ဒေါ်ဇျောင်းချွန်၊ တရုတ်ပြည် ထံမှ လင်းဇင်သည် လက်တိုလက်တောင်းအလုပ်များ လုပ်ကိုင်ပြီးနောက် အိမ်ပြန်လာခဲ့ပြီး လမ်းမတစ်ဖက်တစ်ချက်တွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများသည် နေရောင်အောက်တွင် အစိမ်းရောင်သမုဒ္ဒရာကြီးတစ်ခုနှင့် တူသည်။ လမ်းမတစ်လျှာက်ရှိ တောပန်းပင်များ လေပြည်လေညင်းကြားတွင် ယိမ်းနွဲ့နေကြသော်လည်း လင်းဇင်မှာ ကျေးလက်၏ သဘာဝအလှရှုခင်းကို ခံစားဖို့ နှလုံးသားကင်းမဲ့ခဲ့သည်။ မကြာသေးမီက အမြဲတမ်း ခေါင်းကိုက်ဟန်ရှိပြီး မကြာခဏ အော့အန်တတ်သည့် သားငယ် “ဘင်းဘင်း” အကြောင်းကို စဉ်းစားနေခဲ့သည်။ ဒါ သာမန်အဖျားရောဂါမဟုတ်ဟု သူမစိတ်ထင့်မိသည်။ သူမသားငယ် ယနေ့ နယ်ဆေးရုံသို့ ဆေးစစ်ရန် သွားရမည်ဖြစ်ပြီး၊ ဆေးစစ်ချက်အဖြေ ဘာဖြစ်မလဲဟု သူမသိချင်နေမိသည်။ လင်းဇင်သည် ဤအကြောင်းအရာကို ကိုစဉ်းစားရင်း ခြေလှမ်းသွက်သွက်ဖြင့် အိမ်သို့ အလျင်စလိုပြန်လာခဲ့သည်။
0 Comments
ဟွေးဂိုက် တရုတ် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံလာခဲ့ပြီးနောက်၊ ကျွန်တော် စုဝေးပွဲများကို တက်ရောက်ခဲ့သော်လည်း၊ မကြာခဏ ဆိုသကဲ့သို့ ကျွန်တော် စိတ်မပါခဲ့ပါ။ ထိုအစား ကျွန်တော်က ငွေများစွာ ရှာဖွေရန် နည်းလမ်းနှင့် နိုင်ကြက်အနေဖြင့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန် နည်းလမ်း အကြောင်းတို့ကိုသာ အမြဲတမ်း တွေးတော နေခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ခြင်း အား မည်သည့်အခါမျှ အမှန်တကယ် အလေးအနက် မထားခဲ့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် သေမင်းတံခါးဝ တွင် ရောက်နေကြောင်း သိရှိသည့်အချိန်မှသာလျှင် နောက်ဆုံးတွင် ကျွန်တော် သတိပြုမိခြင်းတစ်ခု ရရှိ လာခဲ့သည်။
လီရူ တရုတ်ပြည်
၂၀၀၈ ခုနှစ် မေလတွင် တစ်ရက်၌ မီးစတစ်ခုက ပြင်းထန်သည့် မီးတောက်များကို ဖြစ်စေခဲ့သည်၊ ၎င်းကြောင့် ကျွန်မမှာ အလွန်မှင်တက်အံ့အားသင်ရပြီး စိတ်ဒဏ်ရာရဆဲဖြစ်သည်။ သို့သော်လည်း ကျွန်မအား အနန္တတန်ခိုးရှင် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ ကို ကိုယ်တိုင်မျက်မြင်တွေ့စေ သည်မှာ လည်း ထိုမီးပင် ဖြစ်ပါသည်။ ယခုအချိန်ထိ ကျွန်မ၏ ထိုအမှတ်ရစရာများသည် မနေ့တနေ့ကလိုပင် ဖြစ်နေပါတော့သည်။ အချက်အလက်များနှင့် သမ္မာတရားတို့က ကျွန်မအား တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို ခွဲခြားသိမြင်စေသည် လီဂျင်း တရုတ်ပြည်
