အရာအားလုံးကို ထောက်ပံ့ရန် နှင့် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိန်းသိမ်းရန် တို့အတွက် ဘုရားသခင် သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် အမြော်အမြင်ရှိသည့်နည်းလမ်းတို့ကို အသုံးပြုသည် လူသား၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်နှင့် ဤပတ်ဝန်းကျင်အတွက် ဘုရားသခင်ပြုလုပ်၊ ပြင်ဆင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သော အရာအပြင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော အရာခပ်သိမ်းအကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်အပေါ် အရာခပ်သိမ်းမှ အန္တရာယ်ဖြစ်စေမှုကိုကာကွယ်ရန် ဤဆက်နွှယ်မှုများကို ဘုရားသခင်ကိုင်တွယ်ပုံအကြောင်း အစပိုင်းတွင် ငါတို့ပြောခဲ့ကြ၏။ ဘုရားသခင်သည် အရာခပ်သိမ်းကြောင့် ဖြစ်ပေါ်သည့် သဘာဝအင်အားစုများကြောင့် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကိုလည်း ဖြေရှင်းခဲ့ကာ အရာခပ်သိမ်း၏အသုံးဝင်မှုကို အမြင့်မားဆုံးဖြစ်စေလျက်၊ လူသားမျိုးနွယ်ထံ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်နှင့် အကျိုးရှိစေသည့် သဘာဝအင်အားစုများ ယူဆောင်လာ၍ လူသားမျိုးနွယ်အား ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်နှင့် လိုက်လျောညီထွေရှိအောင် ပြုပေးပြီး မျိုးပွားခြင်းနှင့် ဘဝအသက်တာသံသရာကို ပုံမှန်ဆက်လက်ဖြစ်စေသည်။ နောက်တစ်ခုမှာ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ နေ့စဉ်အစားအသောက်အကြောင်းဖြစ်သည်။ ယင်းသည်လည်း လူသားမျိုးနွယ် ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့ခန္ဓာကိုယ်သည် အသက်ရှူနေရုံမျှဖြင့် မရှင်သန်နိုင်ပေ၊ နေရောင်ခြည်၊ သို့မဟုတ် လေဖြင့်သာ၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုပေသည်။ ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်အရာများကိုလည်း ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုံးလုံးလျားလျား ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် လူသားမျိုးနွယ်၏အစာအတွက် အရင်းအမြစ်ဖြစ်သည်။ ကြွယ်ဝ၍ များပြားသော လူသားမျိုးနွယ်၏ အစားအသောက်၏အရင်းအမြစ်များဖြစ်သည့် ဤခြံထွက်ပစ္စည်းများကို မြင်ပြီးနောက် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းအတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က သစ်ပင်များနှင့် မြက်ကိုသာ ဖန်ဆင်းခဲ့ပါက၊ သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးကိုသာ ဖန်ဆင်းခဲ့ပါက၊ ယင်းသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များအားလုံးသည် ကျွဲနွားတိရစ္ဆာန်များနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက် ဖြစ်သော်လည်း (ဥပမာ ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားပြီး၊ ကျားများက သိုးသငယ်များနှင့် ဝက်များကို စားသည်) လူသားတို့စားရန် သင့်တော်သည့်အရာ တစ်စုံတစ်ခုမျှပင် မရှိပါက အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ ဖြစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် ဆက်လက်၍ အသက်ရှင်သန်နေနိုင်ခဲ့မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးအတွက် ပြင်ဆင်ခဲ့သော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက ရကောင်းရနိုင်သော်လည်း ရေရှည်ဆက်၍စားပါက လူ့အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်ဘဲ ၎င်းတို့သည် ကြာကြာခံမည်မဟုတ်ပေ။ ထို့အပြင် တိရစ္ဆာန်များစားနိုင်သောသော်လည်း ၎င်းတို့ကို လူတို့စားပါက အဆိပ်သင့်လိမ့်မည်ဖြစ်သော အရာအချို့ပင်ရှိ၏။ တိရစ္ဆာန်များအနေဖြင့် ထိခိုက်မှုမရှိဘဲ စားနိုင်သည့် အဆိပ်ဖြစ်စေသောအရာအချို့ ရှိသော်လည်း လူသားတို့မှာ ထိုနည်းအတိုင်း ပြု၍မရပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်က လူတို့ကိုဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများနှင့် တည်ဆောက်ထားပုံ၊ ထို့အပြင် လူတို့ လိုအပ်သည့်အရာတို့ကို ဘုရားသခင်အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ယင်း၏ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ပါဝင်မှု၊ ၎င်းလိုအပ်သည့်အရာများအပြင် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လုပ်ကိုင်ပုံ၊ စုပ်ယူ၊ ဖယ်ရှား၍ ဇီဝတွင်း ဖြစ်ပျက်ပုံတို့ကို လုံးဝရှင်း၏။ လူတို့သည် ယင်းကိုမရှင်းဘဲ တစ်ခါတစ်ရံတွင် ဆင်ကန်းတောတိုး စားသောက်၍ ဖြည့်ဆည်း၏။ ၎င်းတို့သည် ဖြည့်ဆည်းလွန်းကာ အဆုံး၌ မညီမမျှ ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သော ဤအရာများကို ပုံမှန်စားသောက်၍ မွေ့လျော်ပါက သင်၌ အမှားအယွင်း တစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် ကသိကအောက်ဖြစ်နေပြီး သွေးနှေးနေသော်လည်း ကိစ္စမရှိပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကိုသာ စားရန်လိုပြီး သွေးနှေးနေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူသားမျိုးနွယ်သည် အခြားသက်ရှိများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအားလုံးအတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခဲ့ပြီး တိရစ္ဆာန်အမျိုးမျိုးအတွက် အစားအစာနှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးခဲ့သော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်အပေါ် လူသားမျိုးနွယ်၏ သတ်မှတ်ချက်များသည်သာ အတင်းကျပ်ဆုံးဖြစ်၍ လျစ်လျူရှုထားခြင်းကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ပုံမှန်ဆက်လက်ကြီးထွားခြင်း၊ မျိုးပွားခြင်းနှင့် အသက်ရှင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်ကို ဘုရားသခင်က သူ၏စိတ်နှလုံးတွင် အကောင်းဆုံးသိ၏။ ဤအရာကို ဘုရားသခင်ပြုလုပ်သောအခါ သူသည် ယင်းအပေါ်တွင် အခြားမည်သည့်အရာမဆိုထက် သာ၍အလေးထားခဲ့၏။ သင်မြင်ရ၍ မွေ့လျော်သော မဖြစ်စလောက်အရာတစ်ခု၏ အရေးပါမှု၊ သို့မဟုတ် သင်၏မွေးရာပါဖြစ်၍ သင်မွေ့လျော်နိုင်သည်ဟု သင်ခံစားရသော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် ခံစားနိုင်ခြင်းမရှိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တိတ်တဆိတ်အားဖြင့်၊ သို့မဟုတ် ရှေးမဆွကတည်းကလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘုရားသခင်က သူ၏ဉာဏ်ပညာဖြင့် ထိုအရာကို သင့်အတွက် ပြင်ဆင်ထားခဲ့နှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဆိုးရွား၍ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်သော အပျက်သဘောဆောင်သည့် အကြောင်းရင်းအားလုံးကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ဖယ်ရှား၍ ဖြေရှင်းခဲ့ပြီးဖြစ်၏။ ယင်းက မည်သည့်အရာကို ရှင်းလင်းစေသနည်း။ ယင်းက ယခုအကြိမ် လူသားမျိုးနွယ်ကိုဖန်ဆင်းခဲ့စဉ်က ၎င်းတို့အပေါ် သူ၏သဘောထားကို ရှင်းလင်းစေသလော။ ထိုသဘောထားမှာ မည်သို့ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏သဘောထားမှာ တင်းမာ၍ လေးနက်၏၊ ထို့အပြင် သူသည် မည်သည့်အကြောင်းရင်းများ၊ သို့မဟုတ် အခြေအနေများ၊ သို့မဟုတ် ဘုရားသခင်မှလွဲ၍ မည်သည့်ရန်သူအင်အားစု၏ နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ၏သဘောထားနှင့် ယခုအကြိမ်တွင် လူသားမျိုးနွယ်ကို သူ၏စီမံခန့်ခွဲမှုတွင် သူ၏သဘောထားကို သင်မြင်နိုင်၏။ ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ်မွေ့လျော်သည့် နေထိုင်မှုနှင့် အသက်ရှင်သန်မှု ပတ်ဝန်းကျင်အပြင် ၎င်းတို့၏နေ့စဉ်အစားအသာက်များနှင့် နေ့စဉ်လိုအပ်ချက်များမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ကို ဖန်ဆင်းခဲ့သည့်အချိန်ကတည်းက လူသားမျိုးနွယ်အပေါ်ထားရှိသည့် တာဝန်အပေါ် ဘုရားသခင်၏သဘောထားကို ငါတို့တွေ့နိုင်သည့်အပြင် ဤအကြိမ်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စိတ်ပိုင်းဖြတ်မှုကိုလည်း ငါတို့တွေ့နိုင်၏။ ဤအရာများအားဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို ငါတို့မြင်နိုင်သလော။ ဘုရားသခင်၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ ဘုရားသခင်၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ ဘုရားသခင်၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် အရာခပ်သိမ်းကို ထောက်ပံ့ရန်အတွက် သူ၏အနန္တတန်ခိုးနှင့် သူ၏အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုရုံသာဖြစ်၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ များစွာငါပြောဆိုခဲ့ပြီးနောက်တွင် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ယင်းမှာသေချာ၏။ သင်တို့၌ သံသယတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ထောက်ပံ့မှုသည် ဘုရားသခင်မှာ အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်ကြောင်းကိုပြရန် လုံလောက်ပေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အရာခပ်သိမ်းတည်ရှိနေရန်၊ အသက်ရှင်နေရန်၊ မျိုးပွားရန်နှင့် ဆက်လက်ရှင်သန်နေရန် ထောက်ကူပေးသည့် ပံ့ပိုးမှုအရင်းအမြစ် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်မှတစ်ပါး အခြားမရှိပေ။ လူတို့၏ အခြေခံအကျဆုံး အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်ဖြစ်စေ၊ လူတို့နေ့စဉ် လိုအပ်သည့်အရာဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိညာဉ်များအပေါ် သမ္မာတရား အထောက်အပံ့ဖြစ်စေ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက်အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေး၏။ ရှုထောင့်ပေါင်းစုံမှနေ၍ ဘုရားသခင်၏ကိုယ်ပိုင်လက္ခဏာနှင့် လူသားမျိုးနွယ်အတွက် သူ၏အနေအထားနှင့်ပတ်သက်၍ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) တစ်နည်းဆိုရလျှင် ဘုရားသခင်သည် လူတို့အနေနှင့် ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်၍ ခံစားနိုင်သော ဤရုပ်ဝတ္ထုလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူဖြစ်၏။ လူသားမျိုးနွယ်အတွက် ယင်းသည် ဘုရားသခင်၏ကိုယ်ပိုင်လက္ခဏာ မဟုတ်လော။ ယင်းသည် လုံးဝမှန်ကန်၏။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို သင်တွေ့လျှင် ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများကို ဖန်ဆင်းခဲ့ကြောင်းကို သင်သိသင့်သည်။ သို့ရာတွင် ရေထဲ၌ကူးခပ်ကြသော သက်ရှိသတ္တဝါများစွာရှိပြီး ၎င်းတို့သည်လည်း ကွဲပြားသောနည်းများဖြင့် အသက်ရှင်နေထိုင်ကြ၏။ မြေကြီးထဲတွင် အသက်ရှင်ကြသည့် သစ်ပင်တို့နှင့် အပင်တို့သည် နွေဦးရာသီတွင် အစို့အညှောက်ထွက်ပြီး အသီးသီးကာ ဆောင်းဦးရာသီတွင် အရွက်များ ကြွေကြသည်၊ ထို့အပြင် ဆောင်းရာသီအရောက်တွင် အရွက်အားလုံး ကြွေကျကုန်ပြီး ဆောင်းကာလကို ဖြတ်သန်းကြ၏။ ယင်းမှာ ၎င်းတို့၏ အသက်ရှင်နေထိုင်ပုံ ဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး ယင်းတို့တစ်ခုစီသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသောနည်းလမ်းများအားဖြင့် အသက်ရှင်ကြကာ ၎င်း၏စွမ်းအင်နှင့် ဇီဝပုံစံတို့ကိုပြသရန် ကွဲပြားသည့် နည်းနာများကို အသုံးပြုကြ၏။ မည်သည့်နည်းနာပင်ဖြစ်စေ အားလုံးမှာ ဘုရားသခင်၏ အုပ်ချုပ်မှုအောက်တွင် ရှိ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိတို့အားလုံးအပေါ် ဘုရားသခင်အုပ်ချုပ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်မှုအတွက်လော။ (ဟုတ်ပါသည်။) သူသည် လူသားမျိုးနွယ် အသက်ရှင်သန်နေထိုင်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ယင်းက လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်ရေးသည် ဘုရားသခင်အတွက် မည်မျှအရေးကြီးသည်ကို ပြ၏။ ဓမ္မသီချင်းဝေငှမည် 2019 Myanmar New Song (အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ) ခရစ်ယာန်များ ဘုရားသခင်ကို ချစ်ရန်နည်းလမ်း
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|