လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်ပြုလုပ်ပါသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ၄င်းကိုလည်း ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထား ပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။ လူတစ်ယောက်သည် တစ်ခြားတစ်ယောက် ကလေး၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာသည် ဆိုလျှင် သူသည် တစ်ခြားသူ၏ မိဘ၏ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှု စောင့်ရှောက်ပါသည်။ ဤအခန်းကဏ္ဍ ရွှေ့ပြောင်းခြင်းက လူတစ်ယောက်ကို မတူညီသည့် ရှုထောင့်မှ ဘဝ၏ မတူညီသည့် ပြောင်းလဲမှုအချိန်ကာလများ ကို ကြုံတွေ့စေပါသည်။ ဤအချက်ကလည်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် မည်သူကမှ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ချက်ကို မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဆိုသည့် အချက်ကို သိလာစေသည့် မတူညီသည့် ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါသည်။ ၁။ လူတစ်ယောက်သည် သူ့သားသမီးတွေ မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ်မှာ ထိန်းချုပ်မှုမရှိပါ
မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနှင့် အိမ်ထောင်ပြုခြင်း အားလုံးတို့သည် မတူညီသည့် စိတ်ပျက်စရာ အဆင့်များနှင့် ပုံစံအမျိုးမျိုးတို့ကို ပေးအပ်သည်။ လူအချို့တို့က သူတို့မိသားစု သို့မဟုတ် သူတို့၏ ရုပ်ရည် အသွင်အပြင်တို့နှင့် ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြပါ။ တစ်ချို့က သူတို့မိဘများကို မကြိုက်နှစ်သက်ကြပါ။ တစ်ချို့က သူတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင်အပေါ်မှာ မကျေမနပ်ဖြစ်သည် သို့မဟုတ် ပြောစရာ နာကျည်းချက်တွေ ရှိကြသည်။ လူအများစုအတွက်က ဤစိတ်ညစ်စရာများ အားလုံးထဲမှ အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံး ဖြစ်ကြသည်။ လူတစ်ယောက်က သူ၏မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းအပေါ်မှာ မည်သို့ မကျေမနပ်ဖြစ်နေပါစေ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက သူ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘတွေက မည်သူတွေဖြစ်သည်၊ အိမ်ထောင်ဖက်က မည်သူဆိုတာတွေကို မရွေးချယ်နိုင်ဘဲ ကောင်းကင်ဘုံ၏ အလိုကို ရိုးရိုးပဲ လက်ခံရမည် ဆိုတာကို သိကြသည်။ သို့သော်လည်း လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့် အခါ သူတို့၏ သားသမီးများသည် သူတို့ဘဝ ပထမတစ်ဝက်မှာ ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း သူတို့၏ဘဝ ပထမတစ်ဝက်မှာရှိသည့် အကောင်အထည်မဖြစ်လာသည့် ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် ထိုးအပ်လိုက်သည်။ ထို့အတွက်ကြောင့် လူတို့သည် သူတို့ကလေးများ နှင့် ပတ်သက်ပြီး စိတ်ကူးယဉ်မှုမျိုးစုံနှင့် နှစ်မြုပ်နေသည်။ သူတို့သမီးများသည် အလွန်ဆွဲဆောင်မှုရှိသည့် အလှပဂေးလေးများအဖြစ် ကြီးပြင်းလာမည်၊ သူတို့၏သားများက စတိုင်ကျသည့် လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏သမီးများသည် ယဉ်ကျေးမှုနှင့်ညီပြီး ပါရမီတွေနှင့်ပြည့်ဝပြီး သူတို့၏သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစားကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးသည် ယဉ်ကျေးမည်၊ ကိုယ်ကျင့်သီလကောင်းမွန်မည်၊ စဉ်းစားဆင်ခြင်တတ်ပြီး သူတို့၏သားများက ဉာဏ်ထက်မြက်မည်၊ အောင်နိုင်စွမ်းရှိမည်၊ ခံစားတတ်မည် ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီး သို့မဟုတ် သားဖြစ်ပါစေ၊ သူတို့အထက်က အကြီးတွေကို လေးစားဖို့၊ သူတို့မိဘတွေကို ပြန်ပြီးကြည့်ရှုတတ်ဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ လူတွေက မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသားထဲတွင် စိတ်အားထက်သန်မှုများနှင့် တက်ကြွနေသည်။ ဤဘဝတွင် သူတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် မရှိတော့ခြင်း၊ တစ်ခြားလူများထက် သာဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက် မရှိတော့ခြင်း၊ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာကိုပဲ လက်ခံရန်သာ ရှိတော့သည်ကို သိကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ သားသမီးများက သူတို့၏ အိပ်မက်တွေကို ရရှိရန်၊ သူတို့၏ ဆန္ဒတွေကို အကောင်အထည်ဖော်ရန်၊ သူတို့၏ သားများ၊ သမီးများသည် မိသားစုနာမည်အတွက် ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာရန်၊ အရေးပါခြင်း၊ ချမ်းသာခြင်း သို့မဟုတ် ကျော်ကြားခြင်းများဖြစ်လာရန် မျှော်လင့်ရင်းနှင့် သူတို့၏ မျှော်လင့်ချက်များ၊ သူတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် အလိုဆန္ဒများနှင့် ပြည့်စုံမှုများအားလုံးကို နောက်မျိုးဆက်ဆီသို့ ထိုးအပ်လိုက်ကြသည်။ အတိုချုပ် အနေနှင့် သူတို့ကလေးများ၏ ကံများ မြှင့်တက်လာခြင်းကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်နှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ သူတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ သူတို့ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ဤကဲ့သို့သောအရာများကို သူတို့သတ်မှတ်၍ မရနိုင်၊ သူတို့ကလေးများ၏ ကံကြမ္မာက သူတို့လက်များထဲတွင် လုံးဝ ရှိမနေဘူးဆိုတာကို သူတို့မသိကြသလော။ လူတို့က သူတို့၏ ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပါ။ သို့သော်လည်း ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းဖို့ မျှော်လင့်ကြသည်။ သူတို့၏ကံကြမ္မာ မှ လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့သော်လည်း သူတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ပိုပြီးမှန်းနေကြ ခြင်း မဟုတ်ဘူးလော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိမြင်ခြင်း မဟုတ်သလော။ လူတို့သည် သူတို့ သားသမီးများအတွက် မည်သည့်အတိုင်းအတာအထိမဆို သွားကြသည်။ သို့သော်လည်း အဆုံးတွင် ကလေး ဘယ်နှစ်ယောက် ရှိသည်၊ ကလေးများမည်သို့ပုံစံဖြစ်သည် ဆိုတာက သူတို့၏ အစီအစဉ်တွေနှင့် လိုအင်ဆန္ဒတွေကို ဖြေရှင်း မပေးပါ။ လူအချို့က ပိုက်ဆံမရှိပါ။ သို့သော်လည်း ကလေး အများကြီးမွေးကြသည်။ လူအချို့က ချမ်းသာသည်။ သို့သော်လည်း ကလေးမရှိပါ။ တစ်ချို့က သမီးလိုချင်သည်။ သို့သော်လည်း ယင်းဆန္ဒက ငြင်းပယ်ခံရသည်။ တစ်ချို့က သားလိုချင်သည်။ သို့သော်လည်း ယောက်ျားလေးမွေးဖို့ ဖြစ်မလာပါ။ တစ်ချို့အတွက်က ကလေးများသည် ကောင်းချီးမင်္ဂလာတွေပါ။ တစ်ချို့အတွက်ကတော့ သူတို့သည် ကျိန်စာပင်ဖြစ်သည်။ တစ်ချို့စုံတွဲများက ထူးချွန်ကြသည်။ သို့သော်လည်း နုံအ နှေးကွေးသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက ရိုးသားပြီး ကြိုးစားသည်။ သို့သော်လည်း သူတို့ ပြုစုပျိုးထောင်သည့် ကလေးများက ပျင်းရိသည်။ တစ်ချို့ မိသားများက ကြင်နာပြီး ဖြောင့်မတ်သည်။ သို့သော်လည်း ကောက်ကျစ်ပြီး