ဟွေးဂိုက် တရုတ် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံလာခဲ့ပြီးနောက်၊ ကျွန်တော် စုဝေးပွဲများကို တက်ရောက်ခဲ့သော်လည်း၊ မကြာခဏ ဆိုသကဲ့သို့ ကျွန်တော် စိတ်မပါခဲ့ပါ။ ထိုအစား ကျွန်တော်က ငွေများစွာ ရှာဖွေရန် နည်းလမ်းနှင့် နိုင်ကြက်အနေဖြင့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန် နည်းလမ်း အကြောင်းတို့ကိုသာ အမြဲတမ်း တွေးတော နေခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ခြင်း အား မည်သည့်အခါမျှ အမှန်တကယ် အလေးအနက် မထားခဲ့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် သေမင်းတံခါးဝ တွင် ရောက်နေကြောင်း သိရှိသည့်အချိန်မှသာလျှင် နောက်ဆုံးတွင် ကျွန်တော် သတိပြုမိခြင်းတစ်ခု ရရှိ လာခဲ့သည်။
0 Comments
တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလကြောင့် ကျွန်တော် မိသားစုအတွင်း ဝိညာဉ်ရေးရာ စစ်ပွဲတစ်ခုကို ကျွန်တော်တွေ့ကြုံခံစားခဲ့ရသည် တန်ရန် ကနေဒါ
ကျွန်တော်သည် ချက်ခြင်းချက် ချက်ခြင်းစား အမြန်အစားအစာ စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်သည့်အပြင်၊ ထိုဆိုင်မှ ဝန်ထမ်းများထဲက တစ်ယောက်သည် ခရစ်ယာန်တစ်ယောက် ဖြစ်သည်။ ကျွန်တော်က ခရစ်ယာန်ဓမ္မသီချင်းများကို နားထောင် ရသည်ကို နှစ်သက် ကြောင်း တွေ့မြင်ရင်းဖြင့်၊ သူမက နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်အကြောင်း ကျွန်တော်ကို သက်သေခံရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော် များ၏ ကျမ်းပိုဒ်များစွာကို ဖတ်ရှုပြရန် အမျိုးသမီးကြီး တစ်ဦးကို ခေါ်ဆောင်လာ ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာပေါ်မှ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားအသက်တာ၏ အရင်းအမြစ် ဖြစ်ကြောင်း နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်အဆင့်သုံးဆင့် စသည်တို့ကို ကျွန်တော် သိလာခဲ့သည်။ထို့အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များသည် သြဇာအာဏာကို သယ်ဆောင်ကြောင်း ကျွန်တော် ခံစားရပြီး၊ ၎င်းတို့သည် ကျွန်တော်နှလုံးသားတွင် မွှေနှောက် နေပြီး နက်နဲမှုများစွာကို လည်း ထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိ ခဲ့သောကြောင့် ကျွန်တော်သည် နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပါသည်။ ကျွန်တော် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင်၊ ကျွန်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး၊ ညီအစ်ကိုမောင်နှမများနှင့် အစည်းအဝေးများ တက်ရောက်ခဲ့ကာ၊ နေ့စဉ်နှင့်အမျှ ကျွန်တော်သည် အသိဉာဏ်ကြွယ်ဝလာသည်ဟု ခံစားရသည့်အပြင်၊ အသက်တာသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းပြီး အနှစ်သာရ ကင်းမဲ့သည်ဟု လုံးဝမခံစားရ တော့သည်မှာ ယခင်က ကျွန်တော်ခံစားခဲ့ရသကဲ့သို့ မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် တည်ငြိမ်နေသည့် ကျွန်တော်၏ အသက်တာသည် တရုတ်ကွန်မြူနစ်အစိုးရ ဖြန့်ဝေသည့် ကောလာဟလများကြောင့် ပြိုကွဲခဲ့ရမည်ဟု ကျွန်တော် မည်သည့်အခါမျှ စိတ်မကူးခဲ့ပါ။… သူမအန္တရာယ်ရှိသည့် ရင်သားကင်ဆာဖြစ်သည့်အချိန်တွင် သူမ အခြေအနေကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ပုံ နှင့် ပြန်လည်ကောင်းမွန်လာပုံ ဇေါင်ရှင်း၊ တရုတ်ပြည်
ဇွန်လ ၂၀၁၆ ခုနှစ်တွင် ရာသီဥတုက အလွန်ပူသည်။ အပြင်တွင် တစ်ရက်တာ အလုပ်ရှုပ်ပြီးနောက် သူမက ညနေ ခင်းတွင် အိမ်ပြန်ကာ ရေချိုးရန် ရေချိုးခန်းထဲသို့ တန်းဝင် လေသည်။ မမျှော်လင့်ပဲနှင့် သူမ၏ ဘယ်ဖက်ရင်အုံတွင် ပဲပိစပ်အရွယ် အကျိတ်တစ်ခုကို တွေ့ခဲ့ရသည်။ ဖိကြည့်သော်လည်း နာကျင်မှုမရှိပါ။ ဇေါင်ရှင်က အပူကြောင့်ဖြစ်သည့် အပူကျိတ်ဟု ထင်ပြီး အယောင် ကျဆေး သောက်ပြီးလျှင် ကောင်းသွားမည်ဟု တွေးခဲ့သည်။ ဘုရားသခင်၏ ကွယ်ကာခြင်း- ကျွန်ုပ်၏ ခြောက်နှစ်အရွယ် မြေးလေး၏ အံ့သြဖွယ်ရာ ဘေးအန္တရာယ်မှလွတ်မြောက်ခြင်းအကြောင်း သက်သေခံချက် ၀န်ဂျီး၊ တရုတ်နိုင်ငံ
“ ဟယ်လို- အန်တီလား ငှာနခွဲဆေးရုံကို အမြန်လာပါ။ အန်တီ့ရဲ့ မြေးလေး ကုန်တင်ကားကြီးနဲ့တိုက်မိပြီး အရေးပေါ်အခြေအနေဖြစ်နေပါတယ်။ သူ့ကို ချက်ချင်းပဲ ကုသနေပါတယ်။ အမြန်လာပါ။” ဤအရေးပေါ်ဖုန်းခေါ်ဆိုမှုသည် ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၁ ညနေပိုင်းတွင် ခေါ်ဆိုလာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ခုနစ်နှစ်လောက်ကြာခဲ့ပြီဖြစ်သည်။ ကျွန်မ၏ မြေးငယ်လေးကြုံတွေ့ခဲ့သော လမ်းမတော်တဆဖြစ်မှုကို တွေးမိသည့်အချိန်တိုင်း စွဲကျန်နေသောကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။ |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|