ဝိညာဉ်ရေးရာ နှီးနှောရေးမှ ညီအစ်ကိုမောင်နှမများ။ မင်္ဂလာပါ..
ကျွန်မသည် ယခုဆိုလျှင် ဘဝလက်တွဲဖော်ရှာ၍ရသည့် အရွယ်ရောက်လာပြီ ဖြစ်သည့်အပြင်၊ ကျွန်မ၏ မယုံကြည်သူမိသားစုကလည်း ကျွန်မကို ချစ်သူရှာရန် တွန်းနေကြသည်။ သို့သော်လည်း ကျွန်မသည် ပျော်ရွှင်ရန်အတွက် မည်သို့သော ဘဝလက်တွဲဖော်မျိုးကို ရှာဖွေသင့်ကြောင်း မသိပါ။ အိမ်ထောင်ဖက် ရှာသည့်အခါတွင်၊ ကျွန်မ၏ မယုံကြည်သူ မိတ်ဆွေများအားလုံးက “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” သို့မဟုတ် “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” ကို ရွေးချယ်စေလိုကြသော်လည်း သူတို့အကြားတွင် မည်သည့် စစ်မှန်သော ချစ်ခင်ကြင်နာမှုကိုမျှ မတွေ့ရသည့်အပြင်၊ ထိုအစား သူတို့အချင်းချင်း ထိခိုက်နစ်နာမှု များစွာဖြစ်စေသည်ကို ကျွန်မ တွေ့ခဲ့ရပါသည်။ ခရစ်ယာန်တစ်ယောက် အနေဖြင့် ကျွန်မတို့သည် အချစ်ရေးနှင့် အိမ်ထောင်ရေး ကို မည်သို့ချဉ်းကပ်သင့်ကြောင်း ကျွန်မနားလည်လိုပါသည်။ ခင်မင်လေးစားစွာဖြင့် ဘိုင်ရွှဲ
0 Comments
ခရစ်ယာန်တစ်ယောက်၏ ကျေးဇူးတရားကို သက်သေရပ်တည်ခြင်း- လောင်းကစား ဖြတ်လိုက်ခြင်းသည် သူမ၏ မှောင်မိုက်သည့် အသက်တာတွင်းသို့ အလင်းကို ဆောင်ကြဉ်းလာပုံ ဂျင်ရှင်း တရုတ်ပြည်
တစ်ချိန်က သူမသည် လောင်းကစားသမားတစ်ဦးဖြစ်သော်လည်း၊ လောင်းကစားခြင်းသည် သူမနှင့် သူမ၏ မိသားစုကို ကြီးစွာသော နာကျင်မှုများ ဆောင်ကြဉ်းလာသောကြောင့် သူမသည် လောင်းကစားကို စွန့်လွှတ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါ။ သူမ ပြိုယိုင်လဲခါနီးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းလက်တော်က သူမကို တို့ထိကာ၊ လောင်းကစား၏ အနှစ်သာရနှင့် အန္တရာယ်တို့ကို သူမအား တွေ့မြင်စေပြီး၊ တစ်ဆင့်ချင်း သူမ၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်စေ၍ နောက်ဆုံးတွင် သူမဘဝကို ပြန်လည်ပြောင်းလဲနိုင်ခဲ့သည်။ နုလီ၊ တရုတ်ပြည်
ဟယ်လို အိုက်ကိုင် ကျွန်မသည် တစ်စုံတစ်ရာ ဝန်ခံရန်အတွက် ဤစာအားရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤသည်မှာ ရှင့်ကို လက်ထပ်ပြီး နှစ်ပေါင်များစွာအတွင်း ပထမဆုံး ကျွန်မ ပြောခဲ့ခြင်းဖြစ်၍ ၎င်းမှာ ပြောပြဖို့ရန် ရှက်စရာကောင်းလှပါသည်။ ကျွန်မသည် မည်သည့်နေရာက စတင်ရမည်ကို မရှိပါ၊ ထို့ကြောင့် ကျွန်မသည် ကျွန်မ၏ငယ်စဉ်ဘဝကစတင်မည်ဖြစ်ပါသည်။ ကျွန်မ ငယ်စဉ်ဘဝက၊ ကျွန်မသည် အိမ်ထောင်မှုပြုခြင်းသည် မိန်းမတစ်ယောက်၏ဒုတိယအကြိမ် မွေးဖွားခြင်းနှင့်၊ ဤ ကြွယ်ဝမှုနှင့် ရုပ်ပစ္စည်းများအား ကိုးကွယ်မှု ဖြစ်နေကြ လူ့အသိုင်းအဝန်းထဲ၌၊ အကယ်၍ သင်သည် အစားအသောက်နှင့်အဝတ်အစားအတွက် စိုးရိမ်နေရခြင်းမှ လွတ်မြောက်ချင်ကာ ကောင်းမွန်သော ဘဝ၌ နေထိုင်ချင်လျှင်၊ သင်သည် ချမ်းသာသော၊ အရည်အချင်းရှိသော လူတစ်ယောက်အား လက်ထပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ဟု လူကြီးများ ပြောခြင်းကို မကြာခဏကြားခဲ့ရပါသည်။ ထိုအချိန်မှစတင်၍ ငွေရှာနိုင်သည့် အရည်အချင်းရှိသော သူတစ်ယောက်ကို ရှာဖွေခြင်းသည် ယောကျာ်းတစ်ယောက်အား ရွေးချယ်ရန်အတွက် ကျွန်မ၏စံနှုန်းဖြစ်လာခဲ့ပါသည်။ |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|