ယောဘ၏ ဆင်ခြင်တုံတရား ယောဘ၏ အမှန်တကယ် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့သည့်အခါ ယုတ္တိတန်ဆုံးသော စီရင်ခြင်းနှင့် ရွေးချယ်မှုများကို ပြုခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်ခဲ့သည်။ ယင်းကဲ့သို့ ယုတ္တိတန်သော ရွေးချယ်မှုများနှင့် သူ၏ နေ့စဉ်နေ့တိုင်း ဘဝထဲမှ သူသိလာခဲ့သော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ခွဲထုတ်၍ မရခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်း ယုံကြည်နိုင်စေခဲ့သည်၊ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ရှိသော ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ့အား သိစေရန် အခွင့်ပေးခဲ့သည်၊ သူ၏ အသိပညာသည် ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံလိုစေပြီး နာခံနိုင်စေခဲ့သည်၊ သူ၏ နာခံခြင်းသည် ယေဟောဝါဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ သူ့အား ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ခြင်းကြောင့် စုံလင်လာခဲ့ပြီး သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်အမြော်အမြင်ရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။
0 Comments
ဘုရားနှုတ်ကပတ်တော် | ယောဘအကြောင်း (၁) စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို ကြားသိခဲ့ရပြီးနောက် သင်တို့ထဲမှ အများစုသည် ယောဘအကြောင်း၊ အထူးသဖြင့် ဘုရားသခင်၏ ချီးကျူးခြင်းကို ရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်းပြီး ပို၍ အသေးစိတ် သိလိုကြမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ ယောဘအကြောင်း ပြောကြပါစို့။
ဘုရားနှုတ်ကပတ်တော် | သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းမျာ ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။ ဘုရားနှုတ်ကပတ်တော် | ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည် ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
ဘုရားနှုတ်ကပတ်တော် | ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီ ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
………… ဘုရားနှုတ်ကပတ်တော် | လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကတေအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည် ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
………… အာဗြဟံကို ဘုရားသခင် သားပေးသောအခါ အာဗြဟံကို ဘုရားသခင် ပြောသော နှုတ်ကပတ်တော်များ ပြည့်စုံသွားသည်။ ဘုရားသခင်၏ အစီအစဉ်သည် ဤမှာရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့်ပြောရပါက ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားကို ကယ်တင်ခြင်းသည် စခါစပင် ရှိသေးပြီး အာဗြဟံကို သားတစ်ဦး ကောင်းချီးပေးသည်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းသာ ရှိပါသေးသည်။ ထိုအချိန်မှာ အာဗြဟံက ဣဇာတ်ကို ပေးလှူသောအခါ ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်လိုက်ပြီကို မည်သူသိခဲ့သနည်း။
ဘုရားသခင်သည် လူသားမိုက်မဲသည်ကို ဂရုမစိုက်ပေ၊ လူသားမှန်ကန်ဖို့သာ တောင်းဆိုသည် ၁။ ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်
ကမ္ဘာ ၁၇:၁၅-၁၇ တဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊ |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|