ခရစ်ယာန်တစ်ဦး၏အမြင်- ဘုရားသခင့် ချစ်ခြင်းမေတ္တာ၏ အဖော်သဟဲပြုမှုဖြင့်၊ ကျွန်မ၏သားသမီးများ ဖျားနာခြင်းနှင့် ပတ်သက်ပြီး လုံးဝ စိတ်မပူတော့ပါ ဒါချွန်၊ မလေးရှား ကျွန်မသည် ဆေးရုံ၏တံခါးဝ၌ အချိန်ကြာညောင်းသည့်တိုင်အောင် အထဲသို့ ဝင်ရဲခြင်းမရှိပဲ ရပ်နေခဲ့သည်။ အတိတ်၏အဖြစ်အပျက်များသည် ကျွန်မ၏စိတ်ထဲသို့ ဝင်ရောက်ခဲ့ကြပါသည်- ကျွန်မ၏မိဘများနှင့် ယောက်ျားတို့ ဝင်သွားခဲ့ကြပြီး မည်သည့်အခါမှ ပြန်ထွက်လာခြင်းမရှိခဲ့ကြသည်မှာ ဤဆေးရုံပင် ဖြစ်ပါသည်။ ကျွန်မသည် ဆေးရုံ၏ ဝင်ပေါက်၌ အချိန်အတန်ကြာအောင် တွန့်ဆုတ်နေခဲ့ပါသည်၊ ထို့အပြင် ကျွန်မသည် အလွန်ကြောက်ရွံ့နေခဲ့ပါသည်။ ကျွန်မသည် လျှောက်ဝင်သွားရန် သတ္တိမရှိခဲ့ပါ။ အကယ်၍ ကျွန်မ၏သားသာ … ကျွန်မသည် ၎င်းကို ဆက်လက်၍ မတွေးဝံ့ခဲ့ပါ။ ဘုရားသခင်၏ပြန်ကြွလာခြင်းအား ဝမ်းမြောက်စွာ ကြိုဆိုခြင်း
ကျွန်မသည် ကလေးတစ်ယောက်အမေ ခရစ်ယာန်တစ်ယောက်ဖြစ်ပါသည်။၂၀၁၇ ဂျွန်လ၌ အစ်မတစ်ယောက်သည် ကျွန်မအား ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားအကြောင်း ပြောခဲ့ပါသည်။ ဘုရားသခင်၏ နူတ်ကပတ်တော်များအား ဖတ်ခြင်းမှ တစ်ဆင့်၊ ကျွန်မသည် စာတန်ကြောင့် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်နှင့် ဘုရားသခင်၏ လူသားမျိုးနွယ်အားကယ်တင်ရန် နှစ်ပေါင်းခြောက်ထောင်ကျော် စီမံခန့်ခွဲမှု အစီအစဉ်အား လေ့လာခဲ့ရပါသည်၊ ထို့အပြင် ကျွန်မသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်သည့်အလုပ်ကို လက်ခံခြင်းဖြင့်သာ ကျွန်မတို့သည် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးတတ်သော စာတန်၏ စိတ်သဘောထားများမှ လွတ်မြောက်နိုင်၍ ပြီးပြည့်စုံသော ပန်းတိုင်ကို ရရှိနိုင်မည်ဖြစ်ကြောင်းအား သင်ယူခဲ့ရပါသည်၊ထို့ကြောင့် ကျွန်မသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏အလုပ်အား ဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။ ထို့နောက် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား တမ်းတခဲ့ပါသည်၊ ထို့အပြင် ကျွန်မ၏နေ့စဉ်ဘဝနှင့် အလုပ်ခွင်၌၊ မည်သို့ ဖြေရှင်းရမည်ကို မသိသော ပြဿနာတစ်ခုခုကြုံရလျှင်၊ ကျွန်မသည် ဘုရားသခင်ကို ဆုတောင်း၍ ဘုရားသခင်၏နှုတ်ကပတ်တော်၌ လက်တွေ့ကျင့်သုံးရန် လမ်းကို ရှာတွေ့ခဲ့ပါသည်၊ ၎င်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မခြေအတွက် မီးအိမ်ဖြစ်ပြီးလျှင် ကျွန်မလမ်းကြောင်းအတွက် အလင်းဖြစ်ကြောင်း နားလည်သဘောပေါက်စေခဲ့ပါသည်။ သို့သော် ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်ခြင်း အတိုင်းအတာတစ်ခု တိုးလာသည့်အခါမှာပင်၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်း ကျွန်မထံသို့ ရောက်လာခဲ့ပါသည်။ ကျွန်မ၏ သား ဖျားနာမှု၌ ဘုရားသခင်အား အားထားခြင်းနှင့် ဘုရားသခင်၏ အလုပ်များကို မြင်ခြင်း ဒီဇင်ဘာ ၇ နေ့လည်၌ ကျွန်မ၏သားသည် ကျောင်းမှပြန်လာခဲ့ပါသည်၊ သူ၏မျက်နှာအသားအရောင်မှ တစ်ခုခုဖြစ်နေကြောင်းအား ကျွန်မ ပြောနိုင်ပါသည်။ သူ အဖျားရှိနေခဲ့ပါသည်၊ထို့ကြောင့် ကျွန်မသည် ၎င်းမှာ သူ၏မကြာသေးမီက စာမေးပွဲများ၏ ဖိအားကြောင့် ဖြစ်ပြီး ဆေးဝါးတစ်ချို့ သောက်သုံးလိုက်သည်နှင့် သူ နေကောင်းလာမည်ဟူ၍ ယူဆခဲ့ပါသည်။ ညနေ ခြောက်နာရီလောက်၌ သူ၏အခြေအနေသည် ပို၍ ဆိုးဝါးလာခဲ့ပါသည်၊ ထို့အပြင် သူ၏ဦးခေါင်းကို ကိုင်ကြည့်သည့်အခါ ၊ သူသည် နေ့လည်ကထက်ပင် ပို၍ ပူနေခဲ့ပါသည်။ ကျွန်မသည် သူ့အား ဆရာဝန်ဆီသို့ အရေးကြီးသုတ်ပျာ ခေါ်ဆောင်သွားခဲ့ပါသည်၊ ဆရာဝန်က သူသည် ဆေးဝါးတစ်ချို့သောက်သုံးရုံဖြင့်၊ ရေပိုသောက်ရုံဖြင့် နေကောင်းလာမည်ဟု ပြောခဲ့ပါသည်။ သို့သော် နှစ်ရက်ကြာသောအခါ၊ ကျွန်မသား၏ အခြေအနေသည် ပို၍ပင် ဆိုးဝါးလာခဲ့ပါသည်။ သူသည် အစာမစားနိုင်ခဲ့ပါ၊ ထို့အပြင် သူသည် ပင်ပန်းကာ အိပ်ချင်သည်ဟူ၍ အဆက်မပြတ်ပြောနေခဲ့ပါသည်။ တစ်ခါတစ်ရံ၌ သူ၏အဖျားသည် တစ်နာရီခန့် ကျဆင်းသွားတတ်သည်၊ သို့သော် ချက်ချင်းပင် ပြန်တက်လာတတ်သည်။သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့သည်၊ ထို့အပြင် သူ၏ ကိုယ်ခန္ဓာသည် ပူတစ်လှည့် အေးတစ်လှည့်ဖြစ်နေခဲ့သည်။ ကျွန်မသည် သူ၏ရောဂါလက္ခဏာများသည် သွေးလွန်တုပ်ကွေးရောဂါနှင့် ဆင်တူနေကြောင်း ထင်မြင်ခဲ့သည်၊ အနီးအနားတဝိုက်၌လည်း ထိုနည်းတူအခြေအနေများ ဖြစ်ပေါ်နေကာ၊ သေဆုံးသည်အထိ ပြင်းထန်သော ဖျားနာမှုများ ဖြစ်နေသောကြောင့်၊ ကျွန်မသည် အလွန်ပင် ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရပါသည်။ ကျွန်မသည် ကျွန်မ၏သားဘေး၌ တစ်ညလုံးပင် နေခဲ့ပါသည်၊ ထို့အပြင် သူ၏ကိုယ်ပူချိန်ကျဆင်းစေရန်လည်း ရေခဲတုံးများကို မကြခဏ ယူဆောင်လာခဲ့ပါသည်။ နောက်တစ်နေ့ မနက်၌ ကျွန်မ၏သားသည် အလွန်ပင် အားနည်းနေပြီဖြစ်ပါသည်။ ကျွန်မသည် သူ့အား ဆရာဝန်ဆီသို့ ခေါ်သွားချင်ပါသည်၊ သို့သော် သူသည် ကျောင်းသို့သွား၍ စာမေးပွဲဖြေရန် အပြင်းအထန်တောင်းဆိုခဲ့ပါသည်။ သူ ထွက်သွားပြီးသည့်နောက် ကျွန်မ၏ အစ်ကိုကြီးလည်း တစ်ခါက သွေးလွန်တုပ်ကွေးဖြစ်ခဲ့ဖူးသည်ကို ရုတ်ချည်း သတိရမိခဲ့ပါသည်၊ ထို့ကြောင့် ကျွန်မသည် ကျွန်မ၏အစ်ကိုကို ခေါ်၍ ကျွန်မသား၏ ရောဂါလက္ခဏာများကို ပြောပြခဲ့သည်၊ ကျွန်မ၏အစ်ကိုက အကယ်၍ သူ၏သွေးပေါင်ချိန်သည် ၃၀ထက် ကျဆင်းသွားပါက၊ ၎င်းရောဂါကို ကုသရန်အတွက် နည်းလမ်းရှိမည် မဟုတ်ကြောင်းနှင့် သူ သွေးလွန်တုပ်ကွေးကို ခံစားရစဉ်က ၊ သူသည် နိုင်ငံခြားတွင် ကုသခဲ့ကြောင်းအားလည်း စိုးရိမ်ဖွယ်ရာ ပြောပြခဲ့ပါသည်။ နေ့လည်၌ ကျွန်မ၏သား ပြန်လာခဲ့ပါသည်၊ သူ၏မျက်နှာမှာလည်း ပို၍ဆိုးဝါးလာပုံပေါက်နေပါသည်။ ကျွန်မ၏အစ်ကိုသည် သူ့အား သွေးစစ်ရန်အတွက် ဆေးခန်းသို့ခေါ်ဆောင်သွားပါသည်၊ ထိုဆေးခန်း၌ နောက်ဆုံးတွင် သူသည် သွေးလွန်တုပ်ကွေး ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့လေသည်၊ ထို့အပြင် သူ၏သွေးပေါင်ချိန်မှာ လျော့နည်းနေကြောင်းနှင့် ဆေးရုံသို့ ချက်ချင်းသွားရန် လိုအပ်ကြောင်းလည်း သိရှိခဲ့ရပါသည်။ ကျွန်မသည် စိတ်ပိုင်းဆိုင်ရာအရ အတော်လေးပြင်ဆင်ထားသော်လည်း၊ ဤသည်မှာ အမှန်တကယ်ဖြစ်နေကြောင်းကို ယုံရန် ခက်ခဲနေခဲ့ပါသည်။ ကျွန်မသည် အိမ်သို့ ရေးကြီးသုတ်ပျာပြန်လာခဲ့ပါသည်၊ အိတ်တစ်အိတ်ကို ကမန်းကတန်း ထည့်ကာ ဆေးရုံသို့သွားခဲ့ပါသည်။ ကျွန်မသည် အထဲသို့ ဝင်ရဲခြင်းမရှိပဲ တံခါးဝ၌ အချိန်အတန်ကြာ ရပ်နေခဲ့ပါသည်။ ကျွန်မသည် အတိတ်က ဤဆေးရုံ၌ သေဆုံးခဲ့ကြသော မိသားစုဝင်များကို သတိရမိပါသည်၊ ထို့ကြောင့် ကျွန်မ၌ အမှန်တကယ်ပင် သတ္တိ ကင်းမဲ့ခဲ့ပါသည်။ ကျွန်မ၏အကူအညီကင်းမဲ့မှု၌ ကျွန်မသည် ဘုရားသခင်အား ရုတ်ချည်း သတိရမိခဲ့ပါသည်” အဲဒါ မှန်တယ်” ကျွန်မ စဉ်းစားမိသည်မှာ “ ကျွန်မဟာ ယုံကြည်သူတစ်ယောက်ဖြစ်တယ်၊ အဲဒီအတွက် ဘုရားသခင်ကို မျှော်ကြည့်ပြီး အားကိုးသင့်တယ်” ။ ဟု ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ၏နှလုံးသား၌ “ ဘုရားသခင်၊ ကျွန်မရဲ့သားဟာ နေမကောင်းပါဘူး၊ အဲဒီအတွက် ကျွန်မ ဘာလုပ်ရမလဲဆိုတာ မသိပါဘူး၊ ဘုရားသခင် ကျေးဇူးပြုပြီး ဒါကို ရင်ဆိုင်နိုင်ဖို့ ယုံကြည်ခြင်းနှင့် သတ္တိကို ပေးပါ” ဟု ကျွန်မသည် ဘုရားသခင်အား ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးသည့်နောက်၊ ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်များအား စဉ်းစားမိခဲ့ပါသည် “ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်၍ ကြောက်ရွံ့သော အတွေးအခေါ်များ ရှိနေလျှင်၊ ၎င်းတို့သည် စာတန်၏ လှည့်ဖြားခြင်းကို ခံနေကြရပြီဖြစ်သည်။ ငါတို့သည် ယုံကြည်ခြင်းတံတားကို ဖြတ်ကျော်ကာ၊ ဘုရားသခင်ထံသို့ ဝင်ရောက်မည်ကို ၎င်းသည် စိုးရိမ်၏။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန်အတွက် ဖြစ်နိုင်သမျှသောနည်းလမ်းတို့ကို ဖန်တီး၏၊ ငါတို့အပေါ် ဘုရားသခင်၏အလင်း ထွန်းလင်းလာစေရန်အတွက်၊ ငါတို့သည် အမြဲမပြတ် ဆုတောင်းသင့်၏၊ ထို့ပြင် ငါတို့အား စာတန်၏ အဆိပ်အတောက်မှ သန့်စင်စေရန်အတွက် ငါတို့သည် ဘုရားသခင်ကို အမြဲ ကိုးစားရမည် ဖြစ်သည်။ ဘုရားသခင် နှင့် နီးကပ်လာစေရန်အလို့ငှာ၊ ငါတို့၏ စိတ်ဝိညာဉ်များအတွင်း၌ အမြဲမပြတ် လိုက်နာ ကျင့်သုံးနေကြသင့်သည်။ ငါတို့၏ ခန္ဓာစိတ်ဝိညာဉ်တစ်ခုလုံးအပေါ်၌ ဘုရားသခင်အား အုပ်စိုးခွင့်ပြုရမည် ဖြစ်ပေသည်။” ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်မအား ကျွန်မ၏ ထိတ်လန့်မှုနှင့် အကြောက်တရားများသည် စာတန်၏ နှောင့်ယှက်မှုဖြစ်သည်ကို သဘောပေါက်လာစေခဲ့ပါသည်၊သို့သော် ကျွန်မသည် ဘုရားသခင်မှာ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ ကျွန်မ၏ဘေး၌ ကျွန်မအား ကူညီရန် အမြဲရှိနေကြောင်း၊ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်အပေါ် ယုံကြည်မှုထားသင့်ကာ၊ ဘုရားသခင်အား အားထား၍ အခြေအနေများကို တွေ့ကြုံခံစားသင့်ကြောင်းများကို ယုံကြည်မိခဲ့ပါသည်။ ၎င်းကို စဉ်းစားမိသည့်အခါ ကျွန်မသည် ကျွန်မ၏နှလုံးသားအား ငြိမ်သက်စေခဲ့ပါသည်၊ ကျွန်မ၏နှလုံးသားထဲမှ ထိတ်လန့်ခြင်းသည်လည်း ပျောက်ကွယ်သွားကာ ကျွန်မသည် အထဲသို့ ဝင်နိုင်စွမ်းရှိခဲ့ပါသည်။ ဆရာဝန်သည် ကျွန်မ၏သား၌ သွေးလွန်တုပ်ကွေးရှိကြောင်းနှင့် သူ၏သွေးပေါင်ချိန်မှာ ၅၀ အောက်သို့ ကျဆင်းသွားပြီဖြစ်ကြောင်းကို ပြောခဲ့ပါသည်။ ထို့ထက်နောက်ကျပါက အခြေအနေများသည် အလွန်ပင် အန္တရာယ်ကြီးမားမည် ဖြစ်ပါသည်။ ကျွန်မ၏သားအား ဆေးရုံတင်ရန် လုပ်ဆောင်မှုများ ပြီးစီးသည့်အခါ၊ ည ၁၁နာရီပင် ထိုးခဲ့ပြီဖြစ်ပါသည်။ ကျွန်မသည် ဖျားနာဆောင်၌ အကူအညီကင်းမဲ့စွာ မျက်နှာကြက်အား ကြည့်ကာ ထိုင်နေခဲ့ပါသည်၊ ထို့အပြင် ဆုံးပါးသွားသော ကျွန်မ၏ ဆွေမျိုးများအကြောင်းကိုလည်း ထပ်မံ စဉ်းစားမိခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏သားအတွက် အလွန်ပင် စိုးရိမ်ခဲ့ပါသည်၊ တစ်ချိန်တည်း၌ပင် ကျွန်မသည် စိတ်ရူပ်ထွေးနေခဲ့ပါသည်။ ကျွန်မသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏အလုပ်ကို လက်ခံခဲ့ရုံသာရှိပါသေးသည်၊ ထို့ကြောင့် အမြဲတမ်းကျန်းမာနေသည့် ကျွန်မ၏သားသည် အဘယ်ကြောင့် ရုတ်ချည်း နာမကျန်းဖြစ်လာရသနည်း။ ကျွန်မ ပို၍ စဉ်းစားမိလေလေ၊ အဆိုးမြင်မှုများ ပို၍ ခံစားမိလေလေဖြစ်ကာ မျက်ရည်များပင် စတင်ကျလာခဲ့ရပါသည်။ ကျွန်မသည် နောက်ဖြစ်လာမည့် အရာအား မည်သို့ရင်ဆိုင်ရမည်ကို သိရှိခြင်း မရှိခဲ့ပါ၊ ထို့ကြောင့် ကျွန်မသည် ကျွန်မ၏အစ်မတစ်ယောက်သို့ အမှာစကားပို့ခဲ့ပါသည်၊ သူသည် ကျွန်မထံ ဘုရားသခင်၏နှုတ်ကပတ်တော် အပိုဒ်တစ်ပိုဒ် ပို့ခဲ့ပါသည်။ “ ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူထည့်တွက်၏။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာလိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က လူကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ သူ့ကို ကိုးကွယ်စေရန်၊ သူနှင့်အတူ မကောင်းသည့်လုပ်ရပ်များကို အတူကျူးလွန်စေရန် ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ သူတို့တွေကို သူနေရာယူချင်သည်၊ ချုပ်ထိန်းချင်သည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။” ထို့နောက် သူသည် ကျွန်မအား မိတ်သဟာယဖွဲ့ခဲ့ပါသည်၊ “ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏အလုပ်က လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲက နောက်ဆုံးအဆင့်ဖြစ်တယ်၊ ပြီးတော့ ဝိညာဉ်ရေးရာ တိုက်ပွဲ အပြင်းအထန်ဆုံး အချိန်လည်း ဖြစ်တယ်။ ကျွန်တော်တို့ ဘုရားသခင်ရဲ့အလုပ်ကို လက်ခံပြီး ဘုရားသခင်ဆီ ပြန်လှည့်တဲ့အခါ အဲဒါက စာတန်ကို သစ္စာဖောက်ပြီး ဘုရားသခင်ရဲ့စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်မှာ နေထိုင်တာလို့ ဆိုလိုခြင်းဖြစ်တယ်။ စာတန်က ကျွန်ုပ်တို့ ဘုရားသခင်ဆီပြန်သွားတာကို မကျေနပ်နိုင်ဘူး၊ အဲဒီတော့ သူက ဘုရားသခင်နှင့် ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို နှောင့်ယှက်ပျက်ပြားအောင်လုပ်တယ်။ သားသမီးတွေဟာ ကျွန်ုပ်တို့ရဲ့ အသွေးအသားဖြစ်တယ်ဆိုတာကို သူက သိတယ်၊ အဲဒီတော့ သူက ကျွန်ုပ်တို့သားသမီးတွေရဲ့ ဖျားနာမှုကို အသုံးချပြီး ဘုရားသခင်နှင့် ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို နှောက်ယှက်ဖို့ လုပ်တယ်၊ ဘုရားသခင်ကို သံသယဝင်ဖို့ သစ္စာဖောက်ဖို့ လုပ်တယ်၊ အဲဒါပြီးတဲ့နောက်မှာ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ အခွင့်အရေးဆုံးရှုံးသွားပြီး သူလည်း သူ့ရဲ့ အုပ်စိုးမှုဆီ ပြန်သွားတယ်၊ အဲဒီမှာသူက ကျွန်ုပ်တို့ကို ဆော့ကစားတယ်၊ အန္တရာယ်ပြုတယ်၊ပြီးတော့ ဝါးမြိုပစ်တယ်။ အဲဒီတော့ ကျွန်ုပ်တို့ဟာ စာတန်ရဲ့ ဆိုးယုတ်သော ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်းမြင်ရမယ်၊ ဘုရားသခင်ရဲ့မျက်မှောက်တော်ကို တိတ်တဆိတ်သွားပြီး သူနှင့် ရင်းရင်းနှီးနှီးနေဖို့လိုတယ်၊ ပြီးတော့ စာတန်ရဲ့ အကြံအစည်တွေထဲသို့ ကျရောက်သွားတာကို ရှောင်နိုင်ရမယ်။ တစ်ချိန်တည်းမှာပဲ ကျွန်ုပ်တို့ဟာ လူတိုင်းရဲ့အသက်တာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာဆိုတာနှင့် စာတန်ဟာဘယ်လောက်ပဲ မာနထောင်လွှားပါစေ (သို့) ဆိုးယုတ်ပါစေ၊ ဘုရားသခင်ရဲ့ခွင့်ပြုချက်မရပဲ သူက ကျွန်ုပ်တို့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ ဘုရားသခင်အား အားထား မျှော်ကြည့်ပြီးတော့ စာတန်ကို နှိမ်နင်းဖို့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို အသုံးပြုရမယ်၊ ပြီးတော့ ဘုရားသခင်အတွက် ခိုင်မာစွာ သက်သေရပ်တည်နိုင်ရမယ်။” ကျွန်မ အစ်မ၏ မိတ်သဟာယဖွဲ့ခြင်းနှင့် အားပေးခြင်းများသည် ကျွန်မအားငြိမ်သက်စေပါသည်။ ကျွန်မ သား၏ ဖျားနာမှုသည် ဝိညာဉ်ရေးဆိုင်ရာ တိုက်ပွဲ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကိုသဘောပေါက်မိခဲ့ပါသည်၊ စာတန်သည် ကျွန်မသား၏ ဖျားနာမှုအား ကျွန်မကို အနှောင့်အယှက်ပေးရန်၊ ဘုရားသခင်အား နားလည်မှုလွဲ၍ အပြစ်တင်စေရန် အသုံးချနေပါသည်။ စာတန်သည် အမှန်တကယ်ပင် ရက်စက်၍ စက်ဆုပ်ဖွယ်ကောင်းလှပါသည်။ ၎င်းကို ကျွန်မ သဘောပေါက်မိသည့်အခါ၊ ကျွန်မသည် ကျွန်မ၏နှလုံးသားထဲ၌ သူရဲဘောကြောငမှုကို ဆက်လက်ခံစားရခြင်း မရှိတော့ပါ၊ ထို့အပြင် ကျွန်မသည် ကျွန်မ သား၏ နာလန်ထမှုမှာ ဘုရားသခင်၏လက်ထဲ၌ ရှိနေသည်ဟု ယုံကြည်မှု ထားပါသည်။ ကျွန်မသည် စာတန်၏နှောင့်ယှက်မှုကို ကျော်လွှားနိုင်ရန်အတွက် ကျွန်မ၏ဘုရားသခင်အပေါ် ယုံကြည်မှု၌ အားထားရမည်ကို သိခဲ့ပါသည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်၏ရှေ့တော်မှောက် သို့ တိတ်ဆိတ်စွာ သွား၍ ဤအခြေအနေများ ကြုံ ရသည့်အခါ ယုံကြည်ခြင်းနှင့် လမ်းညွှန်မှုအတွက် ဘုရားသခင်အား တောင်းလျှောက်ခဲ့ပါသည်။ နောက်နှစ်ရက်ခန့်ကြာသောအခါ၊ ဆရာဝန်သည် ကျွန်မ၏သား သွေးပေါင်ချိန်မှာ အလွန်ပင် လျော့နည်းနေသေးကြောင်းနှင့် ကုသမှုအတွက် ဆေးရုံတွင် ဆက်လက်နေရမည်ဖြစ်ကြောင်းများကို ပြောခဲ့ပါသည်။ ကျွန်မ၏သားသည် ၎င်းကို ကြားသောအခါ အလွန်ပင် စိုးရိမ်ကာ စာမေးပွဲနောက်တစ်ခု အတွက် ကျောင်းသို့ ပြန်ရမည် ဖြစ်ကြောင်းကို အကျောက်အကန်ပြောပါသည်။ ကျွန်မသည် ဤစာမေးပွဲမှာ ကျွန်မ၏သားအတွက် အထူးပင် အရေးကြီးသည်ကို သိပါသည်၊ သို့သော် အကယ်၍ သူသည် ဆေးရုံမှ ဆင်းလျှင် သူ့အတွက် ဘေးအန္တရာယ်ဖြစ်မည်ကို ကျွန်မမှာ ကြောက်ရွံ့ခဲ့ပါသည်၊ ထို့ကြောင့် ကျွန်မသည် မည်သည့်အရာကို လုပ်ဆောင်ရမည်မှန်း မသိခဲ့ပါ။ ထိုညနေ၌ ကျွန်မ၏အစ်မသည် အခြေအနေများ မည်သို့ရှိကြောင်းနှင့် ကျွန်မသား၏ အခြေအနေအား စာပို့ကာ မေးမြန်းပါသည်၊ ထို့ကြောင့် ကျွန်မသည် နေ့ခင်း၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူ့အား ပြောပြခဲ့ပါသည်၊ ထို့နောက် သူသည် ကျွန်မအား ဤ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်စာပိုဒ်တစ်ပိုဒ်ကို ပို့ခဲ့ပါသည်။ “ စကြဝဠာတစ်ခုလုံးတွင် ဖြစ်ပျက်နေသော အရာအားလုံးတို့တွင် ငါမဆုံးဖြတ်ဘဲ ပြီးမြောက်သွားမည့်အရာ တစ်ခုမျှပင်မရှိချေ။ ငါ၏ လက်ထဲတွင်မဟုတ်ပဲ တည်ရှိနေသော အရာများမှာ အဘယ်နည်း။ ငါပြောသည့် အရာတိုင်းသည် ဖြစ်မြောက်မည် …” ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သည် သြဇာအာဏာရှိ၍ ကျွန်မ၏ စိုးရိမ်နေသော