ဘုရားသခင်၏ ကွယ်ကာခြင်း- ကျွန်ုပ်၏ ခြောက်နှစ်အရွယ် မြေးလေး၏ အံ့သြဖွယ်ရာ ဘေးအန္တရာယ်မှလွတ်မြောက်ခြင်းအကြောင်း သက်သေခံချက် ၀န်ဂျီး၊ တရုတ်နိုင်ငံ
“ ဟယ်လို- အန်တီလား ငှာနခွဲဆေးရုံကို အမြန်လာပါ။ အန်တီ့ရဲ့ မြေးလေး ကုန်တင်ကားကြီးနဲ့တိုက်မိပြီး အရေးပေါ်အခြေအနေဖြစ်နေပါတယ်။ သူ့ကို ချက်ချင်းပဲ ကုသနေပါတယ်။ အမြန်လာပါ။” ဤအရေးပေါ်ဖုန်းခေါ်ဆိုမှုသည် ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ညနေပိုင်းတွင် ခေါ်ဆိုလာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ခုနစ်နှစ်လောက်ကြာခဲ့ပြီဖြစ်သည်။ ကျွန်မ၏ မြေးငယ်လေးကြုံတွေ့ခဲ့သော လမ်းမတော်တဆဖြစ်မှုကို တွေးမိသည့်အချိန်တိုင်း စွဲကျန်နေသောကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။
0 Comments
လေဖြတ်သောကြောင့် အသက်၇၀ အရွယ်တစ်ယောက် အောက်ပိုင်းသေပြီးနောက်၊ သူမသည် ဘုရားသခင်ကို မှီခိုခြင်းဖြင့် အလွန်အံ့ဖွယ်ကောင်းစွာ နာလန်ထလာခြင်း ဆန်ဟောင်း၊ တရုတ်ပြည်
ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်ပြီး အသက် ၇၀ ရှိပါပြီ။ ကျွန်မသည် တစ်ခါက နာမကျန်းဖြစ်သောကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး၊ ဦးနှောက် သေလုနီးပါးပင် ဖြစ်သွားခဲ့သည်။ ထိုကာလအတွင်း ကျွန်မသည် ရှင်သန်ခြင်း၏ မည်သည့် မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်သော်လည်း အရေးကြီးသည့် အဆင့်တစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုပေးခဲ့ပြီး၊ ကျွန်မအသက်တာ ကိုလည်း အလွန်အံ့သြဖွယ် ကောင်းအောင် ပြန်လည်ရရှိစေခဲ့ပါသည်။ ဘုရားသခင်ကသာ ကျွန်မကို မကယ်တင်ခဲ့ပါက၊ ကျွန်မသည် ဤကမ္ဘာလောကကြီးမှ ထွက်ခွာသွားခဲ့ရ သည်မှာ ကြာပြီ ဖြစ်ပါသည်။ ကုသ၍မရနိုင်သည့် ဆီးထဲသွေးပါခြင်းရောဂါ စွဲကပ်ပြီးနောက်ပိုင်း ကျွန်မသည် နတ်ဆိုးရောဂါကို အောင်မြင်ခဲ့ပုံ ဇန်လေး တရုတ်ပြည်
ကျွန်မ၏ ကုသ၍မရနိုင်သည့်ရောဂါကို ရှာဖွေတွေ့ရှိရင်းဖြင့် စိတ်နှလုံး မချမ်းမြေ့မှု ကို ခံစားရခြင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျွန်မသည် ဆီးထဲသွေးပါခြင်း ရောဂါကို စတင် ခံစားခဲ့ရပြီး ဘေဂျင်းမြို့ရှိ လူသိများသည့် ဆေးရုံအချို့တွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကျွန်မတွင် ပြင်းထန်သည့် ကျောက်ကပ်ရောဂါ ရှိသည်ဟု ရောဂါအကဲဖြတ်ခြင်း ခံခဲ့ရပါသည်။ ကျွန်မ အသက်ဆက်ရှင်နေရန် ကုသမှု နှစ်မျိုးသာ ရှိပါသည်။ တစ်မျိုးမှာ ကျောက်ကပ်အစားထိုးကုသခြင်း နှင့် အခြားတစ်မျိုးမှာ ကျောက်ကပ်ဆေးခြင်း ဖြစ်ပါသည်။ ဤရလဒ်သည် ကျွန်မအတွက် သေဒဏ်ပေးခံရခြင်းနှင့် ထူးမခြားနားသာ ဖြစ်ခဲ့သည်။ ကျောက်ကပ် အစားထိုးကုသခြင်းသည် ကျွန်မကဲ့သို့ သာမာန်အလုပ်သမား တစ်ယောက် အနေဖြင့် တတ်နိုင်ရန် အလှမ်းဝေး လှသောကြောင့် ကျွန်မ တွေးပင် မတွေးဝံ့ခဲ့ပါ။ အခြားတစ်ဖက်တွင်လည်း ကျောက်ကပ်ဆေးခြင်းသည် ကုသမှုတစ်ကြိမ်လျှင် ယွမ် ၆၀၀ကျော် ကုန်ကျမည် ဖြစ်ပြီး၊ ကျွန်မအနေဖြင့် သီတင်းတစ်ပတ်လျှင် ၃ကြိမ် ကျောက်ကပ်ဆေးခြင်းကို လိုအပ်မည် ဖြစ်ကာ၊ ဆိုလိုသည်မှာ ကျွန်မသည် ကျွန်မခင်ပွန်း၏ တစ်လစာနီးပါးကို သီတင်းပတ်တိုင်း သုံးစွဲနေ ခြင်းသာဖြစ်၍ ရေရှည်တွင် ကျွန်မတို့ စုဆောင်းငွေလေးများသည် ထိုသို့သော ကုန်ကျစရိတ်အဆင့်မျိုးကို အချိန်ကြာကြာ ထောက်ပံ့နိုင် မဟုတ်ပါ။ ထိုကုသမှု နှစ်မျိုးလုံး၏ ကုန်ကျစရိတ်ကို ကျွန်မ လုံးဝ မတတ်နိုင် ခဲ့ပါ။ အခြားရွေးချယ်မှုလည်း မရှိပဲနှင့် ကျွန်မမှာ နာကျင်မှု သက်သာစေရန် တရုတ်ဆေးဝါးများကိုသာ မှီခိုခဲ့ရပါသည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|