ကျွန်မမှာ သာယာပျော်ရွှင်တဲ့ ဘဝရှိတယ်၊ ကျွန်မရဲ့ အိမ်ထောင်နဲ့ပတ်သက်ပြီး ကျွန်မ အရမ်းပျော်တယ် ကျောင်ရှင်း တရုတ်ပြည် လျူမန်သည် စူပါမားကတ်တွင် နေ့စဉ်လိုအပ်သည့်အရာအချို့ကို ဝယ်ယူခဲ့ပြီး အိမ်သို့ လမ်းလျှောက်ပြန်စဉ်တွင် လမ်းဘေးစားသောက်ဆိုင်တစ်ခုကို ဖြတ်သွားရသည်။ သူမ မကြာခဏလာလေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အလုပ်ရှုပ်နေသော စားပွဲထိုးသည် စားပွဲများအကြား ခေါက်တုံ့ခေါက်ပြန်သွားနေသည်ကို သူမ ကြည့်နေရင်းဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာကို မစဉ်းစားဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ မြို့၏ နီယွန်မီးများထွန်းထားသည့် လမ်းများ၏ ထောင့်တစ်နေရာရှိ လမ်းဘေးစားသောက်ဆိုင်မှ စားပွဲတစ်ခုပေါ်တွင် ဟင်းများ၊ ဝိုင်ခွက်များရှိပြီး လူငယ်များသည် ထိုစားပွဲ၌ စုဝေးပြီး စကားတွေပြော၊ ဘီယာတွေသောက်လျှက် ရှိကြသည်။ သူတို့ထဲမှတစ်ယောက်ဖြစ်သည့် သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရှူအော်သည် သူမအား ဂရုတစိုက်ဖြင့် ပြောသည်။ “ လျူမန် နင်ပြဿနာတစ်ခုခုရှိရင် ငါ့ကိုသာပြော၊ ငါတို့ နင့်ကို အကောင်းဆုံး ကူညီပေးမယ်။” သူမ၏ လုပ်ဖော်ကိုင်ဖက်၏ ဂရုစိုက်မှုသည် လျူမန်အားပို၍ပင် ဝမ်းနည်းစေပြီး သူမ၏ စိတ်နှလုံးတွင် စွပ်စွဲချက်တစ်ခုက သူ့ဖာသာ ပေါ်ပေါက်လာသည်။ ရှူအော်နဲ့ ရှောင်ကျင်းရဲ့ ယောကျာ်းတွေကို ကြည့်စမ်း။ သူတို့မှာ အလုပ်ကောင်းတွေရှိပြီးတော့ ဝင်ငွေလည်းကောင်းကြတယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေအားလုံးကလည်း အရည်အချင်းရှိပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ယောကျာ်းတွေရှိတဲ့ပုံစံပဲ။ အားလုံးက သူတို့ဘယ်နေရာသွားသွား လုံးဝပြည့်စုံနေတဲ့ စုံတွဲတွေလိုပဲ။ သို့သော် လျူမန်၏ အမျိုးသားတွင် မည်သည့်အရာမျှမရှိပါ။ သူသည် အလုပ်ထွက်ထားပြီး အလုပ်သစ်ရှာရန်အတွက် မြို့ထဲသို့ မသွားချင်ပေ။ ရေလုပ်ငန်းအမျိုးအစားတချို့လုပ်ကိုင်ရန်အတွက် ကျေးလက်ဒေသတွင်သာ ဆက်လက်နေထိုင်ဖို့ ပြုလုပ်ပြီး သူ မည်မျှပင် အလုပ်ကြိုးစားပါစေ မည်သည့်ပိုက်ဆံမျှ မရရှိပေ။ သူမအမျိုးသား အလုပ်မလုပ်ခြင်းသည် လျူမန်အား ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များရှေ့တွင် အရှက်ရစေခဲ့သည်။ သူမသည် ဘဝလှေကားတွင် သူတို့ထက်နိမ့်သည့် လှေကားထစ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ဟူး ဒီလိုယောကျာ်းမျိုးရှိရတာ စိတ်တိုချင်စရာကောင်းတယ်။ သူမသည် အရည်အချင်းမရှိသည့် မိန်းမ မဟုတ်သည်ကို သူမ သိသည်။ သို့သော် ဤကဲ့သို့သော တန်ဖိုးမရှိသည့် ယောကျာ်းကို သူမ သည်းခံနေရသည်။ ဤ စိတ်ညစ်စရာအတွေးအကြောင့် လျူမန်သည် သူမ၏ ဘီယာအား တစ်ခါတည်း မော့သောက်လိုက်သည်။ ပြီးနောက်တွင် အနည်းငယ်မူးနေသည့် ဗလုံးဗထွေးလေသံဖြင့် ပြောလိုက်သည်။ “ ငါ နင်တို့အားလုံးကို တကယ် အားကျတယ်။ နင်တို့ ယောကျာ်းတွေအားလုံးက လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ။ ဒါပေမဲ့ ငါ့ယောကျာ်းကတော့ အဲဒီလိုမဟုတ်ဘူး။ သူ့ကို ငါ အားကိုးလို့မရဘူး။ ပြီးတော့ ငါ့ကို စိတ်ပူအောင် အမြဲတမ်းလုပ်တယ်။… ” သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည် ချီချီသည် သူမခွက်ထဲမှ ဘီယာတစ်ဝက်မော့ချလိုက်ပြီး အလားတူ မူးနေသည့် ဗလုံးဗထွေးလေသံဖြင့်ပြောသည်။ “ ဒီမှာ လျူမန်၊ နင် သူနဲ့ပဲ ပိတ်မိနေအောင် ကိုယ့်ကိုယ်ကိုယ် မလုပ်သင့်ဘူး။ ပြောစကားရှိသလိုပေါ့။ “ လူတွေက အပေါ်ကိုတက်ဖို့ ကြိုးစားရုန်းကန်ပေမဲ့ ရေကတော့ အောက်ကို စီးတယ်။” တဲ့။ အခုခေတ်မှာ လူတိုင်းက လှေကားပေါ်တက်ပြီး အပြင်မှာ ဘာရှိလဲဆိုတာကို ကြည့်ချင်ကြတယ်။ နင်က တစ်ယောက်ယောက်ရဲ့ မယားငယ်ဖြစ်ရင်တောင်မှ ဒါ ဘာမှ မမှားဘူး။ နင့်ရုပ်ရည်နဲ့ဆိုရင် နင့်ယောကျာ်းကို ကွာရှင်းလိုက်ရင် သူ့ထက်သာတဲ့သူတစ်ယောက်ကို ရှာဖို့ လွယ်မှာပဲ။” ချီချီ၏ စကားလုံးတို့သည် လျူမန်၏ ရင်ဘတ်ကို ထိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအတိုင်းအတိအကျပင် သူမ ကြိုးစားရုန်းကန်နေရသောကြောင့်ဖြစ်သည်။ သိပ်မကြာသေးသည့်ကာလ ခရီးတိုတစ်ခုတွင် ယောကျာ်းတစ်ယောက်ကို သူမ တွေ့ခဲ့သည်။ သူသည် အိမ်ထောင်ကျပြီးဖြစ်သည်မှ လွဲပြီး အခြားအဘက်ဘက်မှ ပြည့်စုံသည်။ လျူမန် နှစ်သက်သည့် အမျိုးအစား အတိအကျပင်ဖြစ်သည်။ ပြီးလျှင် သူသည်လည်း သူမကဲ့သို့ပင် သူမအား ကြိုက်နှစ်သက်သည့် ပုံစံရှိသည်။ သူ ကြိုက်နှစ်သက်သည်ကို သူမအားပြရန် သူ ကြိုးစားခဲ့ပြီး လျူမန်သည် မနေနိုင်ဘဲ သူ့အား လက်ခံခဲ့သည်။ သူမသည် တစ်ကြိမ်ထက်မက စိတ်ကူးယဉ်ခဲ့သည်။ သူမသည် သူနဲ့အတူနေရလျှင် သူမသည် စည်းစိမ်ချမ်းသာများဖြင့် ပြည့်ဝပြီး အလိုလိုက်ခံရသည့်ဘဝတွင်နေရရုံပင်မကဘဲ သူမ မည်သည့်နေရာကိုပဲသွားပါစေ အလေးထားခံရမည်ဖြစ်သည်။ ဤသည်မှာ ပျော်ရွှင်ရသည့် အိမ်ထောင်ပင်ဖြစ်မည်။ သို့သော် သူမသည် ဤအတွက်ဖြင့် သူမ ဆယ်နှစ်မျှတည်ဆောက်ထားသည့် မိသားစုကို အမှန်တကယ် စွန့်လွှတ်မည်လား။ သူမသည် ကွာရှင်းလျှင် သူမ၏ ကလေးအား မထားခဲ့နိုင်ပေ။ ပြီးလျှင် သူမသည် သူမ၏ အမျိုးသားနှင့် အိမ်ကို သေချာပေါက် သတိရနေဦးမည်ဖြစ်သည်။ သို့သော်လည်း သူမသည် ဤသို့ မပြုလုပ်လျှင် ယခု သူမ၏ ဘဝသည် အလွန်ပင်စိတ်ရှုပ်ဖို့ကောင်းပြီး မျှော်လင့်ချက်မဲ့နေသည်။ ဤသည်မှာ သူမလိုချင်သည့်အရာ မဟုတ်ပေ။ ပြီးလျှင် သူမနှင့် ဤအမျိုးသားတို့ နှစ်ဦးလုံးတွင် ကိုယ်ပိုင်မိသားစုရှိကြသည်။ ဤသို့ဆိုလျှင် သူတို့အတူနေကြလျှင် မည်သို့ဖြစ်မည်နည်း။ ဖောက်ပြန်သည့် အရေးကိစ္စများသည် မည်သို့မျှ လေးစားစရာကောင်းသောအရာ မဟုတ်ပေ။ ထို့အပြင် သူမ၏ အမျိုးသားသိသွားလျှင် သေချာပေါက် ရန်ပွဲတစ်ခုဖြစ်လာမည်။ ပြီးလျှင် သူမသည် “ အခြားမိန်းမ” အဖြစ် အထင်အမြင်သေးခံရ၊ လှောင်ပြောင်ခံရမည်ဖြစ်ပြီး လူ့အသိုင်းအဝိုင်းတွင် သူမ၏ ကိုယ်ကျင့်တရားတွင် ရှိသမျှ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးရမည်။ လျူမန်သည် ဤဆန့်ကျင်နေသည့်အချက်ဖြင့် ရှုပ်ထွေးနေပြီး ဘာလုပ်ရမည်ကို မသိခဲ့ပေ။ အကြိမ်ပေါင်းများစွာပင် သူမသည် ဤစားသောက်ဆိုင်သို့ တစ်ယောက်တည်း လာပြီး ခံစားချက်မဲ့သွားစေရန်အတွက် တိတ်ဆိတ်စွာ အရက်သောက်သည်။ သို့သော်လည်း ယမကာအပြင်းစားထဲရှိ အရက်သည် သူမ၏ ခံစားချက်များကို ပို၍ သိသာစေရန်သာ ပြုလုပ်ခဲ့ပြီး သူမအား ပို၍ပင် စိတ်ဒုက္ခရောက်စေသည်။ သူမသည် တစ်ခါတရံတွင် သူမ၏ လုပ်ဖော်ကိုင်ဖက်များ နှင့် သူငယ်ချင်းများ ကွာရှင်းခြင်း၊ ပြန်လည်လက်ထပ်ခြင်း သတင်းတို့ကို ကြားရသည်။ သူမသည် အလွန်ပင် စိတ်ရှုပ်ထွေးနေသည်။ ဤ ကျေနပ်စရာမရှိသည့် အိမ်ထောင်ကို ဆက်သွားရမည်လား သို့မဟုတ် ကွာရှင်းပြီး သူမ အမှန်တကယ် အလိုရှိသည့် လက်တွဲဖော်အတွက် ရင်ဆိုင်တိုက်ခိုက်ရမည်လားဆိုသည်ကို