သူမအန္တရာယ်ရှိသည့် ရင်သားကင်ဆာဖြစ်သည့်အချိန်တွင် သူမ အခြေအနေကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ပုံ နှင့် ပြန်လည်ကောင်းမွန်လာပုံ ဇေါင်ရှင်း၊ တရုတ်ပြည်
ဇွန်လ ၂၀၁၆ ခုနှစ်တွင် ရာသီဥတုက အလွန်ပူသည်။ အပြင်တွင် တစ်ရက်တာ အလုပ်ရှုပ်ပြီးနောက် သူမက ညနေ ခင်းတွင် အိမ်ပြန်ကာ ရေချိုးရန် ရေချိုးခန်းထဲသို့ တန်းဝင် လေသည်။ မမျှော်လင့်ပဲနှင့် သူမ၏ ဘယ်ဖက်ရင်အုံတွင် ပဲပိစပ်အရွယ် အကျိတ်တစ်ခုကို တွေ့ခဲ့ရသည်။ ဖိကြည့်သော်လည်း နာကျင်မှုမရှိပါ။ ဇေါင်ရှင်က အပူကြောင့်ဖြစ်သည့် အပူကျိတ်ဟု ထင်ပြီး အယောင် ကျဆေး သောက်ပြီးလျှင် ကောင်းသွားမည်ဟု တွေးခဲ့သည်။
0 Comments
|
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|