေးများနှင့် ဉာဏ်ပညာတို့အားလုံးသည် ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ရိုးရှင်းသော အရာတစ်ခုကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစားနေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေဘဲ လူတို့အပေါ် အန္တရာယ်လည်းမဖြစ်စေနိုင်ပေ၊ ထို့အပြင် သိပ်သည်းမှုကိုလည်း လူတို့အသက်ရှူရန်အတွက် ချိန်ညှိထားသည်။ လူတို့ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ၎င်းတို့၏ကိုယ်ခန္ဓာအတွက်၊ ၎င်းတို့၏အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အဟန့်အတားမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်၏။ ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာဖြစ်၍ လူတို့အသက်ရှူရန် မရှိမဖြစ်သောအရာဖြစ်၏။
ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှုစည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။
【Live】 Myanmar Gospel Music | (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) | Documentary | God's almightiness
ကြည့်ပြီးနောက် အတွေ့အကြုံ ယခုအမေရီကန်နိုင်ငံသည် ဤသို့တိုးတက်အောင်မြင်နေခြင်းသည်ကား အမှန်တော့ သူ၏နိုင်ငံတော်တည်ထောင်စဉ်က ထားရှိသောစိတ်ကူးနှင့် နိုင်ငံတော်ခေါင်းဆောင်သူသည် သူ၏ပြည်သူလူထုများအား ဘုရားသခင်ကို ရိုသေကိုးကွယ်ရန် ခေါ်ဆောင်မူရှိခြင်းတို့နှင့်လည်း ဆက်ဆိုင်နေခြင်းဖြစ်သည်။သူတို့သည် ဘုရားသခင်ကို ရိုသေကိုးကွယ်သည့်အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများရရှိခဲ့ကြသည်။ကျွန်ုပ်အားမြင်တွေ့စေသည်မှာ နိုင်ငံဖြစ်စေပြည်သူဖြစ်စေ ဘုရားသခင်ကို ရိုသေကိုးကွယ်မှသာလျှင် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရရှိမည်ဖြစ်သည်။အာမင်။ |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|