ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏” ယေဟောဝါ ဘုရားသခင်က အာဗြဟံကို အကြိမ်ပေါင်းများစွာ သူ၏ သားသမီးများက ပွားများလာအောင် ကောင်းချီးချပေးခဲ့သည်။ မည်သည့်အတိုင်းအတာအထိ ပွားများစေခဲ့သနည်း။ ကျမ်းပိုဒ်တွင်ပြောထားသည့် အတိုင်းအတာအထိဖြစ်သည်။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” တစ်နည်းအားဖြင့် ဘုရားသခင်သည် အာဗြဟံ၏ သားသမီးများကို မိုးကောင်းကင်က ကြယ်များကဲ့သို့ပေါများပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ များပြားအောင် ချပေးသနားရန် ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုပြီး စကားပြောသည်။ ဤနိမိတ်ပုံမှတစ်ဆင့် ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် ထောင်ပေါင်းများစွာတင်မကဘဲ လူမျိုးစုများ အများကြီးဖြစ်သည့်အထိ လုံလောက်အောင် မရေမတွက်နိုင်သည့် ပမာဏကို ချပေးသနားသည်ဆိုခြင်းကို မြင်ရန် မခက်ခဲပေ။ ဘုရားသခင်သည် အာဗြဟံက လူမျိုးစုအများအပြား၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်ဖြစ်သည်။ ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ သူ့အပေါ်တွင် မူတည်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဆိုသကဲ့သို့ များရန်မဆိုနှင့် နည်းနည်းပါးပါးရှိမရှိပင်လျှင် လူသားအပေါ်တွင် မူတည်ခြင်း မရှိပေ။ သူတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်ဆိုသည်ကို မည်သူက မလိုချင်ဘဲနေမည်နည်း။ အကြောင်းအပေါင်းမသင့်၍ အကြောင်းကိစ္စများက သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်ပါစေ၊ တတ်စွမ်းပါစေ၊ သူ့အပေါ်တွင် မမူတည်ပေ။ ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည့်အရာ၏ အပြင်ဘက်တွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှပင် ခွင့်ပြုသည်ဖြစ်စေ ထိုပမာဏမှာ သင်ရရှိမည့်အရာသာဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင် သင်သည် မည်သည့်အခါမျှ အများကြီးရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အများကြီးပေးရင် သင်မည်မျှရှိသည် ဆိုသည့်အပေါ်တွင် မကျေမနပ်ဖြစ်နေလည်း အလကားပင်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက ဘုရားသခင်အပေါ်မူတည်သည်။ လူသားပေါ် မမူတည်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးသည်။ မည်သူမျှ မလွတ်ကင်းပေ။
0 Comments
ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပါ သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့က လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့က သက်ကြီးပိုင်းထဲကို ဝင်နေသည်။ မယုံကြည်သူမှ ယုံကြည်သူအထိ၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို ကြုံတွေ့ခြင်းအထိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာကို မည်သို့ သိမြင်နားလည်မှု ရခဲ့သနည်း။ လူတစ်ယောက်က ဘဝတွင် သူဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလော။ သင်ဖြစ်တည်လာပြီး ဆယ်စုနှစ် အနည်းငယ်မှာ သင်ဆန္ဒရှိသည့်အရာ ဘယ်နှစ်ခု ပြီးမြောက်ပါသနည်း။ ဘယ်နှစ်ခုက ထင်သလို မဖြစ်ခဲ့ပါသနည်း။ ဘယ်နှစ်ခုက ကိုယ်ကြိုက်နှစ်သက်သည့် အံ့သြစရာအနေနှင့် ရောက်လာပါသနည်း။ အချိန်ကောင်းကို မသိစိတ်ကနေ စောင့်နေရင်း၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်နေရင်း အကျိုးရလဒ်ကောင်းတွေ ရဖို့အတွက် လူတို့သည် အကြောင်းအရာ ဘယ်နှစ်ခုစောင့်နေပါသနည်း။ အကြောင်းအရာဘယ်နှစ်ခုက