စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် ဆက်နွှယ်နေ၏၊ ယင်းမှာ အလင်းဖြစ်သည်။ ယင်းသည်လည်း အလွန်အရေးကြီး၏။ သင်သည် တောက်ပသော အလင်းတစ်ခုကိုမြင်ပြီး၊ ဤအလင်း၏တောက်ပမှုသည် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ သင်၏မျက်လုံးများ ကန်းသွားလိမ့်မည်။ အမှန်အားဖြင့် လူ့မျက်လုံးများသည် အသွေးအသား မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ထိခိုက်ပျက်စီးမှုမှ ကင်းလွတ်နိုင်ခြင်း မရှိပေ။ နေကို တိုက်ရိုက်ငေးစိုက်ကြည့်ရဲသူ တစ်စုံတစ်ဦးရှိသလော။ အချို့သူများ စမ်းကြည့်ဖူး၏။ နေကာမျက်မှန်တပ်ပြီး သင်ကြည့်၍ရသည်၊ ဟုတ်သလော။ ယင်းသည် ကိရိယာများ၏ အကူအညီကို လိုအပ်သည်။ ကိရိယာများမရှိဘဲ လူသား၏ပကတိမျက်လုံးများသည် နေကို တိုက်ရိုက်ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် လူသားမျိုးနွယ်ထံ တောက်ပသောအလင်းကို ယူဆောင်လာရန် ဘုရားသခင်သည် နေကိုဖန်ဆင်းခဲ့ပြီး ဤအလင်းကို ကိုင်တွယ်စီရင်ခြင်းလည်းပြုခဲ့၏။ နေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ၎င်းကိုထားရစ်ခဲ့ပြီး လျစ်လျူရှုခြင်းသာပြုခဲ့သည် မဟုတ်ပေ။ “လူသား၏မျက်လုံးများက ယင်းကို ခံနိုင်လျှင်ကော မည်သူဂရုစိုက်သနည်း။” ဘုရားသခင်သည် အမှုအရာများကို ဤကဲ့သို့မပြုပေ။ သူသည် အမှုအရာများကို အလွန်လိမ္မာပါးနပ်စွာ လုပ်ဆောင်ပြီး ကဏ္ဍအားလုံးကို သုံးသပ်ဆင်ခြင်၏။ လူသားမျိုးနွယ်မြင်နိုင်ရန်အတွက် ဘုရားသခင်သည် ၎င်းတို့အား မျက်လုံးများပေးခဲ့သည်၊ သို့သော်လည်း ၎င်းတို့အနေဖြင့် မည်သည့်တောက်ပမှုအတိုင်းအတာအောက်၌ မြင်နိုင်သည်ကိုလည်း ဘုရားသခင်ပြင်ဆင်ခဲ့၏။ အလင်းအလုံအလောက်မရှိလျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။ အလွန်မှောင်လွန်း၍ လူတို့သည် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏လက်ကို မမြင်နိုင်ပါက ၎င်းတို့မျက်လုံးများ၏ အသုံးဝင်မှုသည် ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး အချည်းနှီးဖြစ်သွားပေလိမ့်မည်။ တောက်ပလွန်းသည့် နေရာတစ်ခုသည် လူ့မျက်လုံးများအတွက် မခံမရပ်နိုင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူတို့အနေဖြင့် မည်သည့်အရာကိုမျှ မြင်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်တွင် လူ့မျက်လုံးများနှင့် သင့်တော်သည့် အလင်းပမဏကို ဘုရားသခင်က ပေးထားခဲ့ခြင်းဖြစ်၏။ ဤအလင်းသည် လူတို့၏မျက်လုံးများကို အနာတရဖြစ်စေခြင်း၊ သို့မဟုတ် ထိခိုက်ဖျက်ဆီးခြင်း ပြုလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ယင်းသည် လူတို့မျက်လုံးများ၏ အသုံးဝင်မှုကို ဆုံးရှုံးသွားအောင် ပြုလုပ်လိမ့်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် နေနှင့်ကမ္ဘာပတ်ပတ်လည်တွင် တိမ်တိုက်များကို ထည့်ထားခြင်းဖြစ်ပြီး လေ၏သိပ်သည်းမှုသည်လည်း လူတို့၏မျက်လုံးများ၊ သို့မဟုတ် အရေပြားတို့ကို အနာတရဖြစ်စေနိုင်သည့် အလင်းကို သာမန်အားဖြင့် စစ်ထုတ်လိုက်နိုင်သည်။ ယင်းသည် အပြန်အလှန် ဆက်စပ်နှီးနွှယ်နေသည်။ ထို့အပြင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အလင်းအမျိုးမျိုးကို ရောင်ပြန်ဟပ်၍ လူ၏မျက်လုံးများကို အနေရခက်စေသော အလင်းရှိတောက်ပမှုအပိုင်းကို ဖယ်ရှားပစ်၏။ ဤနည်းအားဖြင့် လူတို့သည် အပြင်တွင် ဟိုဟိုသည်သည် လျှောက်သွားနိုင်ရန်နှင့် ၎င်းတို့၏ဘဝများကို လုပ်ကိုင်နိုင်ရန် အလွန်မည်းနက်သော နေကာမျက်မှန်များကို အစဉ်တပ်ဆင်ထားရန် မလိုပေ။ သာမန်အခြေအနေများအောက်တွင် လူ့မျက်လုံးများသည် ၎င်းတို့၏မြင်ကွင်းအတွင်းမှ အရာများကိုမြင်နိုင်ပြီး