အထွေထွေပတ်ဝန်းကျင်အကြောင်း၊ တစ်နည်းအားဖြင့် လောကကို ဘုရားသခင်ဖန်ဆင်းကတည်းက လူသားမျိုးနွယ်အတွက် သူပြင်ဆင်ပေးခဲ့သည့် လူသားအသက်ရှင်နေထိုင်ရန် လိုအပ်သည့် အခြေအနေများအကြောင်းကို ငါတို့ ခုတင်ပြောခဲ့ကြပြီးဖြစ်သည်။ ငါတို့သည် အရာငါးခုအကြောင်းကို ပြောသွားခဲ့ပြီး၊ ဤအရာငါးခုသည် အထွေထွေပတ်ဝန်းကျင်ဖြစ်သည်။ နောက်ထပ် ငါတို့ပြောမည့် အကြောင်းအရာမှာ ဇာတိခန္ဓာထဲရှိ လူတိုင်း၏အသက်နှင့် နီးကပ်စွာဆက်နွှယ်နေ၏။ ယင်းသည် ဇာတိခန္ဓာထဲရှိ လူတစ်ဦး၏ဘဝနှင့် သာ၍ကိုက်ညီကာ သာ၍တစ်ပြေးညီရှိသော လိုအပ်သည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ယင်းမှာ အစာဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး သင့်တော်သည့် ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တွင် ထားပေးခဲ့၏။ ၎င်းနောက် လူသားသည် အစာနှင့် ရေကို လိုအပ်ခဲ့၏။ လူသား၌ ထိုကဲ့သို့သော လိုအပ်ချက်ရှိခဲ့သဖြင့် ဘုရားသခင်သည် ထိုကဲ့သို့သော ပြင်ဆင်မှုများကို လူသားအတွက် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီနှင့် သူပြုလုပ်သည့် အရာတစ်ခုစီသည် အနှစ်သာရမဲ့ စကားများမဟုတ်ဘဲ အမှန်စင်စစ် ဖော်ဆောင်ခြင်းခံရ၏။ အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိ၍မဖြစ်သော အရာတစ်ခုလော။ အစာသည် လေထက် သာ၍အရေးကြီးသလော။ ၎င်းတို့သည် တန်းတူအရေးကြီးကြ၏။ ၎င်းတို့နှစ်ခုစလုံးသည် လူသားမျိုးနွယ် အသက်ရှင်နေနိုင်ရေးနှင့် လူ့ဘဝ ဆက်လက်တည်ရှိမှုကို ထိန်းသိမ်းရေးအတွက် လိုအပ်သည့် အခြေအနေများနှင့် အရာများဖြစ်ကြသည်။ လေသည် သာ၍အရေးကြီးသလော၊ သို့မဟုတ် ရေသည် သာ၍အရေးကြီးသလော။ အပူချိန်က ပို၍အရေးကြီးသလော၊ သို့တည်းမဟုတ် အစာက ပို၍အရေးကြီးသလော။ ၎င်းတို့အားလုံး အရေးကြီးကြသည်။ လူတို့က မရွေးချယ်နိုင်ကြခြင်းမှာ ထိုအရာတစ်စုံတလေမရှိ၍ ၎င်းတို့မဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ တကယ့်ပြဿနာဖြစ်သည်၊ သင်ရွေးချယ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ သင်မသိသော်လည်း ဘုရားသခင်သိ၏။ သင်သည် အစာတွေ့သောအခါ “အစာမရှိဘဲ ငါမနေနိုင်” ဟု ခံစားရမည်ဖြစ်သည်။ သို့ရာတွင် သင့်ကိုဖန်ဆင်းပြီးပြီးချင်း ထိုနေရာ၌ သင့်ကိုထားခဲ့ပါက သင့်အနေဖြင့် အစာကိုလိုအပ်ကြောင်း သိခဲ့လိမ့်မည်လော။ သင်သိခဲ့လိမ့်မည် မဟုတ်ပေ၊ သို့သော် ဘုရားသခင်သိ၏။ သင်သည် ဆာလောင်လာ၍ သင်စားရန်အဖို့ သစ်ပင်များအပေါ်၌ အသီးများရှိပြီး မြေကြီးပေါ်တွင် အစေ့အဆန်များ ရှိကြောင်းကို တွေ့သောအခါမှသာ အစာကိုလိုအပ်ကြောင်း