လူတစ်ယောက် မွေးဖွားသည့်အခါ သူ သို့မဟုတ် သူမက မည်သည့်မိသားစုမှ မွေးသည်၊ လိင်အမျိုးအစား၊ ပုံသဏ္ဌာန်၊ မွေးဖွားချိန်၊ ၄င်းတို့သည် လူတစ်ယောက်ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်ပါသည်။ ဤဆုံမှတ်တွင် မည်သူမှ ဤအပိုင်းတွေကို ရွေးချယ်ခွင့်မရှိပါ။ ဤအရာ အားလုံးသည် ဖန်ဆင်းရှင်အားဖြင့် ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ ဤအရာတို့သည် ပြင်ပပတ်ဝန်းကျင်မှ ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးခံရခြင်း မရှိပါ။ ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ပေးထားသည့် ဤအချက်တွေကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပါ။ လူတစ်ယောက် မွေးဖွားလာခြင်းက ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုပြီး ပိုင်းခြားသတ်မှတ် ထားသောကြောင့် မည်သူကမှ မည်သည့်အချက်ကိုမှ ပြောင်းနည်းနိုင်သည့် အစွမ်းမရှိပါ။ လူတစ်ယောက်၏ နောက်ပိုင်းဖြစ်လာမည့် ကံကြမ္မာတို့နှင့် မသက်ဆိုင်ဘဲ သူ့၏မွေးဖွာခြင်း အခြေအနေများက ကြိုတင်သတ်မှတ်ထားပြီးဖြစ်၍ ၄င်းအတိုင်းပဲ ရှိပါသည်။ ဤအချက်တို့ကို လူတစ်ယောက်ဘဝ၏ ကံကြမ္မာက ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးမှုမရှိသကဲ့သို့ ဤကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဘယ်နည်းနှင့်မှ သက်ရောက်မှု မရှိပါ။ ၁။ ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် ဘဝသစ်တစ်ခု မွေးဖွားသည် လူတစ်ယောက်၏ မွေးဖွားရာနေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ မွေးဖွားသည့် အချိန်ဖြစ်သည့် ပထမဆုံမှတ်တွင် မည်သည့်အသေးစိတ် အချက်အလက်ကို လူတစ်ယောက်က ရွေးချယ်နိုင်စွမ်း ရှိပါသလော။ သိသာပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ကိုယ်တိုင်ပြုလုပ်လို့မရသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ လူတစ်ယောက်သည် နေရာတစ်နေရာ၊ အချိန်တစ်ခု၊ မိသားစုတစ်စုမှာ၊ ရုပ်အသွင်အပြင်တစ်ခုနှင့် ကိုယ့်သဘောနှင့် မဟုတ်ဘဲ မွေးဖွားပါသည်။ လူတစ်ယောက်သည် အိမ်ထောင်စုတစ်စုတွင် ကိုယ့်သဘောနှင့်မဟုတ်ဘဲ အဖွဲ့ဝင်ဖြစ်လာပြီး မိသားစုမျိုးဆက်တစ်ခုတွင် အမွေဆက်ခံပါသည်။ လူတစ်ယောက်သည် ဤပထမဆုံမှတ်မှာ ရွေးစရာလမ်းမရှိဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်အညီ သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တစ်ခု၊ သတ်မှတ်ထားသည့် မိသားစုတစ်စု၊ သတ်မှတ်ထားသည့် လိင်အမျိုးအစားနှင့် အသွင်အပြင်တစ်ခုနှင့်၊ သူ့ဘဝလမ်းကြောင်းနှင့် နီးကပ်စွာ ဆက်သွယ်နေသည့် သတ်မှတ်ထားသည့် အချိန်တွင် မွေးဖွားပါသည်။ အလွန်အရေးပါသည့် ဤဆုံမှတ်တွင် လူတစ်ယောက်သည် မည်သည့်အရာ ကို လုပ်နိုင်ပါသနည်း။ အားလုံးပေါင်းလိုက်လျှင်၊ လူတစ်ယောက်သည် သူ၏ မွေးဖွားခြင်းနှင့် ပတ်သက်ပြီး ဤအသေးစိတ် အချက်အလက်များမှ တစ်ခုကိုမှ ရွေးချယ်လို့မရပါ။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် သူ့၏လမ်းညွှန်မှုမရှိလျှင် ဤကမ္ဘာတွင် အသစ်မွေးဖွားလာသည့် သက်ရှိတစ်ဦးသည် မည်သည့်နေရာကိုသွားရမည် သို့မဟုတ် မည်သည့်နေရာတွင် နေရမည်ဆိုတာကို မသိပါ။ ဆွေမျိုးရှိမည်မဟုတ်ပါ။ မည်သည့်နေရာကိုမှ မပိုင်ဆိုင်ဘဲ စစ်မှန်သည့်အိမ်ရှိမှာ မဟုတ်ပါ။ သို့သော်လည်း ဖန်ဆင်းရှင်၏ စေ့စပ်သေချာသည့် အစီအစဉ်ကြောင့် နေစရာနေရာတစ်ခုနှင့်၊ မိဘများနှင့်၊ သူပိုင်ဆိုင်သည့်နေရာနှင့်၊ ဆွေမျိုးများနှင့် သူ၏ဘဝခရီးကို စတင်ပါသည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် ဤ ဘဝသစ်တစ်ခု ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ အစီအစဉ်နှင့် ပိုင်းခြားသတ်မှတ် ခြင်းဖြစ်ပါသည်။ သူပိုင်ဆိုင်လာမည့် အရာအားလုံးကို ဖန်ဆင်းရှင်က ချပေးသနားပါလိမ့်မည်။ မည်သည့်အမည်မှမရှိသေးသည့် လွတ်လွတ်လပ်လပ် လွင့်မျောနေသည့် ကိုယ်ခန္ဓာတစ်ခုမှ အသွေးနှင့်အသားနှင့် ဖြစ်လာသည်။ မြင်နိုင်လာသည်။ ရှင်းလင်းပြတ်သားသည့် လူသားတစ်ယောက်ဖြစ်လာသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ခုဖြစ်သည့်၊ စဉ်းစားတတ်သည့်၊ အသက်ရှူသည့်၊ အပူနှင့်အအေးကို သိရှိခံစားနိုင်သည့်၊ ရုပ်ဝတ္ထုကမ္ဘာမှာ ဖန်ဆင်းခံတစ်ယောက်၏ သာမန်လှုပ်ရှားမှုအားလုံးကို ပါဝင်လုပ်ဆောင်နိုင်သည့်၊ ဖန်ဆင်းခံတစ်ယောက်က ဘဝမှာ ကြုံတွေ့ရမည့် အရာအားလုံးကို ဖြတ်သန်းရမည့် သူတစ်ယောက် ဖြစ်လာပါမည်။ လူတစ်ယောက်ကို မွေးဖွားခြင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပိုင်းခြား သတ်မှတ်ခြင်းသည် ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် အရာအားလုံးကို ဤလူအား ချပေးသနားလိမ့်မည်လို့ ဆိုလိုပါသည်။ လူတစ်ယောက်က ဤကဲ့သို့ မွေးဖွားလာခြင်းသည် သူသို့မဟုတ် သူမသည် ဖန်ဆင်းရှင်ထံမှ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် အရာအားလုံးကို လက်ခံရရှိလိမ့်မည်၊ ဤအချိန်မှစပြီး ဖန်ဆင်းရှင်က ပံ့ပိုးပေးသည့် နောက်ပုံစံတစ်ခုနှင့် သူသို့မဟုတ် သူမသည် အသက်ရှင်နေထိုင်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာ သက်ရောက်မှုရှိမည်ဟုဆိုလိုပါသည်။ ၂။ မတူညီသည့် လူသားတို့သည် မတူညီသည့် အခြေအနေများအောက်တွင် အဘယ်ကြောင့် မွေးဖွားလာသနည်း လူတို့သည် နောက်တစ်ကြိမ် မွေးဖွားလာလျှင် ဂုဏ်ရှိပြီး ကျော်ကြားသည့် မိသားစုတွင် မွေးလိမ့်မည်ဟု