မသိခဲ့ပေ။ သူမသည် ဤယောကျာ်းဖြင့် အတူနေနေသင့်သလားဆိုသည်ကို သူမကိုယ်သူမ မေးခဲ့သည်။ သူမသည် ဒုက္ခရောက်နေရသောအခါ နေ့ရက်များသည် ပို၍ ရှည်လျားနေသကဲ့သို့ပင်… တစ်ရက်တွင် လျူမန်သည် သူမ၏ မိဘအိမ်သို့ သွားခဲ့ပြီး ထိုအိမ်တွင် အစ်မနှစ်ယောက်သည် သူမ၏ မိဘများအား နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အကြောင်းကို သက်သေခံနေကြသည်။ ထို့ကြောင့် လျူမန်သည် ကံကောင်းစွာဖြင့် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ရသည်။ ထို့နောက်တွင် လျူမန်သည် အသင်းတော်တွင် သူမ၏ အသက်တာကို စတင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ရန်အတွက် သူမ၏ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများ မကြာခဏ ပြုလုပ်သည်။ သူမ၏ ညီအစ်ကိုမောင်နှမများသည် အခြားလူများမှ သူတို့အား သိမ်ငယ်စေခြင်း သို့မဟုတ် မကြိုက်နှစ်သက်ခြင်းတို့မရှိဘဲ သူတို့၏ စိတ်နှလုံးကို ဖွင့်လျှက် သူတို့၏ အကျင့်ပျက်စီးသည့် စိတ်သဘောထားများကို မိတ်သဟာယဖွဲ့ခြင်းကို သူမမြင်ရသည့်အခါ၊ လူတိုင်းမှ အချင်းချင်း ကူညီ ထောက်ပံ့ကြသည်ကို မြင်သည့်အခါ သူမသည် သူမ၏နာကျင်မှုကို သူမ၏အမများနှင့် ဖွင့်ချရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် အစ်မတစ်ယောက်သည် သူမအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြသည်။ “ ကမ္ဘာကြီးကို ဖန်ဆင်းကတည်းက ဤလူအုပ်စုကို အတိအကျဆိုရသော် ယနေ့သင်တို့ကို ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ သင်တို့၏ အမျက်ဒေါသထိန်းချုပ်နိုင်မှု၊ အရည်အချင်း၊ သွင်ပြင်၊ ဝိညာဉ်အသက်တာ၊ မွေးဖွားခဲ့သော မိသားစု၊ အလုပ်၊ အိမ်ထောင်ပြုခြင်း၊ သင်တို့၏ ဖြစ်တည်ခြင်းအားလုံး၊ သင်တို့၏ဆံပင်အရောင်နှင့် အရေခွံများနှင့် သင်တို့မွေးဖွားသည့်အချိန်များ အားလုံးကိုပင်လျှင် ငါ၏လက်များအားဖြင့် စီမံထားခြင်း ဖြစ်သည်။ သင်တို့လုပ်သောအရာများနှင့် နေ့ရက်စဉ်တိုင်း သင်တို့တွေ့ဆုံသောလူများကိုပင် ငါ့လက်များအားဖြင့် စီမံထားခြင်း ဖြစ်သည်။ ယနေ့သင်တို့ကို ငါ့မျက်မှောက်တော်ကို ခေါ်ဆောင်လာခြင်းသည်ပင် ငါ့အစီအမံ အမှန်အကန် ဖြစ်သည်။ ရှုပ်ထွေးခြင်းထဲသို့ မပါဝင်ကြနှင့်။ သင်တို့ တည်ငြိမ်အေးဆေးစွာ ရှေ့သို့ချီတက်သင့်သည်။” ထို့နောက်တွင် သူမ၏အစ်မသည် မိတ်သဟာယဖွဲ့သည်။ “ ကျွန်မတို့ရဲ့ အိမ်ထောင်၊ မိသားစု၊ အလုပ်၊ ကျွန်မတို့အသက်တာနဲ့ ကံကြမ္မာတို့ အားလုံးကို ဘုရားသခင်က စီစဉ်ပြီး ကြိုတင်သတ်မှတ်ထားတယ်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဖော်ပြပါတယ်။ ကျွန်မတို့ဟာ ဘယ်လိုယောကျာ်းမျိုး၊ မိသားစုမျိုးကိုရရှိဖို့ဆိုပြီး ကျွန်မတို့ဖာသာ ရွေးချယ်လို့မရပါဘူး။ ဒါကြောင့် ကျွန်မတို့ အိမ်ထောင်က ကျေနပ်စရာမရှိဘူးလို့ ညည်းညူပြီး အခြေအနေကို ပြောင်းလဲဖို့ ကိုယ်ပိုင်အားထုတ်မှုတွေကို အမှီပြုပြီး လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်ရင် ဒါဟာ ကျွန်မတို့ကိုယ်တိုင်အတွက် ပြဿနာတွေကိုဖန်တီးပြီး ကောင်းကင်ဘုံရဲ့အလိုတော်ကို ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလား။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီးတော့ ဖန်ဆင်းခံတွေအနေနဲ့ အမြော်အမြင်အရှိဆုံး ရွေးချယ်မှုက ဖန်ဆင်းရှင်ရဲ့ အစီအစဉ်တွေနဲ့ စီမံမှုတွေကို