သင်သိခြင်းဖြစ်သည်။ သင်ရေဆာသောအခါ သင့်ရှေ့တွင် စမ်းရေတစ်ခုကိုမြင်ပြီး ထိုရေကို သင်သောက်သောအခါမှသာ သင့်အနေဖြင့် ရေလိုအပ်ကြောင်းကို သိခြင်းဖြစ်သည်။ ရေကို ဘုရားသခင်က လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အစာနှင့်ပတ်သက်၍ သင့်အနေဖြင့် တစ်နေ့သုံးနပ်စားသည်ဖြစ်စေ၊ နှစ်နပ်စားသည်ဖြစ်စေ၊ ထိုထက်ပင်ပို၍စားသည်ဖြစ်စေ အရေးမကြီးပေ၊ အချုပ်အားဖြင့်ဆိုလျှင် အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိ၍မဖြစ်သော အရာတစ်ခုဖြစ်၏။ ယင်းသည် လူ့ကိုယ်ခန္ဓာ ပုံမှန်အသက်ရှင်သန်ကို ထိန်းသိမ်းရေးအတွက် လိုအပ်သောအရာတစ်ခုဖြစ်၏။ သို့ဖြစ်လျှင် အစာသည် အဓိကအားဖြင့် မည်သည့်နေရာမှ လာသနည်း။ ဦးစွာအနေဖြင့် ၎င်းသည် မြေကြီးမှလာ၏။ ဘုရားသခင်သည် မြေကြီးကို လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ မြေကြီးသည် သစ်ပင်များ၊ သို့မဟုတ် မြက်ပင်များအတွက်သာမဟုတ်ဘဲ အပင်အမျိုးမျိုးတို့၏ အသက်ရှင်သန်ရေးအတွက် သင့်တော်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အစေ့အဆန်အမျိုးမျိုးတို့၏ မျိုးစေ့များနှင့် အစာအမျိုးမျိုးအပြင် လူတို့စိုက်ပျိုးရန် သင့်တော်သည့် မြေဆီလွှာနှင့် မြေကြီးတို့ကို ပြင်ဆင်ပေးပြီး ဤနည်းအတိုင်း ၎င်းတို့ကို အစာပေး၏။ မည်ကဲ့သို့သော အစာအမျိုးအစားများရှိသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသင့်သည်၊ မှန်သလော။ ပထမအနေဖြင့် အစေ့အဆန်အမျိုးအစား အမျိုးမျိုးရှိ၏။ အစေ့အဆန်များတွင် မည်သည်တို့ပါသနည်း။ ဂျုံစေ့၊ လူး၊ ဆပ်၊ နှံစားပြောင်းကောက်နှံများနှင့် စပါးစသည့် အခွံပါသည့်အရာများပါ၏။ ကောက်နှံပင်များကို အမျိုးအစားများစွာလည်း ခွဲခြားထား၏။ ဘာလီ၊ ဂျုံ၊ အုတ်ဂျုံနှင့် ပန်းဂျုံအစရှိသော ကောက်နှံပင်များ တောင်ပိုင်းမှမြောက်ပိုင်းအထိ အမျိုးအစားများစွာရှိ၏။ ကွဲပြားသည့် မျိုးစိတ်များမှာ ကွဲပြားသည့်ဒေသများတွင် စိုက်ပျိုးရန် သင့်တော်၏။ စပါးအမျိုးမျိုးလည်း ရှိသေး၏။ တောင်ပိုင်း၌ ဆန်လုံးပိုရှည်ပြီး စေးကပ်လွန်းခြင်း မရှိသဖြင့် တောင်ပိုင်းသားများနှင့် သာ၍သင့်တော်သော ၎င်း၏ကိုယ်ပိုင်စပါး မျိုးကွဲများရှိ၏။ တောင်ပိုင်း၌ ရာသီဥတုပိုပူသဖြင့် ၎င်းတို့သည် အင်ဒိက (indica) ဆန်ကဲ့သို့ မျိုးကွဲများကို စားသုံးရ၏။ ထိုဆန်မျိုးကွဲမှာ စေးကပ်လွန်း၍ မရပေ၊ သို့မဟုတ်ပါက ၎င်းတို့က စားနိုင်ကြမည်မဟုတ်ဘဲ ခံတွင်းပျက်ကြပေလိမ့်မည်။ မြောက်ပိုင်းသားများ စားသည့်ဆန်မှာ ပိုစေးကပ်၏။ မြောက်ပိုင်းသည် အမြဲတမ်း ပိုအေးသဖြင့် ၎င်းတို့သည် စေးကပ်သည့်ဆန်ကို စားရ၏။ ထို့အပြင် ပဲအမျိုးမျိုးလည်းရှိ၏။ ၎င်းတို့ကို မြေပေါ်တွင် စိုက်ပျိုးကြ၏။ မြေအောက်တွင် စိုက်ပျိုးသည့် အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် အခြားအရာများစွာလည်း ရှိသေး၏။ အာလူးသည် မြောက်ပိုင်းတွင်ပေါက်၏။ မြောက်ပိုင်းမှ အာလူးများ၏အရည်အသွေးမှာ အလွန်ကောင်း၏။ လူတို့၌ စားစရာအစေ့အဆန်များ မရှိသည့်အခါ ၎င်းတို့ တစ်နေ့သုံးနပ်စားနေနိုင်ရန် အာလူးသည် ၎င်းတို့၏အစားအသောက်၌ အခြေခံစားကုန်ဖြစ်နိုင်သည်။ အာလူးသည်လည်း စားသောက်ကုန်ဖြစ်နိုင်၏။ ကန်စွန်းဥမှာ အရည်အသွေးအားဖြင့် အာလူးလောက် မကောင်းသော်လည်း ၎င်းတို့ တစ်နေ့အစာသုံးနပ်စားနေနိုင်ရန် ကန်စွန်းဥကို အခြေခံစားကုန်အဖြစ် အသုံးပြုနိုင်သေး၏။ အစေ့အဆန်များ မရနိုင်သေးသည့်အခါတွင် လူတို့သည် ၎င်းတို့၏ဝမ်းဖြည့်ရန် ကန်စွန်းဥကို အသုံးပြုနိုင်သည်။ တောင်ပိုင်းသားများ စားလေ့ရှိသည့် ပိန်းဥကိုလည်း ထိုနည်းတူပင် အသုံးပြုနိုင်ပြီး ယင်းသည်လည်း အခြေခံစားကုန်တစ်ခု ဖြစ်နိုင်သည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အစားအသောက်အတွက် လိုအပ်သည့်အရာတစ်ခုဖြစ်သော အစေ့အဆန် အမျိုးမျိုးဖြစ်၏။ လူတို့သည် အစေ့အဆန်အမျိုးမျိုးကို ခေါက်ဆွဲ၊ ပေါက်စီ၊ ထမင်းနှင့် ဆန်ခေါက်ဆွဲများပြုလုပ်ရန် အသုံးပြုကြ၏။ ဘုရားသခင်သည် ဤအစေ့အဆန်အမျိုးမျိုးကို လူသားမျိုးနွယ်အပေါ် အလျှံအပယ် ပေးသနားထား၏။ မျိုးကွဲပေါင်းမြောက်မြားစွာ အဘယ်ကြောင့် ရှိနေသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဤနေရာ၌ တွေ့နိုင်၏၊ တစ်ဘက်တွင် ယင်းမှာ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့ရှိ ကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများနှင့် သင့်တော်စေရန်ဖြစ်သည်၊ အခြားတစ်ဘက်တွင်မူ ဤအစေ့အဆန်များ၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများ အမျိုးမျိုးတို့သည် လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများတို့နှင့် ကိုက်ညီကြသည်။ လူတို့သည် ဤအစေ့အဆန်များကို စားခြင်းဖြင့်သာ ၎င်းတို့၏ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အာဟာရများနှင့် အစိတ်အပိုင်းအမျိုးမျိုးကို ထိန်းသိမ်းနိုင်ကြ၏။ မြောက်ပိုင်းအစာနှင့် တောင်ပိုင်းအစာတို့ ကွဲပြားကြသော်လည်း ၎င်းတို့၌ရှိသည့် တူညီချက်များမှာ ကွဲပြားချက်များထက် သာ၍များသည်။ ၎င်းအစာများသည် လူ့ခန္ဓာကိုယ်၏ သာမန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူ့ခန္ဓာကိုယ်၏ သာမန်အသက်ရှင်မှုကို ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် နေရာဒေသအမျိုးမျိုးတွင် ထုတ်လုပ်သည့် မျိုးစိတ်များ အလွန်များပြားရခြင်း အကြောင်းရင်းမှာ လူ့ခန္ဓာကိုယ်သည် ထိုကဲ့သို့သောအစာများက ထောက်ပံ့ပေးသည့်အရာကို လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ ပုံမှန်အသက်ရှင်နေထိုင်မှုကို ဆက်လက်ထိန်းသိမ်း၍ ပုံမှန်လူ့ဘဝကိုရရှိရန် မြေဆီလွှာ၌ စိုက်ပျိုးထားသော အစာအမျိုးမျိုးမှ ထောက်ပံ့ပေးသည့်အရာကို လိုအပ်ကြ၏။ အချုပ်အားဖြင့်ဆိုလျှင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အလွန်စာနာထောက်ထား၏။ လူတို့အပေါ် ဘုရားသခင်ချပေးသော အစာအမျိုးမျိုးသည် ငြီးငွေ့ဖွယ်မကောင်းပေ၊ ၎င်းတို့သည် လွန်စွာ ပြီးပြည့်စုံကြသည်။ လူတို့သည် ကောက်နှံကိုစားလိုပါက ကောက်နှံစားနိုင်၏။ အချို့သူများက ခေါက်ဆွဲစားရသည်ကို မနှစ်သက်ကြပေ၊ ထမင်းစားလိုကြ၏၊ ထိုအခါ ထမင်းစားနိုင်ကြသည်။ ဆန်လုံးရှည်၊ ဆန်လုံးတို စသည်ဖြင့် ဆန်အမျိုးအစား အမျိုးမျိုးရှိပြီး ၎င်းတို့အားလုံးသည် လူတို့၏အရသာများကို အာသာပြေစေနိုင်၏။ ထို့ကြောင့် လူတို့သည် ဤအစေ့အဆန်များကို စားပါက ၎င်းတို့သည် ၎င်းတို့၏အစာနှင့်ပတ်သက်၍ ဇီဇာမကြောင်လွန်းသရွေ့ အာဟာရချို့တဲ့မည်မဟုတ်ဘဲ အသက်အရွယ်အိုမင်းသည်အထိ ကျန်းမာစွာနေနိုင်ရန် သေချာသည်။ ယင်းမှာ လူသားမျိုးနွယ်အပေါ် အစာပေးသနားခဲ့စဉ်က ဘုရားသခင်၏စိတ်ထဲတွင်ရှိခဲ့သော မူလအကြံဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဤအရာများမရှိ၍ မရပေ၊ ၎င်းသည် လက်တွေ့အရှိတရားပင် မဟုတ်လော။ လူသားမျိုးနွယ်သည် ဤလက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း ဘုရားသခင်ကမူ ယင်းကို ပြင်ဆင်ခဲ့ပြီးဖြစ်ကာ သေချာစွာ စဉ်းစားဆင်ခြင်ခဲ့ပြီးဖြစ်၏။ လူသားအတွက် ဘုရားသခင်သည် ရှေးမဆွကတည်းက အမှုအရာများကို ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ဤအရာများထက် သာ၍ပေးထား၏၊ ဟင်းသီးဟင်းရွက်များလည်း ရှိသေး၏။ သင်ထမင်းစားသည့်အခါ၊ သင်စားသမျှမှာ ထမင်းသာဖြစ်ပါက သင့်အနေဖြင့် အာဟာရချို့တဲ့နိုင်၏။ ထိုအခါ သင်သည် ထမင်းနှင့်အတူစားရန် ဟင်းပွဲငယ်တစ်ပွဲနှစ်ပွဲလောက် ကြော်လိုက်ပါက၊ သို့မဟုတ် အသုပ်တစ်ပွဲကို ရောသုပ်လိုက်ပါက ဟင်းသီးဟင်းရွက်များတွင်ရှိသည့် ဗီတာမင်များနှင့် အသက်ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော ဓာတုပစ္စည်းအမျိုးမျိုး၊ သို့မဟုတ် အခြားအာဟာရများသည် လူ့ခန္ဓာကိုယ်အတွက် လိုအပ်ချက်များကို လွန်စွာပုံမှန်ကျသောနည်းဖြင့် ထောက်ပံ့ပေးနိုင်ပေမည်။ လူတို့သည် အဓိကထမင်းနပ်များကို မစားပါက အသီးအနှံအချို့ကိုလည်း စားနိုင်သည်၊ မှန်သလော။ တစ်ခါတစ်ရံတွင် လူတို့သည် အရည်များ၊ သို့မဟုတ် အခြားအာဟာရများ၊ သို့မဟုတ် ကွဲပြားသည့် အရသာများ လိုအပ်သည့်အခါ ၎င်းတို့ကို ထောက်ပံ့ပေးရန် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်းရှိ၏။ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ရှိ မြေဆီလွှာများနှင့် ရာသီဥတုများသည် ကွဲပြားသည့်အတိုင်းပင် ၎င်းတို့တွင်လည်း ကွဲပြားသည့် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်း ရှိကြ၏။ တောင်ပိုင်းရာသီဥတုသည် ပူလွန်းသဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများစုသည် လူတို့စားသည့်အခါ ၎င်းတို့၏ခန္ဓာကိုယ်၌ အပူနှင့်အအေးကို မျှစေနိုင်သော အေးစေသည့်အမျိုးအစားများဖြစ်ကြသည်။ သို့သော်လည်း မြောက်ပိုင်းတွင်မူ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံအမျိုးအစားများ ပိုနည်းပါး၏၊ သို့သော် မြောက်ပိုင်းသားတို့ မွေ့လျော်ရန် လုံလောက်သေး၏။ သို့ရာတွင် များမကြာမီနှစ်များက လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကြောင့်၊ လူမှုရေးတိုးတက်မှုများဟု ဆိုသည့်အရာများကြောင့်၊ ထို့အပြင် တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်မှုများကြောင့်၊ မြောက်ပိုင်းသားများသည်လည်း တောင်ဘက်မှ အသီးအနှံများ၊ ဒေသန္တရ အထူးထွက်ကုန်များ၊ သို့မဟုတ် ဟင်းသီးဟင်းရွက်များကိုလည်း တစ်နှစ်ပတ်လုံးပင် စားနိုင်ကြ၏။ လူတို့သည် ၎င်းတို့၏ စားချင်စိတ်များနှင့် ရုပ်ဝတ္ထုတပ်မက်မှုများကို ထိုနည်းဖြင့် ဖြည့်ဆည်းနိုင်သော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာများသည် ကွဲပြားသည့် ဘေးအန္တရာယ်အဆင့်များကို ခံရမှန်းမသိ ခံရ၏။ ယင်းမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော အစားအစာများထဲတွင် တောင်ပိုင်းသားတို့အတွက် သင့်တော်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များရှိသည့်အပြင် မြောက်ပိုင်းသားတို့အတွက် သင့်တော်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များလည်း ရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တောင်ပိုင်း၌မွေးပါက တောင်ပိုင်းမှအရာများကို စားခြင်းသည် သင့်အတွက် အလွန်သင့်တော်၏။ တောင်ပိုင်း၌ သီးခြားရာသီဥတုရှိသောကြောင့် ဘုရားသခင်က ထိုအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ထားခြင်းဖြစ်၏။ မြောက်ပိုင်း၌ မြောက်ပိုင်းသားတို့၏ ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အစားအစာရှိ၏။ သို့ရာတွင် လူတို့၌ အငမ်းမရ စားချင်သောက်ချင်စိတ်များ ရှိသောကြောင့် ၎င်းတို့သည် လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဒီရေ၏ လွှမ်းမိုးခြင်းကို ခံရမှန်းမသိခံရပြီး ထိုကဲ့သို့သော နိယာမများကို ချိုးဖောက်မှန်းမသိ ချိုးဖောက်မိနေကြ၏။ လူတို့အနေဖြင့် ၎င်းတို့၏ဘဝများသည် ယခုပိုကောင်းသည်ဟု ခံစားရသော်လည်း ထိုကဲ့သို့သော လူမှုအဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတစ်ရပ်သည် ပို၍များပြားသော လူတို့၏ကိုယ်ခန္ဓာများသို့ မြင်ရန်မလွယ်သော အန္တရာယ်တစ်ရပ်ကို ယူဆောင်လာသည်။ ယင်းမှာ ဘုရားသခင်မြင်လိုသောအရာ မဟုတ်၊ ထို့အပြင် လူသားမျိုးနွယ်ထံ အရာခပ်သိမ်းနှင့် ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ဆောင်ယူပေးခဲ့စဉ် သူမူလက ရည်ရွယ်ခဲ့သည့် အရာလည်းမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ချမှတ်ထားသော နိယာမများကို လူသားမျိုးနွယ်က ဖောက်ဖျက်ခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်ပေးသနားထားသောအရာသည် ကြွယ်ဝ၍ များပြား၏၊ နေရာတစ်ခုစီ၌ ၎င်းတို့၏ကိုယ်ပိုင် ဒေသန္တရအထူးထွက်ကုန်များ ရှိ၏။ ဥပမာ အချို့အရပ်များသည် (ဂျူဂျူဘီဟု လူအများသိကြသည့်) စွံပလွန်သီးအနီများ ပေါကြွယ်ပြီး အခြားအရပ်များသည် သစ်ကြားသီး၊ မြေပဲ၊ သို့မဟုတ် အခြားအခွံမာသီးအမျိုးမျိုး ပေါကြွယ်၏။ ဤရုပ်ဝတ္ထုပစ္စည်းများအားလုံးက လူ့ခန္ဓာကိုယ်လိုအပ်သည့် အာဟာရများကို ထောက်ပံ့ပေးသည်။ သို့သော် ဘုရားသခင်သည် ရာသီနှင့် အချိန်အခါအလိုက် လူသားမျိုးနွယ်ကို အမှုအရာများ ထောက်ပံ့ပေးပြီး သင့်တော်သည့်ပမာဏကို သင့်တော်သည့်အချိန်၌လည်း ချပေး၏။ လူသားမျိုးနွယ်သည် ကိုယ်ခန္ဓာပျော်ပါးမှုကို တပ်မက်ကာ အငမ်းမရဖြစ်ကြသဖြင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့ချိန်က လူကြီးထွားမှု ပုံမှန်နိယာမများကို ချိုးဖောက်၍ ထိခိုက်ပျက်စီးစေရန် လွယ်ကူ၏။ ဥပမာတစ်ရပ်အနေဖြင့် ချယ်ရီသီးများကို ကြည့်ကြစို့၊ ၎င်းတို့အကြောင်း လူတိုင်းသိကြသည်၊ ဟုတ်သလော။ ၎င်းတို့သည် ဇွန်လတွင် ရင့်မှည့်ကြသည်။ ပုံမှန်အခြေအနေများတွင် သြဂုတ်လ၌ ၎င်းတို့ကုန်သွားကြမည်ဖြစ်သည်။ ချယ်ရီသီးများသည် နှစ်လသာ လတ်ဆတ်၏၊ သို့သော် သိပ္ပံနည်းကျ နည်းလမ်းများအားဖြင့် လူတို့သည် ယခုအခါ ၎င်းကို ၁၂ လအထိ တိုးနိုင်ပြီး နောက်နှစ် ချယ်ရီရာသီအထိပင် တိုးနိုင်၏။ ယင်းက ချယ်ရီသီးများ တစ်နှစ်ပတ်လုံး ရှိသည်ဟု ဆိုလိုသည်။ ဤဖြစ်ရပ်မှာ မူမှန်သလော။ (မူမမှန်ပါ။) သို့ဖြစ်လျှင် ချယ်ရီသီးများကို စားသုံးရန် အကောင်းဆုံးရာသီသည် မည်သည့်အချိန်ဖြစ်သနည်း။ ဇွန်လမှ သြဂုတ်လအထိ ကာလဖြစ်၏။ ဤကန့်သတ်ချက်ထက် ကျော်လွန်လျှင် ၎င်းတို့ကို သင်မည်မျှပင် လတ်ဆတ်စွာ ထားစေကာမူ အရသာတူမည် မဟုတ်ပေ၊ လူ့ခန္ဓာကိုယ်မှ လိုအပ်သည့်အရာလည်း မဟုတ်ပေ။ ၎င်း၏သက်တမ်းကုန်သည့်ရက်စွဲ ကျော်လွန်သည်နှင့် သင့်အနေဖြင့် မည်သည့်ဓာတုပစ္စည်းများကို အသုံးပြုသည်ဖြစ်စေ သဘာဝအတိုင်း သင်စိုက်ပျိုးသည့်အခါရသည့် ၎င်း၏အနေအထားကို ရနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဓာတုပစ္စည်းများက လူတို့အပေါ် ကျရောက်စေသည့် ထိခိုက်မှုသည် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖယ်ရှားရန်၊ သို့မဟုတ် ပြောင်းလဲရန် တစ်စုံတစ်ရာလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် လက်ရှိဈေးကွက်စီးပွားရေးသည် လူတို့အတွက် မည်သည့်အရာ ဖြစ်ပေါ်စေသနည်း။ လူတို့၏ဘဝများ ပိုကောင်းလာပုံရသည်၊ အရပ်ရပ်သို့ သယ်ယူပို့ဆောင်ရေးသည် အမှန်တကယ်ပင် အဆင်ပြေလာခဲ့ပြီး လူတို့သည် တစ်နှစ်လေးရာသီ မည်သည့်အချိန်မဆို အသီးအနှံအမျိုးမျိုးကို စားနိုင်ကြ၏။ မြောက်ပိုင်းသားတို့သည် ငှက်ပျောသီးများနှင့် မည်သည့်အစားအစာမဆို၊ တောင်ပိုင်းမှ ဒေသန္တရအထူးထွက်ကုန်များ၊ သို့မဟုတ် သစ်သီးဝလံများကို စားနိုင်လေ့ရှိကြသည်။ သို့ရာတွင် ယင်းမှာ လူသားမျိုးနွယ်အား ဘုရားသခင်ပေးလိုသည့် ဘဝမဟုတ်ပေ။ ဤကဲ့သို့သော ဈေးကွက်စီးပွားရေးမျိုးသည် လူတို့၏ဘဝများကို အကျိုးကျေးဇူးအချို့ ဖြစ်စေသော်လည်း အန္တရာယ်အချို့လည်း ပြုနိုင်ပေသည်။ ဈေးထဲ၌ အလျှံအပယ်ပေါများမှုကြောင့် များစွာသောလူတို့သည် မည်သည့်အရာကိုမဆို စားကြ၏၊ မစဉ်းစားမဆင်ခြင်ဘဲ စားကြ၏။ ဤသည်က သဘာဝနိယာမများကို ချိုးဖောက်ပြီး ၎င်းတို့၏ကျန်းမာရေးကို ထိခိုက်၏။ ထို့ကြောင့် ဈေးကွက်စီးပွားရေးသည် လူတို့ကို စစ်မှန်သော ပျော်ရွှင်မှု မပေးနိုင်ပေ။ သင်နားလည်သည်၊ ဟုတ်သလော။ ကြည့်ပါ။ ဈေးထဲ၌ စပျစ်သီးများကို လေးရာသီစလုံး ရောင်းသည်မဟုတ်လော။ အကယ်စင်စစ် စပျစ်သီးများသည် ခူးဆွတ်ပြီးနောက် အချိန်ခဏလေးသာ လတ်ဆတ်နေ၏။ နောက်ဇွန်လအထိ ထားပါက ၎င်းတို့ကို စပျစ်သီးဟုခေါ်၍ ရသေးသလော။ အမှိုက်ဟု ခေါ်နိုင်သလော။ ၎င်းတို့၌ စပျစ်သီးတို့၏ နဂိုမူလပေါင်းစပ်ဖွဲ့စည်းပုံ မရှိတော့သည်သာမက ၎င်းတို့အပေါ်၌ ဓာတုပစ္စည်းများလည်း ပို၍ရှိနေပေသည်။ တစ်နှစ်ကြာပြီးနောက် ၎င်းတို့သည် မလတ်ဆတ်ရုံသာမက ၎င်းတို့၏ အာဟာရဓာတ်များသည်လည်း ကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်ပေသည်။ လူတို့သည် စပျစ်သီးစားသောအခါ- “ပျော်လိုက်လေခြင်း။ လွန်ခဲ့သည့်အနှစ် ၃၀ က ဤရာသီမှာ စပျစ်သီးစား၍ ရနိုင်ခဲ့ပါ့မည်လော။ စားချင်၍ပင် စား၍မရ။ ယခု အင်မတန်ကောင်းလိုက်သည့်ဘဝ” ဟု ခံစားရ၏။ ယင်းမှာ အကယ်ပင် ပျော်ရွှင်မှုလော။ သင်စိတ်ဝင်စားပါက ဓာတုပစ္စည်းများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့် စပျစ်သီးများကို သွားလေ့လာပြီး ၎င်းတို့၏ ပေါင်းစပ်ဖွဲ့စည်းပုံမှာ မည်သည့်အရာဖြစ်သည်ကို သွားကြည့်နိုင်ကာ ဤပေါင်းစပ်ဖွဲ့စည်းပုံသည် လူတို့ကို အကျိုးကျေးဇူးတစ်စုံတစ်ရာ ပေးနိုင်ခြင်းရှိမရှိကို သွားကြည့်နိုင်၏။ ပညတ်တော်ခေတ်၌ အဲဂုတ္တုပြည်မှ ထွက်ခွာပြီးနောက် ဣသရေလအမျိုးတို့ ခရီးသွားစဉ်က ဘုရားသခင်သည် ၎င်းတို့အား ငုံးငှက်နှင့် မန္နမုန့်တို့ကို ပေးခဲ့၏။ ဘုရားသခင်သည် ၎င်းတို့အား ထိုအရာများကို တာရှည်ခံအောင် လုပ်ခွင့်ပေးခဲ့သလော။ အချို့သူများက သဘောထားကျဉ်းမြောင်း၍ နောက်နေ့၌ နောက်ထပ်မရှိတော့မည်ကို စိုးရိမ်ကြသဖြင့် နောင်တွင် လိုအပ်ခဲ့သော် ရှိရန်အတွက် အချို့ကို သိမ်းထားခဲ့ကြ၏။ ထို့နောက် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ နောက်တစ်နေ့ရောက်သော် ယင်းသည် ပုပ်သွားလေ၏။ ဘုရားသခင်သည် ၎င်းတို့အား အရန်အဖြစ် ထားခွင့်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ငတ်မွတ်ခြင်းမရှိကြောင်း သေချာစေရန် ဘုရားသခင်သည် ပြင်ဆင်မှုအချို့ကို ပြုလုပ်ခဲ့ပြီးဖြစ်၍ဖြစ်သည်။ လူသားမျိုးနွယ်၌ ထိုစိတ်ချယုံကြည်မှု မရှိပေ၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် အစဉ်ပင် နောင်အတွက် အချို့ဖယ်ထားကြပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သည့်အရာ နောက်ကွယ်မှ ဂရုစိုက်မှုနှင့် စဉ်းစားဆင်ခြင်မှုကို မည်သည့်အခါမျှ မြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အစဉ်ပင် ယင်းကို ခံစားနိုင်ခြင်း လုံးဝမရှိပေ၊ အစဉ်ပင် ဘုရားသခင်ကို အယုံအကြည်ကင်းမဲ့ကာ အစဉ်ပင် “ဘုရားသခင်၏ လုပ်ဆောင်မှုများသည် စိတ်မချရပေ။ လူသားမျိုးနွယ်ကို ဘုရားသခင်က ထိုအရာပေးလိမ့်မည်၊ မပေးလိမ့်မည်၊ သို့မဟုတ် မည်သည့်အခါ ပေးမည်ကို မည်သူသိမည်နည်း။ ငါအလွန်ဆာလောင်သည့်အခါ ဘုရားသခင်က မပေးလျှင် ငါသည် ငတ်လိမ့်မည် မဟုတ်လော။ အာဟာရချို့တဲ့မည်မဟုတ်လော” ဟု စဉ်းစားကြသည်။ လူသား၏ စိတ်ချယုံကြည်မှု မည်မျှသေးနုပ်သည်ကို မြင်လော့။
0 Comments
Leave a Reply. |
Click & Join us
作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|