ဂျီအားမေ ပြဿနာအသစ်များ တသီကြီးထွက်လာသည် သို့သော်လည်း မည်သည့်အရာမျှ ပြင်ဆင်ထားသကဲ့သို့ မဖြစ်လာခဲ့ပါ။ သူမခင်ပွန်း အားလပ်ရက် စတင်ပြီး၊ သူအိမ်သို့ပြန်လာသည့် အချိန်တွင် သူက ဂျီအားမေကို ယခင်ကအတိုင်း အပ်နေကျ လစာကို ပေးအပ်ခဲ့သည်။ သို့သော်လည်း ထို့နောက်တွင် ဂျီအားမေသည် သူ့ဂျာကင်ကို မတော်တဆ ကြမ်းပြင်ပေါ်သို့ တိုက်မိပြီး၊ သူ့အိတ်ထဲမှာ ငွေတစ်ထပ်ကြီး ပေါ်ထွက်လာခဲ့သည်။ ထိတ်လန့်စွာဖြင့် ဂျီအားမေက “ ဒီပိုက်ဆံတွေက ဘယ်ကရောက်လာတာလဲ။ ငါငွေရေးကြေးရေး ကိုင်တယ်မယ်လို့ ငါတို့ သဘောမတူထားဖူးလား။ သူက ကိစ္စတွေကို ငါ့ကို အသိမပေးပဲထားနေပြီ” ဟု တွေးမိသည်။ ရှင်ပြောတော့ ကျွန်မကို ပိုက်ဆံတွေအကုန်ပေးတယ်ဆို၊ “ ဒါပေမဲ့ အခုတော့ ရှင်က ကျွန်မမသိအောင် သိမ်းထားတာတွေ ရှိနေပြီ၊ ဟိုမိန်းမကို စောင့်ရှောက်ဖို့ဆိုပြီး ဒီပိုက်ဆံတွေကို ဝှက်ထားတာလား “ ဟု ဒေါသတကြီးဖြင့် မေးလိုက်သည်။ သူက ဝေ့လည်ချောင်ပတ် လုပ်နေသော်လည်း မည်သည့်အရာကိုမျှ မရှင်းပြခဲ့ပါ။ ဂျီအားမေက အပြင်ပန်းတွင် စိတ်မာယောင်ဆောင်နေရသော်လည်း၊ အတွင်းပိုင်းတွင်မူ ပြိုယိုင်လဲကျလုနီး ဖြစ်နေခဲ့သည်။ ယခင်က သူ့လစာကို သူမကို အမြဲတမ်း ပေးလေ့ရှိသော်လည်း၊ သူသည် သူမကို လှည့်စားနေသည်အထိ ဖြစ်လာခဲ့သည်။ ဂျီအားမေသည် အခြားမိန်းမတစ်ယောက်ကို အရှုံးပေးလိုသည့် ဆန္ဒမရှိပါ။ “ အရင်က ငါ့မှာ တကယ်ကို ခြိုးခြိုးခြံခြံ နေခဲ့ပြီး၊ အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်ဖို့တောင် လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ငါ့အသွင်အပြင်ကိုသာ ငါပိုဂရုစိုက်ရင်၊ သူ့နှလုံးသားကို ပြန်ရကောင်းရဲ့” ဟု သူမကတွေးခဲ့သည်။ ထို့နောက်တွင် သူမသည် စျေးကြီးသည့် မိတ်ကပ်များနှင့် အရည်အသွေးကောင်း အဝတ်အစားများကို စတင်ဝယ်ယူကာ၊ သူမကိုယ်သူမ လှပအောင် ပြင်ဆင်ပြီး၊ သူမခင်ပွန်း အနှစ်သက်ဆုံး ဟင်းလျာများကို စတင်ချက်ပြုတ်ပါတော့သည်။ ထိုသို့ပြုခြင်းသည် သူမ ခင်ပွန်း၏နှလုံးသားကို ပြန်လည်ရရှိကာ၊ သူလည်း ထိုတခြား အမျိုးသမီးကို တွေ့ခြင်းမှ ရပ်တန့်မည်ဟု သူမက ထင်ခဲ့သော်လည်း၊ နောက်ဖြစ်လာမည့်အရာကိုမူ သူမ တစ်ခါဖူးမျှ စိတ်မကူးခဲ့ပါ။ တစ်နေ့တွင် သူက ဂျီအားမေအတွက် လက်ဆောင်တစ်ခု ပါသည်ဟု ပြောပြီး၊ သူမကလတ်တလော ကြိုးစားခဲ့သမျှ အရာထင်လာပြီး၊ သူမခင်ပွန်း၏ နှလုံးသားကို ပြန်လည်ရရှိပြီဟု တွေးရင်းဖြင့် စိတ်ထဲတွင် ကြည်နူးနေခဲ့သည်။ သို့သော်လည်း သူက ထိုလက်ဆောင်ကို ဖွင့်ပြီး၊ ၎င်းမှာ သူ၏ အင်တာနက်မိတ်ဆွေထံမှ ဖြစ်ကြောင်း ပြောချိန်တွင်မူ၊ ၎င်းမှာ ကြီးစွာသော အရှက်ကွဲရခြင်းတစ်ခုဟု