ခရစ်ယာန်တစ်ယောက်၏ ကျေးဇူးတရားကို သက်သေရပ်တည်ခြင်း- လောင်းကစား ဖြတ်လိုက်ခြင်းသည် သူမ၏ မှောင်မိုက်သည့် အသက်တာတွင်းသို့ အလင်းကို ဆောင်ကြဉ်းလာပုံ ဂျင်ရှင်း တရုတ်ပြည်
တစ်ချိန်က သူမသည် လောင်းကစားသမားတစ်ဦးဖြစ်သော်လည်း၊ လောင်းကစားခြင်းသည် သူမနှင့် သူမ၏ မိသားစုကို ကြီးစွာသော နာကျင်မှုများ ဆောင်ကြဉ်းလာသောကြောင့် သူမသည် လောင်းကစားကို စွန့်လွှတ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါ။ သူမ ပြိုယိုင်လဲခါနီးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းလက်တော်က သူမကို တို့ထိကာ၊ လောင်းကစား၏ အနှစ်သာရနှင့် အန္တရာယ်တို့ကို သူမအား တွေ့မြင်စေပြီး၊ တစ်ဆင့်ချင်း သူမ၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်စေ၍ နောက်ဆုံးတွင် သူမဘဝကို ပြန်လည်ပြောင်းလဲနိုင်ခဲ့သည်။
0 Comments
ကျွန်မမှာ သာယာပျော်ရွှင်တဲ့ ဘဝရှိတယ်၊ ကျွန်မရဲ့ အိမ်ထောင်နဲ့ပတ်သက်ပြီး ကျွန်မ အရမ်းပျော်တယ် ကျောင်ရှင်း တရုတ်ပြည်
လျူမန်သည် စူပါမားကတ်တွင် နေ့စဉ်လိုအပ်သည့်အရာအချို့ကို ဝယ်ယူခဲ့ပြီး အိမ်သို့ လမ်းလျှောက်ပြန်စဉ်တွင် လမ်းဘေးစားသောက်ဆိုင်တစ်ခုကို ဖြတ်သွားရသည်။ သူမ မကြာခဏလာလေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အလုပ်ရှုပ်နေသော စားပွဲထိုးသည် စားပွဲများအကြား ခေါက်တုံ့ခေါက်ပြန်သွားနေသည်ကို သူမ ကြည့်နေရင်းဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာကို မစဉ်းစားဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ မြို့၏ နီယွန်မီးများထွန်းထားသည့် လမ်းများ၏ ထောင့်တစ်နေရာရှိ လမ်းဘေးစားသောက်ဆိုင်မှ စားပွဲတစ်ခုပေါ်တွင် ဟင်းများ၊ ဝိုင်ခွက်များရှိပြီး လူငယ်များသည် ထိုစားပွဲ၌ စုဝေးပြီး စကားတွေပြော၊ ဘီယာတွေသောက်လျှက် ရှိကြသည်။ သူတို့ထဲမှတစ်ယောက်ဖြစ်သည့် သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရှူအော်သည် သူမအား ဂရုတစိုက်ဖြင့် ပြောသည်။ “ လျူမန် နင်ပြဿနာတစ်ခုခုရှိရင် ငါ့ကိုသာပြော၊ ငါတို့ နင့်ကို အကောင်းဆုံး ကူညီပေးမယ်။” |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|