လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် သူ့မိဘတွေနှင့် ပိုပြီးဝေးကွာလာသည်။ သူ့ဘဝအတွက် ဦးတည်ချက်တစ်ခုကို စတင်ရှာဖွေလာပြီး သူ့မိဘတွေနှင့် ကွဲပြားသည့် ဘဝပုံစံအတွင်း သူ့ကိုယ်ပိုင် ဘဝပန်းတိုင်နောက်ကို လိုက်သည်။ ဤအချိန်တွင် သူ့မိဘတွေကို မလိုအပ်တော့ပါ။ သို့သော်လည်း သူ့ဘဝမှာ သူနှင့်အချိန်ကုန်ဆုံးစေမည့် အဖော်တစ်ယောက် လိုအပ်လာသည်။ သူ့ကံကြမ္မာနှင့် နီးကပ်စွာ ချည်နှောင်ထားသည့် လူတစ်ယောက်ဖြစ်သည့် အိမ်ထောင်ဖက်ဖြစ်ပါသည်။ ဤကဲ့သို့လွတ်လပ်ခြင်း နောက်ကလာသည့် သူရင်ဆိုင်ရမည့် ပထမဆုံး အဓိက ဖြစ်ရပ်သည် အိမ်ထောင်ပြုခြင်း၊ သူ ဖြတ်သန်းရမည့် စတုတ္ထဆုံမှတ်ဖြစ်ပါသည်။ ၁။ လူတစ်ယောက်သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး ရွေးချယ်စရာမရှိပါ
အိမ်ထောင်ပြုခြင်းသည် လူတိုင်းဘဝ၏ အလွန်အရေးကြီးသည့် ဖြစ်ရပ်ဖြစ်သည်။ တာဝန်ဝတ္တရား အမျိုးမျိုးတို့ကို အမှန်တကယ် အကောင်အထည်ဖော်ရန် စတင်ဖြစ်ပေါ်လာသည့် အချိန်၊ တာဝန်အမျိုးမျိုးကို ပြီးမြောက်စေဖို့ တဖြည်းဖြည်း စတင်လာသည့်အချိန် ဖြစ်ပါသည်။ လူတိုင်းက အိမ်ထောင်ပြုခြင်းကို သူတို့ကိုယ်တိုင် မကြုံရခင်မှာ အထင်မှားများဖြင့် တွေးတောတတ်ကြသည်။ ဤအထင်မှားများအားလုံးသည် လှပတတ်သည်။ အမျိုးသမီးများက သူတို့၏ အမျိုးသားက ချောမောလှပသည့် မင်းသားလေးဖြစ်မည်ဟု စိတ်ကူးကြသည်။ အမျိုးသားများက သူတို့သည် စနှိုးဝှိုက်ကို လက်ထပ်ကြမည်ဟု စိတ်ကူးကြသည်။ ဤ စိတ်ကူးယဉ်မှုက လူတိုင်း၏ အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး သီးသန့်လိုအပ်ချက်တွေ၊ သူတို့ကိုယ်ပိုင် သတ်မှတ်ထားသည့် တောင်းဆိုချက်တွေ၊ စံသတ်မှတ်ချက်တွေ ရှိကြသည်ဆိုတာကို ပြပါသည်။ ဤဆိုးယုတ်သည့် ခေတ်ကာလတွင် လူတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး မကောင်းသည့်သတင်းများ တရစပ်ကြားနေရပြီး နောက်ထပ်ပိုများသည့် လိုအပ်ချက်များကို ဖန်တီးလာပြီး ဖြစ်ရပ်မျိုးစုံနှင့် တမူထူးသည့် စိတ်သဘောထားများကို လူတို့အား ပေးနေသော်လည်း အိမ်ထောင်ပြုခြင်းကို အတွေ့အကြုံရှိသည့်မည်သူမဆို လူတစ်ယောက်က မည်မျှပဲ နားလည်ပါစေ၊ ၎င်းအပေါ် မည်သို့ပဲ သဘောထားပါစေ၊ အိမ်ထောင်ပြုခြင်းက လူတစ်ယောက်၏ ရွေးချယ်မှု မဟုတ်ဆိုတာကို