“ အမေ၊ ဘုရားသခင်ကို လုံးဝမယုံကြည်ရတော့ဘူး။ အွန်လိုင်းမှာ ပြောထားတာတွေပဲ ကြည့်ပါဦး” “ တရုတ်အစိုးရပြောတာတွေကို သမီးမယုံသင့်ဘူး။ အဲဒါတွေအားလုံး က ကောလာဟလတွေ နဲ့ မုသားတွေချည်းပဲ …” “ ဒီဟာတွေကို သတင်းက ဒီလောက် ကြေငြာနေတာတောင်မှ အမေက အဲဒါကို ယုံချင်နေတုန်းပဲလား” လွန်ခဲ့သည့်နှစ်အနည်းငယ်မှ ကျွန်မက တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို ယုံကြည်ပြီး၊ ကျွန်မအမေက ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ရန် ကြိုးစား သည့်အချိန်၊ ညီအစ်ကို မောင်နှမများကို ဆန့်ကျင်ပြီး မိမိကိုယ်ကို သတိပြုကာကွယ်ကာ၊ သူတို့၏ ထင်မြင်ယူဆချက်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားခဲ့ သည့်အချိန်၊ ထိုအချိန်များကို သတိရမိတိုင်း ကျွန်မသည် အလွန်အမင်း နောင်တရပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်မကို မည်သည့်အခါမျှ မပစ်သွားသည့်၊ ကောလာဟလများကို ထိုးဖောက် မြင်စေပြီး၊ ဘုရားသခင် ထံသို့ ပြန်လာစေသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်မမှာ ကျေးဇူးတင်ရှိမှု အပြည့်ရှိ နေပါသည်၊ ယခုအချိန် ထိုအကြောင်းကို ပြန်တွေးမိသည့်အခါတွင်၊ ထိုအတိတ်မှ အဖြစ်အပျက်များ၏ မြင်ကွင်းတိုင်းသည် ကျွန်မ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာပါသည် … သူမအန္တရာယ်ရှိသည့် ရင်သားကင်ဆာဖြစ်သည့်အချိန်တွင် သူမ အခြေအနေကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ပုံ နှင့် ပြန်လည်ကောင်းမွန်လာပုံ ဇေါင်ရှင်း၊ တရုတ်ပြည်
ဇွန်လ ၂၀၁၆ ခုနှစ်တွင် ရာသီဥတုက အလွန်ပူသည်။ အပြင်တွင် တစ်ရက်တာ အလုပ်ရှုပ်ပြီးနောက် သူမက ညနေ ခင်းတွင် အိမ်ပြန်ကာ ရေချိုးရန် ရေချိုးခန်းထဲသို့ တန်းဝင် လေသည်။ မမျှော်လင့်ပဲနှင့် သူမ၏ ဘယ်ဖက်ရင်အုံတွင် ပဲပိစပ်အရွယ် အကျိတ်တစ်ခုကို တွေ့ခဲ့ရသည်။ ဖိကြည့်သော်လည်း နာကျင်မှုမရှိပါ။ ဇေါင်ရှင်က အပူကြောင့်ဖြစ်သည့် အပူကျိတ်ဟု ထင်ပြီး အယောင် ကျဆေး သောက်ပြီးလျှင် ကောင်းသွားမည်ဟု တွေးခဲ့သည်။ ခရစ်ယာန်တစ်ဦး၏အမြင်- ဘုရားသခင့် ချစ်ခြင်းမေတ္တာ၏ အဖော်သဟဲပြုမှုဖြင့်၊ ကျွန်မ၏သားသမီးများ ဖျားနာခြင်းနှင့် ပတ်သက်ပြီး လုံးဝ စိတ်မပူတော့ပါ ဒါချွန်၊ မလေးရှား
