လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်ပြုလုပ်ပါသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ၄င်းကိုလည်း ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထား ပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။
လူတစ်ယောက်သည် တစ်ခြားတစ်ယောက် ကလေး၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာသည် ဆိုလျှင် သူသည် တစ်ခြားသူ၏ မိဘ၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှု စောင့်ရှောက်ပါသည်။ ဤအခန်းကဏ္ဍ ရွှေ့ပြောင်းခြင်းက လူတစ်ယောက်ကို မတူညီသည့် ရှုထောင့်မှ ဘဝ၏ မတူညီသည့် ပြောင်းလဲမှုအချိန်ကာလများ ကို ကြုံတွေ့စေပါသည်။ ဤအချက်ကလည်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် မည်သူကမှ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ချက်ကို မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဆိုသည့် အချက်ကို သိလာစေသည့် မတူညီသည့် ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါသည်။
0 Comments
လူတစ်ယောက်သည် ကလေးဘဝ၊ ကြီးကောင်ဝင်ချိန်ကို ဖြတ်သန်းပြီး ရင့်ကျက်သည့်အရွယ်ကို တဖြည်းဖြည်းနှင့် ရှောင်လွှဲလို့မရဘဲ ရောက်လာသည့်အခါ နောက်တစ်ဆင့်က သူတို့အတွက် သူတို့၏ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့၏မိဘများကို နှုတ်ဆက်ပြီး အမှီအခိုကင်းသည့် အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် ရှေ့လမ်းကို ရင်ဆိုင်ဖို့အတွက် ဖြစ်ပါသည်။ ဤအချိန်တွင်[ဂ] အရွယ်ရောက်ပြီးသူ တစ်ယောက် ကြုံတွေ့ရမည့်၊ သူတို့ကံကြမ္မာကွင်းဆက်၏ အချိတ်အဆက်များအားလုံးကို ရင်ဆိုင်ရမည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအားလုးကို သူတို့ရင်ဆိုင်ရပါမည်။ ဤကားလူတစ်ယောက် ဖြတ်သန်းသွားရမည့် တတိယဆုံမှတ်ပါ။
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|