ဂျီယာနန်၊ ဟောင်ကောင် တစ်စုံတစ်ယောက်သည် မြင်းပြိုင်ပွဲလောင်းခြင်းအကြောင်း ပြောဆိုလာသည့်အခါတိုင်း၊ အချို့လူများသည် ထိုစိတ်ကူးအားကြောက်လန့်ကြကာ၊ ၎င်းအား ပလိပ်ရောဂါကဲ့သို့ ရှောင်ရှား ကြသော်လည်း၊ အခြားသောလူများကမူ အလွန်ပျော်ရွှင်ကြပြီးလျှင်၊ အလွန်နှစ်ခြိုက် ကြလေသည်။ မြင်းပြိုင်ပွဲ အလောင်း အစားလုပ်ခြင်းအပေါ် လူတစ်ဦးချင်းစီတွင် ကွဲပြားသည့် ရပ်တည်မှုတစ်ခုစီ ရှိကြပါသည်။ ကျွန်တော်သည် လောင်းကစားသမား တစ်ဦးဖြစ်ခဲ့ဖူးပြီးလျှင်၊ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် မြင်းပွဲလောင်းခဲ့သည့်အပြင်၊ ကျွန်တော်သည် ခါးသီးမှုနှင့် နာကျင်မှုတို့ကို မြည်းစမ်းခဲ့ဖူးပါသည်။ ကျွန်တော့် အနေဖြင့် မြင်းပွဲလောင်းသည့် လောင်းကစားသမား တစ်ယောက် အဖြစ်မှနေပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာပုံကို တွေးတောလိုက်သည်နှင့် စိတ်ခံစားချက်များမဖြစ်ဘဲ မနေနိုင်ပါ။ ထိုအချိန်က ကျွန်တော်သည် ဝင်ငွေသိပ်မရှိခဲ့သည့်အပြင်၊ ကျွန်တော့်မိသားစုတွင် ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး ရှိနေပြီး၊ ငွေကျပ်တည်းနေသောကြောင့်၊ ငွေပိုရှာနိုင်ရန် နည်းလမ်းကို အလွန်ကြိုးစား တွေးတောခဲ့ပါသည်။ တစ်နေ့တွင် ကျွန်တော်သည် မိမိ၏လုပ်ဖော်ကိုင်ဖက်တစ်ဦး နှင့် စကားစမြည် ပြောနေစဉ် ၎င်းက “ ဒုတိယဝင်ငွေ မရှိတဲ့ လူတစ်ယောက်က ဘယ်တော့မှ မချမ်းသာဘူး၊ ညဖက်မှာ မြက်ခြောက်မစားရတဲ့ မြင်းတစ်ကောင်က ကိုယ်အလေးချိန်တက်လာမှာ မဟုတ်သလိုပဲပေါ့။ ပြီးတော့ ခင်ဗျား ပိုက်ဆံပိုရှာချင်ရင်၊ မြင်းပွဲတွေ လောင်းပြီးတော့ မာ့ခ်ခြောက် ထီထိုးလို့ရတာပဲ။ ခင်ဗျားက ဟောင်ကောင်၁၀ဒေါ်လာဖိုးဝယ်ရင်၊ ဟောင်ကောင်၁၀ဒေါ်လာတွေ ပြန်ရနိုင်တယ်၊ ဟောင်ကောင် ဒေါ်လာ ထောင်နဲ့ချီပြီ ဆိုရင်၊ ဟောင်ကောင်ဒေါ်လာ သောင်းနဲ့ချီပြီး ပြန်ရမှာပဲ၊ ဟောင်ကောင်ဒေါ်လာ သောင်းနဲ့ ချီပြီ ဆိုရင်၊ ဟောင်ကောင်ဒေါ်လာကို သိန်းနဲ့ချီပြီး ပြန်ရမှာပဲ…” ဟု ကျွန်တော့်ကို ပြောခဲ့ပါသည်။ ကျွန်တော်လုပ်ဖော်ကိုင်ဖက်က ဤသို့ ပြောသည်ကို ကျွန်တော် နားထောင်ခဲ့ပြီး၊ ကျွန်တော့် နှလုံးသားသည် လိုချင်တပ်မက်မှု များဖြစ်လာပြီး၊ ချမ်းသာရန် ကျွန်တော့် အိမ်မက်များသည် မကြာမီပင် အမှန်တကယ် ဖြစ်လာတော့မည်ဟု ခံစားခဲ့ရပါသည်။
ကျွန်တော်သည် မြင်းပွဲများကို စတင်လောင်းကြေးထပ်ခဲ့ချိန်က၊ ကျွန်တော့်အနေဖြင့် ဟောင်ကောင် ဒေါ်လာ ၂၀ မှ ၃၀ အထိသာ လောင်းခဲ့ပြီးလျှင်၊ ဟောင်ကောင်ဒေါ်လာ ရာဂဏန်းအချို့ မှနေပြီး ထောင်ဂဏန်းအထိ အလွယ်တကူ အနိုင်ရရှိခဲ့ပါသည်။ ကျွန်တော်က “ မြင်းပွဲတွေမှာ ပိုက်ဆံနိုင်ဖို့ ဆိုတာမခက်ပါဘူး။ အဲဒါကြောင့် ငါပိုလောင်းရင်၊ ငါပိုနိုင်မှာပဲ။ ဒါက နေ့ချင်းညချင်း ချမ်းသာဖို့ နည်းလမ်းကောင်းတစ်ခုပဲ။” ဟု မိမိဘာသာ တွေးတောမိခဲ့ပါသည်။ ထို့နောက် ကျွန်တော်သည် အချီကြီး အနိုင်ရရှိနိုင်ရန် မည်သည့်ဘက်တွင် လောင်းကြေးထပ်ရမည်ကို သုတေသနလုပ်ဖို့ရာ မြင်းပြိုင်ပွဲ သတင်းစာများကို ဝယ်ယူခဲ့ ပါသည်။ ကျွန်တော် အလုပ်ထဲတွင် ရှိနေချိန်တွင်ပင် မြင်းပြိုင်ပွဲ သတင်းစာကို မိမိနှင့် အတူ သယ်ဆောင်လာခဲ့ပါသည်။ တစ်ခါက ကျွန်တော်သည် သတင်းစာ ဖတ်နေရင်းဖြင့် စက်ယန္တရားတစ်ခုနှင့် အလုပ်လုပ်နေခဲ့ပြီးလျှင်၊ ကျွန်တော့် အာရုံများနေသောကြောင့်၊ ကျွန်တော့် လက်သည် စက်ထဲတွင်ညှပ်မိကာ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ကျွန်တော်သည် ချုပ်ရိုးအချက်ပေါင်း