လီရူ တရုတ်ပြည်
၂၀၀၈ ခုနှစ် မေလတွင် တစ်ရက်၌ မီးစတစ်ခုက ပြင်းထန်သည့် မီးတောက်များကို ဖြစ်စေခဲ့သည်၊ ၎င်းကြောင့် ကျွန်မမှာ အလွန်မှင်တက်အံ့အားသင်ရပြီး စိတ်ဒဏ်ရာရဆဲဖြစ်သည်။ သို့သော်လည်း ကျွန်မအား အနန္တတန်ခိုးရှင် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ ကို ကိုယ်တိုင်မျက်မြင်တွေ့စေ သည်မှာ လည်း ထိုမီးပင် ဖြစ်ပါသည်။ ယခုအချိန်ထိ ကျွန်မ၏ ထိုအမှတ်ရစရာများသည် မနေ့တနေ့ကလိုပင် ဖြစ်နေပါတော့သည်။
0 Comments
အချက်အလက်များနှင့် သမ္မာတရားတို့က ကျွန်မအား တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို ခွဲခြားသိမြင်စေသည် လီဂျင်း တရုတ်ပြည်
“ အမေ၊ ဘုရားသခင်ကို လုံးဝမယုံကြည်ရတော့ဘူး။ အွန်လိုင်းမှာ ပြောထားတာတွေပဲ ကြည့်ပါဦး” “ တရုတ်အစိုးရပြောတာတွေကို သမီးမယုံသင့်ဘူး။ အဲဒါတွေအားလုံး က ကောလာဟလတွေ နဲ့ မုသားတွေချည်းပဲ …” “ ဒီဟာတွေကို သတင်းက ဒီလောက် ကြေငြာနေတာတောင်မှ အမေက အဲဒါကို ယုံချင်နေတုန်းပဲလား” လွန်ခဲ့သည့်နှစ်အနည်းငယ်မှ ကျွန်မက တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများကို ယုံကြည်ပြီး၊ ကျွန်မအမေက ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ရန် ကြိုးစား သည့်အချိန်၊ ညီအစ်ကို မောင်နှမများကို ဆန့်ကျင်ပြီး မိမိကိုယ်ကို သတိပြုကာကွယ်ကာ၊ သူတို့၏ ထင်မြင်ယူဆချက်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားခဲ့ သည့်အချိန်၊ ထိုအချိန်များကို သတိရမိတိုင်း ကျွန်မသည် အလွန်အမင်း နောင်တရပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်မကို မည်သည့်အခါမျှ မပစ်သွားသည့်၊ ကောလာဟလများကို ထိုးဖောက် မြင်စေပြီး၊ ဘုရားသခင် ထံသို့ ပြန်လာစေသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်မမှာ ကျေးဇူးတင်ရှိမှု အပြည့်ရှိ နေပါသည်၊ ယခုအချိန် ထိုအကြောင်းကို ပြန်တွေးမိသည့်အခါတွင်၊ ထိုအတိတ်မှ အဖြစ်အပျက်များ၏ မြင်ကွင်းတိုင်းသည် ကျွန်မ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာပါသည် … တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလကြောင့် ကျွန်တော် မိသားစုအတွင်း ဝိညာဉ်ရေးရာ စစ်ပွဲတစ်ခုကို ကျွန်တော်တွေ့ကြုံခံစားခဲ့ရသည် တန်ရန် ကနေဒါ
ကျွန်တော်သည် ချက်ခြင်းချက် ချက်ခြင်းစား အမြန်အစားအစာ စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်သည့်အပြင်၊ ထိုဆိုင်မှ ဝန်ထမ်းများထဲက တစ်ယောက်သည် ခရစ်ယာန်တစ်ယောက် ဖြစ်သည်။ ကျွန်တော်က ခရစ်ယာန်ဓမ္မသီချင်းများကို နားထောင် ရသည်ကို နှစ်သက် ကြောင်း တွေ့မြင်ရင်းဖြင့်၊ သူမက နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်အကြောင်း ကျွန်တော်ကို သက်သေခံရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော် များ၏ ကျမ်းပိုဒ်များစွာကို ဖတ်ရှုပြရန် အမျိုးသမီးကြီး တစ်ဦးကို ခေါ်ဆောင်လာ ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာပေါ်မှ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားအသက်တာ၏ အရင်းအမြစ် ဖြစ်ကြောင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့် စသည်တို့ကို ကျွန်တော် သိလာခဲ့သည်။ထို့အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် သြဇာအာဏာကို သယ်ဆောင်ကြောင်း ကျွန်တော် ခံစားရပြီး၊ ၎င်းတို့သည် ကျွန်တော်နှလုံးသားတွင် မွှေနှောက် နေပြီး နက်နဲမှုများစွာကို လည်း ထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိ ခဲ့သောကြောင့် ကျွန်တော်သည် နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပါသည်။ ကျွန်တော် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး၊ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများ တက်ရောက်ခဲ့ကာ၊ နေ့စဉ်နှင့်အမျှ ကျွန်တော်သည် အသိဉာဏ်ကြွယ်ဝလာသည်ဟု ခံစားရသည့်အပြင်၊ အသက်တာသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းပြီး အနှစ်သာရ ကင်းမဲ့သည်ဟု လုံးဝမခံစားရ တော့သည်မှာ ယခင်က ကျွန်တော်ခံစားခဲ့ရသကဲ့သို့ မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် တည်ငြိမ်နေသည့် ကျွန်တော်၏ အသက်တာသည် တရုတ်ကွန်မြူနစ်အစိုးရ ဖြန့်ဝေသည့် ကောလာဟလများကြောင့် ပြိုကွဲခဲ့ရမည်ဟု ကျွန်တော် မည်သည့်အခါမျှ စိတ်မကူးခဲ့ပါ။… |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|