ခံစားရင်းဖြင့် ကျွန်မ စိတ်ပျက်သွားခဲ့ရပါသည်။သူမသည် သူတို့အိမ်ထောင်ရေးအတွက် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူမက ကွာရှင်းရန် အကြံဉာဏ်ကို သူ့ထံသို့ ထပ်မံ ပြောပြခဲ့သော်လည်း၊ သူက “ တခြားမိန်းမတွေက သူတို့ယောက်ျားတွေကို အိမ်ထောင်နှစ်ခု ထားခွင့်ပေးပြီး၊ ကွာရှင်းဖို့ကိုလည်း တစ်ချိန်လုံး တတွတ်တွတ် ပြောမနေကြဘူး။ ဒါက ကောင်းတဲ့ဘဝတစ်ခု မဟုတ်ဘူးလား” ဟု ပြောရင်းဇွဲကောင်းကောင်းဖြင့် ငြင်းဆန်နေခဲ့သည်။ သူထိုသို့ပြောချိန်တွင် ဂျီအားမေ ခံစားရသည့် နာကျင်မှုသည် ဖော်ပြ၍ပင် မရနိုင်ခဲ့ပဲနှင့်၊ လက်စားချေရန် ဆန္ဒတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူမက “ ရှင်က ခဲတစ်လုံးနဲ့ ငှက်တွေ အများကြီးပစ်ချင်နေမှတော့၊ ဒါဆို ကျွန်မကလည်း ရှင့်ကို ဒီအတိုင်း လုပ်လို့ရတယ်။ ရှင့်သစ္စာဖောက်မှုကို ရှင်လည်း မြည်းစမ်းကြည့်နိုင်တာပေါ့” ဟု တွေးမိသည်။ သို့သော်လည်း သူမက ထို့ထက်ပိုမိုကောင်းမွန်သည့် အရာကို တွေးခဲ့သည်။ သူမသည် ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး၊ ထိုသို့သော အမူအကျင့်မျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီပါ။ သူမ၏ နာကျင်မှုနှင့် ရုန်းကန်မှုတွင် ဂျီအားမေသည် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ဆုတောင်းခြင်းဖြင့် တစ်ဖန် ရောက်ရှိလို့ လာပြန်ပါသည်။ “ အိုဘုရားသခင် ဒါကို ကျွန်မ ဘယ်လို တွေ့ကြုံခံစားရမှန်းတောင် မသိတော့ပါဘူး။ ကျွန်မ တော်တော်ကို နာကျင်ခံစားနေရပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ …” သူမ အိမ်ထောင်ရေးအတွက် သတိပေးချက်တစ်ခု နှင့် ထိုအရာများအားလုံးနောက်မှ လူကြမ်းကြီး ဂျီအားမေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့မြင်ခဲ့သည်၊ “ လှုမှုလားရာများကြောင့် လူတို့အတွက် ပေါ်ပေါက်လာသော အယူအဆများ၊ ကမ္ဘာပေါ်တွင် ယင်းတို့ကြောင့် လူတို့၏ မိမိအလိုကျပြုမူနေထိုင်ပုံ၊ လူတို့တွင် ယင်းတို့ကြောင့် ဖြစ်ပေါ်သည့် ဘဝပန်းတိုင်များနှင့် အမြင်များအကြောင်းကိုသာ ဆွေးနွေးချင်သည်။ ဤသည်တို့သည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤလူမှုလားရာများအားလုံးသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် မကောင်းသောလွှမ်းမိုးမှုကို သယ်ဆောင်သောကြောင့်၊ လူသားအား အဆက်မပြတ် ဆုတ်ယုတ်စေကာ၊ ၎င်းတို့ထံတွင် အသိတရား၊ လူ့သဘာဝနှင့် ဆင်ခြင်မှုတို့ကို ထပ်တလဲလဲ ဆုံးရှုံးစေလေသည်။ ထို့အတူ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ၎င်းတို့၏ စရိုက်လက္ခဏာအရည်အသွေးကိုလည်း ပို၍ပို၍ နိမ့်ကျစေကာ၊ ယနေ့ လူအများစုတွင် ဂုဏ်သိက္ခာ၊ စာနာမှု၊ အသိတရားနှင့် ဆင်ခြင်မှုဟူသည် မရှိကြတော့ဟု ပြောနိုင်လောက်သော အတိုင်းအတာဖြစ်သည်။ ထိုသို့ဆိုလျှင် ဤလူမှုလားရာများသည် အဘယ်သို့နည်း။ သင်သည် ဤလူမှုလားရာများကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ရေပန်းစားမှုတစ်ခုသည် လေကဲ့သို့ ဖြတ်သန်းတိုက်ခတ်သည့်အခါ၊ အရေအတွက်အနည်းငယ်သော လူတို့သာ ခေတ်ရေစီးကို ဦးဆောင်သူများ ဖြစ်ကောင်းဖြစ်လာလိမ့်မည်။ ၎င်းတို့သည် ဤအရာတစ်ခုကို စတင်၍ လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဤအယူအဆတစ်ခု သို့မဟုတ် ဤရှုထောင့်တစ်ခုကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား ၎င်းတို့၏ သတိမမူမိခြင်းအလယ်တွင်၊ ဤခေတ်စားမှုမျိုးကို အမှုမဲ့အမှတ်မဲ့ဖြင့် ဆန္ဒအလျောက်မဟုတ်ဘဲ လက်ခံကာ၊ ယင်းခေတ်စားမှုတွင် နစ်မြုပ်ထိန်းချုပ် ခံရသည်အထိ ဖြစ်အောင်၊ ယင်းခေတ်စားမှု၏ ကူးစက်ခြင်း၊ စုပ်ယူခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ထပ်တလဲလဲ ခံကြရဦးမည်ဖြစ်သည်။ ကောင်းမွန်သော ကိုယ်နှင့် စိတ် မရှိသော၊ သမ္မာတရားဆိုသည်ကို လုံးဝမသိသော၊ အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာတို့ကို မခွဲခြားတတ်သော လူသားအဖို့၊ ဤလူမှုလားရာများသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် ၎င်းတို့အားလုံးအား စာတန်ထံမှလာသော ဘဝအမြင်နှင့် တန်ဖိုးများဖြစ်သည့် ဤလားရာများကို စိတ်အားထက်သန်စွာ လက်ခံစေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘဝအား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို စာတန် ပြောသည့်အတိုင်း လက်ခံသကဲ့သို့၊ စာတန်က ၎င်းတို့ကို ‘ပေးအပ်’ သော ရှင်သန်နေထိုင်နည်းကိုလည်း လက်ခံကြ၏။ ၎င်းတို့သည် ခွန်အား မရှိကြ၊ စွမ်းပကားလည်း မရှိကြသည့်အပြင်၊ ခုခံရန် အသိစိတ်ဆိုသည်မှာကား ပို၍ပင် မရှိကြပေ။” “ ဤသည်မှာ လူသား၏နှလုံးသားထဲမှ မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားသည် မည်သည်ကို အားပေးသနည်း။ လူသားသည် ကောက်ကျစ်စဉ်းလဲမှုနှင့် အကြမ်းဖက်မှုကို စတင်နှစ်သက်လာသည်။ ၎င်းတို့သည် အလှအပ သို့မဟုတ် ကောင်းမွန်ခြင်းကို မနှစ်သက်ဘဲ၊ ငြိမ်းချမ်းမှုကို ပို၍ပင် မနှစ်သက်ကြပေ။ လူတို့သည် သာမန်လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ချင်စိတ်မရှိကြဘဲ၊ ယင်းအစား အကန့်အသတ်မဲ့စွာ အထိန်းအချုပ်မဲ့စွာဖြင့် ၎င်းတို့၏ခန္ဓာအား ဖြည့်ဆည်းရန် အပြင်းအထန်ကြိုးစားလျက်၊ တစ်နည်းဆိုရလျှင် လုပ်ချင်ရာကို