ကြမ်းတမ်းသည့် ကလေးများရှိသည်။ တစ်ချို့မိဘတများက စိတ်ရော ကိုယ်ပါ ကျန်းမာသည်။ သို့သော်လည်း ကိုယ်အင်္ဂါချို့ယွင်းသည့် ကလေးများမွေးလာသည်။ တစ်ချို့မိဘများက သာမန်ဖြစ်ပြီး မအောင်မြင်သော်လည်း မြင့်မားသည့်အရာများ ရရှိသည့် ကလေးများရှိသည်။ တစ်ချို့မိဘများက အခြေအနေ အဆင့်အတန်း နိမ့်သော်လည်း ထင်ပေါ်ကျော်ကြားသည့် ကလေးများရှိသည်။… ၂။ နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီးနောက် လူတို့သည် ကံကြမ္မာနှင့်ပတ်သက်ပြီး နားလည်မှုအသစ်များ ရရှိလာကြသည် အိမ်ထောင်ပြုသည့် လူအများစုက အသက် ၃၀ ဝန်းကျင်တွင် ပြုကြသည်။ ဘဝ ဤအချိန်တွင် လူတစ်ယောက်သည် လူသား၏ကံကို နားလည်မှုမရှိပါ။ သို့သော်လည်း ကလေးများကို စတင် ပြုစုပျိုးထောင်သည့် အချိန်တွင်၊ သူတို့၏သားသမီးများ ကြီးပြင်းလာသည့်အချိန်တွင် မျိုးဆက်သစ်က ယခင်မျိုးဆက်၏ ဘဝနှင့် အတွေ့အကြုံအားလုံးကို ထပ်ပြီးကြုံတွေ့ခြင်းကို မြင်ရပြီး နောက်မျိုးဆက်ဆီမှာ သူတို့၏ ကိုယ်ပိုင်အတိတ်က ပြန်ထင်ဟပ်နေခြင်းက မြင်ရပြီး သူတို့ကဲ့သို့ပင် ငယ်ရွယ်သည့်မျိုးဆက် များလျှောက်သည့်လမ်းကို စီစဉ်ပြီး ရွေးချယ်၍ မရဆိုသည်ကို သူတို့ သိမြင်လာကြသည်။ သူတို့သည် ဤအချက်ကို ရင်ဆိုင်တွေ့ကြုံရပြီးသည့်အခါ လူတိုင်း၏ ကံကြမ္မာသည် ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်ကို ဝန်ခံဖို့ကလွဲပြီး တစ်ခြားရွေးစရာ မရှိတော့ပါ။ ဤ အချက်ကို သေချာ မသိမြင်သေးဘဲ တဖြည်းဖြည်းနှင့် သူတို့၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဘေးချပြီး သူတို့နှလုံးသားထဲမှာရှိသည့် စိတ်အားထက်သန်မှုများသည် မှေးမှိန် ပျောက်ကွယ်သွားပါသည်။ ဤအချိန်ကာလ အတွင်း လူတစ်ယောက်၏အစိတ်အပိုင်းအများစုမှာ ဘဝ၏ အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းခဲ့ပြီး ဘဝ၏ နားလည်မှု အသစ်တစ်ခုကို ရရှိခဲ့ပြီး စိတ်သဘောထား အသစ်ကို ခံယူခဲ့သည်။ ဤအသက်အရွယ်ရှိသည့် လူတစ်ယောက်သည် အနာဂတ်အတွက် မည်မျှမျှော်လင့်နိုင်မည်နည်း။ မည်သည့်အလားအလာများ ရှိမည်နည်း။ မည်သည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ချောမောလှပသည့် မင်းသားကို အိပ်မက်မက်နေဆဲ ဖြစ်မည်နည်း။ မည်သည့်အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က သူ့၏ စနှိုးဝှိုက်ကို ရှာဖွေနေဆဲ ဖြစ်မည်နည်း။ မည်သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရုပ်ဆိုးသည့် ဘဲကနေ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားဖို့ မျှော်လင့်နေဆဲ ဖြစ်မည်နည်း။ အသက်ကြီးသည့် ယောက်ျားအများစုက လူငယ်ယောက်ျားများကဲ့သို့ တူညီသည့် ရည်မှန်းထားသည့် အလုပ်ရှိပါသလော။ အနှစ်ချုပ်ကြည့်လျှင် လူတစ်ယောက်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဤအရွယ်ရောက်သည့်သူတိုင်းက အိမ်ထောင်၊ မိသားစုနှင့် သားသမီးတို့အပေါ် ဆက်စပ်မှုရှိသည့် အကျိုးအကြောင်းသင့်ပြီး လက်တွေ့ကျသည့် သဘောထားရှိဖို့ ပိုပြီးဖြစ်နိုင်ခြေရှိပါသည်။ ဤလိုလူတစ်ယောက်တွင် အထူးသဖြင့် ရွေးချယ်စရာမရှိတော့ပါ။ ကံကြမ္မာကို စိန်ခေါ်ဖို့ ပြင်းပျသည့် ဆန္ဒမရှိတော့ပါ။ လူသား၏ အတွေ့အကြုံ ရှိသလောက်၊ လူတစ်ယောက်က ဤအသက်အရွယ်ကို ရောက်လာသည်နှင့် ဤသဘောထားက အလိုအလျောက် ဖြစ်ပေါ်လာသည်။ “ ကံကြမ္မာကို လက်ခံရမည်။ သားသမီးများတွင် သူတို့၏ ကိုယ်ပိုင်ကံများ ရှိသည်။ လူသားကံကြမ္မာသည် ကောင်းကင်ဘုံမှ သတ်မှတ်ချပေးသည်။” ဤကမ္ဘာကြီး၏ လောကဓံ လှိုင်းလုံးများ၊ ကျရှုံးမှုများ၊ အခက်အခဲများ၏ တိုက်စာခြင်းခံရပြီးနောက်၊ အမှန်တရားကို နားမလည်သည့် လူအများစုသည် လူသားဘဝကို သူတို့၏ သိမြင်နိုင်သည့်ဉာဏ်နှင့် ဤစကားလုံး နှစ်လုံးနှင့် အနှစ်ချုပ်လိုက်သည်။ “ ကံပဲ” ။ ဤစကားစုက လူသားကံကြမ္မာနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့်ကျက်သည့် လူတို့၏ ကောက်ချက်ချခြင်းနှင့် သိမြင်ခြင်းကို အတိုဆုံး အရှင်းဆုံး ဖော်ပြသော်လည်း၊ လူသားမျိုးနွယ်၏ အကူအညီမဲ့ခြင်းကို ဖော်ပြပြီး ထိရောက်ပြီး တိကျသည်ဟု ဆိုနိုင်သော်လည်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းနှင့် သိပ်ကွဲပြားပြီး ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိမြင်မှုအတွက် အစားထိုး၍ မရပါ။ ၃။ ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုအတွက် အစားထိုး မဟုတ်ပါ နှစ်ပေါင်းများစွာကြာသည်အထိ ဘုရားသခင်၏ နောက်လိုက်ဖြစ်ခဲ့ပြီးသည့်နောက် ကံတရားအပေါ် သင်တို့ သိမြင်မှုနှင့် လောကနှင့်ဆိုင်သည့် သူတို့၏ သိမြင်မှုကြားတွင် သိသာသည့် ကွာခြားချက်ရှိပါသလော။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကို အမှန်တကယ်နားလည်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလော။ တစ်ချို့လူတွေက “ ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် နားလည်မှုမျိုး ရှိကြသည်။ သို့သော်လည်း သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အနည်းငယ်မျှ မယုံကြပါ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ကိုင်တွယ်ညွှန်ကြားသည် ဆိုတာကို မယုံပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ ဆန္ဒမရှိကြပါ။ ဤလိုလူများက ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူမျောပါရင်း လှိုင်းများ၏ ရိုက်ပုတ်ခြင်းကို ခံရရင်းနှင့် မတုန်မလှုပ်နှင့် စောင့်နေပြီး သူတို့ကိုယ်သူတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပါ။ သို့သော်လည်းလည်း ဘုရားသခင်၏ အချုပ်အခြာအာဏာက လူသား၏ ကံကြမ္မာအပေါ် သက်ရောက်မှုရှိတာကို သူတို့ မသိမြင်ကြပါ။ သူတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပါ။ ထို့အတွက်ကြောင့် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိမြင်မှုကို ရရှိခြင်း၊ ဘုရားသခင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို လိုက်လျှောက်ခြင်း၊ ကံကြမ္မာကို ခုခံနေတာကို ရပ်ခြင်း၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းညွှန်မှုအောက်မှာ နေထိုင်ခြင်းတို့ ဖြစ်မလာနိုင်ပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ခြင်းနှင့် မတူပါ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ မြင်တွေ့ခြင်း၊ သိရှိလာခြင်းတို့ကို မဆိုလိုပါ။ ကံကြမ္မာကို ယုံကြည်ခြင်းက ဤအချက်အလက်နှင့် ဤပြင်ပ ဖြစ်ရပ်များကို သတိပြုမိခြင်းသာဖြစ်ပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည် ဆိုတာကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအဖြစ် ဖြစ်သည်ဆိုတာကို သိမြင်ခြင်းတို့ နှင့် ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် လိုက်လျှောက်ခြင်းနှင့်ဆိုလျှင် ပို၍ပင် ကွဲပြားပါသည်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည်လျှင်၊ လေးလေးနက်နက် ခံစားသည်ဆိုလျှင်ပင် ဤအချက်ကြောင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၊ သတိပြုမိခြင်း၊ လိုက်လျှောက်ခြင်း၊ လက်ခံခြင်းတို့ ဖြစ်မလာနိုင်ပါ။ ထိုသို့ဆိုလျှင် မည်သို့ပဲဖြစ်ပါစေ သူသို့မဟုတ် သူမ၏ ဘဝသည် ကံဆိုးမိုးမှောင် ကျပါလိမ့်မည်။ အလဟဿရှင်သန်သည့် ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပါလိမ့်မည်။ သူ သို့မဟုတ် သူမသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှု သက်ရောက်မှုရှိဖို့၊ ဖန်ဆင်းခံလူသားဆိုသည့် စကားစု၏ အမှန်ကန်ဆုံး သဘောတရားထဲက အတိုင်းဖြစ်ဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ခံစားရဖို့ မတတ်နိုင်သေးပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် တက်ကြွနေရမှာဖြစ်ပြီး မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီမဲ့နေခြင်း အခြေအနေ မဖြစ်ရပါ။ တစ်ချိန်တည်းမှာပဲ အရာအားလုံးကို ကံက သတ်မှတ်ထားသည်ဆိုတာကို လက်ခံရင်း သူသို့မဟုတ် သူမသည် သက်ရှိတိုင်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ သက်ရောက်မှုရှိသည်ဆိုသည့် ဘဝနှင့် ကံကြမ္မာ၏ တိကျသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်ရပါမည်။ သူလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ သူ့ခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည် စုဆောင်းသည့်အခါ သူ၏လမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ့လမ်းကို ညွှန်ကြားပြသရင်း စီစဉ်နေသည်ဆိုတာကို မြင်ရပါသည်။ ဤကား သူကိုယ်တိုင်မသိဘဲလျှက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ပါသည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လက်ခံနိုင်စွမ်းရှိဖို့၊ သူ၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကောင်းမွန်သည့် ကံဖြစ်သနည်း။ ကံကြမ္မာအပေါ် လူတစ်ယောက်၏ သဘောထားသည် မတုန်မလှုပ်ဖြစ်နေလျှင် ဤအချက်က သူ သို့မဟုတ် သူမသည် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ခုခံနေသည်၊ သူ သို့မဟုတ် သူမသည် နာခံသည့် စိတ်သဘော မရှိဘူးဆိုတာကို သက်သေပြပါသည်။ လူသား၏ ကံကြမ္မာအပေါ်က ဘုရားသခင်၏ အချုပ်အခြာ အာဏာကို လူတစ်ယောက်၏သဘောထားက စိတ်တက်ကြွနေလျှင် သူ့ခရီးကို ပြန်ကြည့်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ဖမ်းယူဆုပ်ကိုင်လာသည့်အခါ၊ သူသည် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို လိုက်လျှောက်ဖို့ ပိုမိုရိုးသားလေးနက်သည့် ဆန္ဒရှိလာမည်။ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ခြင်းကို ရပ်ဖို့၊ သူ့ကံကြမ္မာကို ဘုရားသခင်ကို ကိုင်တွယ်ညွှန်ကြားစေဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှုတွေ ပိုပြီးရှိလာမည်။ လူတစ်ယောက်က ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူတွေကို ဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန်စိတ်ဖိစီးစရာ ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါမှာ ပါးနပ်သူများက သူတို့၏ ကိုယ်ပိုင်နည်းများနှင့် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ဖို့နှင့် သူတို့၏ ဘဝပန်းတိုင်ဟု သူတို့ခေါ်သည့် အရာများနောက်လိုက်ဖို့ ဆက်လက်ပြုလုပ်နေမည့်အစား ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ သူတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိမပြုမိသည့်အခါ နေ့တိုင်းက အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်ပါသည်။ မည်သည့်နေရာမှာပဲရှိရှိ၊ မည်သည့်အလုပ်ပဲဖြစ်ပါစေ၊ လူ၏အသက်ရှင်ခြင်း အဓိပ္ပါယ်နှင့် ပန်းတိုင်နောက်လိုက်ခြင်းက အဆုံးမရှိသည့် ဝမ်းနည်းကြေကွဲခြင်းနှင့် သက်သာခြင်း