မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာပြီး သူတို့မိဘတွေဆီများမှ မတူညီသည့် သင်ခန်းစာများကို သင်ကြားကြသည်။ ဒါက လူတစ်ယောက် ကြီးပြင်းလာသည့် အခြေအနေအပေါ် သတ်မှတ်ပြီး အရွယ်ရောက်ခြင်းက[ခ] လူတစ်ယောက်ဘဝ၏ ဒုတိယအရေးပါသည့် ဆုံမှတ်ကို ကိုယ်စားပြုသည်။ ပြောပြစရာမလိုပါ။ လူတွေက ဤဆုံမှတ်တွင်လည်း ရွေးစရာလမ်းမရှိပါ။ ၎င်းသည်လည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။ ၁။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေတွေကို ဖန်ဆင်းရှင်က သတ်မှတ်သည် လူတစ်ယောက်သည် သူသို့မဟုတ် သူမကြီးပြင်းရမည့် သွန်သင်ဆုံးမမှုနှင့် လွှမ်းမိုးမှု ပြုလုပ်မည့် လူ သို့မဟုတ် အချက်အလက်များကို မရွေးချယ်နိုင်ပါ။ လူတစ်ယောက်သည် မည်သည့်အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သူရရှိမည်၊ မည်သို့အကျင့်မျိုး ဖြစ်မည်ကို မရွေးချယ်နိုင်ပါ။ သူ့၏မိဘများနှင့် အမျိုးများက မည်သူ ဖြစ်မည်၊ မည်သည့်ပတ်ဝန်းကျင်တွင် ကြီးပြင်းမည်ဆိုတာကို မရွေးချယ်နိုင်ပါ။ လူတစ်ယောက်၏ လူများနှင့် ဆက်ဆံရေး၊ ဖြစ်ရပ်များ၊ သူ့ပတ်ဝန်းကျင်က အကြောင်းအရာများ၊ သူ့၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့လွှမ်းမိုးသည် ဆိုသည်မှာ အားလုံးက သူ့ထိန်းချုပ်မှုထက်ပိုပြီး ကျော်လွန်ပါသည်။ သို့ဆိုလျှင် ၎င်းတို့ကိုမည်သူက ဆုံးဖြတ်သနည်း။ မည်သူက စီစဉ်သနည်း။ ဤကိစ္စများတွင် လူက ရွေးချယ်လို့မရသည့်အတွက် ဒါတွေကို သူတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်သည့်အတွက်၊ သူတို့သည် သိသာစွာနှင့်ပဲ ပုံသဏ္ဌာန်ကို သဘာဝအတိုင်း မလုပ်သည့်အတွက်၊ ဤအရာများအားလုံး၏ ဖြစ်ပေါ်ပုံက ဖန်ဆင်းရှင်၏ လက်ထဲမှာရှိသည်ဆိုတာ ပြောစရာမလိုတော့ပါ။ ဖန်ဆင်းရှင်က လူတိုင်း မွေးဖွားမှု၏ သီးသန့်အခြေအနေတွေကို စီစဉ်သလို သူကြီးပြင်းမည့် သီးသန့်အခြေအနေ တစ်ခုကိုလည်း စီစဉ်ပါသည်။ ဒါက ပြောဖို့မလိုပါ။ လူတစ်ယောက်၏ မွေးဖွားမှုက လူတွေ၊ ဖြစ်ရပ်တွေ၊ သူသို့မဟုတ် သူမဘေးပတ်ဝန်းကျင်က အကြောင်းအရာပတ်ဝန်းကျင်ကို ပြောင်းလဲစေသည်ဆိုလျှင် ဤလူ၏ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကလည်း သူတို့ကိုအမှန်တကယ် သက်ရောက်မှု ရှိမည်။ ဥပမာ လူအချို့က ဆင်းရဲသည့် မိသားစု တွင်မွေးသည်။ သို့သော်လည်း ချမ်းသာမှုများ ဝန်းရံပြီး ကြီးပြင်းသည်။ တစ်ချို့က ချမ်းသာသည့်မိသားစုတွင် မွေးသည်။ သို့သော်လည်း