နှလုံးသားကို တည်ငြိမ်စေပါသည်။ နောက်မည်သည့်အရာဖြစ်လာမည်အား မသိသော်လည်း၊ ကျွန်မသည် ကျွန်မ၏ သား ပြန်လည်ကောင်းမွန်ခြင်း (သို့) သူ၏ စာမေးပွဲများ၌ ပါဝင်နိုင်ခြင်းရှိ မရှိသည် မည်သူ တစ်ဦးတစ်ယောက်အပေါ်မှာမှ မူတည်ခြင်းမရှိပဲ၊ ဘုရားသခင်၏လက်ထဲတွင်သာ ရှိသည်ဟု ယုံကြည်ခဲ့ပါသည်။ ၎င်းကို ကျွန်မ နားလည်သည်နှင့် တစ်ပြိုင်နက်၊ ကျွန်မသည် အလွန်ပင်ပေါ့ပါးသွားခဲ့ရပါသည်။ နောက်တစ်နေ့ နေ့လည်၌ ဆရာဝန်သည် ဝမ်းမြောက်စွာဖြင့် ကျွန်မသား၏ သွေးပေါင်ချိန်မှာ ပြန်တက်လာပြီဖြစ်ကြောင်းနှင့် နောက်ဆုံး၌ သူသည် ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါသည်။ သူသည် ပုံမှန်စစ်ဆေးမှုများအား လုပ်ဆောင်ရန်သာ ပြန်လာဖို့လိုပါသည်။ ကျွန်မသည် ဤသတင်းကိုကြားသောအခါ အလွန်ပင် ဝမ်းမြောက်ခဲ့ပါသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ဘုရားသခင်ကို ဆုတောင်းရန်၊ ဘုရားသခင်အပေါ် အားထားရန်နှင့် ဘုရားသခင်၏အလုပ်များကို မြင်နိုင်ရန် ဘုရားသခင်၏သြဇာအာဏာသည် အရာအားလုံးအပေါ်၌ အုပ်စိုးသည်ကို ယုံကြည်ရန်သာ လိုသည်ကို မြင်ခဲ့ရပါသည်။ တစ်ချိန်တည်း၌ ကျွန်မသည် ဘုရားသခင်၏ ကောင်းချီးအားလည်း မြင်ခဲ့ပါသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ကျွန်မ၏သားအတွက် ဆေးရုံဆင်းရန် လုပ်ဆောင်နေချိန်အတွင်း၌ သူ၏ကုသမှုသည် ကျွန်မအား တစ်ပြားတစ်ချပ်မှ ကုန်ကျခြင်း မရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ လွန်ခဲ့သည့် လပေါင်းများစွာက ကျွန်မ၏သမီးသည် အစိုးရအကျိုးခံစားခွင့်ကတ်ကို လျှောက်ထားခဲ့ပါသည်၊ ထိုအချိန်က အကျိုးခံစားခွင့် ရန်ပုံငွေသည် ထူထောင်ထားခြင်း မရှိသေးပါ၊ သို့သော် ကျွန်မ၏သား ဆေးရုံမှ ဆင်းသည့်အခါ၊ ဆရာဝန်သည် ရန်ပုံငွေသည် ရှိနေပြီဖြစ်ကြောင်းနှင့် ကျွန်မ လုပ်ဆောင်ရမည့်တစ်ခုတည်းသောအရာမှာ ကတ်ကို သုံးရန်သာဖြစ်သည်ဟု ပြောခဲ့ပါသည်။ ဤအခြေအနေတွင် ဘုရားသခင်သည် အရေးကိစ္စများနှင့် အရာအားလုံးတို့ကို ချုပ်ကိုင်ကာ အုပ်စိုးထားကြောင်း နှင့် ကျွန်မအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် စစ်မှန်ကြောင်းအား ကျွန်မ မြင်တွေ့ခဲ့ပါသည်။ ကျွန်မသမီး၏ ဖျားနာမှု၌ ၊ဘုရားသခင်၌ယုံကြည်ခြင်းတွင် ကျွန်မ၏ကိုယ်ပိုင် မှားယွင်းနေသော ရည်ရွယ်ချက်များကို ဆင်ခြင်မိခြင်း နှစ်ပတ်ကြာသောအခါ တစ်ညနေ၌ မမျှော်လင့်စွာဖြင့် ကျွန်မ၏သမီးသည်လည်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ဖျားနာခဲ့ပါသည်။ သူ့အား ဆေးရုံသို ခေါ်ဆောင်လာသောအခါ၊ ဆရာဝန်သည် ကျွန်မ သမီး၏ အခြေအနေမှာအလွန်ပင်ဆိုးကြောင်း၊ သူ့နှလုံးမှာ အားနည်းနေကြောင်းနှင့် အခြေအနေသည် အန္တရာယ်များကြောင်းကို ပြောခဲ့ပါသည်။ ဆရာဝန်၏စကားလုံးများသည် ကျွန်မအား ထိတ်လန့်စေခဲ့ပါသည်။ ဆရာဝန်သည် ကျွန်မ သမီး၏ ရောဂါလက္ခဏာများကို ကုသန်ရန်အတွက် ဆေးတစ်ခုအတွက် ဆေးစာရေးပေးခဲ့ပါသည်၊ သို့သော် ဆေးရုံ၌ ထိုဆေးမရှိပါ။ ထို့ကြောင့် ကျွန်မ၊ ကျွန်မ၏အစ်ကိုနှင့် ကျွန်မ သမီး၏ သူငယ်ချင်းများသည် ဆေးဝယ်ရန် နေရာလိုက်ရှာခဲ့ပါသည်။ လမ်းပေါ်၌ ကျွန်မသည် ကျွန်မသား ဖျားနာစဉ်ကအခြေအနေကို ပြန်စဉ်းစားမိပါသည်၊ ထို့အပြင် ကျွန်မ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိသည်ကိုလည်း သိနေခဲ့ပါသည်၊ ထို့ကြောင့် ကျွန်မသည် အဆက်မပြတ် ဆုတောင်းခဲ့ပါသည်၊ “ အိုး ဘုရားသခင်၊ ကိုယ်တော်က ကျွန်မကို သမီးတစ်ယောက် ပေးသနားခဲ့ပါတယ်၊ အခုအခါ သူ့မှာ အန္တရာယ်နဲ့ကြုံနေပါပြီ၊ ကျွန်မတို့ ဆေးဝယ်လို့ရမလား ဒါမှမဟုတ် နောက်လာမဲ့အရာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ကျွန်မ မသိပါဘူး။ အဲဒီအတွက် လက်တွေ့ကျင့်သုံးရန် လမ်းစဉ်တစ်ခုကို ရှာတွေ့နိုင်ဖို့ ကိုယ်တော်ရဲ့ လမ်းညွှန်မှုကို တောင်းပါတယ်။ “ ကျွန်မသည် ဆေးရုံများစွာ သွားခဲ့ပါသည်၊ သို့သော် ထိုဆေးကို ဝယ်နိုင်ခဲ့ခြင်း မရှိသေးပါ၊ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ထံ ထပ်မံဆုတောင်းခဲ့ပါသည်၊ ဘုရားသခင်အား အမှုအား