လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပါ သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့က လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့က သက်ကြီးပိုင်းထဲကို ဝင်နေသည်။ မယုံကြည်သူမှ ယုံကြည်သူအထိ၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို ကြုံတွေ့ခြင်းအထိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာကို မည်သို့ သိမြင်နားလည်မှု ရခဲ့သနည်း။ လူတစ်ယောက်က ဘဝတွင် သူဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလော။ သင်ဖြစ်တည်လာပြီး ဆယ်စုနှစ် အနည်းငယ်မှာ သင်ဆန္ဒရှိသည့်အရာ ဘယ်နှစ်ခု ပြီးမြောက်ပါသနည်း။ ဘယ်နှစ်ခုက ထင်သလို မဖြစ်ခဲ့ပါသနည်း။ ဘယ်နှစ်ခုက ကိုယ်ကြိုက်နှစ်သက်သည့် အံ့သြစရာအနေနှင့် ရောက်လာပါသနည်း။ အချိန်ကောင်းကို မသိစိတ်ကနေ စောင့်နေရင်း၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်နေရင်း အကျိုးရလဒ်ကောင်းတွေ ရဖို့အတွက် လူတို့သည် အကြောင်းအရာ ဘယ်နှစ်ခုစောင့်နေပါသနည်း။ အကြောင်းအရာဘယ်နှစ်ခုက လူတို့ကို ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သနည်း။ လူတိုင်းက သူတို့၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များ နှင့် ပြည့်နေသည်။ သူတို့ဘဝတွင် အရာရာသည် သူတို့ဆန္ဒရှိသလို ဖြစ်မည်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် မလို၊ သူတို့၏ စည်းစိမ်များသည် သိပ်အံ့သြစရာကောင်းအောင် မြှင့်တက်လာမည်ဟု မျှော်လင့်ကြသည်။ ဆင်းရဲပြီး ဖိနှိပ်ခံရသည့်ဘဝ၊ အခက်အခဲများနှင့် ပြည့်နေသည့်ဘဝ၊ ဘေးဒုက္ခတွေနှင့် ဝန်းရံနေသည့်ဘဝကို မည်သူမှ မလိုချင်ပါ။ သို့သော်လည်း လူတို့သည် ဤ အရာတွေကို ကြိုမမြင်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါ။ တစ်ချို့အတွက်က အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေးနေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူတို့သည် ကောင်းကင်ဘုံ၏ အလိုက မည်သည် ဆိုတာကို ဘယ် သောအခါမှ မသိမြင်သလို ဂရုလည်းမစိုက်ပါ။ သူတို့၏ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင်နှင့် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ရင်း၊ လူသားမျိုးနွယ်၏ ကံကြမ္မာက မည်သို့နည်း၊ လူသားတွေက အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်ရမည်ဆိုသည်ကို ဂရုမစိုက်ဘဲနေရင်း အသက်ရှင်ကြသည်။ ဤလူတို့သည် လူသား၏ကံကြမ္မာကို နားလည်ခြင်းမရှိဘဲ အသက်ကြီးလာကြသည်။ သူတို့သေသည့်အချိန်အထိ ဘဝဆိုသည် မည်သို့နည်းဆိုသည်ကို မသိကြပါ။ ဤလိုလူတွေက လူသေတွေပါ။ သူတို့သည် ဝိညာဉ်မပါသည့် သက်ရှိများဖြစ်သည်။ သူတို့သည် သားရဲတိရစ္ဆာန်တွေ ဖြစ်သည်။ အရာအားလုံးကြားမှာ အသက်ရှင်နေထိုင်ရင်း၊ ကမ္ဘာကြီးက သူတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများကနေ လူတို့သည် ပျော်ရွှင်မှုတွေကို ရယူနိုင်သော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို သူတို့မြင်ရသော်လည်း သူတို့၏ကိုယ်ပိုင်အတွေ့အကြုံ၊ သူတို့၏ နှလုံးသားနှင့် ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုတို့နှင့် မည်သို့မျှမသက်ဆိုင်ပါ၊ မည်သည့်ရုပ်ဝတ္ထုပစ္စည်းမှ ဤအရာအတွက် အစားထိုး မဖြစ်နိုင်ပါ။ ယင်းသည် နှလုံးသားထဲမှာရှိသည့် သိမြင်ခြင်းဖြစ်သည်။ ပကတိမျက်စိနှင့် မြင်လို့မရနိုင်သည့် အရာပါ။ ဤ သိမြင်ခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် သူ၏နားလည်မှု၊ ခံစားမှုတို့ထဲမှာ တည်ရှိပါသည်။ ဤအရာသည် မမြင်ရသည့် အရှင်သခင်တစ်ယောက်က အရာအားလုံးကို စီစဉ်နေသည်၊ လူသားအတွက် အရာရာတိုင်းကို ကိုင်တွယ်ညွှန်ကြားနေသည် ဆိုသည့်အပေါ် နားလည်စေပါသည်။ ဤအရာအားလုံးထဲတွင် လူတစ်ယောက်သည် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံရုံပဲရှိပါသည်။ ဖန်ဆင်းရှင်ချပေးသည့်လမ်း၊ သူ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံပဲရှိပါသည်။ ဤကား မငြင်းနိုင်သည့် အချက်တစ်ခုပါ။ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သို့ ထိုးထွင်းသိမြင်မှုနှင့် သဘောထားပဲရှိပါစေ ဤအချက်ကို မည်သူမှ မပြောင်းနိုင်ပါ။ သင်နေ့တိုင်း ဘယ်ကိုသွားမည်၊ ဘာလုပ်မည်၊ ဘယ်သူ သို့မဟုတ် မည်သည်ကို သင်ကြုံတွေ့မည်၊ သင် ဘာပြောမည်၊ သင့်ဆီမှာ ဘာတွေဖြစ်မည်၊ ဤ အရာအားလုံးကို ကြိုတင်ခန့်မှန်း နိုင်ပါသလော။ လူတွေက ဤ အဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပါ။ ဒါတွေ မည်သို့ဖြစ်သည်ဆိုတာကို ထိန်းချုပ်ဖို့ ပိုပြီး မဖြစ်နိုင်ပါ။ ဘဝမှာ ဤ ကြိုမမြင်နိုင်သည့် အဖြစ်အပျက်တွေက အချိန်ပြည့်ဖြစ်ပေါ်နေပြီး နေ့စဉ်ဖြစ်ပေါ်သည့် အရာတစ်ခုပါ။ ဤနေ့စဉ်လောကဓံတရားများနှင့် သူတို့ဖြစ်ပေါ်သည့် နည်းလမ်း သို့မဟုတ် ဖြစ်ပေါ်သည့် ပုံစံတို့သည် မည်သည့်အရာမျှ ဖြစ်ချင်သလိုမဖြစ်ကြောင်း၊ ဤအရာများ၏ ကြီးထွားရင့်သန်သည့် လမ်းစဉ်နှင့်၊ ရှောင်လွှဲမရခြင်းတို့သည် လူသား၏ စိတ်အလိုနှင့် မရွှေ့ပြောင်းနိုင်ကြောင်းတို့ကို လူသားမျိုးနွယ်အား အစဉ်တစိုက် သတိပေးနေသည်။ အဖြစ်အပျက်တိုင်းက လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်၏ အသိပေးချက်တစ်ခု ပါဝင် ဆက်သွယ်နေပြီး လူသားမျိုးနွယ်သည် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ဆိုသည့် အချက်ကို ဤအရာက အသိပေးနေပါသည်။ တစ်ချိန်တည်းမှာပဲ အဖြစ်အပျက်တိုင်းက လူသား၏ ကြမ်းတမ်းသည့် အချည်းနှီးဖြစ်သည့် ရည်ရွယ်ချက်နှင့် ကံကြမ္မာကို ကိုယ်တိုင်ရယူလိုချင်သည့် ဆန္ဒအတွက် ပြန်လည် ချေပချက်တွေပဲ ဖြစ်သည်။ ဤအရာများသည် အဆုံးမှာ မည်သူက သူတို့၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်နေသည်ဆိုသည်ကို ပြန်လည် သုံးသပ်ဖို့ လူတွေကို တိုက်တွန်းနေရင်း လူသားမျိုးနွယ်၏ နားကို တစ်ဖက်ပြီးတစ်ဖက် လက်နှင့် ရိုက်ချက်များကဲ့သို့ပင်ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်တွေနှင့် လိုအင်ဆန္ဒများသည် တစ်ကြိမ်ပြီးတစ်ကြိမ် ပိတ်ပင်တားဆီးခံရပြီး ပျက်စီးကြေမွသွားသည့်အခါ လူသားတို့သည် မသိစိတ်ကနေ ကံစီမံသမျှကို လက်ခံခြင်း၊ အမှန်တရားကို လက်ခံခြင်း၊ ကောင်းကင်ဘုံနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းကို သဘာဝအလျောက် ရောက်ရှိလာပါသည်။ ဤနေ့စဉ် လောကဓံတရားမှ လူသားတို့ဘဝတစ်ခုလုံး၏ ကံကြမ္မာတွေအထိ ဖန်ဆင်းရှင်၏ အစီအစဉ်နှင့် သူ့၏ အချုပ်အခြာအာဏာကို ဖွင့်မပြသည့်အရာ တစ်ခုမှမရှိပါ။ “ ဖန်ဆင်းရှင်၏ အခွင့်အာဏာသည် သာလွန်ကြီးမြတ်သည်” ဆိုသည့် ထာဝရအမှန်တရားကို မပြသည့် “ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မကျော်လွန်နိုင်” ဆိုသည့် အချက်ကို မပြသည့် အရာတစ်ခုမှ မရှိပါ။
လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် နီးစပ်စွာရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုမှာ ခွဲထွက်မရအောင် ချည်နှောင်ထားပါသည်။ အဆုံးမှာ သူတို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာမှ ဆွဲခွာလို့မရပါ။ အရာအားလုံး၏ နိယာမများမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် သူ၏ အချုပ်အခြာအာဏာကို နားလည်လာသည်။ ရှင်သန်ရပ်တည်နေရေး စည်းမျဉ်းမှတစ်ဆင့် သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိလာသည်။ အရာအားလုံး၏ ကံကြမ္မာကနေ ဖန်ဆင်းရှင်က သူ့အခွင့်အာဏာကို အသုံးချပြီး သူတို့ကို ထိန်းချုပ်သည့် နည်းလမ်းများနှင့် ပတ်သက်ပြီး သူကောက်ချက်ဆွဲသည်။ အရာအားလုံးနှင့် လူသားတို့၏ ဘဝစက်ဝန်းတွင် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် အစီအစဉ်တို့ကို အမှန်တကယ် တွေ့ကြုံရသည်။ ဤ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ အားလုံး၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အ ခြားတန်ခိုးအစွမ်းနှင့် စွမ်းအင်များ အားလုံးကို မည်သို့ ဝင်ရောက် နေရာယူသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် ဘယ်ဖန်ဆင်းခံကမှ ချိုးဖောက်၍ မရဆိုသည်ကို၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အကြောင်းအရာတွေကို ဘယ်စွမ်းအားကမှ ဝင်ရောက်နှောင့်ယှက်၍ မရဆိုသည်ကို လူသားမျိုးနွယ်ကို လက်ခံစေပါသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွား ခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်ပါသည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပုံဆောင်ချက်တစ်ခုပင် မဟုတ်လော။ ဤဓမ္မဓိဌာန်ကျသည့် နိယာမများတွင် အရာအားလုံးနှင့် အဖြစ်အပျက်အားလုံးအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အမိန့်ချမှတ်မှု များကို လူသားက မြင်သော်လည်း စကြဝဠာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အခြေခံသဘောတရားများကို မည်သူက နားလည်ဖမ်းဆုပ်နိုင်ပါသနည်း။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူတို့၏ကိုယ်ပိုင်ကံကြမ္မာအပေါ် စီမံမှုကို အမှန်တကယ်သိနိုင်၊ အသိအမှတ်ပြုနိုင်၊ လက်ခံနိုင်ပြီး ဝန်ခံအပ်နှံနိုင်သည့်သူ ဘယ်နှစ်ယောက်ရှိပါသနည်း။ အရာအားလုံးအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အချက်အလက်ကို ယုံကြည်ပြီး ဖန်ဆင်းရှင်က လူသားဘဝ၏ ကံကြမ္မာကို အမိန့်ပေးသည်ဆိုသည်ကိုလည်း မည်သူက အမှန်တကယ်ယုံကြည်ပြီး အသိအမှတ်ပြုပါသနည်း။ လူသား၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ လက်ထဲမှာရှိသည်ဆိုသည့် အချက်ကို မည်သူက အမှန်တကယ် နားလည်သဘောပေါက် ပါသနည်း။ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်သည်ဆိုသည့်အချက်ကို ရင်ဆိုင်ပြီးသည့်အခါ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လူသားမျိုးနွယ်သည် မည်သို့သဘောထားမျိုး ထားမည်နည်းဆိုသည့် ဆုံးဖြတ်ချက်သည် ဤအချက်နှင့်ရင်ဆိုင်ပြီးသည့် လူသားတိုင်း သူတို့ကိုယ်တိုင်ပြုလုပ်ရမည့် ဆုံးဖြတ်ချက်ပဲ ဖြစ်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|