ကြံစည် စဉ်းစားကြသည်။ သူတို့က အမျိုးသမီးများဖြစ်လျှင် စနှိုးဝှိုက်နှင့် တူပြီး အားလုံးက ချစ်ခင်ကြမည်။ သူတို့က အမျိုးသားဖြစ်လျှင် ဘာကိုမှမလိုအပ်သည့်၊ သူစေခိုင်းတာကိုလုပ်မည့် တစ်ကမ္ဘာလုံးက လူတွေရှိသည့် ချောမောလှပသည့် မင်းသားလေးဖြစ်မည်။ သူတို့၏မွေးနေ့နှင့်ပတ်သက်ပြီး အမြင်မှားသည့်သူ အများကြီးရှိပြီး မကြာခဏမကျေမနပ်ဖြစ်ကြသည်။ သူတို့မိသားစု၊ သူတို့၏ အသွင်အပြင်၊ သူတို့၏ လိင်အမျိုးအစား၊ သူတို့မွေးသည့် အချိန်ကိုပင် မကျေမနပ် ဖြစ်ကြသူများရှိသည်။ သို့သော်လည်း လူတို့က ဤမိသားစုတွင် အဘယ်ကြောင့် မွေးလာသည် သို့မဟုတ် အဘယ်ကြောင့် ဤပုံစံ ဖြစ်သည်ကို လုံးဝ နားမလည်ကြပါ။ သူတို့မည်သည့်အရပ်တွင် မွေးသည်ဖြစ်စေ၊ မည်သို့ပုံစံရှိသည်ဖြစ်စေ၊ သူတို့သည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှုတွင်ရှိသည့် မတူညီသည့် တာဝန်များကို ပြီးပြည့်စုံစေရန်နှင့် နေရာအမျိုးမျိုးတို့တွင် လှုပ်ရှားဖို့ဆိုတာကို သူတို့မသိကြပါ။ ဤရည်ရွယ်ချက်က ဘယ်သောအခါမှ မပြောင်းလဲပါ။ ဖန်ဆင်းရှင်၏အမြင်တွင် လူတစ်ယောက်မွေးဖွားသည့်နေရာ၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ ၄င်းတို့အားလုံးသည် ယာယီများဖြစ်ပါသည်။ သူတို့သည် လူသားမျိုးနွယ် တစ်ခုလုံးအပေါ် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု၏ ပြောင်းလဲမှုအဆင့် တစ်ခုစီမှာရှိသည့် အလွန်မှုန်မွှားသည့် အစက်အပြောက်လေးများ၊ အလွန်သေးငယ်သည့် သင်္ကေတလေးများ ဖြစ်ကြပါသည်။ လူတစ်ယောက်၏ စစ်မှန်သည့်ပန်းတိုင်နှင့် အဆုံးသတ်သည့် သီးသန့်ပြောင်းလဲမှု အဆင့်တစ်ခုတွင်ရှိသည့် သူ၏ သို့မဟုတ် သူမ၏ မွေးဖွားခြင်းအားဖြင့် ပိုင်းခြားသတ်မှတ်ခြင်း မဟုတ်ဘဲ ဘဝတိုင်းမှာ သူသို့မဟုတ် သူမ ပြီးမြောက်စေသည့် တာဝန်အားဖြင့်၊ ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ ပြီးဆုံးသည့်အချိန်တွင်သာ သူတို့အပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှုအားဖြင့် ပိုင်းခြားဆုံးဖြတ်မည် ဖြစ်ပါသည်။ အကျိုးတရားတိုင်းတွင် အကြောင်းတရားရှိပြီး အကြောင်းတရားမရှိသည့် အကျိုးဆိုသည်မှာ မရှိပါဟု ဆိုကြပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ မွေးဖွားခြင်းသည် သူ၏လက်ရှိဘဝနှင့် ယခင်ဘဝနှစ်ခုလုံးနှင့် သေချာပေါက် ဆက်သွယ်နေပါသည်။ လူတစ်ယောက်၏ သေဆုံးခြင်းသည် သူတို့၏လက်ရှိဘဝကို အဆုံးသတ်စေခဲ့လျှင် လူတစ်ယောက်၏ မွေးဖွားခြင်းသည် စက်ဝန်းအသစ်၏ အစတစ်ခုဖြစ်သည်။ စက်ဝန်းအဟောင်းက လူတစ်ယောက်၏ ယခင်ဘဝကို ကိုယ်စားပြုသည်ဆိုလျှင် စက်ဝန်းအသစ်က အလိုအလျောက် သူတို့၏ လက်ရှိဘဝဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက