နုလီ၊ တရုတ်ပြည် ဟယ်လို အိုက်ကိုင် ကျွန်မသည် တစ်စုံတစ်ရာ ဝန်ခံရန်အတွက် ဤစာအားရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤသည်မှာ ရှင့်ကို လက်ထပ်ပြီး နှစ်ပေါင်များစွာအတွင်း ပထမဆုံး ကျွန်မ ပြောခဲ့ခြင်းဖြစ်၍ ၎င်းမှာ ပြောပြဖို့ရန် ရှက်စရာကောင်းလှပါသည်။ ကျွန်မသည် မည်သည့်နေရာက စတင်ရမည်ကို မရှိပါ၊ ထို့ကြောင့် ကျွန်မသည် ကျွန်မ၏ငယ်စဉ်ဘဝကစတင်မည်ဖြစ်ပါသည်။ ကျွန်မ ငယ်စဉ်ဘဝက၊ ကျွန်မသည် အိမ်ထောင်မှုပြုခြင်းသည် မိန်းမတစ်ယောက်၏ဒုတိယအကြိမ် မွေးဖွားခြင်းနှင့်၊ ဤ ကြွယ်ဝမှုနှင့် ရုပ်ပစ္စည်းများအား ကိုးကွယ်မှု ဖြစ်နေကြ လူ့အသိုင်းအဝန်းထဲ၌၊ အကယ်၍ သင်သည် အစားအသောက်နှင့်အဝတ်အစားအတွက် စိုးရိမ်နေရခြင်းမှ လွတ်မြောက်ချင်ကာ ကောင်းမွန်သော ဘဝ၌ နေထိုင်ချင်လျှင်၊ သင်သည် ချမ်းသာသော၊ အရည်အချင်းရှိသော လူတစ်ယောက်အား လက်ထပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်ဟု လူကြီးများ ပြောခြင်းကို မကြာခဏကြားခဲ့ရပါသည်။ ထိုအချိန်မှစတင်၍ ငွေရှာနိုင်သည့် အရည်အချင်းရှိသော သူတစ်ယောက်ကို ရှာဖွေခြင်းသည် ယောကျာ်းတစ်ယောက်အား ရွေးချယ်ရန်အတွက် ကျွန်မ၏စံနှုန်းဖြစ်လာခဲ့ပါသည်။ ကျွန်မ ကြီးပြင်းလာသည့်အခါ၌၊ ကျွန်မ၏ ဆန္ဒကို ပြည့်စုံစေရန်အတွက်၊ ကျွန်မသည် ကျွန်မ၏ဖူးစာရှင်ကို သေချာစွာ ရွေးချယ်ပါတော့သည်။ သို့သော် ကျွန်မ၏အဒေါ်သည် ကျွန်မအား ယောကျာ်းဖြစ်လာမည့်သူတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့ပါသည်၊ သူသည် ချိုသာသော စကားများ ပြောဆိုတတ်ခြင်းမရှိပဲ၊ ရိုးရှင်း၍ ရိုးသားပါသည်၊ ထို့အပြင် သူသည် ဆင်းရဲသည့် မိသားစုမှ လာခဲ့ခြင်းဖြစ်ပါသည်- ရှင်ပင်ဖြစ်ပါသည်။ ရှင်သည် ကျွန်မ၏ဘဝထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့ပါသည်၊ ထို့နောက် ကျွန်မတို့သည် ရုတ်တရက်ပင် ခွဲခွာခဲ့ကြပါသည်။ ကျွန်မသည် “ ငွေကြေးသည် ဦးစားပေးဖြစ်သည်” ဆိုသည့် စိတ်ကူးကြောင့် ညှို့ဓာတ်မိနေပါသည်၊ ပြီးနောက် ကျွန်မသည် ချမ်းသာ၍ အရည်အချင်းရှိသည့် လူတစ်ယောက်ကိုသာ ရှာချင်ခဲ့ပါသည်။ ရှင်နှင့် တွေ့ပြီးသည့်နောက်၊ ကျွန်မ ချစ်ကျွမ်းဝင်ချင်သည့် စိတ်ကူးထဲမှ လူတစ်ယောက်ကို ဆုံခဲ့ရပါသည်၊ သို့သော် သူသည် ကျွန်မအား အလွန်စိတ်ဝင်စားခြင်းမရှိပါ၊ အဆုံးသတ်၌ ကျွန်မတို့သည် လမ်းခွဲခဲ့ကြပါသည်၊ ၎င်းသည် ကျွန်မအတွက် အလွန်ပင် သောကရောက်စေခဲ့ပါသည်။
ထိုနေ့၌ ရှင်နှင့် ရှင်၏မိဘများသည် ကျွန်မထံသို့ ရောက်လာကာ ကျွန်မ၏စိတ်ပြောင်းစေရန် ဆွဲဆောင်ခဲ့ပါသည်၊ ထို့နောက် ကျွန်မသည် ဝန်လေးစွာဖြင့် သဘောတူခဲ့ပါသည်။ သို့သော် ၎င်းကို ကျွန်မ နောင်တရနေသေးသည်ကို ရှင် သိခဲ့ပါသလား။ ကျွန်မသည် ရှင်၌ ဘာမျှမရှိသည်ကို မြင်ခဲ့ပါသည်၊ ကျွန်မ မျှော်လင့်ထားသည့်အတိုင်း ကျွန်မအား ပျော်ရွှင်မှုကို ပေးနိုင်မည့်သူ တစ်ယောက်မဟုတ် ဟူ၍ ဖြစ်သည်။ ကျွန်မသည် ရှင်၏ ခံစားချက်များကို အရေးမစိုက်ခဲ့ပါ။ ကျွန်မသည် ရှင်နှင့် သုံးကြိမ်တိုင်တိုင် ခွဲခွာလိုက်၊ ပြန်ပေါင်းထုပ်လိုက် ဖြစ်ခဲ့ပါသည်၊ အကြိမ်အားလုံးသည် ရှင်သည် ကျွန်မ၏ အတ္တကြီးမှုကို သည်းခံ၍ ကျွန်မအား စောင့်နေခဲ့ပါသည်။ ၎င်းသည် ကျွန်မ၏ရင်ကို ထိခိုက်စေခဲ့ပါသည်၊ သို့သော် ကျွန်မသည် ကျေနပ်ခြင်း မရှိခဲ့ပါ။ ကျွန်မ၏ကိုယ်ပိုင်ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းကြောင့်ဖြစ်ပါသည်။ ၎င်းအချိန်မှာလည်း ကျွန်မသည် ဆေးဖြင့်ထိန်းချုပ်ခြင်းဖြင့်သာ ရနိုင်သော၊ အခြေခံအရင်းအမြစ်ကို ကုသ၍ မရနိုင်သော ထူးဆန်း၍ နာကျင်သည့် ရောဂါတစ်ခုဖြင့် နာမကျန်းဖြစ်ခဲ့သည့် အချိန်ပင်ဖြစ်ပါသည်။ ကျွန်မသည် ကြေကွဲ၍ စိတ်ဓာတ်ကျခဲ့ပါသည်၊ ကျွန်မ၏ ဘဝသည် အဘယ်ကြောင့် အလွန်ပင်ခက်ခဲခဲ့ရသနည်းဆိုသည်ကို သိချင်ခဲ့မိပါသည်။ သို့သော် ဤအချိန်သည် ကျွန်မ၏ဝန်ထုပ်ဝန်ပိုးကို ရှင် ထမ်းဆောင်ပေးကာ ကျွန်မအား လက်ထပ်ခွင့်တောင်းခဲ့သည့်အချိန်လည်းဖြစ်ပါသည်။ ကျွန်မသည် အကယ်၍ ရှင်သည် အခွင့်အရေးရတုံး ယူရန်ကြိုးပမ်းနေခြင်းသလား (သို့မဟုတ်) တစ်ခြားအကြောင်းပြချက်ရှိသလားဆိုသည်ကို မသိရှိခဲ့ပါ၊ သို့သော် ကျွန်မ၏ အကူအညီကင်းမဲ့နေသော အခြေအနေ၌ ကျွန်မသည် ရှင့်အားလက်ထပ်ရန် ဝန်လေးစွာ သဘောတူခဲ့ပါသည်။ ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် ရှင်တို့မိသားစု မည်မျှ ဆင်းရဲကြောင်းကို တွေ့ရှိခဲ့ရပါသည်။ ကျွန်မ တစ်ကြိမ် မှတ်မိခဲ့ပါသည်၊ ကျွန်မတို့ ပဲငပိ သုံးပေါင်အား ဝယ်ယူချင်သည့် အခါ၊ ရှင်သည် ၎င်းကို ဝယ်ယူရန်အတွက် ငွေချေးခဲ့ရပါသည်။ သူတို့ အကြွေးပြန်တောင်းရန် လာသည့်အခါ၊ ကျွန်မသည် လွန်စွာ အရှက်ရခဲ့ပါသည်။ ကျွန်မသည် အဘယ်ကြောင့် ထိုကဲ့သို့ ယောကျားကို လက်ထပ်ခဲ့မိသနည်း။ ကျွန်မသည် အလွန်ကြီးမားသော နာကြည်းမှုကို ခံစားရကာ ၎င်းသည် ရှင့်အား အော်ဟစ်၍ ဒေါသဖြင့် ဝေဖန်ပြောဆိုအောင် လုပ်ဆောင်ခဲ့သည် “ ကျွန်မ ဒီလိုဆင်းရဲတဲ့ဘဝမျိုးမှာ ဆက်မနေနိုင်တော့ဘူး။ ကျွန်မ ရှင့်ကို လက်ထပ်ခဲ့တုံးက ဘယ်လိုအတွေးမျိုးနဲ့ လက်ထပ်ခဲ့မိလဲမသိဘူး…” သို့သော် အကြိမ်တိုင်း၌ ရှင်သည် စကားတစ်လုံးမှ ပြောဆိုခြင်း မရှိပဲ ထိုင်နေခဲ့ပါသည်။ နောက်နှစ်တွင်၊ ကျွန်မတို့သားအား မွေးဖွားခဲ့ပါသည်၊ ရှင်သည် အလွန်ပင်ဝမ်းမြောက်ခဲ့ပါသည်။ နောက်ရက်များတွင် ရှင်သည် ကျွန်မအား ဂရုစိုက်ရန်အတွက် အလွန်ပင်အလုပ်များခဲ့ပါသည်၊ ထို့အပြင် ရှင်သည် ကျွန်မအား ပြန်နာလန်ထူနိုင်စေရန်အတွက် ဆီဝယ်ရန် ငွေထပ်ချေးခဲ့ပါသည်။ ထိုနှစ်တွင်၊ ရှင့်ညီ၏ဇနီးသည်လည်း မီးဖွားခဲ့ပါသည်၊ သို့သော် သူသည် ငွေရှာနိုင်သည့်အတွက်၊ သူသည် သူ့ဇနီး နာလန်ပြန်ထူနိုင်စေရန် သူ့ဇနီးစားချင်သမျှကို ဝယ်ပေးနိုင်စွမ်းရှိခဲ့ပါသည်။ ထိုအတွေးသည် ကျွန်မအတွက် လုံးဝနှိပ်စက်မှုတစ်ခုပင်ဖြစ်ပါသည်။ ကျွန်မသည် သူတို့ မိသားစု၌ ငွေရှိကာ၊ ပျော်နေကြချိန်၌ ကျွန်မတို့၏ဘဝသည် အလွန်ပင် ဆင်းရဲကာ စိတ်ပျက်စရာကောင်းလှသည်ကို ခံစားမိပါသည်၊ ထို့အပြင် ကျွန်မတို့ မိသားစုသည် အဘယ်ကြောင့် သူတို့မိသားစုကဲ့သို့မဖြစ်နိုင်ရသနည်းဆိုသည်ကို သိချင်ခဲ့ပါသည်။ ကျွန်မတို့၏မွေးကာစ သားလေးသည်လည်း ကျွန်မတို့ကဲ့သို့ ဆင်းရဲခြင်းဒဏ်ကို ခံရမည်ဟု သဘောပေါက်လာခြင်းသည် ကျွန်မအား ပို၍ သောကရောက်စေခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏ သောကဝေဒနာ မည်သည့်အခါ၌ အဆုံးသတ်မည်ကို မသိရှိခဲ့ပါ။ ၎င်းကို ကျွန်မ ပို၍ စဉ်းစားမိလေလေ၊ ကျွန်မ၏နာကျင်မှု ပို၍ နက်ရှိုင်းလာလေလေဖြစ်ကာ၊ ကျွန်မသည် ပို၍ ငိုချင်လာလေလေဖြစ်ပါသည်။ ကျွန်မသည် ခြေကုန်လက်ပန်းကျသည့်အထိ ငိုခဲ့မိပါသည်၊ သို့သော် ကျွန်မသည် အိပ်ရာထဲ၌ ဆာလောင်မှုကြောင့် အတောမသတ်နိုင်အောင် အော်ငိုနေသည့် ကျွန်မတို့သားလေးကို ကြည့်မိပါသည်၊ ထို့ သူ့ကို ကောက်ချီလိုက်ချိန်၌ ကျွန်မသည် မျက်ရည်လည်ကာ ရင်ထဲ၌ မချိတင်ကဲဝေဒနာကို ခံစားခဲ့ရပါသည်။ ထို့နောက်၊ ရှင်သည် စီးပွားရေးလုပ်ငန်းကို စတင်လေ့လာခဲ့ပါသည်၊ ကျွန်မမှာ ဝမ်းမြောက်ခဲ့ရပါသည်၊ ထို့အခါ ရှင်သည် ငွေပိုရှာနိုင်ကာ ကျွန်မတို့မိသားစု၏အကျပ်အတည်းကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ခဲ့ပါသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်၊ ရှင်၏စီးပွားရေးလုပ်ငန်းမှ ငွေကြေးတစ်စုံတရာ ရရှိခဲ့ခြင်းမရှိပေ၊ တစ်ခါတစ်ရံ၌ ငွေကြေးပါ ဆုံးရူံးခဲ့လေသည်။ ကျွန်မ၏စိတ်ထဲ၌ ရှင်သည် လူများနှင့် ဆက်ဆံရေးတွင် အရည်အချင်းကင်းမဲ့ကာ စီးပွားရေးလုပ်ငန်းတွင်လည်း လုပ်ရည်ကိုင်ရည်မရှိပါ။ ရှင် ကျွန်မအပေါ် ကောင်းကြောင်းနှင့် ရှင်သည် အလွန်ပင်ညှာတာတတ်ကြောင်းကို ကျွန်မသိခဲ့ပါသည်၊ သို့သော် ကျွန်မသည် ကျွန်မတို့ မိသားစုနေထိုင်နေရသည့် ဆင်းရဲမှုဒဏ်ကို မခံနိုင်ခဲ့ပါ။ထို့ကြောင့် ကျွန်မသည် ရှင်နှင့်အတူနေရလျှင် မည်သည့်အခါမျှ ပျော်ရွှင်ခြင်းမရှိခဲ့ပါ၊ ထို့အပြင် အခြေအနေများက ကျွန်မ ဆန္ဒရှိသည့်အတိုင်း အတိအကျမဖြစ်လာပါက၊ ကျွန်မသည် ရှင်နှင့် ရန်ဖြစ်၍ ကျွန်မ အတွင်းတွင် ခံစားနေရသည့် ပြင်းထန်သော နာကျင်မှုကို သက်သာစေရန် ရှင့်အား အသုံးမကျသောသူဟု ခေါ်ဆိုခဲ့ပါသည်။ ရှင့်အား ရန်စရန်အတွက် ကွာရှင်းဖို့ပင် ခြိမ်းခြောက်ခဲ့ပါသည်။ ၎င်းမှာ ရှင့်ကို နာကျင်စေကြောင်းကို မြင်ခဲ့ရသည်၊ ထို့အပြင်ကျွန်မသည် ရှင့်အား ဤကဲ့သို့ မဆက်ဆံချင်ခဲ့ပါ၊ သို့သော် ကျွန်မသည် မိမိကိုယ်ကို မရပ်တန့်နိုင်ခဲ့ပါ။ နောက်တစ်နေ့တွင် ရှင်သည် ရွာအပြင်၌ အလုပ်ရှာရန် အိမ်မှထွက်သွားပါသည်။ ရှင် အဝေးရောက်နေသည့်နေ့များ၌ ကျွန်မသည် အမြဲပင် ဝမ်းနည်းညှိုးငယ်နေခဲ့ပါသည်။ ကျွန်မ၏မိဘများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများက ရှင်သည် ကျွန်မအပေါ် ကောင်းကြောင်းနှင့် ကျွန်မသည် ရှင့်အား မကွာရှင်းသင့်ကြောင်းများကို ကျွန်မအား သိမြင်လာစေရန် လာရောက်ဆွဲဆောင်ပြောဆိုခဲ့ကြပါသည်။ ကျွန်မသည် ကျွန်မအပေါ် ရှင်ထားသည့် ချစ်ခြင်း၊မေတ္တာများနှင့် ရှင်သည် ကျွန်မအတွက် အမြဲ မည်မျှ အလေးထားကြောင်းနှင့် ဂရုစိုက်ရန် ကြိုးစားကြောင်းတို့ကို သတိရမိခဲ့ပါသည်၊ ထို့နောက် ကျွန်မသည် ကျွန်မတို့၏ချစ်လှစွာသော သားကို ကြည့်ခဲ့ပါသည်။ ကျွန်မသည် ခွဲခွာရမည့် အတွေးအား ခံနိုင်ရည်မရှိခဲ့ပါ၊ ထို့ကြောင့် နောက်ဆုံးတွင်၊ ကျွန်မသည် ရှင့်အား ကွာရှင်းမည့် စိတ်ကူးကို လက်လျော့လိုက်ပါသည်။ ကျွန်မတို့ အိမ်ထောင်သက်အတွင်း၌ မပျော်ရွှင်ရသည့်အကြိမ်များစွာမှာ ကျွန်မသည် ညဘက်များ၌ ခေါင်းအုံး စိုသည့်အထိ မျက်ရည်များကျ၍ ငိုခဲ့ပါသည်။ သို့သော် ကျွန်မသည် ကျွန်မတို့ မိသားစု၏ဆင်းရဲမှုကြောင့် အမြဲပင် ရှင့်အား စက်ဆုပ်ရွံရှာ၍ နာကျင်စွာ နေထိုင်ရမည်ဟု ကျွန်မ တွေးခဲ့မိသည်ဆိုခြင်းအား ရှင် သဘောပေါက်ပါ့မလား၊ တစ်နေ့တွင်၊ ကျွန်မ၏ ယောက္ခမသည် ကျွန်မအား ဘုရားသခင်၏နိုင်ငံတော် ဧဝံဂေလိတရားကို ပြောပြခဲ့ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မ၏ဘဝမှ အမှောင်ထုတ်ကို မောင်းထုတ်ခဲ့ပါသည်၊ ကျွန်မအား ကျွန်မ၏နာကျင်မှုမှ လွတ်မြောက်စေခဲ့ကာ ကျွန်မ၏ ရှင့်အပေါ် မကြိုက်နှစ်သက်ခြင်းကို သုတ်သင်ဖယ်ရှားပေးခဲ့ပါသည်။ ဘုရားသခင်ပြောသည်မှာ- “ သင်တို့၏ အမျက်ဒေါသထိန်းချုပ်နိုင်မှု၊ အရည်အချင်း၊ သွင်ပြင်၊ ဝိညာဉ်အသက်တာ၊ မွေးဖွားခဲ့သော မိသားစု၊ အလုပ်၊ အိမ်ထောင်ပြုခြင်း၊ သင်တို့၏ ဖြစ်တည်ခြင်းအားလုံး၊ သင်တို့၏ဆံပင်အရောင်နှင့် အရေခွံများ နှင့် သင်တို့မွေးဖွားသည့်အချိန်များ အားလုံးကိုပင်လျှင် ငါ၏လက်များအား ဖြင့် စီမံထားခြင်း ဖြစ်သည်။ သင်တို့လုပ်သောအရာများနှင့် နေ့ရက်စဉ်တိုင်း သင်တို့တွေ့ဆုံသောလူများကိုပင် ငါ့လက်များအား ဖြင့် စီမံထားခြင်း ဖြစ်သည်။ ယနေ့သင်တို့ကို ငါ့မျက်မှောက်တော်ကို ခေါ်ဆောင်လာခြင်းသည်ပင် ငါ့အစီအမံ အမှန်အကန် ဖြစ်သည်။ ရှုပ်ထွေးခြင်းထဲသို့ မပါဝင်ကြနှင့်။ သင်တို့ တည်ငြိမ်အေးဆေးစွာ ရှေ့သို့ချီတက်သင့်သည်။” ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မအား ထိတ်လန့်စေခဲ့ပါသည်။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် အရာအားလုံး၏ အုပ်စိုးသူတစ်ယောက်ရှိပါသည်။ သူသည် ကောင်းကင်နှင့် မြေကြီးပေါ်တွင် အရာရာကိုဖန်တီးခဲ့ရုံမက၊ သူသည် လူသားတိုင်း၏ ကံကြမ္မာအပေါ်တွင်လည်း အုပ်စိုးပါသည်။ ထိုအချိန်ကျမှ ကျွန်မ မည်သည့်အခါတွင် မွေးဖွားမည်၊ ဘယ်သူနှင့် လက်ထပ်မည်နှင့် မည်သည့်မိသားစုသည် ကျွန်မ၏ မိသားစုဖြစ်လာမည်ကို ဘုရားသခင်က အချိန်အကြာကြီးကတည်းကပင် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်သည်ဟု သဘောပေါက်လာမိခဲ့ပါသည်။ ထို့ကြောင့်ပင် ကျွန်မသည် ရှင့်အား ခွဲခွာရန် အကြိမ်များစွာ ရွေးချယ်ခဲ့သော်လည်း အတူတူနေရခြင်းဖြင့် အဆုံးသတ်ခြင်းမှာ အံ့သြစရာမဟုတ်ပါ။ ကျွန်မတို့ လက်ထပ်ပြီးသည့်နောက်၊ ကျွန်မသည် ရှင်၏မိသားစုနှင့် မည်မျှပင် ကျေနပ်ခြင်းမရှိပါစေ၊ ရှင့်အား မည်မျှပင် စက်ဆုပ်ရွံရှာပါစေ၊ ထို့အပြင် ကျွန်မသည် ကွာရှင်းရန် ခြိမ်းခြောက်ခဲ့သော်လည်း၊ အဆုံး၌ ကျွန်မသည် ကျွန်မ၏သားကို မဆုံးရူံးချင်သောကြောင့် ကျွန်မသည် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ အရာအားလုံးကို အုပ်စိုးခြင်း အကြောင်းကို မသိရှိခဲ့သည်ကိုသဘောပေါက်မိခဲ့ပါသည်၊ ထို့ကြောင့်ပင် ကျွန်မသည် ဘဝတွင် တောင်းဆိုမှုများစွာ ရှိခဲ့ပါသည်၊မကြာခဏ စောဒကတက်၍ မကျေမချမ်းဖြစ်ခဲ့ရပါသည်၊ ထို့အပြင် ထိုကဲ့သို့ ညှင်းပန်းမှု၌လည်း နေထိုင်ခဲ့ပါသည်။ ၎င်းကို ကျွန်မ နားလည်သည်နှင့်၊ ကျွန်မသည် ဘုရားသခင်အား ဆုတောင်းခဲ့ပါသည်၊ ဘုရားသခင်၏အစီအစဉ်နှင့် အကြံအစည်များကို နာခံရန် ဆန္ဒရှိလာခဲ့ပါသည်၊ ထို့အပြင် ကျွန်မ၏ နာကျင်မှု အရင်းအမြစ်ကို လမ်းညွှန်ပြသရန် ဘုရားသခင်အား တောင်းဆိုခဲ့ပါသည်။ နောက်ပိုင်းတွင်၊ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရူခဲ့ရပါသည်။ “ ရေပန်းစားမှုတစ်ခုသည် လေကဲ့သို့ ဖြတ်သန်းတိုက်ခတ်သည့်အခါ၊ အရေအတွက်အနည်းငယ်သော လူတို့သာ ခေတ်ရေစီးကို ဦးဆောင်သူများ ဖြစ်ကောင်းဖြစ်လာလိမ့်မည် ။ ၎င်းတို့သည် ဤအရာတစ်ခုကို စတင်၍ လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဤအယူအဆတစ်ခု သို့မဟုတ် ဤရှုထောင့် တစ်ခုကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား ၎င်းတို့၏ သတိမမူမိခြင်းအလယ်တွင်၊ ဤခေတ်စားမှုမျိုးကို အမှုမဲ့အမှတ်မဲ့ဖြင့် ဆန္ဒအလျောက်မဟုတ်ဘဲ လက်ခံကာ၊ ယင်းခေတ်စားမှုတွင် နစ်မြုပ်ထိန်းချုပ် ခံရသည်အထိ ဖြစ်အောင်၊ ယင်းခေတ်စားမှု၏ ကူးစက်ခြင်း၊ စုပ်ယူခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ထပ်တလဲလဲ ခံကြရဦးမည်ဖြစ်သည်။ ကောင်းမွန်သော ကိုယ်နှင့် စိတ် မရှိသော၊ သမ္မာတရားဆိုသည်ကို လုံးဝမသိသော၊ အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာတို့ကို မခွဲခြားတတ်သော လူသားအဖို့၊ ဤလူမှုလားရာများသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် ၎င်းတို့အားလုံးအား စာတန်ထံမှလာသော ဘဝအမြင် နှင့် တန်ဖိုးများဖြစ် သည့် ဤလားရာများကို စိတ်အားထက်သန်စွာ လက်ခံစေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘဝအား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို စာတန် ပြောသည့် အတိုင်း လက်ခံသကဲ့သို့၊ စာတန်က ၎င်းတို့ကို “ ပေးအပ်” သော ရှင်သန်နေထိုင်နည်းကိုလည်း လက်ခံကြ၏။ ၎င်းတို့သည် ခွန်အား မရှိကြ၊ စွမ်းပကားလည်း မရှိကြ သည့် အပြင်၊ ခုခံရန် အသိစိတ်ဆိုသည်မှာကား ပို၍ပင် မရှိကြပေ။” ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ရုတ်တရက်နိုးထမှု တစ်ခုကို ဖြစ်စေခဲ့သည်။စာတန်သည် “ ငွေကြေးသည် ဦးစားပေးဖြစ်သည်” နှင့် “ ငွေမရှာနိုင်သော အိမ်ထောင်ရေးသည် မည်သည့်အခါမှ တည်မြဲမည် မဟုတ်” နှင့် “ ဆင်းရဲသော ဇနီးမောင်နှံများကို ဘေးအန္တရာယ်ကပ်ဆိုးက စောင့်နေသည်” စသည့် ဆိုးယုတ်သော အယူအဆနှင့် စိတ်ကူးများကို