အပ်နှံ၍ စီစဉ်ခန့်ခွဲမှုများပြုလုပ်ရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့ပါသည်။ ထို့နောက် ဆရာဝန်သည် ကျွန်မ၏သမီးအား စမ်းသပ်ခဲ့ပါသည်၊ ကျွန်မ သမီး၏ ခြေထောက်များသည် အေးစက်နေခြင်း မရှိကြောင်းနှင့် သူသည် နာလံပြန်ထနေပြီဖြစ်ကြောင်းအား သူတွေ့ရှိခဲ့သည်။ ဆရာဝန်၏စကားလုံးများကို ကြားရခြင်းသည် ကျွန်မအတွက် အလွန်ပင် အားရှိစေခဲ့ပါသည်။ ထိုည နှောင်းပိုင်း၌၊ လူတိုင်း အိပ်မောကျနေစဉ်တွင်၊ကျွန်မသည် ပြတင်းပေါက်နား ရပ်၍ လမ်းမီးများ၏ နွေးထွေး တောက်ပမှုကို လှမ်းကြည့်နေမိသည်၊ ကျွန်မသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏အလုပ်ကို လက်ခံပြီးသည့်နောက် ကျွန်မ၏သားသမီးနှစ်ယောက်စလုံး အလွန်နာမကျန်းဖြစ်လာကာ ဆေးရုံပင် တင်ခဲ့ရသည်ကို ကျွန်မသဘောပေါက်လာမိသည့်အခါ ရုတ်တရက်ညှင်းပန်းမှုသည် ကျွန်မ၏နှလုံးသားကို ကိုင်လှုပ်ခဲ့လေသည်။ ကျွန်မသည် အဘယ်ကြောင့် ဘုရားသခင်သည် ထိုကဲ့သို့ အခြေအနေများအား ကျွန်မထံ လာစေခဲ့သည်ကို နားလည်နိုင်ခြင်း မရှိပါ။ ထိုခဏ၌ပင်၊ ကျွန်မသည် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းနှင့် စိတ်မချမ်းမြေ့ခြင်းကို ခံစားရကာ ဘုရားသခင်အား စတင်အပြစ်တင်ခဲ့ပါသည်။ ကျွန်မ၏အခြေအနေသည် မမှန်ကြောင်း သိနေခဲ့ပါသည်၊ ထို့ကြောင့် ကျွန်မသည် ကျွန်မ၏ အတွေးများကို ပြောပြရန် အသင်းတော်မှ ကျွန်မ၏အစ်မဆီသို့ စာတစ်စောင်ပို့ခဲ့ပါသည်။ အစ်မသည် ဘုရားသခင်ရဲ့နူတ်ကပတ်တော် အပိုဒ်တစ်ပိုဒ်အား ကျွန်မထံ ပို့ခဲ့ပါသည်။ “ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက် ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးတော်များကို အသုံးပြုရန် ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ငါ့ထံမှငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ဥစ္စာချမ်းသာဖို့ ငါ့ထံက တောင်းခံရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ဤဘဝနှင့် နောင်လာမည့်ဘဝတို့တွင် ဘေးကင်းလုံခြုံစွာနေနိုင်ရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ယာယီ စည်းစိမ်အတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမှ ရရန်မကြိုးစားသူ ဘယ်နှစ်ဦး ရှိသနည်း။ လူသားအပေါ် ငါ့ဒေါသကျရောက်စေပြီး သူနဂိုကပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို အနာရောဂါကင်းစေရန်တောင်းဆိုသည့်အခါ ငါသည် သူ့ကို အသိအမှတ်မပြု။ သူ့ကိုရွံရှာသည့်အခါ လူသားသည် ငါ့ထံမှဝေးရာသို့ သွားပြီး မှော်ဆရာများနှင့် မှော်အတတ်တို့၏ နည်းလမ်းများကို ရှာခဲ့ကြသည်။ ငါ့ထံမှ လူသား တောင်းဆိုသမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားအားလုံး လမ်းစရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။” ဖုန်းထဲတွင် ကျွန်မ၏အစ်မက “ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်တယ်၊ ကျွန်ုပ်တို့ဟာ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြတယ်၊ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်က ဖြည့်ဆည်းပေးတဲ့ အရာမှန်သမျှကို သာယာကြည်နူးကြတယ်၊ အဲဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ဆည်းကပ်ကြသင့်တယ်။ ကောင်းချီးတွေကို ရဖို့ ကျွန်ုပ်တို့ ဆန္ဒတွေရဲ့ထိန်းချုပ်မှုကို ကျွန်ုပ်တို့ ခံရတဲ့အခါ၊ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို ယုံကြည်တဲအတွက်ကြောင့် သူ့မှာ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ပိုင်ဆိုင်သမျှတို့ကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့၊ ဖျားနာမှုနှင့် ကပ်ဘေးတွေကနေ ကျွန်ုပ်တို့မိသားစုတွေကို ဘေးကင်းအောင် ထားဖို့ စတာတွေအတွက် တာဝန်ရှိတယ်လို့ ထင်ကြတယ်၊ ကျွန်ုပ်တို့ မိသားစုထဲက တစ်ယောက်ယောက် နာမကျန်းဖြစ်တာနဲ့၊ ဘုရားသခင်ကို ညည်းတွားတာတွေကို ကျွန်ုပ်တို့ရင်ထဲမှာ လုပ်တတ်ကြပါတယ်၊ပြီးတော့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို စပြီးတော့တောင် သံသယဝင်လာတတ်ကြတယ်။ သင့်ရဲ့သားကုသမှုမှာ အရာအားလုံးကို ဘုရားသခင်က အုပ်စိုးထားတာနဲ့ ဘုရားသခင်ရဲ့ အချစ်ကို သင် မြင်ပေမဲ့လည်း၊ ဒီလို ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ ချစ်ခြင်းမေတ္တာကိုမြင်လို့ သင့်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမရှိဘူး၊ သင့်သားကို ဘုရားသခင်က ကုသခဲ့တာကြောင့်၊ သင် ဘုရားသခင်ကို နာခံဖို့ ဆုံးဖြတ်ခဲ့တယ်။ အခု သင့်သမီးက နေမကောင်းဖြစ်နေတော့မှ သင့်မှာ ရှိတဲ့ အနည်းငယ်သော ယုံကြည်ခြင်းလေးဟာ အစအနတောင် ရှာမရတော့ဘဲ ပျောက်သွားတယ်၊ အခု သင်က ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို စပြီး သံသယဝင်နေပြီ။ ကောင်းချီးတွေ ရချင် တဲ့ သင့်ဆန္ဒကြောင့် သင်က ဘုရားသခင်ကို ယုံကြည်တာဖြစ်တယ်၊ အဲဒီတော့ စာတန်က သင့်ကလေးတွေရဲ့ ဖျားနာမှုကို အသုံးချပြီးတော့ သင့်ကို နှောင့်ယှက်တယ်၊ သင်ကဘုရားသခင်ကို သံသယဝင်လာအောင်လုပ်တယ်။ ပြီးတော့ သင့်ကို ဘုရားသခင်ကို ငြင်းပယ်ဖို့၊သစ္စာဖောက်ဖို့ ဖြစ်စေတယ်၊ နောက်ဆုံးမှာ သူက သင့်ကို သူ့အုပ်စိုးမှုအောက်ကို ပြန်ခေါ်ဆောင်သွားမယ်။ ဒါက စာတန်ရဲ့ အန္တရာယ်ပြုမည့် လက္ခဏာရှိတဲ့ ရည်ရွယ်ချက်ပဲဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာက စာတန်ရဲ့ အကြံအစည်တွေအပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်။ ဘုရားသခင်က ဒီအခြေအနေတွေကို သင့်ဆီကိုရောက်လာပြီး စာတန်ရဲ့လူတွေကို တိုက်ခိုက်ခြင်းနှင့် အန္တရာယ်ပေးခြင်းရဲ့ ဆိုးယုတ်တဲ့ သဘာဝကို မြင်စေတယ်၊ ဒါ့အပြင် သူ့ရဲ့ နှောင့်ယှက်မှုကိုအသုံးချပြီး ဘုရားသခင်နှင့်ပတ်သက်တဲ့ သင့်ရဲ့မှားယွင်းနေတဲ့ အယူအဆတွေကို ဖော်ထုတ်ပေးတယ်။ ကျွန်ုပ်တို့ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့အလုပ်မှာ နောက်ဆုံးအဆင့်ကို ရောက်နှင့်နေပြီးပါပြီ၊ ဘုရားသခင်က သူ့ကို ကြောက်ရွံ့ပြီးတော့ နာခံမဲ့ လူတစ်စုကို ရလိုတယ်၊ အဲဒီတော့ တကယ်လို့ ကျွန်ုပ်တို့ယုံကြည်သူများဟာ ကျေးဇူးတော်နှင့် ကောင်းချီးတွေနောက်ကိုပဲ လိုက်ရင်၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာ အဆုံးသတ်မှာ အလကားပဲဖြစ်မယ်။.” ဘုရားသခင်၏နှုတ်ကပတ်တော်အား ဖတ်၍ ကျွန်မအစ်မ၏ မိတ်သဟာယဖွဲ့ခြင်းအား ကြားခဲ့ပြီး သည့်နောက်၊ ကျွန်မသည် ကျွန်မကိုယ်ကျွန်မ အပြစ်တင်မိခဲ့ပါသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်မ၏ ခရီးစဉ်တစ်လျှောက်လုံး၌ ကျွန်မ၏နံဘေး၌ အမြဲရှိနေခဲ့သည်၊ သူ၏ နှုတ်ကပတ်တော်များအား သုံး၍ ကျွန်မအား လမ်းညွှန်ပြသခဲ့သည်၊ ဘုရားသခင်သည် ကျွန်မအတွက် လမ်းများ ဖွင့်ပေးခဲ့သည်၊ ထို့အပြင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်ပင် ရိုးသားသည်၊ သို့သော် ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင်မိသားစုနှင့် ကိုယ်ကျိုးစီးပွားများကိုသာ အမြဲဂရုစိုက်ခဲ့သည်၊ ထို့အပြင် ကျွန်မ၏ဆုတောင်းခြင်းများမှာလည်း ရှာဖွေခြင်း၊ တောင်းဆိုမှုများနှင့် ပြည့်နှက်နေသည်။ ဘုရားသခင်က ကျွန်မ၏ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးခြင်း မရှိသည့်အခါ၌၊ ကျွန်မသည် အဆိုးမြင်၍ ဘုရားသခင်အား မကျေမချမ်းဖြစ်ခဲ့သည်။ အကယ်၍ ဤအခြေအနေများသာ ကျွန်မထံသို့ မရောက်ရှိခဲ့ပါက၊ ကျွန်မသည် ကျွန်မ၏ မှားယွင်းနေသော ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏အမြင်များကို မည်သည့်အခါမှ မြင်ရလိမ့်မည် မဟုတ်ပါ၊ ကျွန်မသည် အရှေ့သို့ ဆက်၍ ကောင်းချီးများရရန် ကျွန်မ၏ ရည်ရွယ်ချက်များကို ဆက်လက်လုပ်ဆောင်နေအုံးမည်ဖြစ်ပါသည်။ အဆုံးသတ်၌ ကျွန်မသည် သုတ်သင်ဖယ်ရှားခြင်းအား ခံရလိမ့်မည်ဖြစ်ပါသည်။ ဤအရာများအား သဘောပေါက်လာသည့်အခါ၊ ကျွန်မ၏နှလုံးသားသည် ဘုရားသခင်အား ကျေးဇူးတင်ခြင်းဖြင့် ပြည့်နှက်နေပါသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အမှန်တကယ်ပင် ကြီးမြတ်လှပါသည်။ ဘုရားသခင်ရဲ့အလိုတော်ကို နားလည်ခြင်း၊ ဘုရားသခင်ရဲ့ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံခြင်း