ဝိညာဉ်ရေးရာ နှီးနှောရေးမှ ညီအစ်ကိုမောင်နှမများ။ မင်္ဂလာပါ.. ကျွန်မသည် ယခုဆိုလျှင် ဘဝလက်တွဲဖော်ရှာ၍ရသည့် အရွယ်ရောက်လာပြီ ဖြစ်သည့်အပြင်၊ ကျွန်မ၏ မယုံကြည်သူမိသားစုကလည်း ကျွန်မကို ချစ်သူရှာရန် တွန်းနေကြသည်။ သို့သော်လည်း ကျွန်မသည် ပျော်ရွှင်ရန်အတွက် မည်သို့သော ဘဝလက်တွဲဖော်မျိုးကို ရှာဖွေသင့်ကြောင်း မသိပါ။ အိမ်ထောင်ဖက် ရှာသည့်အခါတွင်၊ ကျွန်မ၏ မယုံကြည်သူ မိတ်ဆွေများအားလုံးက “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” သို့မဟုတ် “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” ကို ရွေးချယ်စေလိုကြသော်လည်း သူတို့အကြားတွင် မည်သည့် စစ်မှန်သော ချစ်ခင်ကြင်နာမှုကိုမျှ မတွေ့ရသည့်အပြင်၊ ထိုအစား သူတို့အချင်းချင်း ထိခိုက်နစ်နာမှု များစွာဖြစ်စေသည်ကို ကျွန်မ တွေ့ခဲ့ရပါသည်။ ခရစ်ယာန်တစ်ယောက် အနေဖြင့် ကျွန်မတို့သည် အချစ်ရေးနှင့် အိမ်ထောင်ရေး ကို မည်သို့ချဉ်းကပ်သင့်ကြောင်း ကျွန်မနားလည်လိုပါသည်။ ခင်မင်လေးစားစွာဖြင့် ဘိုင်ရွှဲ ညီမဘိုင်ရွှဲ
ညီမစာကို မြင်သည့်အခါတွင် ကျွန်မအတွက် ခံစားချက်များစွာ ပေါ်ထွက်လာခဲ့ပါသည်။ အချစ်ရေးနှင့် အိမ်ထောင်ရေး ကိစ္စသည် ကျွန်မတို့ အသက်တာများတွင် အဓိကအရေးကိစ္စများထဲမှ တစ်ခုဖြစ်သကဲ့သို့၊ အရေးကြီးသည့် ဆုံမှတ်တစ်ခုလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤအသက်တာသည် နာကျင်ဖွယ် သို့မဟုတ် ဝမ်းမြောက်ကြည်နူးဖွယ် ဖြစ်မဖြစ်ကို ကျွန်မတို့ ရွေးချယ်သည့် ဘဝလက်တွဲဖော်က သြဇာလွှမ်းမိုးနိုင်ပါသည်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်မီက ကျွန်မသည်လည်း ကျွန်မပတ်ဝန်းကျင်မှ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များ တို့ဖြင့် လောကတွင် ခေတ်စားနေသည့် အရာများကို လိုက်လံရှာဖွေခဲ့ပြီး၊ ခမ်းနားကြီးကျယ်သည့် မင်္ဂလာဆောင် တစ်ခု နှင့် “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” သို့မဟုတ် “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” တစ်ယောက်ကို ကျွန်မ၏ အိမ်ထောင်ဖက် အနေနှင့် ရွေးချယ်ရန် စံနှုန်းအဖြစ် သတ်မှတ်ထားခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်ပိုင်းအထိ သမ္မာတရား၏ ဤအခြေခံမူ ကို နားလည်သဘောပေါက်ခဲ့ခြင်း မရှိခဲ့ပါ။ ကျွန်မသည် အချစ်ရေးနှင့် အိမ်ထောင်ရေးတို့ကို အနည်းငယ် နားလည်မှု ရရှိလာကာ၊ ထို့နောက်တွင် အချစ်ရေးနှင့် အိမ်ထောင်ရေးတွင် မည်သို့သော ရွေးချယ်မှုများ ပြုရမည်ကို သိခဲ့ပါသည်။ အောက်ဖော်ပြပါ အကြောင်းအရာသည် ကျွန်မအနေဖြင့် “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” ဆိုသည့် မိမိစိတ်ကြိုက် အတွေ့ဆုံးကို