ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
0 Comments
လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပါ သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့က လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့က သက်ကြီးပိုင်းထဲကို ဝင်နေသည်။ မယုံကြည်သူမှ ယုံကြည်သူအထိ၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို ကြုံတွေ့ခြင်းအထိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာကို မည်သို့ သိမြင်နားလည်မှု ရခဲ့သနည်း။ လူတစ်ယောက်က ဘဝတွင် သူဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလော။ သင်ဖြစ်တည်လာပြီး ဆယ်စုနှစ် အနည်းငယ်မှာ သင်ဆန္ဒရှိသည့်အရာ ဘယ်နှစ်ခု ပြီးမြောက်ပါသနည်း။ ဘယ်နှစ်ခုက ထင်သလို မဖြစ်ခဲ့ပါသနည်း။ ဘယ်နှစ်ခုက ကိုယ်ကြိုက်နှစ်သက်သည့် အံ့သြစရာအနေနှင့် ရောက်လာပါသနည်း။ အချိန်ကောင်းကို မသိစိတ်ကနေ စောင့်နေရင်း၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်နေရင်း အကျိုးရလဒ်ကောင်းတွေ ရဖို့အတွက် လူတို့သည် အကြောင်းအရာ ဘယ်နှစ်ခုစောင့်နေပါသနည်း။ အကြောင်းအရာဘယ်နှစ်ခုက လူတို့ကို ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သနည်း။ လူတိုင်းက သူတို့၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ နှင့် ပြည့်နေသည်။ သူတို့ဘဝတွင် အရာရာသည် သူတို့ဆန္ဒရှိသလို ဖြစ်မည်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် မလို၊ သူတို့၏ စည်းစိမ်များသည် သိပ်အံ့သြစရာကောင်းအောင် မြှင့်တက်လာမည်ဟု မျှော်လင့်ကြသည်။ ဆင်းရဲပြီး ဖိနှိပ်ခံရသည့်ဘဝ၊ အခက်အခဲများနှင့် ပြည့်နေသည့်ဘဝ၊ ဘေးဒုက္ခတွေနှင့် ဝန်းရံနေသည့်ဘဝကို မည်သူမှ မလိုချင်ပါ။ သို့သော်လည်း လူတို့သည် ဤ အရာတွေကို ကြိုမမြင်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါ။ တစ်ချို့အတွက်က အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေးနေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူတို့သည် ကောင်းကင်ဘုံ၏ အလိုက မည်သည် ဆိုတာကို ဘယ် သောအခါမှ မသိမြင်သလို ဂရုလည်းမစိုက်ပါ။ သူတို့၏ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင်နှင့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ရင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာက မည်သို့နည်း၊ လူသားတွေက အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်ရမည်ဆိုသည်ကို ဂရုမစိုက်ဘဲနေရင်း အသက်ရှင်ကြသည်။ ဤလူတို့သည် လူသား၏ကံကြမ္မာကို နားလည်ခြင်းမရှိဘဲ အသက်ကြီးလာကြသည်။ သူတို့သေသည့်အချိန်အထိ ဘဝဆိုသည် မည်သို့နည်းဆိုသည်ကို မသိကြပါ။ ဤလိုလူတွေက လူသေတွေပါ။ သူတို့သည် ဝိညာဉ်မပါသည့် သက်ရှိများဖြစ်သည်။ သူတို့သည် သားရဲတိရစ္ဆာန်တွေ ဖြစ်သည်။ အရာအားလုံးကြားမှာ အသက်ရှင်နေထိုင်ရင်း၊ ကမ္ဘာကြီးက သူတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများကနေ လူတို့သည် ပျော်ရွှင်မှုတွေကို ရယူနိုင်သော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို သူတို့မြင်ရသော်လည်း သူတို့၏ကိုယ်ပိုင်အတွေ့အကြုံ၊ သူတို့၏ နှလုံးသားနှင့် ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုတို့နှင့် မည်သို့မျှမသက်ဆိုင်ပါ၊ မည်သည့်ရုပ်ဝတ္ထုပစ္စည်းမှ ဤအရာအတွက် အစားထိုး မဖြစ်နိုင်ပါ။ ယင်းသည် နှလုံးသားထဲမှာရှိသည့် သိမြင်ခြင်းဖြစ်သည်။ ပကတိမျက်စိနှင့် မြင်လို့မရနိုင်သည့် အရာပါ။ ဤ သိမြင်ခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် သူ၏နားလည်မှု၊ ခံစားမှုတို့ထဲမှာ တည်ရှိပါသည်။ ဤအရာသည် မမြင်ရသည့် အရှင်သခင်တစ်ယောက်က အရာအားလုံးကို စီစဉ်နေသည်၊ လူသားအတွက် အရာရာတိုင်းကို ကိုင်တွယ်ညွှန်ကြားနေသည် ဆိုသည့်အပေါ် နားလည်စေပါသည်။ ဤအရာအားလုံးထဲတွင် လူတစ်ယောက်သည် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရုံပဲရှိပါသည်။ ဖန်ဆင်းရှင်ချပေးသည့်လမ်း၊ သူ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံပဲရှိပါသည်။ ဤကား မငြင်းနိုင်သည့် အချက်တစ်ခုပါ။ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သို့ ထိုးထွင်းသိမြင်မှုနှင့် သဘောထားပဲရှိပါစေ ဤအချက်ကို မည်သူမှ မပြောင်းနိုင်ပါ။
များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ လောကဓံအနိမ့်အမြင့်များ ထို့နောက်တွင်၊ များပြားလှသည့် မမေ့နိုင်သည့် နှစ်များနောက်တွင်၊ ရာသီဥတုများ ခဏခဏ ပြောင်းလဲခြင်းကို ကြည့်ရှုပြီး နောက်၊ သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပါသည်။ ထို့နောက် အချိန်တိုအတွင်းမှာပဲ သူသည် သတိပေးသည့် နှစ်များကို ရောက်လာတာ သူ့ကိုယ်သူ တွေ့လိုက်ရပါသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ကိုယ်လုံးတွင် တံဆိပ်ခပ်နှိပ်ထားပါသည်။ သူသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မှောင်မဲသည့် ခေါင်းကဆံပင်က အဖြူရောင်ပြောင်းပြီ။ တောက်ပပြီး ကြည်လင်သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားပြီ။ ချောမွေ့ပြီး ပျော့ပြောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာပါသည်။ အကြားအာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ သူ့ တုံ့ပြန်မှုက နှောင့်နှေးလာသည်။ သူ့ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် သူသည် သူ၏ငယ်ရွယ်သည့် စိတ်လှုပ်ရှားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်လိုက်ပြီး ဘဝ၏ နေဝင်ဆည်းဆာကို ဝင်ရောက်လာပြီ။ အသက်အရွယ်ကြီးရင့်လာပြီ။ ထို့နောက်တွင်သူသည် လူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပါမည်။
လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် သူ့မိဘတွေနှင့် ပိုပြီးဝေးကွာလာသည်။ သူ့ဘဝအတွက် ဦးတည်ချက်တစ်ခုကို စတင်ရှာဖွေလာပြီး သူ့မိဘတွေနှင့် ကွဲပြားသည့် ဘဝပုံစံအတွင်း သူ့ကိုယ်ပိုင် ဘဝပန်းတိုင်နောက်ကို လိုက်သည်။ ဤအချိန်တွင် သူ့မိဘတွေကို မလိုအပ်တော့ပါ။ သို့သော်လည်း သူ့ဘဝမှာ သူနှင့်အချိန်ကုန်ဆုံးစေမည့် အဖော်တစ်ယောက် လိုအပ်လာသည်။ သူ့ကံကြမ္မာနှင့် နီးကပ်စွာ ချည်နှောင်ထားသည့် လူတစ်ယောက်ဖြစ်သည့် အိမ်ထောင်ဖက်ဖြစ်ပါသည်။ ဤကဲ့သို့လွတ်လပ်ခြင်း နောက်ကလာသည့် သူရင်ဆိုင်ရမည့် ပထမဆုံး အဓိက ဖြစ်ရပ်သည် အိမ်ထောင်ပြုခြင်း၊ သူ ဖြတ်သန်းရမည့် စတုတ္ထဆုံမှတ်ဖြစ်ပါသည်။
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|