ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
0 Comments
ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပါ သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့က လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့က သက်ကြီးပိုင်းထဲကို ဝင်နေသည်။ မယုံကြည်သူမှ ယုံကြည်သူအထိ၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို ကြုံတွေ့ခြင်းအထိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာကို မည်သို့ သိမြင်နားလည်မှု ရခဲ့သနည်း။ လူတစ်ယောက်က ဘဝတွင် သူဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလော။ သင်ဖြစ်တည်လာပြီး ဆယ်စုနှစ် အနည်းငယ်မှာ သင်ဆန္ဒရှိသည့်အရာ ဘယ်နှစ်ခု ပြီးမြောက်ပါသနည်း။ ဘယ်နှစ်ခုက ထင်သလို မဖြစ်ခဲ့ပါသနည်း။ ဘယ်နှစ်ခုက ကိုယ်ကြိုက်နှစ်သက်သည့် အံ့သြစရာအနေနှင့် ရောက်လာပါသနည်း။ အချိန်ကောင်းကို မသိစိတ်ကနေ စောင့်နေရင်း၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်နေရင်း အကျိုးရလဒ်ကောင်းတွေ ရဖို့အတွက် လူတို့သည် အကြောင်းအရာ ဘယ်နှစ်ခုစောင့်နေပါသနည်း။ အကြောင်းအရာဘယ်နှစ်ခုက လူတို့ကို ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သနည်း။ လူတိုင်းက သူတို့၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ နှင့် ပြည့်နေသည်။ သူတို့ဘဝတွင် အရာရာသည် သူတို့ဆန္ဒရှိသလို ဖြစ်မည်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် မလို၊ သူတို့၏ စည်းစိမ်များသည် သိပ်အံ့သြစရာကောင်းအောင် မြှင့်တက်လာမည်ဟု မျှော်လင့်ကြသည်။ ဆင်းရဲပြီး ဖိနှိပ်ခံရသည့်ဘဝ၊ အခက်အခဲများနှင့် ပြည့်နေသည့်ဘဝ၊ ဘေးဒုက္ခတွေနှင့် ဝန်းရံနေသည့်ဘဝကို မည်သူမှ မလိုချင်ပါ။ သို့သော်လည်း လူတို့သည် ဤ အရာတွေကို ကြိုမမြင်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါ။ တစ်ချို့အတွက်က အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေးနေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူတို့သည် ကောင်းကင်ဘုံ၏ အလိုက မည်သည် ဆိုတာကို ဘယ် သောအခါမှ မသိမြင်သလို ဂရုလည်းမစိုက်ပါ။ သူတို့၏ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင်နှင့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ရင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာက မည်သို့နည်း၊ လူသားတွေက အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်ရမည်ဆိုသည်ကို ဂရုမစိုက်ဘဲနေရင်း အသက်ရှင်ကြသည်။ ဤလူတို့သည် လူသား၏ကံကြမ္မာကို နားလည်ခြင်းမရှိဘဲ အသက်ကြီးလာကြသည်။ သူတို့သေသည့်အချိန်အထိ ဘဝဆိုသည် မည်သို့နည်းဆိုသည်ကို မသိကြပါ။ ဤလိုလူတွေက လူသေတွေပါ။ သူတို့သည် ဝိညာဉ်မပါသည့် သက်ရှိများဖြစ်သည်။ သူတို့သည် သားရဲတိရစ္ဆာန်တွေ ဖြစ်သည်။ အရာအားလုံးကြားမှာ အသက်ရှင်နေထိုင်ရင်း၊ ကမ္ဘာကြီးက သူတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများကနေ လူတို့သည် ပျော်ရွှင်မှုတွေကို ရယူနိုင်သော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို သူတို့မြင်ရသော်လည်း သူတို့၏ကိုယ်ပိုင်အတွေ့အကြုံ၊ သူတို့၏ နှလုံးသားနှင့် ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုတို့နှင့် မည်သို့မျှမသက်ဆိုင်ပါ၊ မည်သည့်ရုပ်ဝတ္ထုပစ္စည်းမှ ဤအရာအတွက် အစားထိုး မဖြစ်နိုင်ပါ။ ယင်းသည် နှလုံးသားထဲမှာရှိသည့် သိမြင်ခြင်းဖြစ်သည်။ ပကတိမျက်စိနှင့် မြင်လို့မရနိုင်သည့် အရာပါ။ ဤ သိမြင်ခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် သူ၏နားလည်မှု၊ ခံစားမှုတို့ထဲမှာ တည်ရှိပါသည်။ ဤအရာသည် မမြင်ရသည့် အရှင်သခင်တစ်ယောက်က အရာအားလုံးကို စီစဉ်နေသည်၊ လူသားအတွက် အရာရာတိုင်းကို ကိုင်တွယ်ညွှန်ကြားနေသည် ဆိုသည့်အပေါ် နားလည်စေပါသည်။ ဤအရာအားလုံးထဲတွင် လူတစ်ယောက်သည် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရုံပဲရှိပါသည်။ ဖန်ဆင်းရှင်ချပေးသည့်လမ်း၊ သူ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံပဲရှိပါသည်။ ဤကား မငြင်းနိုင်သည့် အချက်တစ်ခုပါ။ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သို့ ထိုးထွင်းသိမြင်မှုနှင့် သဘောထားပဲရှိပါစေ ဤအချက်ကို မည်သူမှ မပြောင်းနိုင်ပါ။
များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ လောကဓံအနိမ့်အမြင့်များ ထို့နောက်တွင်၊ များပြားလှသည့် မမေ့နိုင်သည့် နှစ်များနောက်တွင်၊ ရာသီဥတုများ ခဏခဏ ပြောင်းလဲခြင်းကို ကြည့်ရှုပြီး နောက်၊ သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပါသည်။ ထို့နောက် အချိန်တိုအတွင်းမှာပဲ သူသည် သတိပေးသည့် နှစ်များကို ရောက်လာတာ သူ့ကိုယ်သူ တွေ့လိုက်ရပါသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ကိုယ်လုံးတွင် တံဆိပ်ခပ်နှိပ်ထားပါသည်။ သူသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မှောင်မဲသည့် ခေါင်းကဆံပင်က အဖြူရောင်ပြောင်းပြီ။ တောက်ပပြီး ကြည်လင်သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားပြီ။ ချောမွေ့ပြီး ပျော့ပြောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာပါသည်။ အကြားအာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ သူ့ တုံ့ပြန်မှုက နှောင့်နှေးလာသည်။ သူ့ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် သူသည် သူ၏ငယ်ရွယ်သည့် စိတ်လှုပ်ရှားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်လိုက်ပြီး ဘဝ၏ နေဝင်ဆည်းဆာကို ဝင်ရောက်လာပြီ။ အသက်အရွယ်ကြီးရင့်လာပြီ။ ထို့နောက်တွင်သူသည် လူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပါမည်။
လူတစ်ယောက် မွေးဖွားသည့်အခါ သူ သို့မဟုတ် သူမက မည်သည့်မိသားစုမှ မွေးသည်၊ လိင်အမျိုးအစား၊ ပုံသဏ္ဌာန်၊ မွေးဖွားချိန်၊ ၄င်းတို့သည် လူတစ်ယောက်ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်ပါသည်။
ဤဆုံမှတ်တွင် မည်သူမှ ဤအပိုင်းတွေကို ရွေးချယ်ခွင့်မရှိပါ။ ဤအရာ အားလုံးသည် ဖန်ဆင်းရှင်အားဖြင့် ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ ဤအရာတို့သည် ပြင်ပပတ်ဝန်းကျင်မှ ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးခံရခြင်း မရှိပါ။ ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ပေးထားသည့် ဤအချက်တွေကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပါ။ လူတစ်ယောက် မွေးဖွားလာခြင်းက ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုပြီး ပိုင်းခြားသတ်မှတ် ထားသောကြောင့် မည်သူကမှ မည်သည့်အချက်ကိုမှ ပြောင်းနည်းနိုင်သည့် အစွမ်းမရှိပါ။ လူတစ်ယောက်၏ နောက်ပိုင်းဖြစ်လာမည့် ကံကြမ္မာတို့နှင့် မသက်ဆိုင်ဘဲ သူ့၏မွေးဖွာခြင်း အခြေအနေများက ကြိုတင်သတ်မှတ်ထားပြီးဖြစ်၍ ၄င်းအတိုင်းပဲ ရှိပါသည်။ ဤအချက်တို့ကို လူတစ်ယောက်ဘဝ၏ ကံကြမ္မာက ဘယ်နည်းလမ်းနှင့်မှ လွှမ်းမိုးမှုမရှိသကဲ့သို့ ဤကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဘယ်နည်းနှင့်မှ သက်ရောက်မှု မရှိပါ။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|