ထို့နောက်၊ ကျွန်မ၏ အစ်မသည် ကျွန်မအတွက် “ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို နာခံခြင်း” ဆိုသည့် ဓမ္သီချင်းတစ်ပုဒ်ကို သီဆိုပြခဲ့ပါသည်။ ၎င်းကိုကြားပြီးသည့်အခါ၊ ကျွန်မသည် တို့ထိခြင်းခံခဲ့ရပါသည်၊ ကျွန်မသည် ဘုရားသခင်အား မဆုတောင်းပဲ မနေနိုင်ခဲ့ပါ။ “ ဘုရားသခင်၊ ကိုယ်တော်က ကျွန်မကို အရာရာ ပေးသနားခဲ့ပါတယ်၊ ကျွန်မကို ကိုယ်တော်ရဲ့ ရှေ့တော်မှောက်သို့ ခေါ်ဆောင်လာခဲ့ပါတယ်၊ ဒီနေ့ ကိုယ်တော်က ဒီအခြေအနေများကို ကျွန်မအား သန့်စင်ပေးဖို့၊ ပြောင်းလဲပေးဖို့ စီစဉ်ခဲ့ပါတယ်။ ကိုယ်တော်ရဲ့ကျွန်မအတွက် ချစ်ခြင်းက အရမ်းပဲ ကြီးမားလှပါတယ်။ ကျွန်မက ကျွန်မရဲ့ ကလေးကို ကိုယ်တော်အား အပ်နှံဖို့ ဆန္ဒရှိပြီးတော့ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနှင့် စီစဉ်မှုတွေကို နာခံပါ့မယ်။” နောက်ရက်များ၌ ကျွန်မသမီး၏ သွေးပေါင်ချိန်သည် ဆက်လက်၍ လျှော့နည်းနေပါသည်၊ ကျွန်မသည် စိတ်လှုပ်ရှားခဲ့သော်လည်း၊ ကျွန်မ၏နှလုံးသား၌ ဘုရားသခင်အား ဆုတောင်းခဲ့ပါသည်၊ ကျွန်မသည် ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို နာခံရန် ဆန္ဒရှိနေပါသည်၊ မည်သို့ပင် ဖြစ်လာပါစေ၊ ဘုရားသခင်အား အပြစ်တင်မည် မဟုတ်ပါ။ နေ့လည်ခင်းတစ်ခု၌ ဆရာဝန်သည် ကျွန်မအား သူ၏ရုံးခန်းသို့ ခေါ်ဆောင်ခဲ့သည်။ ကျွန်မသည် သူ့အား မြင်သောအခါ သူသည် ကျွန်မအား “ စမ်းသပ်မှုရလာဒ်တွေက အရမ်းပဲကောင်းပါတယ်၊ ခင်ဗျားသမီးရဲ့ နှလုံးက ငြိမ်နေပါတယ်၊သူ့ ခြေထောက်တွေလည်း အေးစက်တဲ့ ရောဂါလက္ခဏာတွေ မပြတော့ပါဘူး။ သူ့ သွေးပေါင်ချိန်က သာမန်အဆင့်ကို အရမ်းလျှင်မြန်စွာ တက်သွားလို့ အံ့သြမိပါတယ်။ သူ ဆေးရုံက ဆင်းလို့ရပါပြီ” ဟူ၍ ဝမ်းမြောက်စွာ ပြောဆိုခဲ့ပါသည်။ ဆရာဝန်၏စကားလုံးများသည် ကျွန်မ၏မျက်လုံးသို့ ဝမ်းသာခြင်း မျက်ရည်များဖြင့် စီးဆင်းစေပါသည်၊ ကျွန်မသည် ကျွန်မ၏နှလုံးသားထဲ၌ ဘုရားသခင်အား ကျေးဇူးမတင်ပဲ မနေနိုင်ခဲ့ပါ။ ဤအရာများအား ကြုံတွေ့ရပြီးသည့်နောက်၊ ကျွန်မသည် နာကျင်ဖွယ် စစ်ဆေးခြင်းတစ်ချို့ကို ကျော်ဖြတ်ခဲ့ရသော်လည်း၊ ကျွန်မ၏ ဘုရားသခင်နှင့် ဆက်ဆံရေးသည် အရင်ကထက်ပင် ပို၍ နီးကပ်လာသည်ဟု ခံစားရပါသည်၊ ထို့အပြင် ဘုရားသခင်အပေါ်၌လည်း ပို၍ ယုံကြည်လာခဲ့ပါသည်။ စာတန်၏စုံစမ်းသွေးဆောင်ခြင်းများနှင့်နှောင့်ယှက်ခြင်းတို့သည် ကျွန်မအား ၎င်း၏ လူသားများအပေါ် အန္တရာယ်ပြုခြင်းနှင့် ဖိစီးနှိပ်စက်ခြင်းများ၏ အနှစ်သာရကို ပြသခဲ့ပါသည်။ ထို့အပြင် စာတန်၏စုံစမ်းသွေးဆောင်ခြင်းများနှင့်နှောင့်ယှက်ခြင်းများကို ရင်ဆိုင်ရခြင်းဖြင့် ကျွန်မသည် ဘုရားသခင်ကို မျှော်ကြည့်၍ အားကိုးနိုင်စွမ်းရှိလာခဲ့ပါသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ခြေလှမ်းတစ်လှမ်းချင်းစီ၌ ကျွန်မအား မည်သို့ လမ်းညွှန်ပြသသည်ကို မြင်လာခဲ့ပါသည်၊ ထို့အပြင် ကျွန်မအား စာတန်၏ ဝန်းရံထားခြင်းမှ အောင်မြင်စွာ လွတ်မြောက်ခွင့်ပေးခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ သြဇာအာဏာနှင့် ရိုးသားမှုကို မြင်ခဲ့ပါသည်၊ ဘုရားသခင်သည် အမှန်တကယ်ပင် အားကိုးထိုက်သူဖြစ်ပါသည်၊ တစ်ချိန်တည်း၌ပင် ကျွန်မသည် ကျွန်မ၏ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ မှားယွင်းသောအယူအဆများကို နားလည်လာခဲ့ပါသည်။ကျွန်မသည် အမှန်တကယ်ပင် အမြောက်အများ ရရှိခဲ့ပါသည်။ အနာဂတ်၌ အခြေအနေများသည် ကျွန်မ၏ဆန္ဒအတိုင်း ဖြစ်ပေါ်လာခြင်း မရှိပါက၊ကျွန်မသည် ဘုရားသခင်ထံ ပြန်လှည့်ရန် သင်ယူပါမည်၊ သူ့အား ကိစ္စရပ်များကို အပ်နှံပါမည်၊ ကျွန်မသင်ယူရန် ရှိသည့် သင်ခန်းစာများအား ရှာဖွေပါမည်၊ ထို့အပြင် ဘုရားသခင်အား နားလည်မှုလွဲခြင်း (သို့) အပြစ်တင်ခြင်းများ ဆက်လက်လုပ်ဆောင်မည် မဟုတ်တော့ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ရည်ရွယ်ချက်များသည် အမြဲ ကောင်းမြတ်သည်ဟု ကျွန်မ ယုံကြည်ထားခြင်းကြောင့် ဖြစ်ပါသည်။ ဘုရားသခင်အား ကျေးဇူးတင်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|