မရှိသည့် ဒုက္ခခံစားမှုတွေပဲ သယ်ဆောင်လာပါသည်။ ဤကဲ့သို့သော အရာမျိုးသည် ပြန်လည်ကြည့်ရှုဖို့ ခံနိုင်ရည်မရှိပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို လိုက်လျှောက်ပြီး စစ်မှန်သည့် လူသားဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ ဘာမှမဟုတ်သည့် အရာအားလုံးကို ခါချပြီး ဝမ်းနည်းကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးကနေ တဖြည်းဖြည်း ချိုးဖောက် လွတ်မြောက်မည်ဖြစ်သည်။ ၄။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်သူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည် လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက် ပုန်ကန်သည့် စိတ်သဘောနှင့် သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုလျှက် ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေ များကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အလဟဿ မျှော်လင့်လျှက် ကံကြမ္မာက စီမံသည့်အရာနှင့် ဘုရားသခင်၏ အခွင့်အာဏာနှင့် အချုပ်အခြာ အာဏာတို့ကို ဖယ်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်ပါ။ သူတို့၏လှုပ်ရှားမှုတိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ်အတွင်း နက်ရှိုင်းရာမှာဖြစ်သည့် ဤရုန်းကန်လှုပ်ရှားမှုက နာကျင်စရာကောင်းပါသည်။ နာကျင်မှုက မမေ့နိုင်ပါ။ အချိန်တိုင်း သူ၏ ဘဝကို ဖြုန်းတီးပစ်နေသည်။ ဤ နာကျင်မှုကို မည်သည်က ဖြစ်ပွားစေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော။ သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသလော။ သိသာစွာနှင့်ပင် တစ်ခုမှ မမှန်ကန်ပါ။ တကယ့်အကြောင်းရင်းက လူတွေ ယူဆောင်သည့်လမ်း၊ သူတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတွေ ရွေးချယ်သည့် နည်းလမ်း များ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာတွေကို သတိမပြုနိုင်ပါ။ သို့သော်လည်း သင်တကယ် သိမြင်လာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက အလွန်ကောင်းသည့် အကျိုးအမြတ် များ၊ အလွန်ကောင်းသည့် ကာကွယ်မှု များ ဆိုတာကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက တဖြည်းဖြည်း ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်သွားသလို သင်ခံစားရမည်။ လူအများစု၏ ဖော်ပြချက်တွေကနေ အကဲဖြတ်လျှင် သူတို့သည် ကိုယ်ပိုင်အမြင်တွေအရ သူတို့ ယခင်က အသက်ရှင်နေထိုင်သလို ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ သူတို့၏နာကျင်မှုကို သက်သာချင်သော်လည်း အရှိအတိုင်းဆိုလျှင် သူတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပါ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး မလိုက်လျှောက်နိုင်ပါ။ ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို ရှာဖွေပြီး လက်ခံဖို့ ပိုပြီး မဖြစ်နိုင်ပါ။ ထိုကဲ့သို့ လူတို့သည်လူသား၏ အရာအားလုံးနှင့် လူသား၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိဆိုလျှင်၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် မလိုက်လျှောက်နိုင်လျှင် သူတို့အတွက် “ လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မကန့်သတ်ထားစေဖို့၊ တွန်းအားမဖြစ်စေဖို့ ခက်ခဲပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကံကြမ္မာကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုတွေကို ဖယ်ထုတ်ဖို့ ခက်ခဲပါလိမ့်မည်။ ပြောစရာမလိုပါ။ သူတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မည်။ ဤအခြေအနေမှ လွတ်မြောက်ဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ရှိပါသည်။ ယခင်က အသက်ရှင်နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်ကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ အတွေးအခေါ်၊ အားထုတ်ချက် များ၊ အလိုဆန္ဒများ၊ စံသတ်မှတ်ချက်များကို အနှစ်ချုပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး မည်သည့်အရာများက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီသနည်း၊ မည်သည့်အရာများက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကိုပေးအပ်သနည်း၊ သမ္မာတရားကို ပိုပြီးနားလည်မှုဆီကို ဦးဆောင်သနည်း၊ လူသားမျိုးနွယ်နှင့် လူသားနှင့်ဆင်တူစွာနေထိုင်စေဖို့ မည်သည့်အရာများက အခွင့်ပေးသနည်းကို ကြည့်ဖို့ဖြစ်သည်။ လူတို့ ကြိုးစားအားထုတ်သည့် ဘဝပန်းတိုင် အမျိုးမျိုးကို သင် ခဏခဏ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့် အချိန်က သူ၏ နဂိုမူရင်း ရည်ရွယ်ချက်နှင့် မည်သူကမှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ဤအရာတွေအားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏အဝေးသို့ လူတွေကို ဆွဲခေါ်သွားသည်။ သူတို့အားလုံးသည် လူသားမျိုးနွယ်သက်ဆင်းသည့် ငရဲကိုရောက်သည့် ကျင်းများ ဖြစ်သည်။ သင်ဒါကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့်ဘဝကို ဘုရားသခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာပါ။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်ပါ။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပါ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိပါ။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ လူသားကံကြမ္မာကို သေချာစီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ လက်ထဲတွင် သူတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ပါ။ ထို့ကြောင့် သူတို့ဘယ်အရာ တတ်စွမ်းသည်ဆိုတာကို သူတို့ကိုယ်သူတို့ ကြည့်ချင်သည့် လူတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် သူတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင် အခွင့်အာဏာ၏ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာအာဏာ၏ အထက်တွင် မြှင့်တက်နိုင်သလောက်ကို ကြည့် လိုကြသည်။ လူသား၏ ဝမ်းနည်းစရာအချက်က လူသားက ပျော်ရွှင်သည့်ဘဝကို ရှာခြင်းမဟုတ်ပါ။ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း သူ့ကိုယ်ပိုင် ကံကြမ္မာနှင့် တိုက်ခိုက်ခြင်း မဟုတ်ပါ။ သူသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိလာပြီးနောက် သူ့ နည်းလမ်းများကို မပြောင်းနည်းနိုင်သေးဘဲ၊ သူ့ခြေထောက်များကို ရွှံ့ညွှန်ထဲမှ ဆွဲမထုတ်နိုင်ဘဲ သူ့၏နှလုံးသားကို မာကျောစေပြီး သူ့အမှားများကို ဆက်လက်ပြုလုပ်ခြင်း ဖြစ်ပါသည်။ သူသည် နောင်တအနည်းငယ်မှ မရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဖြစ်နေဖို့ပြုလုပ်သည်။ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှာသာ နောက်ဆုံးမှာ အရှုံးပေးပြီး နောက်ပြန်လှည့်ပါသည်။ ၄င်းသည် စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုပါ။ သို့အတွက်ကြောင့် လိုက်လျှောက်ဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်လို့ ငါဆိုခြင်းဖြစ်သည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|