သိကြပါသည်။ လူတစ်ယောက်သည် သူ့ဘဝတွင် လူအများကြီး ဆုံတွေ့ရသည်။ သို့သော်လည်း သူ့ အိမ်ထောင်ဖက်က မည်သူဖြစ်မည်ဆိုတာကို မည်သူမှ မသိပါ။ လူတိုင်းက အိမ်ထောင်ပြုခြင်း အကြောင်းအရာအပေါ်မှာ သူတို့၏ ကိုယ်ပိုင်စိတ်ကူးနှင့် ကိုယ်ပိုင်ရပ်တည်ချက် များ ရှိကြသည်။ သူတို့၏ စစ်မှန်သည့် အဖော်က နောက်ဆုံး မည်သူဖြစ်မည်ကို မည်သူမှ ကြိုမမြင်နိုင်ပါ။ လူတစ်ယောက်၏ ကိုယ်ပိုင်အယူအဆက အနည်းငယ်သာ သက်ရောက်မှုရှိသည်။ သင်ကြိုက်နှစ်သက်သည့် လူတစ်ယောက်ကို တွေ့ပြီး ထိုသူကို ရဖို့ သင်ကြိုးစားနိုင်သည်။ သို့သော်လည်း သူ သို့မဟုတ် သူမက သင့်ကို စိတ်ဝင်စားသလော၊ သူ သို့မဟုတ် သူမက သင့်အဖော် ဖြစ်နိုင်သလောဆိုတာက သင်ဆုံးဖြတ်ဖို့ မဟုတ်ပါ။ သင်နှစ်သက်သည့် အရာက သင့်ဘဝကို သူနှင့်အတူ ဝေမျှနိုင်မည့်သူ ဖြစ်ရမှာမျိုး မဟုတ်ပါ။ ဤ အချိန်မှာ သင်လုံးဝ မျှော်လင့်မထားသည့် သူတစ်ယောက်က သင့်ဘဝထဲ တိတ်တဆိတ် ဝင်ရောက်လာပြီး သင့်လက်တွဲဖော် ဖြစ်လာသည်။ သင့်ကံကြမ္မာအတွက် အရေးကြီးဆုံးအချက် ဖြစ်လာသည်။ သင့်ကံကြမ္မာက ခွဲခြားလို့မရအောင် သတ်မှတ်ထားသည့် သင့်လက်တွဲဖော် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုခြင်း သန်းပေါင်းများစွာ ရှိသော်လည်း လူတိုင်းက မတူညီကြပါ။ အိမ်ထောင်ပြုခြင်း မည်မျှက မကျေမနပ်ဖြစ်ကြသနည်း၊ မည်မျှက ပျော်ရွှင်သနည်း၊ မည်မျှက အရှေ့နှင့် အနောက်ထိ ကျယ်ပြောပြီး၊ မည်မျှက တောင်နှင့် မြောက်ထိ ကျယ်ပြောသနည်း။ မည်မျှက လိုက်ဖက်ညီသည့် စုံတွဲဖြစ်သနည်း၊ မည်မျှက အဆင့်အတန်းညီသနည်း။ မည်မျှက ပျော်ရွှင်ပြီး မျှတသနည်း၊ မည်မျှက နာကျင်ခံစားရပြီး ဝမ်းနည်းရသနည်း၊ မည်မျှက အများ မနာလိုဖြစ်ရသနည်း၊ မည်မျှက နားလည်မှုလွဲပြီး မကြိုက်နှစ်သက်ကြသနည်း၊ မည်မျှက ပျော်ရွှင်မှုများ ပြည့်နေကြသနည်း၊ မည်မျှက မျက်ရည်တွေပြည့်နေပြီး စိတ်အားငယ်မှုများ ဖြစ်နေကြသနည်း… ဤ များပြားလှသည့် အိမ်ထောင်များတွင် လူသားတို့သည် အိမ်ထောင်ပြုခြင်းတွင် သစ္စာရှိမှု၊ တစ်သက်လုံး ရင်းနှီးမြုပ်နှံမှု သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် အောင့်အည်းသည်းခံခြင်းနှင့် နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်း