သူ၏ယခင်ဘဝနှင့် လက်ရှိဘဝကို ဆက်သွယ်နေသည့်အတွက် သူ၏မွေးဖွားမှုနှင့် ဆက်စပ်နေသည့် တည်နေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ အသွင်အပြင်နှင့် တစ်ခြား အချက်အလက်များ အားလုံးသည် သူတို့နှင့် သေချာပေါက် ဆက်သွယ်နေပါသည်။ ဤကား လူတစ်ယောက်၏ မွေးဖွားခြင်းနှင့်ပတ်သက်သည့် အချက်အလက်တို့သည် ယခင်ဘဝ၏ လွှမ်းမိုးမှု ရှိရုံတင်မကဘဲ လက်ရှိဘဝတွင် သူ၏ပန်းတိုင်ကို ပိုင်းခြားသတ်မှတ်သည်ဟု အဓိပ္ပါယ်ရသည်။ ၄င်းသည် လူတို့ မွေးဖွားလာသည့် အခြေအနေအမျိုးမျိုးနှင့် ဆက်စပ်နေသည်။ လူအချို့က ဆင်းရဲသည့် မိသားစုတွေမှာ မွေးဖွားကြသည်။ အချို့က ချမ်းသာသည့် မိသားစုတွင် မွေးဖွားသည်။ တစ်ချို့က သာမန်လူတန်းစားမှ လာပြီး၊ တစ်ချို့က ဂုဏ်ရှိပြီး ကျော်ကြားသည့် မျိုးရိုးများ ရှိကြသည်။ တစ်ချို့က တောင်ပိုင်းတွင်မွေးသည်။ တစ်ချို့က မြောက်ပိုင်းတွင်မွေးသည်။ တစ်ချို့က သဲကန္တာရထဲတွင် မွေးသည်။ တစ်ချို့က စိမ်းလန်းသည့် မြက်ပင်မြေတွင် မွေးသည်။ တစ်ချို့လူတို့၏ မွေးဖွားခြင်းက အသိအမှတ်ပြုမှု၊ ရယ်သံ၊ ပွဲကျင်းပမှုတွေနှင့် အတူယှဉ်တွဲသည်။ တစ်ချို့က မျက်ရည်၊ ဘေးဒုက္ခ၊ ဝမ်းနည်းစိတ်ညစ်ခြင်းတို့ သယ်ဆောင်လာသည်။ တစ်ချို့က တန်ဖိုးအထားခံ ရန်အတွက် မွေးဖွားလာသည်။ တစ်ချို့က မြက်ပင်တွေလို ဘေးကို အပစ်ခံရသည်။ တစ်ချို့က ကောင်းမွန်သည့် ပုံသဏ္ဌာန်များနှင့် မွေးဖွားသည်။ တစ်ချို့က ပုံပန်းမကျသည့် အရာများနှင့် မွေးသည်။ တစ်ချို့ကချစ်စရာ အလွန်ကောင်းသည်။ တစ်ချို့က ရုပ်ဆိုးသည်။ တစ်ချို့က သန်းခေါင်ယံတွင် မွေးသည်။ တစ်ချို့က နေ့လည်နေ၏ တောက်လောင်မှုအောက်တွင် မွေးသည်။ အမျိုးအစား အားလုံးတွင်ရှိသည့် လူတို့၏ မွေးဖွားခြင်းက ဖန်ဆင်းရှင် သူတို့အတွက် ပြင်ဆင်ထားသည့် ကံကြမ္မာအားဖြင့် ပိုင်းခြားသတ်မှတ် ထားပါသည်။ သူတို့၏မွေးဖွားမှုသည် လက်ရှိဘဝက သူတို့၏ကံကြမ္မာနှင့် သူတို့လှုပ်ရှားရမည့် နေရာများနှင့် သူတို့ပြီးမြောက်ရမည့် တာဝန်များကို သတ်မှတ်ပေးသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင် အချုပ်အခြာအာဏာ၏ သက်ရောက်မှုရှိသည်။ သူက ကြိုတင်သတ်မှတ်ထားသည်။ သူတို့၏ကြိုတင် သတ်မှတ်ထားသည့် ပန်းတိုင်မှ မည်သူမှ မလွတ်မြောက်နိုင်ပါ။ သူတို့မွေးဖွားခြင်း၏ အခြေအနေများကို[က] မည်သူမှ မပြောင်းလဲနိုင်ပါ။ သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ဘယ်သူမှ မရွေးချယ်နိုင်ပါ။ များပြားသောအကြံပြုချက်များ
သမ္မာကျမ်းစာအတွင်းရှိ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသလား
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|