တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလကြောင့် ကျွန်တော် မိသားစုအတွင်း ဝိညာဉ်ရေးရာ စစ်ပွဲတစ်ခုကို ကျွန်တော်တွေ့ကြုံခံစားခဲ့ရသည် တန်ရန် ကနေဒါ
ကျွန်တော်သည် ချက်ခြင်းချက် ချက်ခြင်းစား အမြန်အစားအစာ စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်သည့်အပြင်၊ ထိုဆိုင်မှ ဝန်ထမ်းများထဲက တစ်ယောက်သည် ခရစ်ယာန်တစ်ယောက် ဖြစ်သည်။ ကျွန်တော်က ခရစ်ယာန်ဓမ္မသီချင်းများကို နားထောင် ရသည်ကို နှစ်သက် ကြောင်း တွေ့မြင်ရင်းဖြင့်၊ သူမက နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်အကြောင်း ကျွန်တော်ကို သက်သေခံရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော် များ၏ ကျမ်းပိုဒ်များစွာကို ဖတ်ရှုပြရန် အမျိုးသမီးကြီး တစ်ဦးကို ခေါ်ဆောင်လာ ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာပေါ်မှ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားအသက်တာ၏ အရင်းအမြစ် ဖြစ်ကြောင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့် စသည်တို့ကို ကျွန်တော် သိလာခဲ့သည်။ထို့အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် သြဇာအာဏာကို သယ်ဆောင်ကြောင်း ကျွန်တော် ခံစားရပြီး၊ ၎င်းတို့သည် ကျွန်တော်နှလုံးသားတွင် မွှေနှောက် နေပြီး နက်နဲမှုများစွာကို လည်း ထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိ ခဲ့သောကြောင့် ကျွန်တော်သည် နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပါသည်။ ကျွန်တော် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး၊ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများ တက်ရောက်ခဲ့ကာ၊ နေ့စဉ်နှင့်အမျှ ကျွန်တော်သည် အသိဉာဏ်ကြွယ်ဝလာသည်ဟု ခံစားရသည့်အပြင်၊ အသက်တာသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းပြီး အနှစ်သာရ ကင်းမဲ့သည်ဟု လုံးဝမခံစားရ တော့သည်မှာ ယခင်က ကျွန်တော်ခံစားခဲ့ရသကဲ့သို့ မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် တည်ငြိမ်နေသည့် ကျွန်တော်၏ အသက်တာသည် တရုတ်ကွန်မြူနစ်အစိုးရ ဖြန့်ဝေသည့် ကောလာဟလများကြောင့် ပြိုကွဲခဲ့ရမည်ဟု ကျွန်တော် မည်သည့်အခါမျှ စိတ်မကူးခဲ့ပါ။…
0 Comments
Zhongshi တရုတ်ပြည်
အရေးပေါ်ဆေးကုသမှုခံယူခြင်း အပြီးတွင် သေရေးနှင့် ရှင်ရေးအကြား ဗျာများနေခြင်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ ညနေတွင် ကျွန်မ၏ သားအငယ်ဆုံး Xunxunနှင့် သူ့မိသားစု တို့သည် အမြဲလုပ်နေကျ အတိုင်းပင် ကျွန်မအိမ်တွင် ညစာစားရန် လာရောက်ကြပြီး၊ ထို့နောက်တွင် Xunxun သည် အတန်းတစ်တန်း စာသင်ရန် အတွက် ကျောင်းသို့ထွက် သွားခဲ့သည်။ ည၈နာရီအနည်းငယ် ကျော်ပြီးနောက် ကျွန်မ ချွေးမက ဖုန်းခေါ်ပြီး အလောတကြီးဖြင့် “ အမေ Xunxun ကို ဆေးရုံတင် လိုက်ရ တယ်” ဟု ပြောသည်။ ကျွန်မသည် ထိတ်လန့်သွားပြီး၊ “ အခုလေးတင် အမေတို့ ညစာစားတုန်းက သူဟာ လုံးဝ အကောင်းကြီးပါ။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဆေးရုံရောက် သွားရတာလဲ” ဟု အလျင်စလိုမေး လိုက်သည်။ ကျွန်မ စကားမဆုံးနိုင် မီပင် သူမက အလောတကြီး ဖုန်းချသွားလေသည်။ ခရစ်ယာန်တစ်ဦး၏အမြင်- ဘုရားသခင့် ချစ်ခြင်းမေတ္တာ၏ အဖော်သဟဲပြုမှုဖြင့်၊ ကျွန်မ၏သားသမီးများ ဖျားနာခြင်းနှင့် ပတ်သက်ပြီး လုံးဝ စိတ်မပူတော့ပါ ဒါချွန်၊ မလေးရှား
ကျွန်မသည် ဆေးရုံ၏တံခါးဝ၌ အချိန်ကြာညောင်းသည့်တိုင်အောင် အထဲသို့ ဝင်ရဲခြင်းမရှိပဲ ရပ်နေခဲ့သည်။ အတိတ်၏အဖြစ်အပျက်များသည် ကျွန်မ၏စိတ်ထဲသို့ ဝင်ရောက်ခဲ့ကြပါသည်- ကျွန်မ၏မိဘများနှင့် ယောက်ျားတို့ ဝင်သွားခဲ့ကြပြီး မည်သည့်အခါမှ ပြန်ထွက်လာခြင်းမရှိခဲ့ကြသည်မှာ ဤဆေးရုံပင် ဖြစ်ပါသည်။ ကျွန်မသည် ဆေးရုံ၏ ဝင်ပေါက်၌ အချိန်အတန်ကြာအောင် တွန့်ဆုတ်နေခဲ့ပါသည်၊ ထို့အပြင် ကျွန်မသည် အလွန်ကြောက်ရွံ့နေခဲ့ပါသည်။ ကျွန်မသည် လျှောက်ဝင်သွားရန် သတ္တိမရှိခဲ့ပါ။ အကယ်၍ ကျွန်မ၏သားသာ … ကျွန်မသည် ၎င်းကို ဆက်လက်၍ မတွေးဝံ့ခဲ့ပါ။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|