လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းတော်မူသည့် အခြေခံ လူနေမှုပတ်ဝန်းကျင်မှ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ထောက်ပံ့မှုအားရှုမြင်ခြင်း လူသားအသက်ရှင်သန်ရေးအတွက် ဤအခြေခံလိုအပ်ချက်ငါးခုကို ဘုရားသခင်ကိုယ်တွယ်ပုံမှ လူသားမျိုးနွယ်အပေါ် သူ၏ထောက်ပံ့ပေးမှုကို သင်မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) အတိအကျပြောရလျှင် ဘုရားသခင်သည် လူသားအသက်ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်ဆင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ဤအရာများကို စီမံခန့်ခွဲနေ၍ ထိန်းချုပ်နေ၏၊ ထို့အပြင် နှစ်ထောင်ပေါင်းများစွာ လူတို့တည်ရှိနေပြီးနောက် ယခုတွင်ပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အဆက်မပြတ် ပြောင်းလဲပေးနေဆဲရှိပြီး ၎င်းတို့၏ဘဝများကို ပုံမှန်ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ လူသားမျိုးနွယ်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ထောက်ပံ့ပေးလျက်ရှိ၏။ ဤသည်ကို မည်သည့်အချိန်အခါအထိ ထိန်းသိမ်းထားမည်နည်း။ တစ်နည်းဆိုရလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်က မည်မျှကြာ ဆက်လက်ထောက်ပံ့ပေးနေမည်နည်း။ ဘုရားသခင်က သူ၏စီမံခန့်ခွဲသည့်အမှုကို လုံးလုံးလျားလျား စုံလင်စေသည့်အခါအထိ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ထိုပြောင်းလဲစေခြင်းမှာ ဤနည်းနာများအတိုင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ကွဲပြားသောနည်းနားများအားဖြင့် ဖြစ်နိုင်သည်၊ သို့ရာတွင် ယခု လူတို့ အမှန်တကယ် သိရန်လိုအပ်သည့်အရာမှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေ၍ လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲကာ လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည့်အကြောင်းကိုဖြစ်၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကြောင့် ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤကဲ့သို့ ပုံမှန်နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဤနည်းဖြင့် ဘုရားသခင်၏ ထောက်ပံ့ပေးမှုကြောင့် ဆက်၍ ရှေ့သို့သွားနေစဉ် အရာခပ်သိမ်းသည် ဘုရားသခင်၏အုပ်ချုပ်မှုကြောင့် ဆက်လက်တည်ရှိနေခြင်း ဖြစ်၏။ သင်တို့ကို ယခုလေးတင် ငါပြောခဲ့သည့် ဤအပိုင်းတွင် အတွေးအခေါ်သစ်များ ပါသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခုသင်တို့သိကြပြီလော။ အရာခပ်သိမ်း၏ သခင်မှာ မည်သူနည်း။ ၎င်းသည် လူသားလော။ (မဟုတ်ပါ။) သို့ဖြစ်ပါက ဘုရားသခင်နှင့် လူသားတို့၏ အရာခပ်သိမ်းကို ကိုင်တွယ်ဖြေရှင်းပုံအကြား ကွာခြားချက်မှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်၍ စီမံပြီး လူသားကမူ ထိုအရာအားလုံးကို မွေ့လျော်ခံစားပါ၏။) ထိုစကားများကို သင်တို့ သဘောတူသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်၍ အရာခပ်သိမ်းကို ထောက်ပံ့ခြင်းဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ပေးစဉ် လူသားမျိုးနွယ်က ၎င်းတို့ကို မွေ့လျော်ခံစား၏။ တစ်နည်းဆိုရလျှင် အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ အရာခပ်သိမ်းကို သူမွေ့လျော်ခံစားရသည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အကျိုးဆက်များကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၍ ဘုရားသခင်ကမူ သခင်ဖြစ်ပေ၏။ သို့ဖြစ်ပါက အရာခပ်သိမ်း၏ရှုထောင့်မှနေပါက ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်အရာနည်း။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထင်ရှားစွာမြင်နိုင်ပြီး အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထိန်းချုပ်ကာ စိုးမိုးသည်။ အတိအကျဆိုရလျှင် အရာခပ်သိမ်းသည် ဘုရားသခင်၏ရှေ့မှောက်တွင်ရှိကြ၍ သူ၏စစ်ဆေးမှုနယ်ပယ်အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်သလော။ လူသားမြင်နိုင်သည့်အရာမှာ အနည်းအကျဉ်းသာရှိ၏၊ ၎င်းတို့၏ မျက်လုံးများအရှေ့တွင် မြင်သည့်အရာသာဖြစ်၏။ ဤတောင်ကို သင်တက်ပါက သင်မြင်သည့်အရာမှာ ဤတောင်ဖြစ်၏။ ဤတောင်၏အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ပင်လယ်ကမ်းခြေကို သွားပါက ပင်လယ်၏ ဤဘက်အခြမ်းကို သင်မြင်နိုင်၏၊ သို့သော် ပင်လယ်၏ အခြားတစ်ဘက်တွင် မည်သို့ရှိမည်ကို သင်မသိပေ။ သင်သည် ဤသစ်တောသို့ရောက်လျှင် သင့်မျက်လုံးများရှေ့နှင့် သင့်အနီးတစ်ဝိုက်ရှိ အပင်များကို သင်မြင်နိုင်၏၊ သို့သော် သာ၍ဝေးသောအရှေ့နေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူတို့သည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့မြင်သည်မှာ ၎င်းတို့၏မျက်လုံးများရှေ့၌ ရှိသည့်အရာနှင့် ၎င်းတို့၏မြင်ကွင်း တည့်တည့်အတွင်းရှိ အရာကိုသာဖြစ်သည်။ လူတို့အနေဖြင့် တစ်နှစ်တွင်ရှိသည့် လေးရာသီ၏ပုံစံနှင့် အရာခပ်သိမ်း၏ ကြီးထွားဖွံ့ဖြိုးမှုပုံစံကို သိသော်လည်း ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်ခြင်း၊ သို့မဟုတ် စိုးမိုးနိုင်ခြင်း မရှိပေ။ သို့သော်ငြားလည်း အရာခပ်သိမ်းကို ဘုရားသခင်မြင်ပုံမှာမူ သူကိုယ်တိုင်ကိုယ်ကျ တည်ဆောင်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့ဖြစ်သည်။ သူသည် အစိတ်အပိုင်းတစ်ခုစီကို အလွန်ကောင်းစွာ သိလိမ့်မည်။ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သို့ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သို့ဖြစ်သည်နှင့် ၎င်း၏ရည်ရွယ်ချက်က မည်သို့ဖြစ်သည်၊ ဤအရာအားလုံးကို ဘုရားသခင်သည် အလွယ်တကူ ရှင်းလင်းစွာသိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်နေခြင်းပင်ဖြစ်၏။ လူသားသည် သိပ္ပံပညာနှင့် အရာခပ်သိမ်းတို့၏ နိယာမများကို သုတေသနပြုပြီးရင်းပြုသော်လည်း ယင်းသည် အကန့်အသတ်ရှိသော အတိုင်းအတာအတွင်း၌သာဖြစ်၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေ၏။ လူသားအတွက်မူ ထိုအရာသည် အနန္တဖြစ်၏။ အကယ်၍ ဘုရားသခင်ပြုလုပ်ခဲ့သော အလွန်သေးငယ်သည့်အရာတစ်ခုကို လူသားက သုတေသနပြုသည်ဆိုလျှင် စစ်မှန်သည့် ရလဒ်တစ်ခုတလေမျှမရဘဲ ထိုအရာကို သုတေသနပြုရင်းဖြင့် ၎င်းတို့၏ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်၏။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန်အတွက် အသိဉာဏ်နှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်၊ သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို အသုံးပြုပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကိုကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိသည်ဟု တစ်နေ့တွင် သင်ဝန်ခံလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ဤကဲ့သို့သော အသိဉာဏ် သင်၌ရှိလေလေ ဘုရားသခင်အား အရာခပ်သိမ်း၏သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေလေဖြစ်မည်။ သင်အပါအဝင် အရာခပ်သိမ်းနှင့် အားလုံးသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကနှင့် ဤလူသားမျိုးနွယ်အကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် ထိုကဲ့သို့သော တန်ခိုးနှင့် ထိုကဲ့သို့သော အနှစ်သာရရှိနိုင်သူ မရှိကြောင်းကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤကဲ့သို့သော နားလည်မှုတစ်ရပ်ကို သင်ရရှိသည့်အခါ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်းကို သင်စစ်မှန်စွာ ဝန်ခံလိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံခဲ့ပြီး သူ့ကို သင်၏ဘုရားသခင်နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ် သင်၌ရှိပြီး သင်၏အသက်တာသည် ထိုကဲ့သို့သောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ဘုရားသခင်သည် သင့်ကို စမ်းသပ်ပြီး တရားစီရင်တော့မည်မဟုတ်ဘဲ သင့်အပေါ် သတ်မှတ်ချက်များလည်း ပြုမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို နားလည်၍ သူ၏စိတ်နှလုံးကိုသိကာ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ လက်ခံခဲ့ပြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စိုးမိုးမှုနှင့် စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ဤအကြောင်းအရာများကို ပြောဆိုရခြင်း၏ အရေးကြီးသော အကြောင်းရင်းတစ်ရပ်ဖြစ်၏။ ယင်းမှာ လူတို့အား ဉာဏ်ပညာနှင့် နားလည်မှုတို့ကို သာ၍ပေးရန်ဖြစ်သည်၊ သင့်ကို ဝန်ခံစေရုံသာ မဟုတ်ဘဲ သင့်အား လက်တွေ့ကျသည့် ဉာဏ်ပညာနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုများအပေါ် နားလည်မှုတို့ကို သာ၍ပေးရန်ဖြစ်၏။ အကြံပြုစာများဖတ်ရှုလေ့လာရန်: ခရစ်တော်ဆိုသည်မှာ အဘယ်နည်း
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|