လူတစ်ယောက် မွေးဖွားသည့်အခါ သူ သို့မဟုတ် သူမက မည်သည့်မိသားစုမှ မွေးသည်၊ လိင်အမျိုးအစား၊ ပုံသဏ္ဌာန်၊ မွေးဖွားချိန်၊ ၄င်းတို့သည် လူတစ်ယောက်ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်ပါသည်။
ဤဆုံမှတ်တွင် မည်သူမှ ဤအပိုင်းတွေကို ရွေးချယ်ခွင့်မရှိပါ။ ဤအရာ အားလုံးသည် ဖန်ဆင်းရှင်အားဖြင့် ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ ဤအရာတို့သည် ပြင်ပပတ်ဝန်းကျင်မှ ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးခံရခြင်း မရှိပါ။ ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ပေးထားသည့် ဤအချက်တွေကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပါ။ လူတစ်ယောက် မွေးဖွားလာခြင်းက ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုပြီး ပိုင်းခြားသတ်မှတ် ထားသောကြောင့် မည်သူကမှ မည်သည့်အချက်ကိုမှ ပြောင်းနည်းနိုင်သည့် အစွမ်းမရှိပါ။ လူတစ်ယောက်၏ နောက်ပိုင်းဖြစ်လာမည့် ကံကြမ္မာတို့နှင့် မသက်ဆိုင်ဘဲ သူ့၏မွေးဖွာခြင်း အခြေအနေများက ကြိုတင်သတ်မှတ်ထားပြီးဖြစ်၍ ၄င်းအတိုင်းပဲ ရှိပါသည်။ ဤအချက်တို့ကို လူတစ်ယောက်ဘဝ၏ ကံကြမ္မာက ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးမှုမရှိသကဲ့သို့ ဤကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဘယ်နည်းနှင့်မှ သက်ရောက်မှု မရှိပါ။
0 Comments
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|