အလင်း၏နှောင့်ယှက်ခြင်းကို ခံရမည်မဟုတ်ပေ။ အတိအကျဆိုလျှင် ဤအလင်းသည် လွန်စွာစူးရှလွန်းခြင်း၊ သို့မဟုတ် မှိန်လွန်းခြင်း ဖြစ်၍မရပေ၊ မှိန်လွန်းပါက လူတို့၏မျက်လုံးများသည် ထိခိုက်ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏မျက်လုံးများကို ကြာကြာသုံး၍ မရသေးမီတွင်ပင် ၎င်းတို့၏လုပ်ဆောင်မှုက ရပ်ဆိုင်းသွားပေလိမ့်မည်၊ လင်းလွန်းပါက လူတို့၏မျက်လုံးများသည် ခံနိုင်မည်မဟုတ်ဘဲ အနှစ် ၃၀၊ ၄၀ အတွင်း၊ သို့မဟုတ် အနှစ် ၄၀၊ ၅၀ အတွင်းတွင် ၎င်းတို့၏မျက်လုံးများက အသုံးပြု၍ ရတော့မည် မဟုတ်ချေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဤအလင်းသည် လူ့မျက်လုံးများအတွက် မြင်နိုင်ရန်သင့်တော်ပြီး၊ အလင်းအားဖြင့် လူ့မျက်လုံးထိခိုက်ခြင်းကို ဘုရားသခင်က နည်းလမ်းမျိုးစုံဖြင့် လျော့နည်းစေခဲ့သည်။ အလင်းသည် လူ့မျက်လုံးများကို အကျိုးပြုသည်ဖြစ်စေ၊ ချွတ်ယွင်းစေသည်ဖြစ်စေ ယင်းသည် လူတို့၏မျက်လုံးများကို ၎င်းတို့၏အသက်တာ ကုန်ဆုံးသည်အထိ တာရှည်ခံစေရန် လုံလောက်သည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် မာရ်နတ်ဖြစ်သည့် စာတန်သည် အမှုအရာများကို ပြုလုပ်သည့်အခါ ဤအရာတစ်ခုကိုမျှ မည်သည့်အခါမျှ ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ အလင်းသည် လင်းလွန်းသည်၊ သို့မဟုတ် မှောင်လွန်းသည်။ ယင်းမှာ အမှုအရာများကို စာတန်လုပ်ဆောင်ပုံဖြစ်သည်။ ဘုရားသခင်သည် လူသားများ ပုံမှန်အသက်ရှင်၍ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုဆိုင်ရာ အလိုက်သင့်ပြောင်းလဲနိုင်မှု အမြင့်မားဆုံးဖြစ်စေရန် လူ့ကိုယ်ခန္ဓာ၏ ကဏ္ဍအမျိုးမျိုးဖြစ်သည့် အမြင်၊ အကြား၊ ရသာရုံ၊ အသက်ရှူခြင်း၊ ခံစားချက်များ၌ ဤအရာများကို လုပ်ဆောင်သည်။ တစ်နည်းဆိုလျှင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤကဲ့သို့ တည်ရှိနေသော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်သည် လူသားမျိုးနွယ် အသက်ရှင်နေထိုင်ရေးအတွက် အသင့်တော်ဆုံးနှင့် အကျိုးအပြုဆုံးဖြစ်သည်။ အချို့က ယင်းသည် သိပ်လည်းမဟုတ်လှ၊ အလွန်သာမန်ကျရုံသာ ရှိသည်ဟု ထင်နိုင်၏။ အသံများ၊ အလင်းနှင့် လေတို့သည် မွေးရာပါများဖြစ်ပြီး မွေးသည့်အချိန်မှစ၍ ၎င်းတို့မွေ့လျော်နိုင်သောအရာများဟု လူတို့က ယူဆကြသည်။ သို့သော် ဤအရာများအပေါ် ၎င်းတို့၏မွေ့လျော်မှုနောက်ကွယ်၌ ဘုရားသခင်လုပ်ဆောင်သောအရာသည် ၎င်းတို့သိ၍နားလည်ရန် လိုအပ်သော အရာတစ်ခုဖြစ်သည်။ ဤအရာများကို သင်နားလည်ရန်လိုသည်၊ သို့မဟုတ် သိရန်လိုသည်ဟု သင်ယူဆသည်ဖြစ်စေ၊ မယူဆသည်ဖြစ်စေ အချုပ်ဆိုရလျှင် ဤအရာများကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ့အနေဖြင့် တွေးတောမှုပြုခဲ့ပြီး သူ၌ အစီအစဉ်တစ်ရပ် ရှိခဲ့ကာ စိတ်ကူးအချို့လည်း ရှိခဲ့၏။ သူသည် လူသားမျိုးနွယ်ကို ဤကဲ့သို့သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်၌ အလွယ်တကူ၊ သာမန်ကာလျှံကာ၊ သို့မဟုတ် မည်သည့်ဆင်ခြင်သုံးသပ်မှုမျှ မရှိဘဲ ထားခဲ့ခြင်း မဟုတ်ပေ။ ငါပြောခဲ့သော အကြောင်းအရာ တစ်ခုစီတိုင်းသည် အရေးမကြီးဟု သင်တို့ထင်ကောင်းထင်နိုင်သော်လည်း ငါ၏အမြင်တွင် လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့ပေးသည့် အရာတစ်ခုစီတိုင်းသည် လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ယင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိပေ၏။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် နောက်ဆုံးသောကာလတွင် ယေရှုခရစ်တော်သည် မည်သည့်နည်းလမ်းဖြင့် ပြန်ကြွလာလိမ့်မည်နည်း
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|