ကျွန်မမှာ သာယာပျော်ရွှင်တဲ့ ဘဝရှိတယ်၊ ကျွန်မရဲ့ အိမ်ထောင်နဲ့ပတ်သက်ပြီး ကျွန်မ အရမ်းပျော်တယ် ကျောင်ရှင်း တရုတ်ပြည်
လျူမန်သည် စူပါမားကတ်တွင် နေ့စဉ်လိုအပ်သည့်အရာအချို့ကို ဝယ်ယူခဲ့ပြီး အိမ်သို့ လမ်းလျှောက်ပြန်စဉ်တွင် လမ်းဘေးစားသောက်ဆိုင်တစ်ခုကို ဖြတ်သွားရသည်။ သူမ မကြာခဏလာလေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အလုပ်ရှုပ်နေသော စားပွဲထိုးသည် စားပွဲများအကြား ခေါက်တုံ့ခေါက်ပြန်သွားနေသည်ကို သူမ ကြည့်နေရင်းဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာကို မစဉ်းစားဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ မြို့၏ နီယွန်မီးများထွန်းထားသည့် လမ်းများ၏ ထောင့်တစ်နေရာရှိ လမ်းဘေးစားသောက်ဆိုင်မှ စားပွဲတစ်ခုပေါ်တွင် ဟင်းများ၊ ဝိုင်ခွက်များရှိပြီး လူငယ်များသည် ထိုစားပွဲ၌ စုဝေးပြီး စကားတွေပြော၊ ဘီယာတွေသောက်လျှက် ရှိကြသည်။ သူတို့ထဲမှတစ်ယောက်ဖြစ်သည့် သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရှူအော်သည် သူမအား ဂရုတစိုက်ဖြင့် ပြောသည်။ “ လျူမန် နင်ပြဿနာတစ်ခုခုရှိရင် ငါ့ကိုသာပြော၊ ငါတို့ နင့်ကို အကောင်းဆုံး ကူညီပေးမယ်။”
0 Comments
ဂျီယာနန်၊ ဟောင်ကောင်
တစ်စုံတစ်ယောက်သည် မြင်းပြိုင်ပွဲလောင်းခြင်းအကြောင်း ပြောဆိုလာသည့်အခါတိုင်း၊ အချို့လူများသည် ထိုစိတ်ကူးအားကြောက်လန့်ကြကာ၊ ၎င်းအား ပလိပ်ရောဂါကဲ့သို့ ရှောင်ရှား ကြသော်လည်း၊ အခြားသောလူများကမူ အလွန်ပျော်ရွှင်ကြပြီးလျှင်၊ အလွန်နှစ်ခြိုက် ကြလေသည်။ မြင်းပြိုင်ပွဲ အလောင်း အစားလုပ်ခြင်းအပေါ် လူတစ်ဦးချင်းစီတွင် ကွဲပြားသည့် ရပ်တည်မှုတစ်ခုစီ ရှိကြပါသည်။ ကျွန်တော်သည် လောင်းကစားသမား တစ်ဦးဖြစ်ခဲ့ဖူးပြီးလျှင်၊ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် မြင်းပွဲလောင်းခဲ့သည့်အပြင်၊ ကျွန်တော်သည် ခါးသီးမှုနှင့် နာကျင်မှုတို့ကို မြည်းစမ်းခဲ့ဖူးပါသည်။ ကျွန်တော့် အနေဖြင့် မြင်းပွဲလောင်းသည့် လောင်းကစားသမား တစ်ယောက် အဖြစ်မှနေပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာပုံကို တွေးတောလိုက်သည်နှင့် စိတ်ခံစားချက်များမဖြစ်ဘဲ မနေနိုင်ပါ။ |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|