ရရှိခဲ့ပြီးနောက်ပိုင်း ကျွန်မ အိမ်ထောင်ရေးတွင် တွေ့ကြုံခံစားခဲ့ရသည့် အကြောင်းအရာဖြစ်ပါသည်။ ညီမအနေဖြင့် အချစ်ရေးနှင့် အိမ်ထောင်ရေး အတွက် မှန်ကန်သည့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ပြီး ညီမ၏အနာဂတ်တွင် လှပသည့် အစပြုခြင်း နှင့် ပျော်ရွှင်သော အသက်တာကို ဖန်တီးနိုင်ရန် ဤအကြောင်းအရာသည် ညီမအတွက် အကူအညီ နှင့် စိတ်ကူးစိတ်သန်းအချို့ကို ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ ကျွန်မ အိမ်ထောင်ပြုရန် အရွယ်ရောက်လာသည်နှင့် တပြိုင်နက် ကျွန်မသည် မိမိကိုယ်ပိုင် “ မြင်းဖြူတစ်ကောင်ပေါ်မှ ဆွဲဆောင်မှုရှိသော မင်းသားလေး” ကို တွေ့ဆုံရန် မျှော်လင့်ခဲ့ပြီး၊ မိတ်ဆွေများနှင့် မိသားစုတို့၏ ကူညီအောင်သွယ်လုပ်ပေးခြင်းဖြင့် ကျွန်မ၏ စိတ်ကြိုက်အတွေ့ဆုံး “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” စံနှုန်းနှင့် ပြည့်စုံသည့် ယောက်ျားတစ်ယောက်ကို တွေ့ခဲ့ပါသည်။ သူသည် အရပ်ရှည်၊ ကြည့်ကောင်းပြီး ငွေရှာလည်းကောင်းသည့်အပြင် ချမ်းသာသည့် မိသားစုမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ကျွန်မစိတ်ထဲမှ ဝင့်ဝါခြင်းသည် အတော်အတန်ပင် စိတ်ကျေနပ်မှုကို ရပြီး၊ တစ်ချိန်တည်းမှာပင် ကျွန်မတို့ နှစ်ယောက် အတူ အိုအောင်မင်းအောင် ပေါင်းသင်းရဖို့၊ ကျွန်မတို့ ကျန်သည့် ရက်များအတွက် အချင်းချင်း ချစ်ခင်မြတ်နိုးကြဖို့အတွက် မျှော်လင့်ခဲ့ပါသည်။ သို့သော်လည်း ငါးနှစ်ထက်နည်းသည့် အိမ်ထောင်ရေးသက်တမ်း နောက်တွင် သူက ကျွန်မကိုငြီးငွေ့လာပြီး၊ အရာအားလုံးကို အလွန်အမင်းဝေဖန်သုံးသပ်လာခဲ့သည်။ ကျွန်မ စားသမျှ နှင့် ဝတ်သမျှ အရာအားလုံးတို့သည် သူကိုယ်တိုင်နှစ်သက်ရာများသာ ဖြစ်ရသည့်အပြင်၊ ကျွန်မတို့ မိသားစုနောက်ခံအခြေအနေများ အကြားမှ ကွာဟချက်ကြောင့် သူ့မိသားစုအနားတွင် ရှိသည့်အချိန်တွင် ကျွန်မသည် နိမ့်ကျသူတစ်ယောက်အဖြစ်သာ အမြင်ခံခဲ့ရပါသည်။ ကျွန်မသည် သူတို့၏ ခံစားချက်ဖော်ပြမှုများကို မကြာခဏ စောင့်ကြည့် လေ့လာနေခဲ့ပြီး၊ သူ မကြိုက်သည့်အရာတစ်ခုကို ကျွန်မ လုပ်မိခဲ့ပါက၊ သူက စိတ်ပျက်သည့် မျက်နှာလုပ်ကာ၊ ကျွန်မကို အသိအမှတ်ပြုခြင်း မရှိတော့ပဲနှင့် ကျွန်မကို လျစ်လျူရှုထားပါတော့သည်။ထိုအရာများအားလုံးကို ကျွန်မ သည်းခံခဲ့သော်လည်း သူက ကျွန်မ ခြေထောက်များ သိပ်မရှည်ကြောင်း၊ ကျွန်မ သိပ်မပိန်ကြောင်း၊ နှင့် ကျွန်မမှာ ကောင်းမွန်သည့် အသားအရည်မရှိကြောင်း ညဉ်းတွား အပြစ်တင်ခဲ့ ပါသည်။ သူက ကျွန်မကို သစ္စာဖောက်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်းကို၊ ကျွန်မ နောက်ပိုင်းကျမှသာ နားလည်ခဲ့ပါသည်။ ကျွန်မအတွက် အလွန် နာကျင်ထိခိုက်ဖွယ်ကောင်းသည့်အရာမှာ သူသည် စံတင်လောက်သည် ဘုရားမဲ့ဝါဒီ တစ်ဦးဖြစ်ပြီး၊ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် သူက ကျွန်မ၏ ယုံကြည်မှုကို ဖိနှိပ်ကာ ဟန့်တားပိတ်ပင် ခြင်း ဖြစ်ပါသည်။ သူက ကျွန်မနောက်ကိုလိုက်ခဲ့ပြီး၊ ကျွန်မကို စုဝေးပွဲများကို သွားခွင့်မပြုသည့်အပြင်၊ ကျွန်မကို လက်ဖြင့်ပင်ရွယ်ခဲ့ပါသည်။ ကျွန်မတို့ နှစ်ယောက်၏ တူနှစ်ကိုယ်ဘဝလေးထဲတွင် စိတ်တူကိုယ်တူ ပြောရန် စကားတစ်ခု ကင်းမဲ့ခဲ့ပြီ ဖြစ်သည်။ ကျွန်မတို့ အိမ်ထောင်ရေးသည် အမည်ခံသာရှိပြီး၊ ကျွန်မတို့နှစ်ဦးသည် အိပ်ရာတစ်ခုတည်းတွင် အတူအိပ်သော သူစိမ်းများသာ ဖြစ်သည့်အပြင်၊ ကျွန်မသည် မျက်ရည်နှင့်မျက်ခွက် ဖြစ်ခဲ့ရပါသည်။ ထိုအိမ်ထောင်ရေးသည် ထိုကဲ့သို့သော ဒုက္ခဆင်းရဲမျိုးကြားတွင် ပြီးဆုံးခဲ့ရပါသည်။… ဘုရားသခင်က ကျွန်မကို ကောင်းကြီးမင်္ဂလာပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်းဖြင့် ကျွန်မသည် သမ္မာတရား၏ ဤအစိတ်အပိုင်းကို နားလည်သဘောပေါက်ခဲ့ပြီး၊ ကျွန်မ၏ နာကျင်မှု အခြေအမြစ်ကိုလည်း တွေ့ရှိခဲ့ပါသည်။ ကျွန်မသည် ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ရှိခဲ့သည်။ “ ဤလူမှုလားရာများအားလုံးသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် မကောင်းသောလွှမ်းမိုးမှုကို သယ်ဆောင်သောကြောင့်၊ လူသားအား အဆက်မပြတ် ဆုတ်ယုတ်စေကာ၊ ၎င်းတို့ထံတွင် အသိတရား၊ လူ့သဘာဝနှင့် ဆင်ခြင်မှုတို့ကို ထပ်တလဲလဲ ဆုံးရှုံးစေလေသည်။ ထို့အတူ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ၎င်းတို့၏ စရိုက်လက္ခဏာအရည်အသွေးကိုလည်း ပို၍ပို၍ နိမ့်ကျစေကာ၊ ယနေ့ လူအများစုတွင် ဂုဏ်သိက္ခာ၊ စာနာမှု၊ အသိတရားနှင့် ဆင်ခြင်မှုဟူသည် မရှိကြတော့ဟု ပြောနိုင်လောက်သော အတိုင်းအတာဖြစ်သည်။ ထိုသို့ဆိုလျှင် ဤလူမှုလားရာများသည် အဘယ်သို့နည်း။ သင်သည် ဤလူမှုလားရာများကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ရေပန်းစားမှုတစ်ခုသည် လေကဲ့သို့ ဖြတ်သန်းတိုက်ခတ်သည့်အခါ၊ အရေအတွက်အနည်းငယ်သော လူတို့သာ ခေတ်ရေစီးကို ဦးဆောင်သူများ ဖြစ်ကောင်းဖြစ်လာလိမ့်မည်။ ၎င်းတို့သည် ဤအရာတစ်ခုကို စတင်၍ လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဤအယူအဆတစ်ခု သို့မဟုတ် ဤရှုထောင့်တစ်ခုကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား ၎င်းတို့၏ သတိမမူမိခြင်းအလယ်တွင်၊ ဤခေတ်စားမှုမျိုးကို အမှုမဲ့အမှတ်မဲ့ဖြင့် ဆန္ဒအလျောက်မဟုတ်ဘဲ လက်ခံကာ၊ ယင်းခေတ်စားမှုတွင် နစ်မြုပ်ထိန်းချုပ် ခံရသည်အထိ ဖြစ်အောင်၊ ယင်းခေတ်စားမှု၏ ကူးစက်ခြင်း၊ စုပ်ယူခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ထပ်တလဲလဲ ခံကြရဦးမည်ဖြစ်သည်။ ကောင်းမွန်သော ကိုယ်နှင့် စိတ် မရှိသော၊ သမ္မာတရားဆိုသည်ကို လုံးဝမသိသော၊ အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာတို့ကို မခွဲခြားတတ်သော လူသားအဖို့၊ ဤလူမှုလားရာများသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် ၎င်းတို့အားလုံးအား စာတန်ထံမှလာသော ဘဝအမြင်နှင့် တန်ဖိုးများဖြစ်သည့် ဤလားရာများကို စိတ်အားထက်သန်စွာ လက်ခံစေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘဝအား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို စာတန် ပြောသည့်အတိုင်း လက်ခံသကဲ့သို့၊ စာတန်က ၎င်းတို့ကို “ ပေးအပ်“ သော ရှင်သန်နေထိုင်နည်းကိုလည်း လက်ခံကြ၏။ ၎င်းတို့သည် ခွန်အား မရှိကြ၊ စွမ်းပကားလည်း မရှိကြသည့်အပြင်၊ ခုခံရန် အသိစိတ်ဆိုသည်မှာကား ပို၍ပင် မရှိကြပေ။” လက်ရှိ ဆိုးညစ်သော ခေတ်စားမှုများ အားလုံးသည် ငွေ၊ အာဏာနှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်းပေါ်တွင်သာ အာရုံစိုက်ထားပြီး၊ လူများစွာတို့ကို သူတို့ဘဝလက်တွဲဖော်အတွက် “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” သို့မဟုတ် “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” ဆိုသည့် စံနှုန်းများ သတ်မှတ်ရန် တွန်းအားပေးခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည် သဘောပေါက်ခဲ့ရပါသည်။ ထို့ထက်ပိုပြီးလျှင်၊ ရုပ်မြင်သံကြားတွင် ပြသနေသည့် လူများနှစ်သက်ကြသည့် အလွမ်းအဆွေးဇတ်လမ်း နှင့် လူငယ်ကြိုက် အလွမ်းအဆွေးဇတ်လမ်းများ တစ်ခုမကျန်တို့သည် ထိုသို့သော အတွေးအခေါ်များကို ဖော်ထုတ်ပြီး၊ လူများကို အပြင်ပန်းရုပ်ရည်အသွင်အပြင်ကို ဂရုစိုက်စေရန် နှင့် ငွေနောက်လိုက်ရန် တို့အတွက် ဆွဲခေါ်နေပါသည်။ အမည်ခံ “ အချစ်ရေး” နှင့် “ အိမ်ထောင်ရေး” တို့သည် လောဘအနံအသက်များ စိမ့်ဝင်ဖုံးလွှမ်းနေပြီး၊ အပေးအယူများနှင့် အကျိုးခံစားခွင့်များဖြင့် ပြည့်လျှံနေပါသည်။ ထိုအိမ်ထောင်ရေးများသည် အစောပိုင်းကတည်းက အထူးတလည် ပုပ်ပွနေပြီးဖြစ်သည်။ ကျွန်မသည် ဆိုးညစ်သောခေတ်စားမှုများ ဖြစ်သည့် “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” ဆိုသည့် စံနှုန်းကို ကျွန်မအိမ်ထောင်ရေးတွင် လိုက်လံရှာဖွေရမည့် ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ကာ၊ ကြွယ်ဝမှု နှင့် ကိုယ်ပိုင်အကျိုးခံစားခွင့်များဖြင့် ယစ်မူးလာခဲ့သောကြောင့် ကျွန်မ အိမ်ထောင်ရေးသည် ကတိုက်ကရိုက်ပင် အဆုံးသတ်ခဲ့ရသည်။ ကျွန်မ၏ တိုတောင်းလှသည့် ဘဝင်မြင့်စိတ်ကို ကျေနပ်အားရခဲ့သော်လည်း၊ အိမ်ထောင်ကျပြီးနောက် ကျွန်မတို့ စံနှုန်းများ ကွဲပြားသည့်အပြင် ကျွန်မတို့၏ အကျင့်များ၊ နှစ်သက်ရာများ နှင့် လိုက်စားမှုများတို့သည် အလွန်အမင်း ကွဲပြားလှသည့် အားလျော်စွာ၊ သင့်မြတ်အောင် နေထိုင်ရသည်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်ဖွယ် ကောင်းလှပါသည်။ ပြီးနောက် ကျွန်မသည် ကျွန်မခင်ပွန်းသတ်မှတ်ထားသော “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” ဆိုသည့် စံချိန် အတိုင်း မပြည့်မှီသည့် အားလျော်စွာ၊ သူက ကျွန်မကို အမှန်တကယ်ပင် အထင်သေးခဲ့ပါသည်။ဆိုလိုသည်မှာ ကျွန်မတို့၏ အိမ်ထောင်ကျပြီးနောက်ပိုင်း ဘဝသည် မပျော်ရွှင်ရုံသာ မက၊ မယုံနိုင်လောက်အောင် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။ စာတန်သည် ဤဆိုးညစ်သော ခေတ်စားမှုများကို အသုံးပြုကာ ပျော်ရွှင်ဖွယ်ဖြစ်ရမည့် အိမ်ထောင်ရေးတစ်ခုကို အပိုဆောင်းသည့် အနေအထားမျိုးစုံဖြင့် အပေးအယူတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ကာ၊ အခြားလူတစ်ယောက်သည် သူတို့၏ ဆန္ဒများကို မဖြည့်ဆည်းနိုင်သည်နှင့် တပြိုင်နက် သူတို့၏ ပေါင်းသင်းဆက်ဆံရေးသည်လည်း အလုံးစုံ ပြိုကွဲပြီး၊ သူတို့အိမ်ထောင်ရေး၏ နေ့ရက်များသည် အနည်းငယ်သာကျန်ရှိပါတော့သည်။ ဤသည်မှာ စာတန်၏ လူသားမျိုးနွယ်ကိုဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ အဆုံးသတ်ပင် ဖြစ်ပါသည်။ ဤအခက်အခဲ အတားအဆီးများနှင့် အရေးနိမ့်ခြင်းတို့ကြောင့်၊ ကျွန်မသည် အိမ်ထောင်ရေး၌ ကျွန်မ၏ ဆိုးယုတ်သောရှုထောင့် အပေါ် လုံးဝ မမှီခိုတော့ခြင်း၊ သို့မဟုတ် ဘဝလက်တွဲဖော် ရှာဖွေသည့်အခါတွင် “ အရပ်ရှည်၊ ချမ်းသာပြီး ခန့်ညားသူ” သို့မဟုတ် “ အသားဖြူဖြူ၊ ချမ်းသာပြီး ချောမောလှပသူ” ဆိုသည့် လောက၏ ခေတ်စားမှုများကို ယူကာ မိမိစံနှုန်းအဖြစ် လိုက်သတ်မှတ်ခြင်း မရှိတော့ပါ။ ထိုအစား ကျွန်မသည် ၎င်းအတွက် သမ္မာတရား၏ အခြေခံမူအတိုင်း ဆင်ခြင်သုံးသပ်ကာ၊ ချဉ်းကပ်ခဲ့ပါသည်။ ထို့နောက်တွင် ကျွန်မသည် အသက်တာအတွင်း ဝင်ရောက်ခြင်းအကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင် ကို တွေ့မြင်ခဲ့ပြီး ပြောပါဦး၊ ဘဝလက်တွဲဖော်ရှာတဲ့အခါ ဘယ်ဟာက အရေးအကြီးဆုံး စဉ်းစားဆင်ခြင်မှုတစ်ခု ဖြစ်သလဲ။ အရေးအကြီးဆုံး စဉ်းစားဆင်ခြင်မှု ကတော့ သူတို့ ဘယ်လမ်းကြောင်းလျှောက်လဲ ဆိုတာနဲ့ သူတို့ ဘယ်လိုလူမျိုးလဲဆိုတာပါပဲ။ ညီမအနေနဲ့ သူတို့နဲ့ မတူတဲ့ လမ်းကြောင်း