လုပ်လျက်နှင့်ပင်၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးစွာသောကြွယ်ဝမှုကို ခံစားချင်ကြပြီး၊ ကာမဂုဏ်အရသာတို့ကိုလည်း ပျော်မွေ့ချင်ကြ၏။… လူသားသည် ပို၍ပင် ဆိုးယုတ်လာ၏၊ မောက်မာလာ၏၊ အထက်စီးဆန်လာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ အန္တရာယ်ပြုတတ်လာ၏။ လူတို့ကြားတွင် ချစ်ခင်မှုဟူသည် မရှိတော့၊ မိသားစုဝင်တို့ကြားတွင် ချစ်ခြင်းမေတ္တာသည် မရှိတော့၊ ဆွေမျိုးအပေါင်းအဖော်တို့ကြားတွင် နားလည်မှုဟူသည် မရှိတော့ပေ။ လူသားချင်းဆက်ဆံရေးတို့သည် အကြမ်းဖက်မှုတို့နှင့် ပြည့်လာခဲ့လေပြီ။” ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ဂျီအားမေ က နောက်ထပ် အမျိုးသမီးတစ်ဦးရှိခြင်း၊ အပျော်မယား သို့မဟုတ် လက်မထပ်ပဲအပျော်တွဲသူ တစ်ယောက် ထားရှိခြင်း သည် လူမှုရေးရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ဆိုးယုတ်သည့် ရေပန်းစားမှုများဖြစ်သည့် “ အိမ်က အလံနီက မပြိုလဲဘူး၊ အပြင်က ရောင်စုံအလံ ကသာ လေထဲလွင့်သွားမှာ” “ ထာဝရတည်မြဲဖို့အတွက် မတောင်းဆိုပါနဲ့၊ အခုလက်ရှိမှာ ပျော်အောင်နေပါ” နှင့် “ အပြင်မှာ အပျော်လေး နည်းနည်းရှာတာ ဘာမှမဖြစ်ပါဘူး” များတို့၏ ချည်နှောင်မှုနှင့် ဆိုးယုတ်မှု၏ ထိန်းချုပ်မှု များအားလုံးမှ လာခြင်းသာ ဖြစ်ပါသည်။ ထို့ထက်ပိုပြီးလျှင် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို ခံရပြီးနောက် လူများက ဆိုးယုတ်မှုကို ကြောက်ရွံ့ရိုသေကာ၊ ချစ်ခင်ပြီး၊ ဇာတိခန္ဓာ၏ ပျော်မွေ့မှုကို တပ်မက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သူတို့ကိုယ်ပိုင် ဇာတိကပတိ၊ သူတို့၏ ဆန္ဒများ ကို ဖြည့်ဆည်းဖို့ရာ ကိုယ်ကျင့်တရားဆိုင်ရာ အပြစ်တင်ခြင်းကို သည်းခံရန် လိုလားကြခြင်း ဖြစ်သည့်အပြင်၊ သူတို့ကိုယ်ပိုင် ချစ်ရသူများကိုလည်း နာကျင်စေရသည့် အကြောင်းအရင်း ဖြစ်လေသည်။ လူများသည် ပို၍ပို၍ တစ်ကိုယ် ကောင်းဆန်ကာ၊ ဆိုးယုတ်လာပြီး၊ အကျင့်စာရိတ္တ ပျက်စီးသည့်အပြင်၊ သူတို့၏ လူ့သဘာဝ နှင့် ကိုယ်ကျင့်တရားများကို ဆုံးရှုံးလာခဲ့သည်။ ဂျီအားမေ က မိသားစုများကို ပြိုကွဲစေသည့် အိမ်ထောင်ရေး ဖောက်ပြန်မှုများအကြောင်းနှင့် အချို့မှာ အလွန်နှိပ်စက်မှုဒဏ်ကို ခံစားရသောကြောင့် တမင်တကာ ဆေးများအလွန်အကျွံသုံးစွဲပြီး၊ သေကြောင်းကြံစည်ခဲ့ကြကြောင်းကို တွေးမိခဲ့သည်။ အချို့က တိုက်ပေါ်မှခုန်ချပြီး၊ အချို့က စိတ်ဖိစီးမှုဒဏ်ကို မခံစားနိုင်တော့ သည့်အချိန်တွင် စိတ်မနှံ့ဖြစ်ကုန်ကြသည်။ မရေမတွက်နိုင်သည့် မိသားစုများသည် ဤကမ္ဘာ၏ ဆိုးယုတ်သော ရေပန်းစားမှုများကြောင့် ထိခိုက်နစ်နာခဲ့ရလေသည်။ သူမ၏ ခင်ပွန်းသည်ပင်လျှင် ခြွင်းချက်မဟုတ်ပါ။ သူသည် ထို မကောင်းသောအကျင့်၊ ဆိုးယုတ်သော ရေပန်းစားမှုများအတိုင်း လိုက်ခြင်းမှ သူ့ကိုယ်သူ မရပ်နိုင်ပဲ၊ စိတ်လှုပ်ရှားမှုအချို့ကို ရှာဖွေရန်အတွက် နှစ်ပေါင်းများစွာ အတူဝေမျှခဲ့ သည့် သူတို့၏ ချစ်ခြင်းမေတ္တာကို လျစ်လျူရှုခဲ့သည်။ သူက အွန်လိုင်း တွင် အခြားတစ်ယောက်ကို တွေ့ပြီး၊ စိတ်ခံစားချက်ပိုင်း ဆိုင်ရာအားဖြင့် ငြိတွယ်လာကာ၊ သူ၏ သွေးသားဆန္ဒများကို အလိုလိုက်ခဲ့သည်။ သူ့ကို ကွာရှင်းဖို့ အကြံပေးသည့်အခါတွင်၊ သူက ငြင်းဆန်သော်လည်း၊ ထိုအမျိုးသမီးကို စွန့်ခွာရန်ကိုလည်း သူမလိုလားခဲ့ပါ။ သူက နေအိမ်တွင် ဇနီးတစ်ယောက်၊ တစ်ဖက်တွင် မိန်းမတစ်ယောက်တို့ဖြင့် အကျင့်ပျက် သည့် အသက်တာတွင် အသက်ရှင်နေထိုင်နေသော်လည်း၊ သူက တစ်စက်မျှ အရှက်ရပုံလည်း မပေါ်ပါ။ ထို့နောက်တွင် သူ၏ ခင်ပွန်းသည်လည်း မကောင်းသောအကျင့်၊ ဆိုးယုတ်သော ရေပန်းစားမှု များ၏ နောက်ထပ်သားကောင်း ဖြစ်ကြောင်းကို ဂျီအားမေက နားလည်သဘောပေါက်ခဲ့ပါသည်။ လူသားများသည် သမ္မာတရားချို့တဲ့ သောကြောင့် သူတို့သည် အမှားအမှန်၊ အလှတရားနှင့် အကျည်းတန်ခြင်း သို့မဟုတ် အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း တို့ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိကြပါ။ သူတို့က စာတန်၏ ဆော့ကစားခြင်း၊ ဘေးအန္တရာယ်ပေးခြင်းနှင့် နင်းချေခြင်းတို့ကိုသာ ခံရပါသည်။ ပြီးနောက်တွင် သူမ အသက်ရှင်နေထိုင်နေသည့် နာကျင်မှုသည်လည်း “ အိုအောင်မင်းအောင် လက်တွဲမြဲလို့ ပေါင်းသင်းမယ်” နှင့် “ ချစ်ခြင်းမေတ္တာသည် အကြီးမြင့်ဆုံးဖြစ်သည်” ဆိုသည့် အကြံဉာဏ်များ၏ ဘေးအန္တရာယ်မှ လာခြင်းဖြစ်သည်။ သူမက စုံလင်သည့်ချစ်ခြင်းမေတ္တာကို ရှာဖွေနေခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့၏ ကျန်ရှိသည့် ဘဝတစ်ခုလုံးတွင် ဆိုးတူကောင်းဖက် အတူကျော်ဖြတ်ရန် သူမနှင့်သာ သက်ဆိုင်သည့် စစ်မှန်သည့် အချစ်ကို ရှာဖွေရန် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ သူမခင်ပွန်းသည် သူတို့အိမ်ထောင်ရေး ပြင်ပသို့ ခြေလှမ်းလှမ်းနေကြောင်း သိရှိပြီးနောက်၊ သူမသည် စိုးရိမ်ကြောင့်ကျမှုဖြင့် အကျပ်အတည်းကျရောက်ခဲ့သည်။သူမသည် နှိပ်စက်မှုဒဏ်ကို ခံရလွန်းသောကြောင့် အစားစားရန် အာသီသပျောက်ဆုံးကာ၊ အိပ်၍လည်းမရခဲ့ပါ။ သူမနှလုံးသားကို ကြီးမားသော ကျောက်တုံးကြီး၏ အလေးဖြင့် ဖိထားခံရသည်ဟု ခံစားရသည်မှာ သူမမှာ အသက်မရှုနိုင်သကဲ့သို့ ဖြစ်နေသည်။ သူမသည် အမြဲတမ်း နာကျင်မှုဖြင့် အသက်ရှင်နေထိုင်ခဲ့ရသည်မှာ သူ့ကို