ဂျီအားမေ ပြဿနာအသစ်များ တသီကြီးထွက်လာသည် သို့သော်လည်း မည်သည့်အရာမျှ ပြင်ဆင်ထားသကဲ့သို့ မဖြစ်လာခဲ့ပါ။ သူမခင်ပွန်း အားလပ်ရက် စတင်ပြီး၊ သူအိမ်သို့ပြန်လာသည့် အချိန်တွင် သူက ဂျီအားမေကို ယခင်ကအတိုင်း အပ်နေကျ လစာကို ပေးအပ်ခဲ့သည်။ သို့သော်လည်း ထို့နောက်တွင် ဂျီအားမေသည် သူ့ဂျာကင်ကို မတော်တဆ ကြမ်းပြင်ပေါ်သို့ တိုက်မိပြီး၊ သူ့အိတ်ထဲမှာ ငွေတစ်ထပ်ကြီး ပေါ်ထွက်လာခဲ့သည်။ ထိတ်လန့်စွာဖြင့် ဂျီအားမေက “ ဒီပိုက်ဆံတွေက ဘယ်ကရောက်လာတာလဲ။ ငါငွေရေးကြေးရေး ကိုင်တယ်မယ်လို့ ငါတို့ သဘောမတူထားဖူးလား။ သူက ကိစ္စတွေကို ငါ့ကို အသိမပေးပဲထားနေပြီ” ဟု တွေးမိသည်။
0 Comments
ဝိညာဉ်ရေးရာ နှီးနှောရေးမှ ညီအစ်ကိုမောင်နှမများ။ မင်္ဂလာပါ..
ကျွန်မသည် ယခုဆိုလျှင် ဘဝလက်တွဲဖော်ရှာ၍ရသည့် အရွယ်ရောက်လာပြီ ဖြစ်သည့်အပြင်၊ ကျွန်မ၏ မယုံကြည်သူမိသားစုကလည်း ကျွန်မကို ချစ်သူရှာရန် တွန်းနေကြသည်။ သို့သော်လည်း ကျွန်မသည် ပျော်ရွှင်ရန်အတွက် မည်သို့သော ဘဝလက်တွဲဖော်မျိုးကို ရှာဖွေသင့်ကြောင်း မသိပါ။ အိမ်ထောင်ဖက် ရှာသည့်အခါတွင်၊ ကျွန်မ၏ မယုံကြည်သူ မိတ်ဆွေများအားလုံးက “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” သို့မဟုတ် “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” ကို ရွေးချယ်စေလိုကြသော်လည်း သူတို့အကြားတွင် မည်သည့် စစ်မှန်သော ချစ်ခင်ကြင်နာမှုကိုမျှ မတွေ့ရသည့်အပြင်၊ ထိုအစား သူတို့အချင်းချင်း ထိခိုက်နစ်နာမှု များစွာဖြစ်စေသည်ကို ကျွန်မ တွေ့ခဲ့ရပါသည်။ ခရစ်ယာန်တစ်ယောက် အနေဖြင့် ကျွန်မတို့သည် အချစ်ရေးနှင့် အိမ်ထောင်ရေး ကို မည်သို့ချဉ်းကပ်သင့်ကြောင်း ကျွန်မနားလည်လိုပါသည်။ ခင်မင်လေးစားစွာဖြင့် ဘိုင်ရွှဲ ခရစ်ယာန်တစ်ယောက်၏ ကျေးဇူးတရားကို သက်သေရပ်တည်ခြင်း- လောင်းကစား ဖြတ်လိုက်ခြင်းသည် သူမ၏ မှောင်မိုက်သည့် အသက်တာတွင်းသို့ အလင်းကို ဆောင်ကြဉ်းလာပုံ ဂျင်ရှင်း တရုတ်ပြည်
တစ်ချိန်က သူမသည် လောင်းကစားသမားတစ်ဦးဖြစ်သော်လည်း၊ လောင်းကစားခြင်းသည် သူမနှင့် သူမ၏ မိသားစုကို ကြီးစွာသော နာကျင်မှုများ ဆောင်ကြဉ်းလာသောကြောင့် သူမသည် လောင်းကစားကို စွန့်လွှတ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါ။ သူမ ပြိုယိုင်လဲခါနီးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းလက်တော်က သူမကို တို့ထိကာ၊ လောင်းကစား၏ အနှစ်သာရနှင့် အန္တရာယ်တို့ကို သူမအား တွေ့မြင်စေပြီး၊ တစ်ဆင့်ချင်း သူမ၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်စေ၍ နောက်ဆုံးတွင် သူမဘဝကို ပြန်လည်ပြောင်းလဲနိုင်ခဲ့သည်။ ကျွန်မမှာ သာယာပျော်ရွှင်တဲ့ ဘဝရှိတယ်၊ ကျွန်မရဲ့ အိမ်ထောင်နဲ့ပတ်သက်ပြီး ကျွန်မ အရမ်းပျော်တယ် ကျောင်ရှင်း တရုတ်ပြည်
လျူမန်သည် စူပါမားကတ်တွင် နေ့စဉ်လိုအပ်သည့်အရာအချို့ကို ဝယ်ယူခဲ့ပြီး အိမ်သို့ လမ်းလျှောက်ပြန်စဉ်တွင် လမ်းဘေးစားသောက်ဆိုင်တစ်ခုကို ဖြတ်သွားရသည်။ သူမ မကြာခဏလာလေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အလုပ်ရှုပ်နေသော စားပွဲထိုးသည် စားပွဲများအကြား ခေါက်တုံ့ခေါက်ပြန်သွားနေသည်ကို သူမ ကြည့်နေရင်းဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာကို မစဉ်းစားဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ မြို့၏ နီယွန်မီးများထွန်းထားသည့် လမ်းများ၏ ထောင့်တစ်နေရာရှိ လမ်းဘေးစားသောက်ဆိုင်မှ စားပွဲတစ်ခုပေါ်တွင် ဟင်းများ၊ ဝိုင်ခွက်များရှိပြီး လူငယ်များသည် ထိုစားပွဲ၌ စုဝေးပြီး စကားတွေပြော၊ ဘီယာတွေသောက်လျှက် ရှိကြသည်။ သူတို့ထဲမှတစ်ယောက်ဖြစ်သည့် သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရှူအော်သည် သူမအား ဂရုတစိုက်ဖြင့် ပြောသည်။ “ လျူမန် နင်ပြဿနာတစ်ခုခုရှိရင် ငါ့ကိုသာပြော၊ ငါတို့ နင့်ကို အကောင်းဆုံး ကူညီပေးမယ်။” ဂျီယာနန်၊ ဟောင်ကောင်
တစ်စုံတစ်ယောက်သည် မြင်းပြိုင်ပွဲလောင်းခြင်းအကြောင်း ပြောဆိုလာသည့်အခါတိုင်း၊ အချို့လူများသည် ထိုစိတ်ကူးအားကြောက်လန့်ကြကာ၊ ၎င်းအား ပလိပ်ရောဂါကဲ့သို့ ရှောင်ရှား ကြသော်လည်း၊ အခြားသောလူများကမူ အလွန်ပျော်ရွှင်ကြပြီးလျှင်၊ အလွန်နှစ်ခြိုက် ကြလေသည်။ မြင်းပြိုင်ပွဲ အလောင်း အစားလုပ်ခြင်းအပေါ် လူတစ်ဦးချင်းစီတွင် ကွဲပြားသည့် ရပ်တည်မှုတစ်ခုစီ ရှိကြပါသည်။ ကျွန်တော်သည် လောင်းကစားသမား တစ်ဦးဖြစ်ခဲ့ဖူးပြီးလျှင်၊ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် မြင်းပွဲလောင်းခဲ့သည့်အပြင်၊ ကျွန်တော်သည် ခါးသီးမှုနှင့် နာကျင်မှုတို့ကို မြည်းစမ်းခဲ့ဖူးပါသည်။ ကျွန်တော့် အနေဖြင့် မြင်းပွဲလောင်းသည့် လောင်းကစားသမား တစ်ယောက် အဖြစ်မှနေပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာပုံကို တွေးတောလိုက်သည်နှင့် စိတ်ခံစားချက်များမဖြစ်ဘဲ မနေနိုင်ပါ။ |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|