လျှောက်နေရင်၊ ညီမ ကျန်တဲ့ တစ်ဘဝလုံး အိပ်ရာတစ်ခုတည်း အိပ်ပေမဲ့ မတူတဲ့ အိပ်မက်တွေ မက်နေရလိမ့်မယ်။ အဲဒါဆိုရင် ပြောလို့ရမဲ့ ပျော်ရွှင်မှု ဆိုတာရော ရှိပါဦးမလား။ တူညီတဲ့ ဘာသာစကားတစ်ခု ပြောဖို့မရှိဘူးဆိုရင်၊ ညီမလည်း ပျော်ရမှာ မဟုတ်ဘူး။ သမ္မာတရားကို ရှာတဲ့ ညီမတစ်ယောက်နဲ့ ချမ်းသာမှုလိုက်တဲ့ သူယောက်ျားတို့ ရှိတယ် ဆိုကြပါစို့။ သမ္မာတရားကို ရှာဖွေတဲ့ သူတစ်ယောက်က ကြွယ်ဝမှုနောက်ကို လိုက်တဲ့ သူတစ်ယောက်နဲ့ သူတို့ဘဝမှာ အတူ အသက်ရှင်နေထိုင်နိုင်မလား။ သူတို့မှာ တူညီတဲ့ ဘာသာစကားတစ်ခု ပြောစရာ ရှိကြလား။ ယောက်ျားက အိမ်ပြန်လာတဲ့အခါမှာ သူက “ ငါဒီနေ့ ချမ်းသာဖို့နည်းလမ်းတစ်ခုတွေ့ခဲ့တယ်” လို့ပြောပြီး၊ အဲဒီညီမကတော့ “ ကျွန်မ ဒီနေ့ သမ္မာတရားကို နည်းနည်းပိုနားလည်လာတယ်” လို့ပြောတယ်။ ညီမတွေ့လား။ ဒီစကားတွေ သူတို့ပြောတာနဲ့တပြိုင်နက် သူတို့က လမ်းကြောင်းတစ်ခုတည်း လျှောက်နေကြတာ မဟုတ်တာကြောင့် သူတို့စိတ်တွေက လမ်းကွဲနေပြီးဖြစ်တယ်။ဒါကြောင့် ဘဝလက်တွဲဖော် ရွေးတဲ့အခါမှာ ဘာကို ပထမဆုံးရွေးချယ်သင့်လဲ။ ကိုယ့်စိတ်ကြိုက်အဖြစ်ဆုံးအရာတွေ နဲ့ ယုံကြည်မှုတွေကို မျှဝေခံစားနိုင်တဲ့ လူတစ်ယောက်ကို ရွေးချယ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို ကိုယ့်စိတ်ကြိုက်အဖြစ်ဆုံးအရာတွေ နဲ့ ယုံကြည်မှုတွေကို မျှဝေခံစားခြင်း အခြေခံအုတ်မြစ်ပေါ်မှာ တခြားဘာကို ရွေးချယ်သင့်သေးလဲ။ ညီမနဲ့ ဆင်တူရိုးမှား လူ့သဘာဝရှိတဲ့ သူတစ်ယောက်ကို ရွေးချယ်ပါ။ ညီမက လူ့သဘာဝကောင်းရှိပြီး ညီမရွေးချယ်တဲ့သူက လူ့သဘာဝဆိုးတဲ့ လူတစ်ယောက်ဆိုရင် ညီမ အနာဂတ်မှာ အသေအချာကို ငြင်းခုံမှုတွေ နဲ့ ကွာခြားချက်တွေ အများကြီး ရှိလာလိမ့်မယ်။ညီမ လူ့သဘာဝက အဲဒီလောက် မကောင်းပဲနဲ့၊ ညီမရွေးချယ်တဲ့ သူရဲ့ လူ့သဘာဝကကောင်းနေတယ်ဆိုရင်၊ သူတို့က ညီမအတွက် အကျိုးဖြစ်ထွန်းစေပြီးတော့၊ ညီမကိုလည်း နားလည်ပေးနိုင်လိမ့်မယ်။ ဒါက အဓိကသော့ချက်ဖြစ်ပြီးတော့၊ ညီမအနေနဲ့ ဒီရှုထောင့်တွေအားလုံးကို ဆင်ခြင်တွေးတောသင့်တယ်။ ညီမအတွက် လူတစ်ယောက်က အဆုံးသတ်မှာ သင့်တော်ခြင်း ရှိမရှိ ဆိုတာအတွက်ကတော့၊ ညီမအနေနဲ့ ဘုရားသခင်ကို ဆုတောင်းရမယ်။ အချိန်ကြာကြာဆုတောင်း၊ အဲဒီနောက်မှာ ပိတ်ပင်ဟန့်တားခြင်း တစ်စုံတစ်ရာ မတွေ့ရတဲ့အပြင်၊ အရမ်းလည်း ငြိမ်သက်မှုကို ခံစားရပြီး၊ ဆုတောင်းခြင်းနဲ့ ရှာဖွေခြင်းတို့ကနေ အရာအားလုံးကို ချောမွေ့ပြီး၊ အခက်အခဲမရှိဘူးဆိုရင်တော့၊ ဒီအိမ်ထောင်ရေးက ကောင်းမွန်တဲ့ ရှေ့သွားနောက်လိုက်ညီမှုတစ်ခုဖြစ်တယ်လို့ ပြနေတာ ဖြစ်တယ်။ အဲဒီနောက်မှာ အဲဒီအိမ်ထောင်ရေးကို အတည်ပြုပေးဖို့ ညီမရဲ့ ညီအစ်ကိုမောင်နှမတွေကို တောင်းဆိုပါ။ ပြီးတော့ လူတိုင်းက “ ညီမတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းကို လိုက်ဖက်ညီပါတယ်” လို့ပြောတယ်ဆိုရင်၊ သူတို့အားလုံးက အဲဒီအိမ်ထောင်ကို သင့်တော်တဲ့ အိမ်ထောင်တစ်ခုလို့ ခံစားရလို့ဖြစ်တယ်၊ ဒါဆိုရင် အဲဒါကလည်း အတည်ပြုပြီးသား ဖြစ်သွားပြီ … တွေ့ပြီလား၊ ဘုရားသခင်က ကျွန်မတို့ကို ဝိညာဉ်၌ ငြိမ်သက်မှု၊ လက်ခံကြောင်းပြန်ကြားချက် နဲ့ ချောမွေ့တဲ့လမ်းကြောင်းတစ်ခုတို့ကို ပေးတော်မူပါတယ်။ ဒါက မယုံနိုင်စရာဖြစ်ပြီးတော့ အသက်တာတစ်ခုရဲ့ ကံတရားကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်…” ဟု ပြောခဲ့သည်။ ဘဝလက်တွဲဖော်တစ်ယောက်ကို ရွေးချယ်တဲ့ အခါမှာ ကျွန်မတို့ယုံကြည်မှုကို ဝေမျှခံစားတဲ့ စိတ်တူကိုယ်တူဖြစ်သူတစ်ယောက်ကို ရှာမှသာလျှင် ဘုရားသခင်ရဲ့ အလိုတော်နဲ့ ထပ်တူကျမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ လူနှစ်ယောက်က တူညီတဲ့ ဘာသာစကားရှိပြီး၊ တူညီတဲ့ ပန်းတိုင်ကို လိုက်လံရှာဖွေကြလို့ ဖြစ်တယ်။ သူတို့တွေ အားနည်းပြီး အဖျက်သဘောဆောင်တဲ့အချိန်မှာ သူတို့အချင်းချင်း ကူညီပံ့ပိုးနိုင်ပြီး၊ သူတို့က အခက်အခဲတွေနဲ့ အကျပ်အတည်းတွေကို ကြုံတွေ့ရတဲ့အခါမှာ သူတို့အချင်းချင်း အားပေးကာ နှစ်သိမ့်တယ်၊ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ဘုရားသခင်ကို အတူတကွ မှီခိုကြမှာ ဖြစ်တယ်။ ဒါမျိုးအဖော်ပြုမှု ဆိုတာက ကျွန်မတို့လို ယုံကြည်သူတွေရဲ့ အသက်တာဝင်ရောက်မှုမှာ အကျိုးခံစားခွင့်ဖြစ်ထွန်းစေတယ်။ ဒါက ကျွန်မ အသင်းတော်မိတ်ဆွေတွေထဲက တစ်ယောက်လိုပဲ၊ သူနဲ့ သူယောက်ျားတို့က နှစ်ယောက်လုံး ယုံကြည်သူတွေ ဖြစ်တယ်။ သူတို့က တူညီတဲ့ ဘာသာစကားရှိပြီး၊ နှစ်ယောက်လုံးက နိုးကြားတက်ကြွစွာနဲ့ ဘုရားသခင်အတွက် အမှုတော်ဆောင်ပြီး သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် အသုံးခံကြတဲ့အပြင်၊ ဧဝံဂေလိတရားတော်ကို ဝေငှပြီး ဘုရားသခင်ကို သက်သေခံကြတယ်။ သူတို့နားမလည်တဲ့ သမ္မာတရားကို ကြုံတွေ့ရတဲ့အခါမှာ သူတို့အချင်းချင်း မိတ်သဟာယပြုနိုင်ပြီး၊ အချင်းချင်း အားနည်းမှုတွေကို ဖေးမနိုင်တယ်၊ သူတို့ ခက်ခဲမှုတစ်ခုကို ကြုံတွေ့ရတဲ့ အခါမှာ သူတို့ အချင်းချင်း အားပေး ကူညီ ပံ့ပိုးပေးနိုင်တယ်။ သူတို့ အိမ်တွင်းရေး အပြန်အလှန်ဆက်ဆံမှုမှာလည်း အပြန်အလှန်ကူညီမှုနဲ့ ချစ်ခြင်းကို ဖော်ပြမှာဖြစ်သလို၊ သည်းခံခြင်းနဲ့ ရှောင်ကြဉ်ခြင်းတွေကိုလည်း ဖော်ပြမှာဖြစ်တယ်။ သူတို့ရဲ့ အသက်တာတွေမှာ သူတို့က သခင့်နှုတ်ကပတ်တော်တွေကို သူတို့ လက်တွေ့လုပ်ဆောင်ရမဲ့ အခြေခံမူတွေအဖြစ် မှတ်ယူတယ်။ သူတို့က အိမ်တွင်းရေး ပီတိသုခမှာ အသက်ရှင်နေထိုင်တယ်။ ယောဘရဲ့ ဇနီးအကြောင်း ပြန်တွေးလိုက်ရင်၊ သူက စမ်းသပ်မှုတွေ ကြုံတွေ့ပြီး ၊ ကြီးကြီးမားမား နာကျင်ခံစားနေခဲ့ရတဲ့အချိန်မှာ ဘုရားသခင်ကို မှီခိုဖို့အတွက် သူ့ကို အားပေးအားမြှောက်မပြုတဲ့အပြင်၊ အဲဒီလိုလုပ်ရမဲ့အစား သူက မခံချိမခံသာဖြစ်အောင် “ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။” (ယောဘဝတ္ထု ၂:၉) လို့ပြောတယ်။ ကျွန်မကိုယ်ပိုင် အရေးနိမ့်ခဲ့တဲ့ အိမ်ထောင်ရေးကလည်း ကျွန်မအတွက် အရမ်းကြီးမားတဲ့ သင်ခန်းစာ တစ်ခုဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ရေးအတွက် စိတ်တူကိုယ်တူ ဘဝလက်တွဲဖော် တစ်ယောက်ကို ရှာတာက လုံးဝအရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။ သမ္မာကျမ်းစာထဲမှာ ပြောထားသလိုပဲ “ လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဘော်၍ ခရီးသွားနိုင်သလော။” (အာမုတ်အနာဂတ္တိကျမ်း ၃:၃) လို့ဖြစ်ပါတယ်။ အဖော်တစ်ယောက် ရှာတာမှာ ရှုထောင့်တစ်ခုက တူညီတဲ့ ယုံကြည်မှုနဲ့ စိတ်တူကိုယ်တူ ရှိတာ ပါပဲ။ နောက်တစ်ခုကတော့ ဘုရားသခင်ကို ဆုတောင်းပြီး၊ ဒါကို များများ ရှာဖွေဖို့ ဖြစ်တယ်။ အချိန်တစ်ခုတန်သည်အထိ ဘုရားသခင်ကို ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်ဆီက အတည်ပြုချက် ရှိမရှိကို ကြည့်ပါ။ ညီမနှလုံးသားထဲမှာ ငြိမ်သက်ခြင်းကို ခံစားရရင် အဲဒါက အတည်ပြုချက်ပဲ ဖြစ်တယ်။ ညီမရဲ့ ညီအစ်ကိုမောင်နှမတွေက ဒါက လိုက်ဖက်ညီတယ်လို့ ခံစားရရင်၊ ဒါက ဘုရားသခင်ရဲ့ စီစဉ်မှုတွေက လာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အိမ်ထောင်ရေးမှသာလျှင် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာကို ခံစားရမှာ ဖြစ်ပြီးတော့၊ ပျော်ရွှင်ဖွယ် နေ့ရက်တွေကိုလည်း ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်။ အပေါ်မှာ ပြောသွားတဲ့ မိတ်သဟာယပြုခြင်းက ညီမကို အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ကို လမ်းခရီးပြတဲ့ အလင်းဖြစ်ပြီး ပျော်ရွှင်မှုဆီသွားဖို့ လမ်းညွှန်ဆိုင်းဘုတ် တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဆိုင်ရာ အခြေခံမူတွေအတိုင်း လက်တွေ့လုပ်ဆောင်မှသာလျှင် ကိုယ်တော်ရဲ့ ကောင်းကြီးမင်္ဂလာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းလာမဲ့ ခင်ပွန်းကို ရှာဖွေရှာမှာ ဘုရားသခင်က ညီမကို ကောင်းကြီးမင်္ဂလာပေးပါစေ။ ခင်မင်လေးစားစွာဖြင့် ရှင်းလင်း ဝိညာဉ်ရေးရာ နှီးနှောမှု
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|