လိုက်နာဖို့ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သက်သာလွတ်မြောက်တဲ့ အသက်တာကိုကို လိုချင်ရင် ကျွန်မတို့ရဲ့ မိသားစုနဲ့ အိမ်ထောင်ကို ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ထည့်ထားနိုင်ပြီး ဘုရားသခင်ကို အုပ်စိုးခွင့်၊ အကြောင်းကိစ္စတွေကို စီမံခွင့်ပေးဖို့သာ ပြုလုပ်နိုင်ပါတယ်။” ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အစ်မ၏ မိတ်သဟာယဖွဲ့မှုသည် လျူမန်ကို တို့ထိခဲ့သည်။ အမှန်တကယ်တော့ ကျွန်မတို့ လက်ထပ်သည့် လူသည် ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ သူမသည် သူမ၏ အမျိုးသားအား အကြိမ်များစွာ ထားခဲ့ပုံကို သူမ ပြန်လည်အမှတ်ရမိသည်။ သို့သော်လည်း သူမတို့သည် နောက်ဆုံးတွင် အတူတကွရှိနေဆဲဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင် အုပ်စိုးသည့် အကြောင်းကိစ္စဖြစ်ပြီး သူမကိုယ်တိုင်၏ ရွေးချယ်မှု မဟုတ်ပေ။ အရာရာသည် “ ကံ” ပင်ဖြစ်သည်ဟု လူတွေ အမြဲပြောကြသည်မှာ မဆန်းပေ။ ယခုအခါတွင် ထို “ ကံ” သည် ဘုရားသခင် အုပ်စိုးပြီး ကြိုတင်သတ်မှတ်သည့်အရာဖြစ်သည်ကို သူမ နားလည်ခဲ့သည်။ ဤသို့ သိမြင်ပြီးနောက်တွင် လျူမန်သည် သူမ၏ အိမ်ထောင်အတွက် ဘုရားသခင်၏ စီစဉ်မှုအား နာခံလိုစိတ်ရှိနေသော်လည်း သူမသည် ရှုပ်ထွေးနေဆဲဖြစ်သည်။ သူမသည် နဂိုကတည်းက သူမ၏ အမျိုးသားနှင့် အကြိမ်ပေါင်းများစွာ ကွဲခဲ့ဖူးသော်လည်း နောက်ဆုံးတွင် သူမသည် သူနှင့်အတူနေထိုင်ရန် ရွေးချယ်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင် သူမသည် သူ့အမျိုးသားအား ကွာရှင်းပြီး အိမ်ထောင်ဘက်အသစ်ရှာလိုသည်အထိ အဘယ်ကြောင့် အလွန် မကြိုက်နှစ်သက်ခြင်း ဖြစ်လာရသနည်း။ တစ်ရက်တွင် သူမ၏ ဝိညာဉ်ရေးဆိုင်ရာ ဆက်ကပ်မှုတွင် လျူမန်သည် ဤသို့ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သည်။ “ ရေပန်းစားမှုတစ်ခုသည် လေကဲ့သို့ ဖြတ်သန်းတိုက်ခတ်သည့်အခါ၊ အရေအတွက်အနည်းငယ်သော လူတို့သာ ခေတ်ရေစီးကို ဦးဆောင်သူများ ဖြစ်ကောင်းဖြစ်လာလိမ့်မည်။ ၎င်းတို့သည် ဤအရာတစ်ခုကို စတင်၍ လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဤအယူအဆတစ်ခု သို့မဟုတ် ဤရှုထောင့်တစ်ခုကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား ၎င်းတို့၏ သတိမမူမိခြင်းအလယ်တွင်၊ ဤခေတ်စားမှုမျိုးကို အမှုမဲ့အမှတ်မဲ့ဖြင့် ဆန္ဒအလျောက်မဟုတ်ဘဲ လက်ခံကာ၊ ယင်းခေတ်စားမှုတွင် နစ်မြုပ်ထိန်းချုပ် ခံရသည်အထိ ဖြစ်အောင်၊ ယင်းခေတ်စားမှု၏ ကူးစက်ခြင်း၊ စုပ်ယူခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ထပ်တလဲလဲ ခံကြရဦးမည်ဖြစ်သည်။ ကောင်းမွန်သော ကိုယ်နှင့် စိတ် မရှိသော၊ သမ္မာတရားဆိုသည်ကို လုံးဝမသိသော၊ အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာတို့ကို မခွဲခြားတတ်သော လူသားအဖို့၊ ဤလူမှုလားရာများသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် ၎င်းတို့အားလုံးအား စာတန်ထံမှလာသော ဘဝအမြင်နှင့် တန်ဖိုးများဖြစ်သည့် ဤလားရာများကို စိတ်အားထက်သန်စွာ လက်ခံစေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘဝအား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို စာတန် ပြောသည့်အတိုင်း လက်ခံသကဲ့သို့၊ စာတန်က ၎င်းတို့ကို ‘ပေးအပ်’သော ရှင်သန်နေထိုင်နည်းကိုလည်း လက်ခံကြ၏။ ၎င်းတို့သည် ခွန်အား မရှိကြ၊ စွမ်းပကားလည်း မရှိကြသည့်အပြင်၊ ခုခံရန် အသိစိတ်ဆိုသည်မှာကား ပို၍ပင် မရှိကြပေ။” ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်တွင် ဆိုးယုတ်သည့် စာတန်၏ လောကီခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးမှုသည် ဘဝနှင့်တန်ဖိုးများအပေါ် သူမ၏ အမြင်ကို တလွဲဖြစ်စေခဲ့ကြောင်းကို လျူမန် နားလည်ခဲ့သည်။ သူမသည် သူမ၏ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ရှိသည့် အချိန်တိုင်းတွင် သူတို့အားလုံးသည် သူတို့အမျိုးသားများသည် မည်မျှချမ်းသာပြီး လုပ်ကိုင်နိုင်ကြောင်း၊ သူတို့၏ ဘဝသည် မည်မျှ သက်သာကြောင်း ကြွားဝါပြောဆိုကြသည်ကို သူမ ကြားရသည်ကို သူမ သတိပြုမိခဲ့သည်။ ထိုအချိန်တွင် သူမ၏ အမျိုးသားသည် မည်သည့်အရာမျှမရှိ။ တကယ့်အလုပ်တစ်ခုပင် မရှိချေ။ ထို့ကြောင့် သူမသည် အခြားလူများထက် နိမ့်ကျနေသကဲ့သို့ ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မာနသည် ကျေနပ်မှု မရှိဖြစ်ခဲ့ရပြီး စာတန်၏ အတွေးအခေါ်ဖြစ်သည့် “ ချမ်းသာသည့် လင်ယောကျာ်းများသည် အောင်မြင်သည့် အမျိုးသမီးများကို ဖြစ်စေသည်။” ဆိုသည့်အရာအားဖြင့် လွှမ်းမိုးခံရခြင်းကြောင့် ဖြစ်သည်။ သူမသည် သူမ၏ အမျိုးသားအား ရွံရှာလာပြီး သူသည် လုပ်ကိုင်နိုင်စွမ်းမရှိဘဲ လူ့အဖွဲ့အစည်းတွင် သူမ၏ လေးစားမှုအား မရရှိနိုင်ဟု ညည်းညူခဲ့သည်။ သူ့ကို သူမကြည့်လေလေ သူနှင့်အတူနေရသည်မှာ အရှက်ရခြင်းဖြစ်သည်ဟု ခံစားခဲ့ရပြီး အိမ်ထောင်ကို အဆုံးသတ်ဖို့ပင် သူမ စဉ်းစားခဲ့သည်။ သူမသည် အခြားအမျိုးသားအား တွေ့သည့်အခါတွင် သူ့ကဲ့သို့သော ပိုက်ဆံရှိ၊ အရည်အချင်းရှိသောသူသည် သူမ၏ အသင့်တော်ဆုံး လက်တွဲဖော်ဖြစ်သည်၊ သူကဲ့သို့သောလူနှင့် အတူနေထိုင်ရခြင်းအားဖြင့် သူမသည် အရေးပေးခံရမည်။ အောင်မြင်ကျော်ကြားလိမ့်မည်၊ ထိုအရာများရှိမှသာလျှင် သူမသည် ပျော်ရွှင်လိမ့်မည်ဟု ခံစားခဲ့ရသည်။ ထိုအရာတို့ကို ရရှိရန်အတွက် သူမသည် သူမ၏ အမျိုးသားအား စွန့်လွှတ်ရန်၊ သူမ၏ အိမ်ထောင်ကို သစ္စာဖောက်ရန်၊ “ အခြားမိန်းမ” ဖြစ်ရန်နှင့် သူမ၏မာနအား ကျေနပ်စေရန်အတွက် အခြားတစ်ယောက်၏ မိသားစုအား ဖျက်ဆီးရန် စတင် စဉ်းစားလာသည်။ ထို့ကြောင့် သူမသည် ကိုယ်တိုင်သတိမမူမိလိုက်ဘဲ “ ဆငျးရဲနှမျးပါးမှုကို စကျဆုပျခွငျးဖွဈသျောလညျး ပွညျ့တနျဆာပွုခွငျးကို စကျဆုပျခွငျး မဟုတျ” ဆိုသည့် ဆိုးယုတ်သည့် လမး်ကြောင်းနောက်ကို စတင်လိုက်လာခဲ့သည်။ ကိုယ့်အိမ်ထောင်ကို မကျေနပ်ဘဲ ကိုယ်ကျင့်တရားနှင့် ဝတ္တရားတို့ကို ကိုယ့်လိုအင်ဆန္ဒကို ဖြည့်ဆည်းခြင်း၏ နောက်တွင်ထားခဲ့ပြီး ချစ်သူအသစ်များ ရှာဖွေကြသည့် လူများ မည်မျှများပြားသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ တချို့မှာ ကွာရှင်းကြသည်။ ပြန်လည် လက်ထပ်ကြသည်။ နောက်တဖန် ကွာရှင်းကြပြန်သည်။ အိမ်ထောင်ပြုခြင်းသည် ကလေးကစားစရာ ကဲ့သို့ပင်ဖြစ်နေသည်။ အခြားလူများမှာ ကွာရှင်းခြင်း မပြုလုပ်ကြ။ သို့သော်လည်း ချစ်သူရှာဖွေခြင်း၊ မယားငယ်များ ဖြစ်ကြခြင်း၊ ဖောက်ပြန်ကြခြင်းအားဖြင့် “ အိမ်၌ရှိသော အလံနီသည် မကျရှုံး၊ အပြင်မှ အရောင်ရှိသည့် အလံများသည် လေပြေတွင် လှုပ်ခတ်သည်။” ဆိုသည့် ဆိုးယုတ်သည့် လမ်းကြောင်းနောက်ကိုလိုက်သည့် လူများ၏ မရေမတွက်နိုင်သော ဥပမာများ ရှိသည်။ ဤဆိုးယုတ်သည့် စာတန်၏ လမ်းကြောင်းများသည် လူများအား