အသုံးချ၍ လူများကို လှည့်စားကာ လိမ်လည်ခဲ့ပါသည်၊ ထို့အပြင် ၎င်းသည် ဤအရာများကို အသုံးချ၍ ကျွန်မ၏ဘဝအပေါ် အမြင်များနှင့် တန်ဖိုးများကိုမလိမ့်တစ်တပ်လုပ်ခဲ့ပါသည်။ အိမ်ထောင်ပြုခြင်းဆိုသည်မှာ ဆန္ဒရှိ၍ တစ်ယောက်နှင့် တစ်ယောက် ကြိုက်နှစ်သက်ကြသော သူနှစ်ယောက်မှ မိသားစုတစ်ခုကိုအတူတကွ တည်ဆောက်ရန် ရည်ရွယ်ပါသည်၊ သို့သော် ဆိုးယုတ်သော စာတန်၏ ဦးတည်ချက်များသည် အိမ်ထောင်ရေးတွင် အခြေအနေအပိုများစွာကို ပူးတွဲပေးပါသည်၊ ဇနီးနှင့် လင်ယောကျာ်းအကြားရှိ ဆက်ဆံရေးကို အပေးအယူတစ်ခုအဖြစ်သို့ ပြောင်းလဲပေးပါသည်။ အကယ်၍ အိမ်ထောင်ဖက်တစ်ယောက်သည် အခြားတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဝင့်ဝါမှုများ ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်လျှင်၊ အိမ်ထောင်ရေးသည် အနည်းနှင့်အများ ထိန်းသိမ်းနိုင်မည်ဖြစ်သည်၊ သို့သော် ထိုသို့မဟုတ်ပါက၊ အပြန်အလှန် မကြိုက်နှစ်သက်မှု၊ စောဒကတက်မှုများ၊နာကျင်မှု (သို့မဟုတ်) အိမ်ထောင်ရေးပြိုကွဲခြင်းများနှင့် ခွဲခွာနေရခြင်းများသာ ရှိမည် ဖြစ်သည်။ ကျွန်မသည်လည်း ထိုကဲ့သို့ ဖြစ်ခဲ့သည် မဟုတ်ပါသလော။ စာတန်၏ ဆိုးယုတ်သော ဦးတည်ချက်များရဲ့လွမ်းမိုးမှုသည် အရည်အချင်းရှိ၍ ငွေများစွာရှာနိုင်သောသူကို လက်ထပ်မှသာလျှင် ကျွန်မသည် ရုပ်ပိုင်းဆိုင်ရာစိုးရိမ်ရမှုများမှ လွတ်ကင်းကာ အကောင်းဆုံးသော ရုပ်ပိုင်းဆိုင်ရာ စည်းစိမ်များအား ခံစားနိုင်မည်ဟူသော အတွေးကို ဖြစ်စေခဲ့ပါသည်။ ကျွန်မသည် ရှင့်အား လက်ထပ်ပြီးသည့်နောက်၊ ကျွန်မတို့၏ဆင်းရဲမှုနှင့် ကြွယ်ဝသော ဘဝနေထိုင်မှုပုံစံတွင် နေထိုင်ချင်သော ကျွန်မ၏ ဆန္ဒကြောင့်၊ ရှင် ကျွန်မအပေါ် ဖြည့်ဆည်းမှုမပေးနိုင်သောအခါ၊ ကျွန်မသည် သောကရောက်ခဲ့ရပါသည်၊ ထို့ကြောင့် ကျွန်မသည် ရှင့်အား စောဒက တက်ခဲ့ပါသည်၊ အရည်အချင်းမရှိသည့်အတွက် ရှင့်အား စက်ဆုပ်ရွံရှာခဲ့ပါသည်၊ ကိစ္စအသေးအမွှားများနှင့်ပတ်သက်၍လည်း မကြာခဏ ရန်ဖြစ်ခဲ့ပါသည်၊ ထို့အပြင် ရှင့်အား ကွာရှင်းရန်ပင် ခြိမ်းခြောက်ခဲ့ပါသည်။ ကျွန်မသည် ရှင့်အား သောကရောက်ရန်လည်း လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ၎င်းမှာ စာတန်၏ ကျွန်မအား ဆော့ကစားကာ ဘေးအန္တရာယ်ပြုရန် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပါသည်။ ယခု ၎င်းကို ကျွန်မ စဉ်းစားမိသည့်အခါ၊ အကယ်၍ ကျွန်မသည် ချမ်းသာသည့် ယောကျာ်းကို လက်ထပ်ခဲ့လျှင်တောင်မှ၊ ကျွန်မသည် ပျော်ရွှင်မှုကို ရချင်မှ ရမည်ဖြစ်သည်။ ကျွန်မတို့ အိမ်နီးချင်သည် ပိုက်ဆံအမြောက်အများရှိသော ချမ်းသာသည့် အလုပ်အမှုဆောင်တစ်ယောက်ဖြစ်ပါသည်၊သူသည် အပျော်မယားတစ်ယောက်တွေ့ရှိကာ အိမ်ကို တစ်ခါတစ်ရံ၌ လပေါင်းများစွာ ပြန်လာခြင်းမရှိပါ။ သူ၏ဇနီးသည် ရွှေပုံငွေပုံပေါ်၌ ထိုင်နေရ၍ ရုပ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်ရမှုများ မရှိသော်လည်း၊ သူ၏ယောကျာ်းရဲ့ အကြင်နာကင်းမဲ့မှုနှင့် ဖောက်ပြန်မှုသည် သူ့အား အချိန်တိုင်း၌ သောကရောက်စေခဲ့ပါသည်။ မြို့တွင် ကားတစ်စီး၊ အိမ်၊ စုဆောင်းထားသော ငွေကြေးများနှင့် လူချမ်းသာတစ်ဦးလည်း ရှိပါသည်၊ ထိုသူသည် ရူပ်ပွေလွန်းလှသမျှ သူ၏ ဇနီးကို ညှင်းပန်းနှိပ်စက်သလိုဖြစ်၍ အဆုံးတွင် သူ၏ဇနီးသည် သူ့အား ကွာရှင်းခဲ့ပါသည်။ ထို့အပြင် ဥပမာမြောက်များစွာလည်း ရှိပါသေးသည်။ ထို့နောက် ကျွန်မသည် မိမိ၏ အိမ်ထောင်ရေးအကြောင်း စဉ်းစားမိပါသည်။ ရှင်သည် ကျွန်မအား ချမ်းသာအောင် မထားနိုင်သော်လည်း (သို့မဟုတ်) အကောင်းဆုံး ရုပ်ပစ္စည်းဆိုင်ရာ ဘဝကို ပေးစွမ်းနိုင်ခြင်း မရှိသော်လည်း၊ ရှင်သည် ကျွန်မအား ကောင်းမွန်စွာ ဆက်ဆံခဲ့သည်၊ ရှင်သည် ကျွန်မအား မည်သည့်အခါမျှ မပစ်ထားခဲ့ပေ၊ ထို့အပြင် ရှင်သည် ကျွန်မအား နည်းမျိုးစုံဖြင့် ဂရုစိုက်ပေးခဲ့သည်။ ကျွန်မ အနာရောဂါ အပြင်းထန်ဆုံး အချိန်များ ၌ ရှင်သည် ကျွန်မ မကြည့်သည့်အခါ အကြိမ်များစွာ ငိုခဲ့ပါသည၊ ထို့အပြင် ရှင်သည် ကျွန်မ၏အမေအား “ သူ့မှာ အသက်ရှိသရွေ့ ကျွန်တော်ဟာ သူ့ကို ကုသဖို့ အလျော့ပေးလိုက်မှာ မဟုတ်ဘူး၊ တကယ်လို့ သူ့ဆေးကုသမှုအတွက် ကျွန်တော် ပိုက်ဆံချေးရမယ်ဆိုရင်တောင်မှ၊ ကျွန်တော် ချေးမှာပါ၊ သူ့နောက်ဆုံးထွက်သက်အထိ ကျွန်တော် ကုသမှာပါ “ ဟူ၍ ပြောခဲ့ပါသည်။ ကျွန်မသည် တစ်ချိန်လုံး ပျော်ရွှင်မှုထဲ၌ နေနေရသော်လည်း ၎င်းကို မည်သည့်အခါမှ သဘောပေါက်ခြင်း မရှိခဲ့ပါ။ ကျွန်မသည် နောက်ဆုံး၌ ဘုရားသခင်သည် ရှင့်အား ကျွန်မ၏နံဘေးတွင် ရှိနေစေရန် စီစဉ်ပေးမှုသည် ကျွန်မအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြစ်သည်ဆိုခြင်းကို နားလည်မိခဲ့ပါသည်၊သို့သော် စာတန်သည် ကျွန်မ၏အမြင်များကို မလိမ့်တစ်ပတ်လုပ်ခဲ့ပါသည်၊ ရုပ်ဝတ္တုများကို မက်မောသော ဘဝနောက်သို့ လိုက်စေ၍ ဘုရားသခင်၏ စီစဉ်မှုများမှ လွတ်မြောက်စေရန် လုပ်ဆောင်ခဲ့ပါသည်။ ဤသည်မှာ ကျွန်မ၏ နာကျင်ရမှု အရင်းအမြစ်ပင်ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား မြင်ခဲ့ပါသည်။ “ လူတို့ ကြိုးစားအားထုတ်သည့် ဘဝပန်းတိုင် အမျိုးမျိုးကို သင် ခဏခဏ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာ ကြည့် သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့် အချိန်က သူ၏ နဂိုမူရင်း ရည်ရွယ်ချက်နှင့် မည်သူကမှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့် မည်။ ဤအရာတွေအားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏အဝေးသို့ လူတွေကို ဆွဲခေါ်သွားသည်။ သူတို့အားလုံးသည် လူသားမျိုးနွယ်သက်ဆင်းသည့် ငရဲကိုရောက်သည့် ကျင်းများ ဖြစ်သည်။ သင်ဒါကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့် ဘဝကို ဘုရားသခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။” ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မအား ဦးတည်ချက်ပေးခဲ့ပါသည်၊ ထို့အပြင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား လက်တွေ့ကျင့်သုံးကာ ဘုရားသခင်၏ အစီအစဉ်များနှင့် အကြံအစည်များကို နာခံကာ ကျွန်မ၏ ဟောင်းနွမ်းနေသော၊ မှားယွင်းနေသော လေ့လာလိုက်စားမှုနှင့် အမြင်များကို စွန့်လွှတ်ပြီး ဇိမ်ကျသော ရုပ်ပစ္စည်း ဘဝပုံစံနောက်သို့ လိုက်ခြင်းအား ရပ်တန့်ရန် ဆန္ဒရှိပါသည်။ ကျွန်မသည် ကျွန်မ၏ဘဝကို ရှင်နှင့် အေးချမ်းစွာ နေထိုင်ချင်ပါသည်၊ ရှင် ငွေရှာနိုင်သည် ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါ၊ ကျွန်မသည် ရှင်နှင့် ရန်ဖြစ်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုနှစ် နွေဦး ပွဲတော်မတိုင်ခင်တွင်၊ ရှင်ပြန်လာသည့်အခါ၊ ရှင်သည် ရှင့်ကိုယ်ရှင် ထိန်းထားနိုင်ရန်သာ လုံလောက်သော ငွေကြေးရရှိခဲ့ကြောင်းကို တွေ့ရှိခဲ့ရပါသည်၊ ကျွန်မသည် ကျွန်မ၏နှလုံးသားထဲ၌ လှုံဆော်မှုတစ်ခုကို ထပ်မံခံစားခဲ့ရပါသည်။ ကျွန်မသည် ရှင် မျက်မှောင်ကျုံနေသည်ကို စောင့်ကြည့်နေစဉ်မှာပင်၊ ကျွန်မသည် ရှင့်ကို ထပ်မံကျိန်ဆဲမည်ဟု စဉ်းစားမိခဲ့ပါသည်၊ ကျွန်မသည် ဘုရားသခင်အား ကျွန်မ၏နှလုံးသားကို တည်ငြိမ်အောင် လုပ်ပေးရန် တောင်းပန်ခဲ့ပါသည်။ ကျွန်မသည် အတိတ်မှ နာကျင်စရာ အတွေ့အကြုံများအားလုံးကို သတိရမိခဲ့ပါသည်၊ ကျွန်မသည် ကျွန်မတို့ ငွေမည်မျှ ရှာနိုင်သည်ဆိုခြင်းမှာ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ထားခြင်းဖြစ်သည်ဟု ယခု နားလည်နေပြီဖြစ်ပါသည်၊ ထို့အပြင် ကျွန်မတို့သည် ဝတ်ရန်အဝတ်အစားနှင့် စားသောက်ရန် အစားအစာများ ရှိနေခြင်းဖြင့် ကျေနပ်နှစ်သိမ့်သင့်ပါသည်ကို သိခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏နှလုံးသားထဲ၌ ပေါ့ပါးမှုကို ခံစားခဲ့ရပါသည်၊ ထို့အပြင် ကျွန်မသည် ခါတိုင်းကဲ့သို့ ရှင်နှင့် ရန်ဖြစ်ခြင်း မရှိတော့ပါ။ ကျွန်မသည် ရှင် မျက်မှောင်ဖြေလျှော့ကာ ရှင်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်ကို မြင်ခဲ့ရပါသည်။ ကျွန်မသည် ရှင်နဲ့ ကွာရှင်းရန် ဆက်လက်ပြောဆိုခြင်း မရှိခဲ့ပါ၊ ထို့အပြင် ရှင့်ကိုလည်း ကျွန်မ ဆက်လက် စက်ဆုပ်ရွံရှာခြင်း မရှိတော့ပါ။ ထိုနေ့၌ ရှင်သည် ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက် ကျွန်မမှာ ပို၍ နူးညံ့ကာ နားလည်မှုရှိလာသည်နှင့် ပျော်စရာကောင်းသော မိသားစုဘဝလေးကို ပိုင်ဆိုင်ရခြင်းမှာ ကောင်းသည်ဟူ၍ ကျွန်မအား ကျွန်မတို့သား၏အရှေ့တွင် ချီးမွမ်းခဲ့ပါသည်။ ရှင်သည် ဘုရားသခင်အပေါ် ကျွန်မ၏ယုံကြည်ခြင်းအား အားပေးသည်ဟုလည်း ပြောဆိုခဲ့ပါသည်။ ၎င်းကို ကျွန်မ မြင်သည့်အခါ မည်မျှ ဝမ်းမြောက်ရကြောင်းကို ရှင်သိပါသလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သည် ကျွန်မအားပြောင်းလဲစေသည့်အပြင်၊ ဘုရားသခင်သည် ကျွန်မတို့အား အေးချမ်းလှသော မိသားစုလေးတစ်ခုပေးသည်ဟု ရှင့်အားပြောပြချင်ပါသည်။ ရှင်၏ဇနီး အိုက်ယွယ်
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|