ကျွန်မသည် ဆေးရုံ၏တံခါးဝ၌ အချိန်ကြာညောင်းသည့်တိုင်အောင် အထဲသို့ ဝင်ရဲခြင်းမရှိပဲ ရပ်နေခဲ့သည်။ အတိတ်၏အဖြစ်အပျက်များသည် ကျွန်မ၏စိတ်ထဲသို့ ဝင်ရောက်ခဲ့ကြပါသည်- ကျွန်မ၏မိဘများနှင့် ယောက်ျားတို့ ဝင်သွားခဲ့ကြပြီး မည်သည့်အခါမှ ပြန်ထွက်လာခြင်းမရှိခဲ့ကြသည်မှာ ဤဆေးရုံပင် ဖြစ်ပါသည်။ ကျွန်မသည် ဆေးရုံ၏ ဝင်ပေါက်၌ အချိန်အတန်ကြာအောင် တွန့်ဆုတ်နေခဲ့ပါသည်၊ ထို့အပြင် ကျွန်မသည် အလွန်ကြောက်ရွံ့နေခဲ့ပါသည်။ ကျွန်မသည် လျှောက်ဝင်သွားရန် သတ္တိမရှိခဲ့ပါ။ အကယ်၍ ကျွန်မ၏သားသာ … ကျွန်မသည် ၎င်းကို ဆက်လက်၍ မတွေးဝံ့ခဲ့ပါ။ ကုသ၍မရနိုင်သည့် ဆီးထဲသွေးပါခြင်းရောဂါ စွဲကပ်ပြီးနောက်ပိုင်း ကျွန်မသည် နတ်ဆိုးရောဂါကို အောင်မြင်ခဲ့ပုံ ဇန်လေး တရုတ်ပြည်
ကျွန်မ၏ ကုသ၍မရနိုင်သည့်ရောဂါကို ရှာဖွေတွေ့ရှိရင်းဖြင့် စိတ်နှလုံး မချမ်းမြေ့မှု ကို ခံစားရခြင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျွန်မသည် ဆီးထဲသွေးပါခြင်း ရောဂါကို စတင် ခံစားခဲ့ရပြီး ဘေဂျင်းမြို့ရှိ လူသိများသည့် ဆေးရုံအချို့တွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကျွန်မတွင် ပြင်းထန်သည့် ကျောက်ကပ်ရောဂါ ရှိသည်ဟု ရောဂါအကဲဖြတ်ခြင်း ခံခဲ့ရပါသည်။ ကျွန်မ အသက်ဆက်ရှင်နေရန် ကုသမှု နှစ်မျိုးသာ ရှိပါသည်။ တစ်မျိုးမှာ ကျောက်ကပ်အစားထိုးကုသခြင်း နှင့် အခြားတစ်မျိုးမှာ ကျောက်ကပ်ဆေးခြင်း ဖြစ်ပါသည်။ ဤရလဒ်သည် ကျွန်မအတွက် သေဒဏ်ပေးခံရခြင်းနှင့် ထူးမခြားနားသာ ဖြစ်ခဲ့သည်။ ကျောက်ကပ် အစားထိုးကုသခြင်းသည် ကျွန်မကဲ့သို့ သာမာန်အလုပ်သမား တစ်ယောက် အနေဖြင့် တတ်နိုင်ရန် အလှမ်းဝေး လှသောကြောင့် ကျွန်မ တွေးပင် မတွေးဝံ့ခဲ့ပါ။ အခြားတစ်ဖက်တွင်လည်း ကျောက်ကပ်ဆေးခြင်းသည် ကုသမှုတစ်ကြိမ်လျှင် ယွမ် ၆၀၀ကျော် ကုန်ကျမည် ဖြစ်ပြီး၊ ကျွန်မအနေဖြင့် သီတင်းတစ်ပတ်လျှင် ၃ကြိမ် ကျောက်ကပ်ဆေးခြင်းကို လိုအပ်မည် ဖြစ်ကာ၊ ဆိုလိုသည်မှာ ကျွန်မသည် ကျွန်မခင်ပွန်း၏ တစ်လစာနီးပါးကို သီတင်းပတ်တိုင်း သုံးစွဲနေ ခြင်းသာဖြစ်၍ ရေရှည်တွင် ကျွန်မတို့ စုဆောင်းငွေလေးများသည် ထိုသို့သော ကုန်ကျစရိတ်အဆင့်မျိုးကို အချိန်ကြာကြာ ထောက်ပံ့နိုင် မဟုတ်ပါ။ ထိုကုသမှု နှစ်မျိုးလုံး၏ ကုန်ကျစရိတ်ကို ကျွန်မ လုံးဝ မတတ်နိုင် ခဲ့ပါ။ အခြားရွေးချယ်မှုလည်း မရှိပဲနှင့် ကျွန်မမှာ နာကျင်မှု သက်သာစေရန် တရုတ်ဆေးဝါးများကိုသာ မှီခိုခဲ့ရပါသည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|