သူတို့၏ ပင်ကိုယ်အရည်အသွေး၊ ဂုဏ်သိက္ခာတို့ကို ဆုံးရှုံးစေပြီး အရှက်နှင့် ကိုယ်ကျင့်တရားကို မေ့လျော့စေသည်။ ကွာရှင်းပြတ်စဲမှုနှုန်းသည် ပိုပို၍ မြင့်မားလာပြီး ကွာရှင်းခြင်းအား အကျင့်စာရိတ္တအားဖြင့် ရှုတ်ချပြီး အထင်အမြင်သေးရမည့်အစား အချစ်အားရှာဖွေရန် ဖက်ရှင်အမျိုးအစားတစ်ခုဖြစ်လာသည်။ လျူမန်သည် သူမသည်လည်း ဤဆိုးယုတ်သည့် စာတန်၏ လမ်းကြောင်းများအားဖြင့် ဖျက်ဆီးခံရခဲ့သည်ဟု စဉ်းစားမိခဲ့သည်။ သူမကိုယ်တိုင်၏ လိုအင်ဆန္ဒကို ရရှိရန်အတွက် နှစ်ပေါင်းများစွာပေါင်းသင်းလာသည့် သူမ၏ အမျိုးသားကို သစ္စာဖောက်ချင်သည်။ သူ့အား ကွာရှင်းပြီး အမြင့်သို့ တက်ချင်သည်။ သို့သော် သူမသည် သူမကိုယ်တိုင်၏ အသိတရားမှ သူမအား ပြစ်တင်ရှုတ်ချမည်ဖြစ်သည့် “ အခြားမိန်းမ” အဖြစ် အထင်အမြင်သေးခံရမှုကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သည်။ သူမ၏ ဝိညာဉ်သည် ငြိမ်းချမ်းမှုကို မည်သည့်အခါမျှ ရှာမတွေ့မည်ကို ကြောက်ရွံ့သည်။ သူမသည် အကြီးအကျယ်ဒုက္ခရောက်လျှက် အကူအညီမဲ့စွာ ရုန်းကန်နေရပြီး သူမကိုယ်သူမ လွတ်မြောက်စေရန်အတွက် လုံးဝ မတတ်နိုင်ဖြစ်နေခဲ့ရသည်။ အလွန်ပြင်းပျသည့်ဝေဒနာပင်ဖြစ်သည်။ ဤသည်ကို သိမြင်ပြီးနောက် လျူမန်သည် ဤဆိုးယုတ်သည့်လမ်းကြောင်းများကို မြင်နိုင်ခြင်းမရှိခဲ့ဘဲ စာတန်အားဖြင့် သွေးဆောင်ခံရခြင်း၊ ဖျက်ဆီးခံရခြင်းတို့ဖြစ်ခဲ့သည်ကို သိမြင်ခဲ့ရသည်။ သူမသည် ကိုယ်ပိုင်အရည်အသွေးနှင့် ဂုဏ်သိက္ခာတို့ဆုံးရှုံးရုံတင်မကဘဲ အခြားမိသားစုတစ်ခုကိုပါ နှောင့်ယှက်ပြီး ဖျက်ဆီးလိမ့်မည်ဖြစ်သည်။ သူမသည် ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားလျှင် သူမ၏မိသားစုနှင့် အခြားမိသားစုများအပေါ် သူမ ပြုလုပ်မည့် ထိခိုက်နစ်နာမှုမှာ တွေးကြည့်၍ပင်မရနိုင်ပေ။ လျူမန်သည် နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့မြင်ရသည်။ “ လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက် ပုန်ကန်သည့် စိတ်သဘောနှင့် သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုလျှက် ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေ များကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အလဟဿ မျှော်လင့်လျှက် ကံကြမ္မာက စီမံသည့်အရာနှင့် ဘုရားသခင်၏ အခွင့်အာဏာနှင့် အချုပ်အခြာ အာဏာတို့ကို ဖယ်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်ပါ။ သူတို့၏လှုပ်ရှားမှုတိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ်အတွင်း နက်ရှိုင်းရာမှာဖြစ်သည့် ဤရုန်းကန်လှုပ်ရှားမှုက နာကျင်စရာကောင်းပါသည်။ နာကျင်မှုက မမေ့နိုင်ပါ။ အချိန်တိုင်း သူ၏ ဘဝကို ဖြုန်းတီးပစ်နေသည်။ ဤ နာကျင်မှုကို မည်သည်က ဖြစ်ပွားစေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော။ သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသလော။ သိသာစွာနှင့်ပင် တစ်ခုမှ မမှန်ကန်ပါ။ တကယ့်အကြောင်းရင်းက လူတွေ ယူဆောင်သည့်လမ်း၊ သူတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတွေ ရွေးချယ်သည့် နည်းလမ်း များ ကြောင့်ဖြစ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူတိုင်း၏ အိမ်ထောင်ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်းဖြစ်သည်ကို လျူမန် နားလည်ခဲ့သည်။ သင်သည် သင်၏ အိမ်ထောင်ကို ကိုယ်ထင်သလို ပြောင်းလဲပြီး သင်ကိုယ်တိုင်၏ အားထုတ်မှုဖြင့် ဘုရားသခင်၏ ပိုင်နိုင်မှုအား ဆန့်ကျင်လျှင် သင်သည် ပို၍ ဒုက္ခခံစားရခြင်းဖြင့်သာ အဆုံးသတ်ရလိမ့်မည်။ သူမသည် သူမ၏ ယောကျာ်းအား ကွာရှင်းပြီး အခြားအမျိုးသားအား လက်ထပ်လျှင် သူမ၏ ဘဝင်စိတ်အား ယာယီအားဖြင့် ကျေနပ်စေလိမ့်မည်၊ သို့သော် သူမသည် ပျော်ရွှင်စွာနေထိုင်ရမည်ဟု အာမမခံနိုင်ပေ ဟူ၍ သူမ တွေးမိသည်။ သူမ၏ သူငယ်ချင်းအချို့အား ကြည့်ကြည့်သည့်အခါတွင် သူတို့၏ လင်ယောကျာ်းများသည် လုပ်နိုင်ကိုင်နိုင်သော်လည်း၊ ပိုက်ဆံရှာနိုင်သော်လည်း၊ ရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်ခံစားမှုကို ပေးပြီး လူအများ၏ လေးစားမှုကို ပေးနိုင်သော်လည်း သူတို့သည် မပျော်ရွှင်ကြပေ။ သူတို့သည် သူတို့၏ လင်ယောကျာ်းများက ဖောက်ပြန်မည်လား သို့မဟုတ် ချစ်သူတစ်ယောက်ရှာမည်လားဆိုသည်ကို တစ်နေကုန် စိတ်ပူနေရသည်။ သူတို့လင်ယောကျာ်းများ၏ နှလုံးသားကို စွဲကိုင်ထားရန်အတွက် သူတို့သည် လှပစွာ ဝတ်ဆင်ပြီး နောက်ယောင်ခံလိုက်ရန် လမ်းကြောင်းများကို ရှာဖွေပြီး သူတို့လင်ယောကျာ်းများ မည်သည့်နေရာတွင်ရှိသည်ကို မေးမြန်းကြသည်။ လင်ယောကျာ်းနှင့် ဇနီးမယားတို့သည် အချင်းချင်း အစဉ် သံသယရှိနေပြီး သတိရှိနေကြရသည်။ ဘဝသည် အလွန်ပင် ပင်ပန်းမောပန်းဖွယ်ရာ ဖြစ်လာသည်။ သို့သော် ယခုအခါ လျူမန်သည် သူမ၏ အိမ်ထောင်ကို မည်သို့ပြုလုပ်ရမည်ကို သိခဲ့သည်။ ဘုရားသခင်၏ ထိန်းချုပ်ကွပ်ကဲမှုနှင့် စီစဉ်မှုအား နာခံရန် သူမ ရွေးချယ်ခဲ့ပြီး ဆိုးယုတ်သည့် လမ်းကြောင်းများနောက်သို့ လိုက်ခြင်းမရှိတော့ပေ။ ရက်အနည်းငယ်အကြာတွင် လျူမန်သည် အခြားအမျိုးသားဖြင့် အဆက်ဖြတ်လိုက်သည်။ သူနှင့် ဆက်နွယ်မှုအား ဖြတ်တောက်လိုက်သည်။ ပင့်ကူအိမ်မှ လွတ်မြောက်ခဲ့ပြီး လုံးဝ အဆက်အသွယ်ဖြတ်ခဲ့သည်။ လျူမန်သည် “ ချမ်းသာသည့် လင်ယောကျာ်းများသည် အောင်မြင်သောဇနီးမယားကို ဖြစ်စေသည်” ဆိုသည့် မှားယွင်းသည့် အမြင်ကို စွန့်လွှတ်ပြီး သူမ၏ အိမ်ထောင်အပေါ် ဘုရားသခင်၏ ထိန်းချုပ်ကွပ်ကဲမှုနှင့် စီမံမှုအားနာခံရန် ဆုံးဖြတ်လိုက်သည့်အခါတွင် သူမသည် သူမ၏လင်ယောကျာ်းသည် ကောင်းမွန်သည့်အချက်များစွာရှိသည်ကို တဖြည်းဖြည်း တွေ့မြင်လာခဲ့သည်။ သူသည် ပိုက်ဆံအများကြီး မရှာနိုင်သော်လည်း ရိုးသားသည်။ ထို့အပြင် သူသည် စကားပြောခြင်းကို အလွန်နှစ်သက်ခြင်းမရှိသော်လည်း ကြင်နာသည်။ယဉ်ကျေးသည်။ သူတို့၏ကလေးအပေါ် စိတ်ရှည်သည်။ သူမနှင့် သူမ၏ မိဘများအား ကောင်းမွန်စွာ ဆက်ဆံသည်။ သူမသည် အရင်ကကဲ့သို့ သူမ၏ အမျိုးသားအား မကြိုက်နှစ်သက်ခြင်းမရှိတော့ပေ။ လျူမန်သည် သူ၏လင်ယောကျာ်းအတွက် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို သက်သေခံခဲ့ပြီး သူသည် လက်ခံခဲ့သည်။ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်မှုကြောင့် လျူမန်နှင့် သူမ၏ အမျိုးသားတို့သည် တူညီသည့် ဘာသာစကားတစ်ခုရှိခဲ့သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မကြာခဏဖတ်ပြီး သူတို့၏ စိတ်နှလုံးများကို အချင်းချင်း ဖွင့်ဟကြသည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ကြသည်။ အကြောင်းကိစ္စများ ဖြစ်လာသည့်အခါတွင် သူတို့နှစ်ဦးစလုံးသည် သူတို့ကိုယ်သူတို့ ပြန်လည်ဆင်ခြင်ကြပြီး သူတို့၏ လက်တွဲဖော်အပေါ် စွပ်စွဲသည့် မျက်လုံးများဖြင့် မည်သည့်အခါမျှ မကြည့်ရှုကြပေ။ ထို့အပြင် သူတို့သည် တစ်ယောက်အပေါ်တစ်ယောက် နားလည်ပြီး ခွင့်လွှတ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ဆက်ဆံရေးသည် ပို၍ပင် ညီညွတ်မျှတလာခဲ့သည်။ ဘဝသည် သာမန်ပင်ဖြစ်သော်လည်း မိသားစုသည် အဆင်ပြေလာသည်။ သမ္မာတရားအား အတူတကွ လိုက်စားကြပြီး အသက်တာတွင် မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသည်။ ဤအချိန်သည် လျူမန်မှ စစ်မှန်သည့် ပျော်ရွှင်မှုဆိုသည်မှာ မည်သို့ဖြစ်သနည်းဆိုသည်ကို သိမြင်လာသည့် အချိန်ပင်ဖြစ်သည်။ မည်မျှများပြားသည့် ပိုက်ဆံ သို့မဟုတ် ရုတ်ဝတ္ထုပစ္စည်း ချမ်းသာကြွယ်ဝမှုဖြစ်ပါစေ ဤအရာဖြင့် မလဲလှယ်နိုင်ပေ။ သူမသည် သူမအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်အား သူမ၏ နှလုံးသားအတွင်းထဲမှ ကျေးဇူးတင်မိသည်။ ဘုရားသခင်သည် သူမအား မှားယွင်းသည့်လမ်းမှ မကယ်တင်ခဲ့လျှင် သူမသည် မည်မျှကျရှုံးသွားနိုင်သည်ကို မသိသလို ယခုအချိန်တွင် သူမသည် ပျော်ရွှင်သည့်ဘဝကို ရရှိမည် မဟုတ်ပေ။ ယခင်အချိန်က သူမသည် သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော်များနှင့် ရင်ဆိုင်ရလျှင် လျူမန်သည် သူမ၏ အိမ်ထောင်အား မကျေမနပ်ဖြစ်ပြီး၊ သူမ၏ လင်ယောကျာ်းကြောင့် သူမသည် အခြားလူများထက် နိမ့်ကျသည်ဟု ခံစားရပြီး မကြာခဏပင် သူမ၏ အတန်းဖော်များနှင့် ပါတီများ သို့မဟုတ် ညစာစားပွဲများသို့ မသွားလိုသည်အထိ ဖြစ်ခဲ့သည်။ ယခုအခါတွင် “ ချမ်းသာသည့် လင်ယောကျာ်းများသည် အောင်မြင်သည့် ဇနီးမယားများကိုဖြစ်စေသည်။” ဆိုသည့် ဆိုးဝါးသည့်အမြင်၏ ကန့်သတ်မှုနှင့်ကျေးကျွန်အဖြစ် ဒုက္ခခံစားရခြင်း မဖြစ်တော့ပေ။ ဤသို့မဟုတ်ဘဲ သူမသည် သူမ၏ ဦးခေါင်းအား ဂုဏ်ယူစွာဖြင့် မြှင့်တင်လိုက်ပြီး “ ကျွန်မမှာ သာယာပျော်ရွှင်တဲ့ ဘဝရှိတယ်။ ကျွန်မရဲ့ အိမ်ထောင်နဲ့ပတ်သက်ပြီး ကျွန်မ အရမ်းပျော်တယ်။” ဟု ပြောဆိုနိုင်ခဲ့သည်။ သူမ၏ အတွင်း နက်ရှိုင်းသည့်နေရာမှ လာသည့် ခံစားချက်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ရေးသားထားသည့်အတိုင်းပင်ဖြစ်သည်။ “ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက အလွန်ကောင်းသည့် အကျိုးအမြတ် များ၊ အလွန်ကောင်းသည့် ကာကွယ်မှု များ ဆိုတာကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက တဖြည်းဖြည်း ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်သွားသလို သင်ခံစားရမည်။” သတိမပြုမိလိုက်ဘဲ လျူမန်သည် သူမ၏ အိမ်တံခါးဝသို့ ရောက်ရှိလာပြီဖြစ်သည်။ သူမ၏ အတိတ်မှဖြစ်ရပ်များအား ဖယ်ရှားလိုက်ပြီး တံခါးကိုဖွင့်သည်။ ပစ္စည်းများအား အောက်သို့ချသည်။ သူမ၏ အင်္ကျီလက်ကို ခေါက်လိုက်ပြီး ညစာကို စတင်ပြုလုပ်သည်။ သူမသည် ညစာကိုပြီးအောင်ချက်၍ သူ အိမ်ပြန်လာသည့်အချိန်ကို စောင့်ကာ သူမ၏ အတွေ့အကြုံနှင့် သူမယနေ့ သင်ယူခဲ့ရသည့်အရာကို သူနှင့်အတူ မိတ်သဟာယပြုလုပ်ချင်သည်။ သူမ၏ မျက်နှာတွင် တောက်ပပြီး ပျော်ရွှင်သည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်ခဲ့သည်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ်
ကျွန်မသည် ဆုတောင်းခြင်း၏ အရေးပါမှု နှင့် ဘုရားသခင် နားညောင်းသည့် ဆုတောင်းခြင်း အမျိုးအစားများကို နားလည်သဘောပေါက်ခဲ့သည်
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|