လက်စားချေရန်အတွက် ဖောက်ပြန်ရန်အကြောင်းပင် တွေးခဲ့မိသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း နှင့် လမ်းပြမှုတို့ မရှိပါက၊ သူမမည်သို့ဖြစ်လာမည်၊ မည်သို့အကျင့်ပျက် သည့်အရာများကို လုပ်ဆောင်မည်ကို သူမ မသိခဲ့ပါ။ ဂျီအားမေသည် နောက်ပိုင်းတွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်၊ “ လင်ယောက်ျားသည် ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ထို့ပြင် ဇနီးမယားသည် လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ … လူများသည် အမှန်တကယ်အားဖြင့် အဘယ်သို့သော ရည်ရွယ်ချက်များ ထားရှိကြသနည်း။ ယင်းသည် မိမိ၏ ကိုယ်ပိုင်အစီအစဉ်များနှင့် အတ္တဆန်သော လိုလားချက်များကို နှစ်သိမ့်ရန်ဖြစ်သည် မဟုတ်လော။” ထို့နောက် သူမက လူသားများအကြားတွင် စစ်မှန်သည့် မေတ္တာအမှန်တကယ် မရှိကြောင်းကို နားလည်သဘောပေါက်ခဲ့သည်။ ၎င်းတို့အားလုံးသည် အကျိုးခံစားခွင့်ကို အခြေခံထားသည့် ပေါင်းသင်းဆက်ဆံရေး အတုအယောင်များသာ ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် အလဲအထပ် သဘောသာ ဖြစ်သည်၊ ၎င်းတို့အားလုံးသည် အပေးအယူဖြစ်သည်။ ခင်ပွန်းတစ်ယောက် နှင့် ဇနီးတစ်ယောက်တို့အကြား ချစ်ခြင်းမေတ္တာ သည် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်အကျိုးစီးပွားများတွင် အခြေခံအုတ်မြစ်ထားကာ တည်ဆောက်ထားပြီး၊ သူတို့လိုချင်သည့် အရာမရသည့်အချိန်တွင်၊ ထိုချစ်ခြင်းသည် ပျောက်ကွယ်သွားခဲ့သည်။ ထိုချစ်ကြည်မှု ပေါင်းသင်းဆက်ဆံရေးသည် လုံးဝမတည်ရှိတော့ပါ။ ၎င်းတို့အားလုံးသည် စာတန်၏ ထိခိုက်မှုမှ အရင်းခံလာခြင်းဖြစ်သည်။ ဂျီအားမေသည် ဤအချက်ကို ရှင်းလင်းစွာ သိသည်နှင့်တပြိုင်နက် သူမသည် ကြီးမားစွာ စိတ်သက်သာရာရသည်ဟု ခံစားခဲ့ရပါသည်။ ရှုထောင့်၌ ပြောင်းလဲမှုတစ်ခုသည် ပျော်ရွှင်သော အိမ်ထောင်ရေး ရလဒ်များဖြစ်ပေါ်စေသည် ဂျီအားမေသည် “ သင်ဒါကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့်ဘဝကို ဘုရားသခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။” ဟု ဆိုထားသည့် ဘုရားသခင့်နှုတ်ကပတ်တော်ကိုလည်း ဖတ်ရှုခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်သည် ဂျီအားမေ ကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ထောက်ပံ့ခဲ့သည်။ စာတန်၏ ဘေးဒုက္ခများမှ သူမကိုယ်သူမ လွတ်မြောက်စေရန် နှင့် ၎င်း၏ မှားယွင်းသော အတွေးများနှင့် ရှုထောင့်များ၏ ချည်နှောင်မှု လုံးဝမခံရတော့ရန်၊ လွတ်လပ်စွာ နှင့် ချည်နှောင်မှုကင်းမဲ့စွာ အသက်ရှင်နေထိုင်ရန်၊ သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခဲ့ရပါသည်။ ရှာဖွေရမည့် အရာများနှင့် ပတ်သက်သည့် သူမ၏ ယခင်က အကြံဉာဏ်များကို လက်လွှတ်ကာ၊ အသက်တာတွင် သူမ၏ အနာဂတ်လမ်းကြောင်းဖြင့် ဘုရားသခင်ကို ယုံကြည်စွာအပ်နှံပြီး၊ ဘုရားသခင်၏ စည်းမျဉ်းများနှင့် စီစဉ်မှုများကို ဆက်ကပ်အပ်နှံရပါသည်။ ထို့နောက်တွင် သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်စတင်ဖတ်ရှုပြီး၊ ဘုရားသခင်နှင့် သင့်တော်သည့် ပေါင်းသင်းဆက်ဆံရေးကို တည်ထောင်ခဲ့သည်။ သူမသည် အစည်းအဝေးများကို တက်ရောက်ကာ၊ အခြားညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ဧဝံဂေလိတရားတော်ဟောကြားခဲ့သည်။ အချိန်နှင့်အမျှ သူမနှလုံးသည် ပူပင်သောကများဖြင့် ပိတ်မိမနေတော့ပဲနှင့်၊ သူမခင်ပွန်း၏ သစ္စာဖောက်မှုကို ဖြည်းညှင်းစွာ လက်လွှတ်ခဲ့သည်။ သူမမျက်နှာပေါ်တွင် အပြုံးပင် ပြန်လည်ပေါ်ပေါက်လာခဲ့ပါသည်။ တစ်နေ့တွင် သူမခင်ပွန်းက ဆောင်းဦးရာသီ ရိတ်သိမ်းချိန်တွင် အိမ်သို့ပြန်လာလိုကြောင်း ဖုန်းခေါ်ပြောခဲ့သည်။ သူရောက်သည့် အချိန်တွင် ဂျီအားမေက သူနှင့် စတင်ငြင်းခုံခြင်းမျိုး လုံးဝမရှိတော့ပဲနှင့် တည်ငြိမ်ပြီး၊ အေးဆေးသည့် နည်းလမ်းဖြင့် သူနှင့် စကားပြောခဲ့သည်။ သူတို့သော်လည်း သူ့အွန်လိုင်းမိတ်ဆွေဖုန်းခေါ်ပြီး သူ့ထံမှ ငွေချေးသည် ကိုမူ သူမ ကြားခဲ့ရသည့်အချိန်တွင်၊ ဂျီအားမေ သည် သူမနှလုံးသားတွင် ရုတ်တရက် နာကျင်မှုကို တစ်ဖန်ခံစားခဲ့ရသည်။ သူမ ဒေါသထွက်လုဆဲဆဲဖြစ်သော်လည်း၊ ထိုသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီကြောင်း၊ သူမခင်ပွန်းနှင့် အဆုံးမရှိသော ပဋိပက္ခများဖြစ်ခြင်းသည် သူတို့နှစ်ယောက်လုံး နာကျင်မှုဖြင့် အသက်ရှင်နေထိုင်ရခြင်းသာ ဦးတည်နေကြောင်းတို့ကို နားလည် သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် သူမက ဘုရားသခင်ထံသို့ ထပ်ကာတလဲလဲ ဆုတောင်းပြီး၊ ထို့နောက် သူမနှလုံးသားအတွင်း တဖြည်းဖြည်းချင်း ငြိမ်သက်မှုကို တွေ့ရှိခဲ့သည်။ ထိုညနေတွင် ဂျီအားမေသည် သူမခင်ပွန်းကို အလွန်စိတ်အေးလက်အေးဖြင့် “ အရင်က ရှင်နောက်မိန်းမတစ်ယောက်နဲ့ တွေ့နေတာကို ကျွန်မသိရတဲ့ အချိန်မှာ၊ ကျွန်မရှင်နဲ့ ရန်စဖြစ်ခဲ့တာပဲ၊ ကျွန်မပြဿနာရှာတယ်၊ ရှင့်ကိုပြန်ရအောင် ကျွန်မကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေတစ်ခုမှ ရှင့်နှလုံးသားကို ပြန်မရခဲ့ဘူး။ ဒီလိုပုံစံနဲ့ တစ်ယောက်နဲ့တစ်ယောက် အတူတူနေရတာ တကယ့်ကို ပင်ပန်းစရာကြီးပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က တစ်ဆင့် ကျွန်မတို့အားလုံးက စာတန်ရဲ့ ဘေးအန္တရာယ်ကို ခံရတယ်ဆိုတဲ့အကြောင်း၊ ကျွန်မတို့အားလုံးက စာတန်ရဲ့ ဆိုးယုတ်တဲ့ ရေပန်းစားမှုတွေရဲ့ ဆွဲဆောင်တာ ခံရတယ်ဆိုတဲ့အကြောင်း၊ ဒါ့ကြောင့်လည်း ကျွန်မတို့က ဒါတွေရဲ့ သားကောင်အဖြစ် မကျရောက်ပဲမနေနိုင်ကြကြောင်းတွေကို ကျွန်မနားလည် သဘောပေါက် ခဲ့ပြီ။ အခုအချိန်ကစပြီး ကျွန်မက ရှင့်ကို လုံးဝနာကျည်းနေမှာ မဟုတ်တော့သလို၊ ရှင့်ကို ရန်စနေတော့မှာလည်း မဟုတ်ဘူး” ဟု ပြောခဲ့သည်။ဂျီအားမေသည် သူနှင့် ငြင်းခုံဖို့ မကြိုးစားနေတော့ သော်လည်း၊ ငြိမ်းချမ်းရေးယူရန် အဆင်သင့်ဖြစ်နေကြောင်းကို တွေ့ရင်းဖြင့် သူက သူမအပေါ်သူ၏ မှားယွင်းမှုများကို လိုလိုလားလား အသိအမှတ်ပြုခဲ့ပါသည်။ “ နင့်ကို အမှားလုပ်ခဲ့တာ ငါပါ။ ငါပြောင်းလဲပါ့မယ်၊ ပြီးတော့ နင့်ကို ကောင်းပါ့မယ်” ဟု ပြောခဲ့ပါသည်။ ထိုအချိန်မှစပြီး ဂျီအားမေသည် သူယခင်ကအတိုင်းပင် သူမခင်ပွန်းကို ဂရုပြုပြီး၊ စောင့်ရှောက်ခဲ့သည်။ သူမသည် ငြင်းခုံမှုကို လုံးဝမစတော့သကဲ့သို့၊ သူမည်သည့်နေရာရောက်နေကြောင်း သိရှိရန် သူ၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း ဖုန်းခေါ်ပြီး မေးမြန်းမနေတော့ပါ။ တစ်ချိန်တွင် သူမခင်ပွန်းသည် အပြင်သို့အရက်သွားသောက်ပြီး၊ အိမ်ပြန်ရောက်ချိန်တွင် ချက်ခြင်းအိပ်ရာပေါ်တွင် လဲကျသွားခဲ့သည်။ သူသည် အမြဲတမ်းပင်ပန်းနေခဲ့သည်ကို ဂျီအားမေက သတိပြုမိသောကြောင့် သူ့အတွက် ရေအနည်းငယ်ယူလာကာ၊ သူ့အား စောင့်ရှောက်ခဲ့လေသည်။ ဤအရာကိုမြင်ရင်းဖြင့် သူက အလွန်နောင်တရကာ၊ စိတ်ခံစားချက်များဖြင့် ငိုကြွေးရင်း “ ငါ့ကို သိပ်မကောင်းပါနဲ့ဟာ။ ငါကသာ နင့်ကိုစိတ်ပျက်စေခဲ့တာပါ။ ငါအဲဒီမိန်းမကို လုံးဝ ထပ်ပြီး မဆက်သွယ်တော့ပါဘူး။အခုအချိန်ကစပြီး ငါတို့အချိန်တွေကို အတူတူ ပျော်မွေ့ကြရအောင်နော်” ဟု ပြောခဲ့ပါသည်။သူက ထို့နောက်တွင် ထိုတခြားအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံရေးကို ဖြတ်တောက်လိုက်သည်၊ သူတို့ လုံးဝ မဆက်သွယ်ကြတော့သည့်အပြင်၊ သူသည် ဂျီအားမေကို ယခင်ကထက်ပိုမိုကောင်းမွန်စွာ ဆက်ဆံလာခဲ့သည်။ ဂျီအားမေသည် ထိုအရာအားလုံးမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်ကြောင်းကို သိရှိခဲ့ပြီး၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းတို့ဖြင့်သာလျှင် သူမသည် ဆင်းရဲဒုက္ခမှာ ထွက်လာနိုင်ပြီး ပျော်ရွှင်သော အသက်တာတစ်ခုတွင် အသက်ရှင်နေထိုင်ရမည် ဖြစ်ကြောင်းကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပါသည်။ သတင်းအချက်အလက်များ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိရန်နည်းလမ်း
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|