တစ်ချို့တစ်ဝက် ချုပ်ခဲ့ရပြီး၊ အလုပ်မှလည်း လအနည်းငယ်ခန့် အနားယူ ခဲ့ရပါသည်။ ကျွန်တော့်ဇနီးသည် ကျွန်တော့်ကို လောင်းကစားမှုကို စွဲလမ်းနေသူတစ်ယောက် ဖြစ်ကြောင်း သတိပြုမိလာသည်နှင့် တပြိုင်နက်၊ သူမသည် ၎င်းနှင့် ပတ်သက်ပြီး လုံးဝ လက်မခံနိုင်ဖြစ်ကာ၊ ကျွန်တော်တို့သည်လည်း ၎င်းနှင့် ပတ်သက်ပြီး မကြာခဏ ငြင်းခုံခဲ့ရသော်လည်း၊ ကျွန်တော့်ဇနီးမှ မည်သိုပင် ဆိုပါစေ ကျွန်တော်နားမထောင်ခဲ့ပါ။ မြင်းပြိုင်ပွဲအတွက် ပိုမိုများပြားသည့် ငွေများကို လောင်းကြေးထပ်နိုင်ရန်၊ ကျွန်တော်သည် နေစရိတ်၊ စားစရိတ်ကို လျှော့ချခဲ့ပါသည်။ ဘတ်စကားစီး ရမည့်အစား ကျွန်တော်သည် အလုပ်နှင့်အသွားအပြန် ကို လမ်းလျှောက်ခဲ့ပြီးလျှင်၊ တစ်ခါတစ်ရံတွင် အစာမစားခဲ့ပဲနှင့်၊ တစ်နှပ်စာအတွက် အဆင်ပြေမည့် ပေါင်မုန့်လုံးတစ်ခုသာ ဝယ်ယူခဲ့ကာ၊ ကျွန်တော် စုဆောင်းခဲ့သည့် ပိုက်ဆံများကို လောင်းကစားအတွက် အသုံးပြုခဲ့ပါသည်။ ထိုအချိန်က ကျွန်တော်သည် နေ့ချင်းညချင်း ချမ်းသာလာမည့် အိပ်မက်တစ်ခုတွင် ရှင်သန်ခဲ့သည်၊ ကျွန်တော်သည် ခြေကုန်လက်ပန်းကျကာ ပင်ပန်းနွမ်းနယ်နေခဲ့သည်၊ ကျွန်တော့် မျက်လုံးများသည် မကြာခဏ ဆိုသကဲ့သို့ ထိုင်းမှိုင်းပြီး အသက်မဲ့သည့် ဟန်ပေါက်နေပြီးလျှင် မျက်လုံးများပတ်လည်တွင် မျက်ကွင်းများညိုလာခဲ့သည်။ တစ်ခါတစ်ရံတွင် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များက “ ခင်ဗျား ဘာဖြစ်လို့ နေ့တိုင်း အရမ်းပင်ပန်းနေရတာလဲ။” နှင့် “ ခင်ဗျားက ဘာဖြစ်လို့အမြဲတမ်း ပေါင်မုန့်လုံးပဲ စားပြီးတော့၊ ဟင်းလျာကောင်းကောင်းမွန်မွန် မစားရတာလဲ။ ခင်ဗျားအလုပ်လုပ် နေတာ ကိုယ့်ဘဝ ကိုယ် သာယာပျော်မွေ့ဖို့ပဲ မဟုတ်ဘူးလား။” ဟု မေးမြန်းခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် ဟန်မပျက်ရန် အကောင်းဆုံး ကြိုးစားပြီး၊ ၎င်းတို့ကို “ ကျွန်တော်က ပေါင်မုန့်လုံးကြိုက်တယ်လေ၊ ပြီးတော့ ကျွန်တော့်သားလေးက ညဖက်ဆိုငိုတတ်လို့ ကျွန်တော့်မှာ ကောင်းကောင်းမအိပ်ရတော့ ပင်ပန်းနေ တာပါ။” ဟုသာ ပြောခဲ့ပါသည်။ ကျွန်တော်သည် မြင်းပြိုင်ပွဲများတွင် ပိုက်ဆံအနိုင်ရခဲ့သည့်အချိန်တိုင်း၊ အလွန်အမင်း ပျော်ရွှင်ခဲ့ကာ၊ ကျွန်တော်သည် အနိုင်ရသူများကို ရွေးချယ်နိုင်သည့် မျက်လုံးကောင်း တစ်စုံရှိသည်ဟု ခံစားခဲ့ရပါသည်။ ကျွန်တော်သည် ကြွယ်ဝချမ်းသာလာစေရန်အတွက်၊ ကျွန်တော်အနိုင်ရသည့် ပိုက်ဆံများကို ယူကာ၊ ထပ်မံလောင်းကြေးထပ်ပြန်သည်၊ ကျွန်တော် ပို၍ လောင်းလေ၊ အနိုင်ရရန်အခွင့်ပို၍များပြီးလျှင်၊ ပိုမိုများပြားသော ပိုက်ဆံများကို အနိုင်ရရှိနိုင်မည်ဟု တွေးတောနေခဲ့သည်။ သို့သော် ကျွန်တော်သည် လောင်းကြေး ကြီးကြီးထပ်သည့် အချိန်တွင်၊ မမျှော်လင့်ထားပဲ လောင်းကြေးအားလုံး ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့် စိတ်ထဲတွင် ဗလာကျင်းသွား ခဲ့သည့်အပြင်၊ ကျွန်တော် ကြီးစွာသောနာကျင်မှုကို ခံစားခဲ့ရပါသည်။ ကျွန်တော်က “ ငါ မြင်းပြိုင်ပွဲ အကြောင်း သင်ယူခဲ့ပြီး၊ တခြားလူတွေလိုပဲ ငါလည်း အနိုင်ရနိုင်ချေ နှင့် ခေတ်စားနေတာတွေကို လေ့လာခဲ့ပါတယ်။ ဘာဖြစ်လို့များ ဒီအတိုင်း ဖြစ်လာရတာလဲ။ ငါမြင်းပွဲတွေ လောင်းလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ၊ ပြီးတော့ နေ့ချင်းညချင်းလည်း မချမ်းသာသေးဘူး။ ဒါပေမဲ့ အဲဒီလိုချမ်းသာရမဲ့အစား ငါ့မှာ ငွေတွေအများကြီး ဆုံးရှုံးခဲ့ရပြီ။” ဟု မိမိဘာသာ တွေးတောခဲ့မိပါသည်။ ကျွန်တော် တစ်ယောက်တည်းရှိပြီး စိတ်တည်ငြိမ်သွားသည့်အချိန်တွင် ကျွန်တော်က “ ငါဘာဖြစ်လို့များ ဒါတွေ အားလုံးနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်ခံနေရတာလဲ။ ငါဘာဖြစ်လို့များ ဒီလိုခါးသီးပြီး၊ ခြေကုန်လက်ပန်းကျတဲ့ ဘဝမှာ ရှင်သန်နေပါလိမ့်။” ဟု တွေးခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် ကျွန်တော်သည် အနာဂတ်အတွက် လမ်းကြောင်းမဲ့ခြင်း ပန်းတိုင်မဲ့ ခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ ရပါသည်။ ကျွန်တော်သည် တစ်ရက်ပြီးတစ်ရက် ပန်းတိုင်မဲ့စွာဖြင့် ဆက်လျှောက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ဆွေမျိုးတစ်ယောက်က ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်းကို ကျွန်တော့်ကို တရားဟောခဲ့သည်။ သို့သော်လည်း ကျွန်တော်သည် ဘုရားသခင်၌ အမည်ခံအားဖြင့်သာ စတင်ယုံကြည်ပြီးနောက်၊ ကျွန်တော့် အသက်တာသည်လည်း ယခင်နည်းလမ်းဟောင်း အတိုင်းသာ လောင်းကစားခြင်းအတွက် အချိန်ကုန်ခဲ့ဆဲသာ ဖြစ်ပါသည်။ ကျွန်တော်သည် ဘုရားသခင်ကို ယုံကြည်ခဲ့ပါက၊ ကျွန်တော့်အနေဖြင့် လောင်းကစားခြင်းကို ဖြတ်သင့် ကြောင်း သိရှိခဲ့သော်လည်း၊ ကျွန်တော်သည် မြင်းပြိုင်ပွဲအတွက် လောင်းကြေးထပ်ခြင်းအပေါ် ကျွန်တော့်စွဲလမ်းမှုအား အဘယ့်ကြောင့် မဖြတ်နိုင်ရခြင်းကိုမူ ကျွန်တော် မသိရှိခဲ့ပါ။ ကျွန်တော်သည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့သည့် နောက်ပိုင်းတွင်ပင် မြင်းပြိုင်ပွဲများကို လောင်းကြေးထပ်နေဆဲဖြစ်ကြောင်းကို အစည်းအဝေးတစ်ခုအတွင်း ကျွန်တော့် ညီအစ်ကိုမောင်နှမ များကို ဖွင့်ချပြောပြ၍ မိတ်သဟာယပြုခဲ့ပြီးလျှင်၊ အစ်မတစ်ယောက်က ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော့်အား ဖတ်ရှုပြခဲ့ပါသည်။ “ မည်သူတစ်ဦး တစ်ယောက်မှ ဘုရားသခင်၏ ခြေရာအတိုင်း စိတ်ဝင်တစား လိုက်လျှောက်ခြင်း သို့မဟုတ် ဘုရားသခင်၏ အဆင်းသဏ္ဌာန်ကို ကြိုးစား ရှာဖွေခြင်းမရှိသလို၊ မည်သူ တစ်ဦးတစ်ယောက်မှ ဘုရားသခင်၏ ဂရုပြုမှုနှင့် အထံတော်တွင် နေထိုင်လိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် စည်းမျဉ်းများအတိုင်း လိုက်လျှောက်ရန်အတွက် စာတန်နှင့် မကောင်းဆိုးဝါးတို့၏ သွေးဆောင်ခြစားခြင်းအပေါ်တွင်သာ မှီခိုရန် ဆန္ဒရှိကြပါသည်။” ကျွန်တော်တို့သည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့ပြီးသည့်နောက်တွင်၊ ကျွန်တော်တို့တွင် ရှိသမျှ အတွေးတိုင်းနှင့် အကြံဉာဏ်တိုင်းတို့သည် စာတန်၏ အသက်တာ နဂိုအဆိုအမှန်များဖြင့် ထိန်းချုပ် ခြင်းခံရခြင်း ဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်အား နားလည်စေခဲ့ ပါသည်။ ဤအဖျက်သဘောဆောင်သည့် အရာများသည် ကျွန်တော်တို့ အသက်တာများ ဖြစ်လာခဲ့ပြီးလျှင်၊ ၎င်းတို့က ကျွန်တော်တို့အား စာတန်ကို လိုလားစွာ လိုက်လျှောက်ရန်၊ လူ့အဖွဲ့အစည်း ၏ လုပ်ဆောင်ချက်များ နောက်လိုက်ရန်၊ ပြီးလျှင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်ပြီး ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ဖို့အတွက် တွေးတောခြင်း မရှိစေဖို့ရန် စသည်တို့ကို ဖြစ်စေခဲ့ပါသည်။ “ ဒုတိယဝင်ငွေ မရှိတဲ့ လူတစ်ယောက်က ဘယ်တော့မှ မချမ်းသာဘူး၊ ညဖက်မှာ မြက်ခြောက်မစားရတဲ့ မြင်းတစ်ကောင်က ကိုယ်အလေးချိန်တက်လာမှာ မဟုတ်သလို ပဲပေါ့။” ဆိုသည့် စာတန်၏ အတွေးအမြင်နှင့် ရှုမြင်ချက် တို့သည် ကျွန်တော့်အား မည်သို့ ထိခိုက်နစ်နာစေခဲ့ သည်ကိုလည်းကောင်း၊ ကျွန်တော်သည် မြင်းပွဲအလောင်းကစားကို စွဲလမ်းသူတစ်ယောက် မည်သို့ ဖြစ်လာခဲ့ပုံကိုလည်းကောင်း၊ နေ့ချင်းညချင်း ချမ်းသာလာရန်မှလွဲပြီး မည်သည့်အရာကိုမျှ မတွေးခဲ့သည်ကိုလည်းကောင်း၊ ပြီးလျှင် အစားစားခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းတို့အတွက် အချိန်တွင် မြင်းပြိုင်ပွဲအလောင်းအစားကို လေ့လာသင်ယူခြင်းအတွက်ပင် အချိန် အကုန်ခံခဲ့သည်ကို လည်းကောင်း၊ ထို့နောက် ကျွန်တော်စုဆောင်းခဲ့သည့် ပိုက်ဆံများအားလုံးကို မြင်းပြိုင်ပွဲအတွက် လောင်းကြေးထပ်ရာတွင် မည်သို့သုံးစွဲခဲ့သည်ကိုလည်းကောင်း စသည်တို့ကို တွေးခဲ့မိပါသည်။သို့သော်လည်း ပြီးခဲ့သည့်ဤနှစ်များအားလုံးတွင် ကျွန်တော်၏ နေ့ချင်းညချင်းချမ်းသာရန် အိပ်မက်သည် အမှန်တကယ် မဖြစ်လာသည့်အပြင်၊ ထိုသို့ ဖြစ်လာမည့်အစာ ကျွန်တော့် ပိုက်ဆံအားလုံးကို ဆုံးရှုံးခဲ့ရ ပါသည်။ ပြီးလျှင် ကျွန်တော်၏ လောင်းကစားခြင်းကြောင့် ကျွန်တော်နှင့် ကျွန်တော့် ဇနီးတို့သည် မကြာခဏ ငြင်းခုံခဲ့ကာ၊ ကျွန်တော့်နေအိမ်သည်လည်း နေအိမ်တစ်ခုနှင့် မတူတော့ပါ။ ပို၍ပင် နာကျင် စေရသည့်အရာကို ကျွန်တော်တွေ့ရှိခဲ့သည်မှာ ကျွန်တော့်နှလုံးသားသည် မြင်းပြိုင်ပွဲ ဖြင့်သာ ပြည့်နှက်နေခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်သည် ဘဝတွင် မည်သည့် ပန်းတိုင်မျှ မရှိခဲ့သည့် အပြင်၊ ထို့ထက်ပင်ပို၍ဆိုးသည်မှာ ကျွန်တော့်နှလုံးသားသည် ဗလာကျင်းပြီး၊ အကြီးအကျယ် ဒုက္ခဆင်းရဲကို ခံခဲ့ရခြင်း ဖြစ်ပါသည်။ မြင်းပြိုင်ပွဲ လောင်းကြေးထပ်ခြင်းကြောင့် လူများစွာတို့သည် အကြွေးလည်ပင်း အထိ ရောက်ရှိလာကာ၊ ၎င်းတို့၏ မိသားစုများကိုလည်း ငွေရေးကြေးရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့်အပြင်၊ ၎င်းတို့ထွက်ပြေးလွတ်မြောက် နိုင်ခြင်းမရှိသည့် နာကျင်မှုတစ်ခုတွင် ရှင်သန် ခဲ့သည့်အကြောင်းများကို ကျွန်တော် တွေးမိခဲ့ပါသည်။ ပြီးနောက်တွင် ကျွန်တော်သည် “ ဒီထိခိုက် နစ်နာမှုတွေအားလုံးကို စာတန်က ဖြစ်စေခဲ့တာပဲ။” ဟု တွေးမိခဲ့သည်။ ထိုသို့ နားလည် သဘောပေါက်လာသည့်အချိန်တွင်၊ ကျွန်တော်သည် လောင်းကစားခြင်းကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ ပါသည်။ ကျွန်တော်သည် လောင်းကစားကို ဖြတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း၊ ဂျော်ကီကလပ် လောင်းကစားရုံကို ဖြတ်သွားပြီး၊ တလိပ်လိပ်တက်လာနေသည့် လူအုပ်ကြီးနှင့် လူတစ်ယောက်ချင်းစီ၏ လက်ထဲတွင် လောင်းကြေးထပ်သည့် လက်မှတ်တစ်စောင်၊ မည်သည့်မြင်းကို လောင်းရမည်ကို ဆန်းစစ်ခြင်းအပေါ် အာရုံစူးစိုက်နေခြင်း စသည်တို့ကို မြင်ရသည့်အခါတိုင်း၊ ကျွန်တော့် လက်များယားယံလာကာ၊ ကျွန်တော်သည် တစ်ကိုယ်လုံး မအီမသာနှင့်၊ တစ်ကြိမ်တစ်ခါမျှ ထပ်မံ၍ အလွန်ပင် လောင်းကြေးထပ် လိုပြီး၊ ကျွန်တော် ဆုံးရှုံးခဲ့သည့် ငွေကြေးများအားလုံးကို ပြန်လည်ရရှိလိုခဲ့ပါသည်။ သို့သော်လည်း ထို့နောက်တွင် ကျွန်တော်သည် ဘုရားသခင်ရှေ့တွင် ကျွန်တော် မည်သို့ စိတ်ပိုင်းဖြတ် ခဲ့ပုံကို တွေးတော ကာ၊ ကျွန်တော် ထပ်မံ အလောင်းကစား ပြုလုပ်ပါက၊ ကျွန်တော်သည် ဘုရားသခင်ကို လှည့်စားနေခြင်း သာ မဟုတ်ပါလား ဟု တွေးခဲ့ပါသည်။ ထိုအတွေးများကို