သူတို့မိသားစု၏ စည်းစိမ်ကို လျှော့နည်းသွားစေသည်။ ဤသို့နှင့် သူတို့သည် ဆင်းရဲသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသည်။ မည်သူ၏ မွေးဖွားခြင်းကမှ သတ်မှတ်ထားသည့် စည်းမျဉ်းနှင့် အုပ်ချုပ်ခြင်းမရှိပါ။ မည်သူကမှ သတ်မှတ်ထားသည့် ရှောင်လွှဲလို့မရသည့် အခြေအနေအောက်မှာ မကြီးပြင်းပါ။ ဒါတွေက လူတစ်ယောက် စဉ်းစားတွေးတောနိုင်သည့် သို့မဟုတ် ထိန်းချုပ်နိုင်သည့် အရာများ မဟုတ်ပါ။ ဤအရာများသည် လူတစ်ယောက် ကံကြမ္မာ၏ ထုတ်ကုန်များ ဖြစ်ပြီး သူ့ကံကြမ္မာကို သတ်မှတ်သည်။ သိသာပါသည်။ အဓိကက ဤအရာများသည် ဖန်ဆင်းရှင်က လူတစ်ယောက်၏ ကံကြမ္မာနှင့် ကြိုတင်သတ်မှတ်ထားပါသည်။ ဤအရာများသည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏနှင့် ဤလူ၏ ကံကြမ္မာအတွက် သူ၏ အစီအစဉ်တို့က ပိုင်းခြားသတ်မှတ်ထားပါသည်။
၂။ လူတို့ အရွယ်ရောက်သည့် အခြေအနေအမျိုးမျိုးတို့က မတူညီသည့် အခန်းကဏ္ဍများကို ဖြစ်ပေါ်စေသည် လူတစ်ယောက် မွေးဖွားခြင်း၏ အခြေအနေများသည် အခြေခံအဆင့် တစ်ခုအပေါ်မှာ တည်ဆောက် ပါသည်။ သူတို့ကြီးပြင်းသည့် ပတ်ဝန်းကျင်နှင့် အခြေအနေ၊ လူတစ်ယောက်ကြီးပြင်းသည့် အခြေအနေများသည် သူ၏ သို့မဟုတ် သူမ၏ မွေးဖွားမှု အခြေအနေများ၏ ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ဤအချိန်တွင် ဘာသာစကားကို စပြီး သင်ယူလာသည်။ အစဉ်တစိုက် ကြီးပြင်းနေသည့် ဖြစ်စဉ်တွင် သူ့စိတ်က အကြောင်းအရာအသစ် များစွာကို ကြုံတွေ့ပြီး နားလည်လက်ခံလာသည်။ လူတစ်ယောက်သည် သူ့နားနှင့် ကြားသည့်အရာများ၊ သူ့မျက်လုံးနှင့် မြင်သည့်၊ သူ့စိတ်ထဲမှာ ခံယူသည့်အရာများ တဖြည်းဖြည်းနှင့် ပေါများလာပြီး သူ့အတွင်းကမ္ဘာကို သက်ဝင်လှုပ်ရှားစေသည်။ သူတွေ့ကြုံလာရသည့် လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများ၊ သူသင်ယူသည့် အသိတရား၊ အသိပညာ၊ ကျွမ်းကျင်မှု၊ သူလွှမ်းမိုးခံရသည့်၊ စွဲမြဲအောင်သင်ယူခံရသည့်၊ သင်ကြားခဲ့ရသည့် စဉ်းစားပုံများအားလုံးသည် လူတစ်ယောက်၏ဘဝတွင် သူ့ကံကြမ္မာနှင့် လမ်းညွှန်ပြီး လွှမ်းမိုးပါလိမ့်မည်။ သူကြီးလာသည့် အလျောက် သင်ယူသည့် ဘာသာစကားနှင့် သူ၏စဉ်းစားပုံနည်းလမ်းက သူ့ငယ်ဘဝတွင် အချိန်ကုန်ဆုံးခဲ့သည့် ပတ်ဝန်းကျင်မှ ခွဲခြားလို့မရပါ။ ဤ ပတ်ဝန်းကျင်မှ မိဘများ၊ မွေးချင်းများ၊ တစ်ခြားလူများ၊ အဖြစ်အပျက်များ၊ သူသို့မဟုတ် သူမ၏ဘေးပတ်လည်က အကြောင်းအရာများ ပါဝင်ပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းရင်းကို သူကြီးပြင်းသည့် ပတ်ဝန်းကျင်က သတ်မှတ်ပြီး လူများ၊ အဖြစ်အပျက်များ၊ ဤအချိန်ကာလတွေမှာ သူကြုံတွေ့ရသည့် အကြောင်းအရာများ အပေါ်လည်း မူတည်ပါသည်။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေတွေကို ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်သည့်အတွက် ဤဖြစ်စဉ်အတွင်း သူနေထိုင်သည့် ပတ်ဝန်းကျင်ကလည်း အလိုအလျောက် ကြိုတင်ပိုင်းခြားသတ်မှတ်ပြီး ဖြစ်သည်။ လူတစ်ယောက်၏ ရွေးချယ်မှုနှင့် ကြိုက်နှစ်သက်မှုအပေါ် သတ်မှတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် သတ်မှတ်သည်။ ဖန်ဆင်းရှင်၏ ဂရုတစိုက် စီစဉ်မှု၊ လူတစ်ယောက်၏ဘဝတွင် သူ့ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအားဖြင့် သတ်မှတ်သည်။ ထို့ကြောင့် ဤကြီးပြင်းမှု လမ်းကြောင်းတွင် လူတို့ ကြုံတွေ့ရသည့် လူများ၊ သူကြုံတွေရသည့် အကြောင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်မှ ရှောင်လွှဲလို့မရဘဲ တွယ်ဆက်နေပါသည်။ လူတို့သည် ဤကဲ့သို့ ရှုပ်ထွေးသည့် အပြန်အလှန် ဆက်ဆံရေးမျိုးကို ကြိုတင်မမြင်နိုင်သလို မထိန်းချုပ်နိုင် သို့မဟုတ် နားလည်သဘောပေါက်ခြင်း မရှိနိုင်ပါ။ များပြားလှသည့် မတူညီသည့် အကြောင်းအရာများနှင့် များပြားသည့် မတူညီသည့် လူတို့သည် လူတစ်ယောက်ကြီးပြင်းသည့် ပတ်ဝန်းကျင်အပေါ် ဆက်နွယ်မှုရှိပြီး မည်သည့်လူသားမှ ဤကဲ့သို့ ကျယ်ပြန့်သည့် ဆက်စပ်မှု ကွန်ယက်ကို စီစဉ်နိုင် စီစဉ်ညွှန်ကြားနိုင်သည့် အစွမ်းမရှိပါ။ လူအမျိုးမျိုး၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများအားလုံး၏ ပေါ်ပေါက်မှု၊ တည်ရှိမှုနှင့် ကွယ်ပျောက်မှုတို့ကို ဖန်ဆင်းရှင်မှလွဲပြီး မည်သူမျှ သို့မဟုတ် မည်သည့်အရာမှ မထိန်းချုပ်နိုင်ပါ။ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားသလို လူတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်သည့်၊ လူတို့ကြီးပြင်းသည့် ပတ်ဝန်းကျင်အမျိုးမျိုးမှ ကျယ်ပြန့်သည့် ဆက်နွယ်မှု ကွန်ယက်မျိုးဖြစ်ပြီး လူတို့သည် သူတို့၏ တာဝန်များကို အောင်မြင်စွာ ပြီးမြောက်စေဖို့အတွက် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှုအလုပ်၊ ချမှတ်ထားသည့် စိတ်ချရသည့် ခိုင်မာသည့်အုတ်မြစ်အတွက် လိုအပ်သည့် တာဝန်နေရာအမျိုးမျိုးကို ဖန်တီးပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|