Zhongshi တရုတ်ပြည်
အရေးပေါ်ဆေးကုသမှုခံယူခြင်း အပြီးတွင် သေရေးနှင့် ရှင်ရေးအကြား ဗျာများနေခြင်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ ညနေတွင် ကျွန်မ၏ သားအငယ်ဆုံး Xunxunနှင့် သူ့မိသားစု တို့သည် အမြဲလုပ်နေကျ အတိုင်းပင် ကျွန်မအိမ်တွင် ညစာစားရန် လာရောက်ကြပြီး၊ ထို့နောက်တွင် Xunxun သည် အတန်းတစ်တန်း စာသင်ရန် အတွက် ကျောင်းသို့ထွက် သွားခဲ့သည်။ ည၈နာရီအနည်းငယ် ကျော်ပြီးနောက် ကျွန်မ ချွေးမက ဖုန်းခေါ်ပြီး အလောတကြီးဖြင့် “ အမေ Xunxun ကို ဆေးရုံတင် လိုက်ရ တယ်” ဟု ပြောသည်။ ကျွန်မသည် ထိတ်လန့်သွားပြီး၊ “ အခုလေးတင် အမေတို့ ညစာစားတုန်းက သူဟာ လုံးဝ အကောင်းကြီးပါ။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဆေးရုံရောက် သွားရတာလဲ” ဟု အလျင်စလိုမေး လိုက်သည်။ ကျွန်မ စကားမဆုံးနိုင် မီပင် သူမက အလောတကြီး ဖုန်းချသွားလေသည်။
0 Comments
ကုသ၍မရနိုင်သည့် ဆီးထဲသွေးပါခြင်းရောဂါ စွဲကပ်ပြီးနောက်ပိုင်း ကျွန်မသည် နတ်ဆိုးရောဂါကို အောင်မြင်ခဲ့ပုံ ဇန်လေး တရုတ်ပြည်
ကျွန်မ၏ ကုသ၍မရနိုင်သည့်ရောဂါကို ရှာဖွေတွေ့ရှိရင်းဖြင့် စိတ်နှလုံး မချမ်းမြေ့မှု ကို ခံစားရခြင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျွန်မသည် ဆီးထဲသွေးပါခြင်း ရောဂါကို စတင် ခံစားခဲ့ရပြီး ဘေဂျင်းမြို့ရှိ လူသိများသည့် ဆေးရုံအချို့တွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကျွန်မတွင် ပြင်းထန်သည့် ကျောက်ကပ်ရောဂါ ရှိသည်ဟု ရောဂါအကဲဖြတ်ခြင်း ခံခဲ့ရပါသည်။ ကျွန်မ အသက်ဆက်ရှင်နေရန် ကုသမှု နှစ်မျိုးသာ ရှိပါသည်။ တစ်မျိုးမှာ ကျောက်ကပ်အစားထိုးကုသခြင်း နှင့် အခြားတစ်မျိုးမှာ ကျောက်ကပ်ဆေးခြင်း ဖြစ်ပါသည်။ ဤရလဒ်သည် ကျွန်မအတွက် သေဒဏ်ပေးခံရခြင်းနှင့် ထူးမခြားနားသာ ဖြစ်ခဲ့သည်။ ကျောက်ကပ် အစားထိုးကုသခြင်းသည် ကျွန်မကဲ့သို့ သာမာန်အလုပ်သမား တစ်ယောက် အနေဖြင့် တတ်နိုင်ရန် အလှမ်းဝေး လှသောကြောင့် ကျွန်မ တွေးပင် မတွေးဝံ့ခဲ့ပါ။ အခြားတစ်ဖက်တွင်လည်း ကျောက်ကပ်ဆေးခြင်းသည် ကုသမှုတစ်ကြိမ်လျှင် ယွမ် ၆၀၀ကျော် ကုန်ကျမည် ဖြစ်ပြီး၊ ကျွန်မအနေဖြင့် သီတင်းတစ်ပတ်လျှင် ၃ကြိမ် ကျောက်ကပ်ဆေးခြင်းကို လိုအပ်မည် ဖြစ်ကာ၊ ဆိုလိုသည်မှာ ကျွန်မသည် ကျွန်မခင်ပွန်း၏ တစ်လစာနီးပါးကို သီတင်းပတ်တိုင်း သုံးစွဲနေ ခြင်းသာဖြစ်၍ ရေရှည်တွင် ကျွန်မတို့ စုဆောင်းငွေလေးများသည် ထိုသို့သော ကုန်ကျစရိတ်အဆင့်မျိုးကို အချိန်ကြာကြာ ထောက်ပံ့နိုင် မဟုတ်ပါ။ ထိုကုသမှု နှစ်မျိုးလုံး၏ ကုန်ကျစရိတ်ကို ကျွန်မ လုံးဝ မတတ်နိုင် ခဲ့ပါ။ အခြားရွေးချယ်မှုလည်း မရှိပဲနှင့် ကျွန်မမှာ နာကျင်မှု သက်သာစေရန် တရုတ်ဆေးဝါးများကိုသာ မှီခိုခဲ့ရပါသည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|