တိုနှင့် မုန်းခြင်းကိုပင် ဖွင့်ပြကြသည်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်းသို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ အိမ်ထောင်ပြုခြင်း၌ လူတိုင်း၏ တာဝန်ကို ဖန်ဆင်းရှင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပါ။ လူတိုင်းက ဤအရာကို ပြီးမြောက်စေရပါသည်။ ထို့နောက် အိမ်ထောင်တိုင်း၏ နောက်ကွယ်တွင် တည်ရှိနေသည့် တစ်ဦးချင်း၏ ကံကြမ္မာက မပြောင်းလဲပါ။ ဖန်ဆင်းရှင်က ရှေးကတည်းက ကြိုတင် သတ်မှတ်ပြီး ဖြစ်ပါသည်။ ၂။ အိမ်ထောင်သည် လက်တွဲဖော်နှစ်ယောက်၏ ကံကြမ္မာမှ ပေါက်ဖွားသည် အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ လူတစ်ယောက် ကံကြမ္မာ၏ ထုတ်ကုန်ဖြစ်သည်။ သူ့ကံကြမ္မာမှာရှိသည့် အလွန်အရေးကြီးသည့် အချိတ်အဆက် တစ်ခုဖြစ်သည်။ မည်သူ့၏ စိတ်ဆန္ဒ သို့မဟုတ် ကြိုက်နှစ်သက်မှုနှင့်မှ တည်ဆောက်ထားခြင်းမဟုတ်ပါ။ ပြင်ပအချက်အလက်များ၏ လွှမ်းမိုးမှု မရှိပါ။ နှစ်ဦးနှစ်ဖက်၏ ကံကြမ္မာအားဖြင့်၊ စုံတွဲ၏ ကံကြမ္မာနှင့် ပတ်သက်ပြီး ဖန်ဆင်းရှင်၏ စီစဉ်မှုနှင့် ကြိုတင်သတ်မှတ်မှုအားဖြင့် လုံးဝ သတ်မှတ်ပါသည်။ အပေါ်ယံမှာ အိမ်ထောင်ပြုခြင်း၏ ရည်ရွယ်ချက်က လူသားမျိုးနွယ်ကို ဆက်လက်ဖြစ်ပေါ်စေဖို့ပါ။ သို့သော်လည်း အမှန်တကယ်မှာ အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ တာဝန်ကို ပြီးဆုံးဖို့ ဆောင်ရွက်နေသည့် ဖြစ်စဉ်ကို ဖြတ်သန်းရသည့် ဓလေ့တစ်ခု သက်သက်သာဖြစ်သည်။ အိမ်ထောင်တွင် လူတို့ လှုပ်ရှားဆောင်ရွက်ရသည့် အခန်းကဏ္ဍသည် နောက်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက်ရုံ သက်သက်မဟုတ်ပါ။ ၄င်းတို့က သူတာဝန် ယူရမည့် အခန်းကဏ္ဍအမျိုးမျိုးဖြစ်ပြီး အိမ်ထောင်တစ်ခုကို ထိန်းသိမ်းခြင်းလမ်းစဉ်မှာ သူပြီးမြောက်အောင် ပြုလုပ်ရမည့် တာဝန်များဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားမှုက လူများ၊ ဖြစ်ရပ်များနှင့် သူ့ပတ်ဝန်းကျင်က အရာများ၏ ပြောင်းလဲမှုအပေါ် လွှမ်းမိုးမှုရှိသည့်အတွက် သူ၏ အိမ်ထောင်ပြုခြင်းကလည်း ဤအရာတွေကို မလွှဲမရှောင်နိုင် သက်ရောက်မည်ဖြစ်ပြီး ဤ အရာများကို ပုံစံအမျိုးမျိုးအဖြစ် ပြောင်းနည်းပေးပါလိမ့်မည်။ လူတစ်ယောက်သည် ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်လာနိုင်သည့်အခါ သူ့၏အိမ်ထောင်နှင့် ဆက်စပ်နေသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာစေသည့် သူ၏ကိုယ်ပိုင် ဘဝခရီးကို အစပြုပါသည်။ ထို့နောက် တစ်ချိန်တည်းမှာပဲ ဤအိမ်ထောင်ကို ဖြစ်စေသည့် တစ်ခြားလူက ဤတူညီသည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအောက်တွင် ဆက်စပ်နေသည့် ကံကြမ္မာကို ဝေမျှခံယူကြသည့် မဆက်စပ်သည့် လူနှစ်ယောက်သည် အိမ်ထောင်တစ်ခုကို တဖြည်းဖြည်းဝင်ရောက်လာပြီး ဆန်းကြယ်စွာနှင့် မိသားစုတစ်စု ဖြစ်လာပါသည်။ “ ကျိုင်းကောင်နှစ်ကောင် ကြိုးတစ်ချောင်းတည်းမှာ တွယ်ကပ်နေကြသည်။” ထို့အတွက်ကြောင့် တစ်ယောက်က အိမ်ထောင်တစ်ခုကို ဝင်ရောက်သည့်အခါ သူ၏ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မည်။ ဤကဲ့သို့ လူတစ်ယောက် အဖော်၏ ဘဝခရီးကလည်း တစ်ယောက်၏ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနှင့် သက်ရောက်မှု ရှိပါလိမ့်မည်။ တစ်နည်းပြောရလျှင် လူသားကံကြမ္မာများသည် ဆက်စပ်နေကြသည်။ မည်သူကမှ သူများ၏ ဘဝတာဝန်များကို ပြီးဆုံးအောင် မပြုလုပ်နိုင်ပါ သို့မဟုတ် သူ့အခန်းကဏ္ဍကို လုံးဝ အမှီအခိုကင်းစွာနှင့် မဆောင်ရွက်နိုင်ပါ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများ၏ ကြီးမားသည့် ကွင်းဆက်တစ်ခုအပေါ်မှာ ဆက်နွယ်မှုရှိပါသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွင်းဆက်တစ်ခု ပါဝင်ပါသည်။ အလားတူပဲ အိမ်ထောင်ပြုခြင်း ကလည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ဤအရာ၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှု၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိပါသည်။ အိမ်ထောင်တစ်ခုသည် နှစ်ယောက်စလုံး၏ မိသားစုများ၏ ထုတ်ကုန်၊ သူတို့ကြီးပြင်းလာသည့် အခြေအနေများ၊ သူတို့၏ ရုပ်ရည်အသွင်အပြင်များ၊ အသက်အရွယ်များ၊ အရည်အချင်းများ၊ ပါရမီများ၊ သို့မဟုတ် တစ်ခြားအချက်အလက်များ ကြောင့်မဟုတ်ဘဲ ဆက်စပ်နေသည့်ကံကြမ္မာနှင့် ဝေမျှပြီးယူထားသည့် တာဝန်များမှ ဖြစ်ပေါ်လာပါသည်။ ၄င်းကိုဖန်ဆင်းရှင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ခဲ့သည့် လူသားကံကြမ္မာ၏ ထုတ်ကုန်ဖြစ်သည့် အိမ်ထောင်ပြုခြင်း၏ အရင်းအမြစ် ဖြစ်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|