လူတို့ကို ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သနည်း။ လူတိုင်းက သူတို့၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ နှင့် ပြည့်နေသည်။ သူတို့ဘဝတွင် အရာရာသည် သူတို့ဆန္ဒရှိသလို ဖြစ်မည်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် မလို၊ သူတို့၏ စည်းစိမ်များသည် သိပ်အံ့သြစရာကောင်းအောင် မြှင့်တက်လာမည်ဟု မျှော်လင့်ကြသည်။ ဆင်းရဲပြီး ဖိနှိပ်ခံရသည့်ဘဝ၊ အခက်အခဲများနှင့် ပြည့်နေသည့်ဘဝ၊ ဘေးဒုက္ခတွေနှင့် ဝန်းရံနေသည့်ဘဝကို မည်သူမှ မလိုချင်ပါ။ သို့သော်လည်း လူတို့သည် ဤ အရာတွေကို ကြိုမမြင်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါ။ တစ်ချို့အတွက်က အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေးနေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူတို့သည် ကောင်းကင်ဘုံ၏ အလိုက မည်သည် ဆိုတာကို ဘယ် သောအခါမှ မသိမြင်သလို ဂရုလည်းမစိုက်ပါ။ သူတို့၏ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင်နှင့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ရင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာက မည်သို့နည်း၊ လူသားတွေက အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်ရမည်ဆိုသည်ကို ဂရုမစိုက်ဘဲနေရင်း အသက်ရှင်ကြသည်။ ဤလူတို့သည် လူသား၏ကံကြမ္မာကို နားလည်ခြင်းမရှိဘဲ အသက်ကြီးလာကြသည်။ သူတို့သေသည့်အချိန်အထိ ဘဝဆိုသည် မည်သို့နည်းဆိုသည်ကို မသိကြပါ။ ဤလိုလူတွေက လူသေတွေပါ။ သူတို့သည် ဝိညာဉ်မပါသည့် သက်ရှိများဖြစ်သည်။ သူတို့သည် သားရဲတိရစ္ဆာန်တွေ ဖြစ်သည်။ အရာအားလုံးကြားမှာ အသက်ရှင်နေထိုင်ရင်း၊ ကမ္ဘာကြီးက သူတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများကနေ လူတို့သည် ပျော်ရွှင်မှုတွေကို ရယူနိုင်သော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို သူတို့မြင်ရသော်လည်း သူတို့၏ကိုယ်ပိုင်အတွေ့အကြုံ၊ သူတို့၏ နှလုံးသားနှင့် ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုတို့နှင့် မည်သို့မျှမသက်ဆိုင်ပါ၊ မည်သည့်ရုပ်ဝတ္ထုပစ္စည်းမှ ဤအရာအတွက် အစားထိုး မဖြစ်နိုင်ပါ။ ယင်းသည် နှလုံးသားထဲမှာရှိသည့် သိမြင်ခြင်းဖြစ်သည်။ ပကတိမျက်စိနှင့် မြင်လို့မရနိုင်သည့် အရာပါ။ ဤ သိမြင်ခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် သူ၏နားလည်မှု၊ ခံစားမှုတို့ထဲမှာ တည်ရှိပါသည်။ ဤအရာသည် မမြင်ရသည့် အရှင်သခင်တစ်ယောက်က အရာအားလုံးကို စီစဉ်နေသည်၊ လူသားအတွက် အရာရာတိုင်းကို ကိုင်တွယ်ညွှန်ကြားနေသည် ဆိုသည့်အပေါ် နားလည်စေပါသည်။ ဤအရာအားလုံးထဲတွင် လူတစ်ယောက်သည် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရုံပဲရှိပါသည်။ ဖန်ဆင်းရှင်ချပေးသည့်လမ်း၊ သူ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံပဲရှိပါသည်။ ဤကား မငြင်းနိုင်သည့် အချက်တစ်ခုပါ။ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သို့ ထိုးထွင်းသိမြင်မှုနှင့် သဘောထားပဲရှိပါစေ ဤအချက်ကို မည်သူမှ မပြောင်းနိုင်ပါ။
လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်ပြုလုပ်ပါသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ၄င်းကိုလည်း ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထား ပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။
လူတစ်ယောက်သည် တစ်ခြားတစ်ယောက် ကလေး၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာသည် ဆိုလျှင် သူသည် တစ်ခြားသူ၏ မိဘ၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှု စောင့်ရှောက်ပါသည်။ ဤအခန်းကဏ္ဍ ရွှေ့ပြောင်းခြင်းက လူတစ်ယောက်ကို မတူညီသည့် ရှုထောင့်မှ ဘဝ၏ မတူညီသည့် ပြောင်းလဲမှုအချိန်ကာလများ ကို ကြုံတွေ့စေပါသည်။ ဤအချက်ကလည်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် မည်သူကမှ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ချက်ကို မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဆိုသည့် အချက်ကို သိလာစေသည့် မတူညီသည့် ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါသည်။ လူတစ်ယောက်သည် ကလေးဘဝ၊ ကြီးကောင်ဝင်ချိန်ကို ဖြတ်သန်းပြီး ရင့်ကျက်သည့်အရွယ်ကို တဖြည်းဖြည်းနှင့် ရှောင်လွှဲလို့မရဘဲ ရောက်လာသည့်အခါ နောက်တစ်ဆင့်က သူတို့အတွက် သူတို့၏ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့၏မိဘများကို နှုတ်ဆက်ပြီး အမှီအခိုကင်းသည့် အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် ရှေ့လမ်းကို ရင်ဆိုင်ဖို့အတွက် ဖြစ်ပါသည်။ ဤအချိန်တွင်[ဂ] အရွယ်ရောက်ပြီးသူ တစ်ယောက် ကြုံတွေ့ရမည့်၊ သူတို့ကံကြမ္မာကွင်းဆက်၏ အချိတ်အဆက်များအားလုံးကို ရင်ဆိုင်ရမည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအားလုးကို သူတို့ရင်ဆိုင်ရပါမည်။ ဤကားလူတစ်ယောက် ဖြတ်သန်းသွားရမည့် တတိယဆုံမှတ်ပါ။
မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာပြီး သူတို့မိဘတွေဆီများမှ မတူညီသည့် သင်ခန်းစာများကို သင်ကြားကြသည်။ ဒါက လူတစ်ယောက် ကြီးပြင်းလာသည့် အခြေအနေအပေါ် သတ်မှတ်ပြီး အရွယ်ရောက်ခြင်းက[ခ] လူတစ်ယောက်ဘဝ၏ ဒုတိယအရေးပါသည့် ဆုံမှတ်ကို ကိုယ်စားပြုသည်။ ပြောပြစရာမလိုပါ။ လူတွေက ဤဆုံမှတ်တွင်လည်း ရွေးစရာလမ်းမရှိပါ။ ၎င်းသည်လည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။
၁။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေတွေကို ဖန်ဆင်းရှင်က သတ်မှတ်သည် လူတစ်ယောက် မွေးဖွားသည့်အခါ သူ သို့မဟုတ် သူမက မည်သည့်မိသားစုမှ မွေးသည်၊ လိင်အမျိုးအစား၊ ပုံသဏ္ဌာန်၊ မွေးဖွားချိန်၊ ၄င်းတို့သည် လူတစ်ယောက်ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်ပါသည်။
ဤဆုံမှတ်တွင် မည်သူမှ ဤအပိုင်းတွေကို ရွေးချယ်ခွင့်မရှိပါ။ ဤအရာ အားလုံးသည် ဖန်ဆင်းရှင်အားဖြင့် ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ ဤအရာတို့သည် ပြင်ပပတ်ဝန်းကျင်မှ ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးခံရခြင်း မရှိပါ။ ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ပေးထားသည့် ဤအချက်တွေကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပါ။ လူတစ်ယောက် မွေးဖွားလာခြင်းက ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုပြီး ပိုင်းခြားသတ်မှတ် ထားသောကြောင့် မည်သူကမှ မည်သည့်အချက်ကိုမှ ပြောင်းနည်းနိုင်သည့် အစွမ်းမရှိပါ။ လူတစ်ယောက်၏ နောက်ပိုင်းဖြစ်လာမည့် ကံကြမ္မာတို့နှင့် မသက်ဆိုင်ဘဲ သူ့၏မွေးဖွာခြင်း အခြေအနေများက ကြိုတင်သတ်မှတ်ထားပြီးဖြစ်၍ ၄င်းအတိုင်းပဲ ရှိပါသည်။ ဤအချက်တို့ကို လူတစ်ယောက်ဘဝ၏ ကံကြမ္မာက ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးမှုမရှိသကဲ့သို့ ဤကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဘယ်နည်းနှင့်မှ သက်ရောက်မှု မရှိပါ။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|