တွေးတောရင်းဖြင့် ကျွန်တော့်နှလုံးသားတွင် အပြစ်စွဲသည့်စိတ်ကို ခံစားရပါသည်။ သို့သော်လည်း ကျွန်တော်သည် အဆုံးသတ်တွင် မိမိကိုယ်ကို ထိန်းချုပ်ခြင်း မရှိဆဲသာဖြစ်ပြီးလျှင်၊ မြင်းပြိုင်ပွဲများကို တစ်ကြိမ်ထပ်မံကာ လောင်းကြေးထပ်၍၊ ပိုမိုများပြားသည့် ငွေများကိုပင် ဆုံးရှုံးခဲ့ရပါသည်။ နောက်ပိုင်းတွင် အစည်းအဝေးတစ်ခု၌ အစ်မတစ်ယောက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော့်အား ဖတ်ပြခဲ့ပါသည်။ ဘုရားသခင်က “ လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာ လွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပါယ် အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသားအတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ် မျှပင် မရှိ။” “ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်နှင့်မခြားသည့် အကျင့်စာရိတ္တ ပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ သင့်ကိုယ်သင် လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် လေးနက်သောဘဝ၊ တန်ဖိုးရှိသောဘဝဖြင့် ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ် သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ … သင့်အသက်တာကို မည်သို့ ရှင်သန်သင့် သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့ အသုံးပြုသင့် သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်။ လေးနက်သော အသက်တာဖြစ်စေရန်နှင့် လေးနက်သောအမှန်တရားများကို တွေ့ကြုံရန် သင်လေ့လာရမည် ဖြစ်ပြီး ဤသို့ဖြင့် သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကို ချစ်ရန် သင့်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။” ဟု မိန့်တော်မူခဲ့ပါသည်။ ဤအကြောင်းကို သေချာစွာ စဉ်းစားရင်းဖြင့်၊ မြင်းပြိုင်ပွဲများအပေါ် လောင်းကြေး ထပ်ခြင်းသည် လူများအား လှည့်စားပြီး၊ သွေးဆောင်ရန် စာတန်အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းကို သိရှိခဲ့သော်လည်း၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းသည် ကျွန်တော့်အပေါ် နောက်တဖန် ကျရောက်သည့်အခါတွင်၊ ကျွန်တော်သည် ၎င်း၏လမ်းကြောင်းအတိုင်း လိုက်မလျှောက်ပဲ မနေနိုင်ဖြစ်ခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ စာတန်၏ “ ဒုတိယဝင်ငွေ မရှိတဲ့ လူတစ်ယောက်က ဘယ်တော့မှ မချမ်းသာဘူး၊ ညဖက်မှာ မြက်ခြောက်မစားရတဲ့ မြင်းတစ်ကောင်က ကိုယ်အလေးချိန်တက်လာမှာ မဟုတ်သလိုပဲပေါ့။” ဆိုသည့် အမြင်ရှုထောင့်၏ ရလဒ် ဖြစ်ခဲ့ပါသည်။ ကျွန်တော်သည် မြင်းပြိုင်ပွဲများ လောင်းကြေးထပ်ခြင်းကို မည်သို့အမြဲတမ်း စွဲလမ်းခဲ့ကြောင်း၊ တစ်နေ့တာလုံး ခြေဦးတည့်ရာ လျှောက်နေကြောင်း၊ ပုံမှန် အလုပ်မလုပ်သကဲ့သို့ ပုံမှန် ရှင်သန်ခြင်းလည်းမရှိကြောင်း၊ မည်သည့် လူသားဆန်သည့် အရာတစ်ခုမျှ မရှိကြောင်းတွေးတောမိခဲ့သည်။ ပြီးနောက် ထိုနည်းလမ်းအတိုင်းသာ ဆက်လက်ဆောင်ရွက်ခဲ့ပါက၊ ကျွန်တော်သည် ပို၍ပို၍ ဆုတ်ယုတ်လာကာ၊ ဘုရားသခင်နှင့် ပို၍ပို၍ ဝေးကွာသွားမည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် ကျွန်တော့် အခွင့်အလမ်းကိုလည်း လက်လွှတ်ဆုံးရှုံးရမည် ဖြစ်ကြောင်း သိရှိခဲ့သည်။ အထူးသဖြင့် ကျွန်တော်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော် များကို ဖတ်ရှချိန်တွင် “ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်နှင့်မခြားသည့် အကျင့်စာရိတ္တ ပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ သင့်ကိုယ်သင် လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် လေးနက်သောဘဝ၊ တန်ဖိုးရှိသောဘဝဖြင့် ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ် သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။” ကျွန်တော်သည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ဂရုစိုက်ခြင်းနှင့် အတွေးအမြင် တို့အတွက် ကျေးဇူးတင်ရှိလာခဲ့ပါသည်။ ဘုရားသခင်က ကျွန်တော့်အား စာတန်၏မှောင်မိုက်သည့် သြဇာလွှမ်းမိုးမှုကို ထားရစ်ခဲ့ကာ၊ ယခင်က ရှင်သန်ခဲ့သည် အကျင့်စာရိတ္တပျက်ပြားသည့် နည်းလမ်းများကို အလုံးစုံ စွန့်ပယ်စေရန် မျှော်လင့်နေ ခဲ့သော်လည်း၊ ကျွန်တော်သည် ဘုရားသခင်ကို ထပ်ကာတလဲလဲ ပူဆွေးသောက ရောက်စေခဲ့ပါသည်။ ကျွန်တော်သည် အလွန်ပင် ခံစားချက်ကင်းမဲ့ကာ၊ တော်လှန်ပုန်ကန်ခဲ့ပါသည်။ အစ်မတစ်ယောက် ကလည်း ကျွန်တော့်အား မိတ်သဟာယပြုရင်းဖြင့် “ ငါတို့က ဘယ်လိုဘေးဖြစ်စေတဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုခက်ခဲမှုတွေပဲဖြစ်ဖြစ် ထိတွေ့ရပါစေ၊ ငါတို့ဘုရားသခင်ဆီကို ရိုးသားစွာနဲ့ လာသရွေ့ ဘုရားသခင်ကို ဆုတောင်းပြီး၊ ဘုရားသခင်ကို မှီခိုသရွေ့၊ ကိုယ်တော်ရဲ့ လက်တွေထဲမှာ ကိုယ့်ကိုကိုယ် အပ်ပြီး၊ ဘုရားသခင်ကို အုပ်စိုးခွင့်ပေးပြီး၊ ဘုရားသခင်ကို ငါတို့အတွက် အရာအားလုံးကို စီစဉ်ခွင့်ပေးနေကြသရွေ၊ ဘုရားသခင်က ငါတို့အတွက် လမ်းခရီးကို အမြဲတမ်း ဖွင့်ပေးမှာ ဖြစ်တယ်။” ဟု ပြောခဲ့ပါသည်။ ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစား ဆင်ခြင်ပြီး၊ ထိုအစ်မ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခဲ့ရသည့်အခါတွင်၊ ကျွန်တော့၏ လက်တွေ့ကျင့်သုံးမှု အတွက် လမ်းညွှန်ချက်တစ်ခု ရရှိလာခဲ့ပါသည်။ ကျွန်တော်သည် ရိုးသားသည့် နှလုံးသားတစ်ခုဖြင့် ဘုရားသခင်၏ ရှေ့တော်သို့ လာရောက်ရန်၊ ဘုရားသခင်ထံ ဆုံးဖြတ်ချက်တစ်ခုချရန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အညီ ကျင့်ကြံအားထုတ်ရန်တို့အပြင်၊ မိမိ၏လောင်းကစားကို စွဲလမ်းမှု များလည်း ဖြတ်တောက်ရန် လိုလားလာခဲ့ပါသည်။ သို့သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက်ပိုင်း၊ ကျွန်တော့် လောင်းကစား စွဲလမ်းမှုသည် တစ်ဖန်ပြန်လည်ကာ သူ၏ အကျည်းတန်သည့် ဉီးခေါင်းကိုမော့လာခဲ့ပါသည်။ ထိုအချိန်က ကျွန်တော့် အသိစိတ်က ကျွန်တော့် အမူအကျင့်ဆိုးကို ငြင်းပယ် သော်လည်း၊ ကျွန်တော်ကမူ “ ဒါက တကယ်ကိုပဲ ငါနောက်ဆုံးအကြိမ် လောင်းကစားလုပ်မှာ ဖြစ်တယ်။ ဒီတစ်ခေါက်ပြီးရင် နောက်တစ်ခါ ထပ်ပြီး လောင်းကစား မလုပ်တော့ဘူး။ ဒီနောက်ဆုံး လောင်းကြေးနဲ့ ငါဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေ အားလုံးကို ပြန်ရနိုင်မယ်လို့ ငါမျှော်လင့်တာပဲ။” ဟု တွေးခဲ့ပါသည်။ ကျွန်တော်သည် ဂျော်ကီကလပ်ထဲသို့ လျှောက်သွားခဲ့ပြီး၊ လောင်းကြေး ထပ်သည့် လက်မှတ်တစ်ခုကို ဝယ်ခဲ့သည့် အချိန်တွင်၊ ကျွန်တော့်နှလုံသားသည် အလွန်မအီမသာ ဖြစ်ကာ ပြင်းထန်ကြမ်းတမ်းစွာ ခုန်လာသည်မှာ ကျွန်တော့်လက်များ မရပ်မနား လှုပ်ခါနေသည်အထိပင် ဖြစ်ခဲ့ရပါသည်။ ကျွန်တော်သည် မိမိ၏ လောင်းကြေးလက်မှတ်ကို ငေးကြည့်နေသော်လည်း၊ ကျွန်တော့်စိတ်ထဲတွင် ဗလာကျင်း နေခဲ့ပါသည်။ ၎င်းကို မည်သို့ ဖြည့်စွက်ရမှန်းမသိခဲ့သည့်အပြင် ကျွန်တော်သည်လည်း အလွန်စိတ်လှုပ်ရှား၍ ခေါင်းမူးဝေလာခဲ့ပါသည်။ ကျွန်တော်သည် ကလပ်ထဲမှထွက်လာကာ၊ အသက်ဝဝရှု၍ မိမိစိတ်ကို ပုံမှန်ပြန်ဖြစ်အောင် ပြုရုံသာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ကျွန်တော့် စိတ်ခံစားချက်များ တည်ငြိမ်လာ ခဲ့ပြီးနောက်၊ လောင်းကစားလုပ်ရန် ကျွန်တော့် ကြံစည်အားထုတ်မှု ကိုလည်း အရေးမနိမ့်စေ လိုခဲ့သောကြောင့်၊ ကလပ်ထဲသို့ ပြန်သွားခဲ့ပြီး၊ လောင်းကြေးထပ်သည့် နေရာသို့ သွားသည့်အချိန်တွင်၊ ကျွန်တော့်စိတ်သည် ဗလာကျင်းနေဆဲသာ ဖြစ်ပါသည်။ ဘောလ်ပင်ကို ဆုပ်ကိုင်ပြီး၊ ကျွန်တော့် လက်သည် မတင်မကျဖြစ်နေခဲ့ကာ၊ ကျွန်တော့် လောင်းကြေးကို မည်သို့ထပ်ရကောင်းမှန်း မသိခဲ့ သည့်အပြင်၊ ထိုသို့ လုပ်နိုင်စွမ်းမရှိခဲ့ပါ။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် စိတ်ထဲသို့ ရောက်လာခဲ့ပါသည်။ ” ထိုကြောင့် ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းစိတ်နှလုံးကို စစ်ကြောသော ဘုရားသခင်ဖြစ်ကြောင်း သူတို့သည် အမြဲမှတ်မိကြလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ သူတို့ ၏ နောက်ကွယ်၌ အခြားတစ်တမျိုး မပြုမူနှင့်၊ ငါသည် သင်ပြုသမျှသော အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်းလုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း ငါ့အား မလုပ်နိုင်။ ငါသည် ၎င်းတို့အား ရှင်းလင်းစွာ မြင်ရသည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် မဖြစ်နိုင်၊ အရာရာအားလုံးသည် ငါ့ လက်ထဲ၌ရှိသည်။” ဟုတ်ပါသည်။ ကျွန်တော်သည် ဘုရားသခင်ရှေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ် သည့်အကြောင်းကို အစဉ်တွေးမိသော်လည်း မိမိကိုယ်ကို လောင်းကစားမလုပ်ရန် တားဆီးနိုင်ခြင်းမရှိခဲ့ပေ။ ပြီးနောက် ဤအရာကို ပြုခြင်းဖြင့် ကျွန်တော်သည် ဘုရားသခင်ကို တမင်ရည်ရွယ်၍ လှည့်စားမိနေခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် လူတစ်ယောက်၏ နှလုံးသားအတွင်းပိုင်း အကျဆုံးအထိ စေ့စပ်စွာ ကြည့်ရှုစစ်ဆေးတော် မူသည်။ ကျွန်တော် ဤအရာကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်က စောင့်ကြည့်နေခဲ့ပြီးလျှင်၊ မြင်းပွဲလောင်းခြင်းသည် အဖျက်သဘောဆောင်သည့် အရာတစ်ခု ဖြစ်ကြောင်း ကျွန်တော်က ကောင်းစွာ သိရှိခဲ့သော်လည်း၊ ကျွန်တော် ဤအရာကို ထပ်ကာတလဲလဲ ဆက်လက်ဆောင်ရွက်နေခဲ့ပါသည်။ ဆိုးညစ်သည့်အရာများကို သိလျက်နှင့်ပင် လုပ်ဆောင်ခြင်းသည် ဘုရားသခင်က ကျွန်တော့်ကို ပို၍ပင်မုန်းတီးလာအောင် ဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။ ကလပ်ထဲမှ အပြင်သို့စလျှောက်သည်နှင့်၊ ကျွန်တော်သည် ဘုရားသခင်ရှေ့တော်မှောက်သို့ အလျင်အမြန် သွားရောက်ခဲ့ကာ “ အိုဘုရားသခင်၊ စာတန်ရဲ့ သွေးဆောင်ခြင်းတွေနဲ့ စုံစမ်းနှောင့်ယှက်မှုတွေကို ဆက်ပြီး ဒုက္ခမခံစားရတော့ဘဲ၊ ကိုယ်တော့်ကို မှီခိုနိုင်အောင်၊ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို သတိပြုမိအောင် လောင်းကစားကို အပြီးအပိုင် ဖြတ်တောက် နိုင်အောင် စတာတွေအတွက် ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အားတို့ကို ပေးသနားတော်မူပါ။ အာမင်” ဟု ဆုတောင်းခဲ့ပါသည်။ ထို့နောက် ကျွန်တော်သည် ကလပ်မှ ပြတ်သားစွာဖြင့် ထွက်ခွာလာ ခဲ့ပါတော့သည်။ ကျွန်တော်သည် မိမိလောင်းကစားပြဿနာအကြောင်း ဘုရားသခင်ထံသို့ အချိန်အတော်ကြာယူပြီး ဆုတောင်းနေခဲ့ပြီးလျှင်၊ ကျွန်တော့်အတွက် ထွက်ပေါက်ဖွင့် ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူး တင်ရှိနေခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများဖြင့် အတူစုဝေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ကျွန်တော့် တာဝန်များကို ဆောင်ရွက်ခြင်း တို့ဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အတိုင်း အလုပ်လုပ်ခြင်း နှင့် ရှင်သန်ခြင်းတို့ဖြင့်လည်းကောင်း တဖြည်းဖြည်းချင်းနှင့် ကျွန်တော့်နှလုံးသားသည် ကြွယ်ဝပြည့်စုံလာပြီး ငြိမ်သက်လာသည်ဟု ခံစားရသည့်အပြင်၊ ကျွန်တော်သည် မြင်းများ အပေါ် လောင်းကြေးထပ်ရန် စိတ်ဆန္ဒ သို့မဟုတ် အချိန်လည်း မရှိခဲ့တော့ပါ။ တစ်ခါတစ်ရံတွင် ကျွန်တော်သည် မိမိ၏ လောင်းကစားသမားမိတ်ဆွေဟောင်းများနှင့် ဆုံကြပြီးလျှင်၊ ၎င်းတို့က “ ခင်ဗျား နောက်ပိုင်း နိုင်ဖြစ်လား။ ခင်ဗျား ကျွန်တော်နဲ့ မြင်းလောင်းပွဲ သွားချင်လား။” ဟု မေးပြီး “ ဟိုတစ်ယောက်ကတော့ Six Ring ထီပေါက်သွား တယ်လေ….” ဟုပြောကြသည်။ သူတို့ပြောသည့်စကားများကို နားထောင်ပြီး၊ တစ်ခါတစ်ရံတွင် ကျွန်တော်သည် မိမိနှလုံးသားထဲတွင် ဆန္ဒများ တလိပ်လိပ် တက်လာသည်ကို ခံစားရဆဲဖြစ်သော်လည်း၊ ၎င်းသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း နှင့် သွေးဆောင်ခြင်းတို့ဖြစ်သည်ကို ကျွန်တော် သတိပြုမိခဲ့ပါသည်။ ထို့ထက်ပိုသည်မှာ ကျွန်တော်သည် ဘုရားသခင်အတွက် သက်သေရပ်တည်ရန်နှင့် စာတန်၏ လူမိုက် အဖြစ်မခံတော့ရန် ဘုရားသခင် ထံတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပြီး ဖြစ်သည့်အပြင်၊ ထို့ကြောင့် ကျွန်တော်က ကျွန်တော့် မိတ်ဆွေများကို “ ငါဖြတ်လိုက်ပြီ၊ ထပ်ပြီးတော့လည်း လောင်းကစား လုပ်တော့မှာ မဟုတ်ဘူး။” ဟု ပြောပါသည်။ နောက်ပိုင်းတွင် ကျွန်တော်သည် ဂျော်ကီကလပ်ကို ဖြတ်သွားသည့်အခါတိုင်းနှင့် ကလပ်ပြင်ပတွင် လောင်းကစားသမားများစွာတို့ ထိုင်နေသည်ကို မြင်ရတိုင်း၊ ကျွန်တော့်လက်များသည်လည်း ယခင်က ကဲ့သို့ ယားယံခြင်း မရှိတော့ပါ။ ကျွန်တော်သည် လောင်းကစားကို ဖြတ်တောက်ခဲ့သည့် မိမိ၏ အတွေ့အကြုံများကို ပြန်လှန်သုံးသပ်ခဲ့ပါသည်။ မိမိကိုယ်ကို မှီခိုရုံမျှဖြင့်၊ ကျွန်တော်သည် ဖြတ်တောက်ရန် စိတ်တန်ခိုး ဖြစ်စေ၊ ယုံကြည်မှုဖြစ်စေ မရှိခဲ့သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်အား လောင်းကစား၏ သရုပ်မှန်ကို သေသေချာချာ နားလည် သဘောပေါက်စေခဲ့သည့်အပြင်၊ ကိုယ်တော်သည် ကျွန်တော့်အား မြင်းများအပေါ် လောင်းကြေး ထပ်ခြင်းကိုလည်း ဖြတ်တောက်နိုင်ရန် ခွန်အားပေးခဲ့ပါသည်။ ယခုအခါတွင် ကျွန်တော့် ဇနီးနှင့် ကျွန်တော်တို့သည် မကြာမကြာ ဆိုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အပြင်၊ အသင်းတော်၌ ကျွန်တော်တို့၏ တာဝန်များကိုလည်း ထမ်းဆောင်ပါသည်။ ကျွန်တော်၏ စိတ်နေသဘောထားတွင်လည် လုံးဝအမြင်သစ်များရှိနေပြီး၊ ကျွန်တော် သွားလေရာတွင် မြင်းပြိုင်ပွဲသတင်းစာကို ယူဆောင် သွားလေ့ရှိသည့် ဘဝဟောင်းကို အကုန်အစင်ပင် ဖယ်ရှားခဲ့ပါသည်။ အမှန်တကယ်ပင် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့်သာလျှင် ကိုယ်တော်က ကျွန်တော့်အား အသစ်သော အသက်တာကို ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။ဏ
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|